စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ အင္းေတာ္ၿမိဳ႕၊ မႏၲေလး-ျမစ္ႀကီးနားသြားကားလမ္း၊ နဘားလမ္းခြဲတြင္ ယာဥ္ျဖင့္သယ္ေဆာင္လာသည့္ ေငြက်ပ္ သိန္း ၉၆၀၀ တန္ဖိုးရွိမူးယစ္ေဆးဝါး မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သိရသည္။

ဆပ္ျပာခြက္ ၆၆၀ ခြက္ျဖင့္ထည့္ထားသည့္ ဘိန္းျဖဴ ၆ ဒသမ ၆ ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၀,၀၀၀ ျပားႏွင့္ ေငြ ၂၀၀,၀၀၀ က်ပ္တို႔ကို ရွာေဖြသိမ္းဆည္းရမိခဲ့ၿပီး အဆိုပါ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသူ ယာဥ္ေမာင္းကို ဖမ္းဆီးထားေၾကာင္း ျပည္ထဲေရးမွ ဧၿပီလ ၁၈ ရက္ေန႔၊ ညေနပိုင္းတြင္ သတင္းထုတ္ျပန္ ထားသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားကို ဧၿပီလ ၁၇ ရက္ေန႔က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး မႏၲေလး-ျမစ္ႀကီး နားသြားကား လမ္း၊ နဘားလမ္းခြဲတြင္ ေဇာ္မင္းဦး(ခ)ေဇာ္မင္းဆိုသူ ေမာင္းႏွင္လာသည့္ VIGO အမ်ိဳးအစား ယာဥ္ကို ရပ္တန႔္ရွာေဖြရာမွ ယာဥ္၏ ၾကမ္းခင္းအံဝွက္ အတြင္း သိုဝွက္သယ္ေဆာင္ လာသည့္ ေငြက်ပ္ သိန္း ၉၆၀၀ တန္ဖိုးရွိမူး ယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

လက္ရွိတြင္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေသာ အသက္ ၂၉ ႏွစ္အ႐ြယ္ ယာဥ္ေမာင္းလာသူ ေဇာ္မင္းဦး(ခ)ေဇာ္မင္းဆိုသူကို သက္ဆိုင္ရာရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နဘားလမ်းခွဲတွင် ယာဉ်ဖြင့်သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိမူးယစ်ဆေးဝါး များကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြားနှင့် ငွေ ၂၀၀,၀၀၀ ကျပ်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးမှ ဧပြီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ဧပြီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မန္တလေး-မြစ်ကြီး နားသွားကား လမ်း၊ နဘားလမ်းခွဲတွင် ဇော်မင်းဦး(ခ)ဇော်မင်းဆိုသူ မောင်းနှင်လာသည့် VIGO အမျိုးအစား ယာဉ်ကို ရပ်တန့်ရှာဖွေရာမှ ယာဉ်၏ ကြမ်းခင်းအံဝှက် အတွင်း သိုဝှက်သယ်ဆောင် လာသည့် ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိမူး ယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းလာသူ ဇော်မင်းဦး(ခ)ဇော်မင်းဆိုသူကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top