Relationship တစ္ခု ၾကာရွည္တည္ၿမဲဖို႔ဆိုတာ ႏွစ္ဦးစလံုးရဲ႕ သစၥာရွိမႈ၊ နားလည္မႈေတြ မ်ားစြာ ပါဝင္ေနပါတယ္။

ဒါေပမယ့္ ေဖာက္ျပန္မွ၊ သစၥာေဖာက္မွ ဒီ အခ်စ္ေရးက ပ်က္စီးသြားတတ္တာ လို႔ေတာ့ မထင္လိုက္ပါနဲ႔။

ဘာမဟုတ္တဲ့ အေၾကာင္းအရာအေသးအမႊားေလးနဲ႔လည္း နားလည္မႈေတြ လြဲၿပီး အႏွစ္ႏွစ္အလလ တည္ေဆာက္ခဲ့တဲ့ Relationship တစ္ခုလံုးက ပ်က္စီးသြားရတဲ့ ခ်စ္သူ စံုတြဲေတြ အမ်ားႀကီးရွိေနပါတယ္။

အရမ္းခ်စ္ခဲ့ၾကၿပီးမွ ဘာ့ေၾကာင့္ ျပတ္သြားၾကတာလဲလို႔ ေမးရင္ ျပန္ေျပာစရာ အေျဖရွာမရဘဲ ျဖစ္ေနတဲ့အခါ ခ်စ္လ်က္လမ္းခြဲ ဆိုၿပီး လြယ္လြယ္သတ္မွတ္ လိုက္ၾက ပါတယ္။

အမွန္ေတာ့ ခ်စ္လို႔ လမ္းခြဲတယ္ဆိုတာ ပံုျပင္၊ ဇာတ္လမ္းေတြထဲမွာပဲ ရွိေကာင္း ရွိေနပါ လိမ့္မယ္။ ဒါက ဆင္ေျခသက္သက္တစ္ခုလို႔ပဲ ထင္မိပါတယ္။ဒါဆို ဘာလို႔ လမ္းခြဲလိုက္ၾက တာလဲ ? သင္တို႔ႏွစ္ဦးသားရဲ႕ အခ်စ္ေရးကို သင္တို႔ကိုုယ္တိုင္ကပဲ ဖ်က္စီးေနတာပါ။တခ်ိဳ႕ေသာ အရာေတြက သင္တို႔ရဲ႕ အခ်စ္ေရးကို ပိုမိုရႈပ္ေထြးသြားေစတာကို ဆင္ျခင္တတ္ဖို႔ လိုပါတယ္။

(၁) အရမ္းသည္းသည္းလႈပ္ခ်စ္ေနျခင္းေၾကာင့္

တစ္ဦးနဲ႔ တစ္ဦး အရိပ္တၾကည့္ၾကည့္နဲ႔ သည္းသည္းလႈပ္ျဖစ္လြန္းရင္လည္း ဒီအခ်စ္ေရးက ၾကာရွည္မခံႏုိင္ပါဘူး။

အထူးသျဖင့္ Relationship တစ္ခုရဲ႕ အစပိုင္းေလာက္မွာကတည္းက တစ္ဦးနဲ႔ တစ္ဦး အေသးစိတ္ေစာင့္ၾကည့္ၿပီး ခ်ဳပ္ခ်ယ္တာမ်ိဳးက အဆင္မေျပႏုိင္ပါဘူး။

ေဖ့စ္ဘုတ္၊ အင္စတာဂရမ္ စတဲ့ ဆိုရွယ္မီဒီယာေပၚမွာ သူဘာလုပ္ေနမလဲ၊ သူဘယ္ေကာင္မေလးကို ကြန္႔မန္႔ေတြေပးေနမလဲ၊ သူေတာ့ ဘယ္ေကာင္ေလးနဲ႔ စကားေတြ ေျပာေနမလဲ စသျဖင့္

အေသးစိတ္ ေလ့လာေစာင့္ၾကည့္တာက်ေတာ့ အခ်ိန္ၾကာလာတဲ့အခါ သံသယစိတ္နဲ႔ ေစာင့္ၾကည့္တယ္လို႔ အထင္လြဲခံရႏုိင္ပါတယ္။ ဒီေတာ့ အရမ္း Serious ျဖစ္ၿပီး သည္းသည္းလႈပ္ခ်စ္တာကို နည္းနည္းေတာ့ ေလ်ာ့သင့္ပါတယ္။

(၂) အၿမဲတမ္းသဝန္တိုျခင္းေၾကာင့္

တစ္ေယာက္နဲ႔တစ္ေယာက္ သဝန္တိုမွ တကယ္ခ်စ္ၾကတာလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ေနရာတုိင္း၊ အရာရာတုိင္းကို သဝန္တို အူတိုေနမယ္ဆိုရင္ေတာ့ အခ်ဳပ္အေႏွာင္ေတြနဲ႔ အေနၾကပ္သြားေစပါတယ္။

ေယာက်္ားေလး သူငယ္ခ်င္းေတြနဲ႔ သြားလာတာမ်ိဳးကို သဝန္တိုသင့္ေပမယ့္ အရာရာတုိင္းကို ပိတ္ဆို႔တားဆီးေနတာမ်ိဳးအထိ ခ်ဳပ္ခ်ယ္မိသြားရင္ေတာ့ အခ်ိန္ၾကာလာတဲ့အခါ

သဝန္တိုခံရသူကလည္း စိတ္မသက္မသာျဖစ္လာတတ္ပါတယ္။ ဒီလိုနဲ႔ပဲ ျပႆနာေတြျဖစ္ၿပီး အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္ တဲ့အျဖစ္မ်ိဳး ျဖစ္လာႏုိင္လို႔ ဆင္ျခင္သင့္ပါတယ္။

(၃) ဒရာမာဇာတ္ခင္းလြန္းတာေၾကာင့္

ဒါကေတာ့ မိန္းကေလးအမ်ားစု ေရွာင္ရမယ့္အရာပါပဲ။ ခ်စ္သူက ဂရုမစိုက္လို႔၊ ခ်စ္သူက အရင္လို မခ်စ္ေတာ့လို႔ စသျဖင့္ အမ်ိဳးမ်ိဳး ေတြးေတာၿပီး ရစ္လိုက္၊ ျပႆနာရွာလိုက္နဲ႔ ဒရာမာဇာတ္ခင္းေနရင္ ေရရွည္တည္ၿမဲတဲ့

အခ်စ္ေရးကို မရႏို္င္ပါဘူး။ ေရရွည္ခိုင္ၿမဲတဲ့ အခ်စ္ေရးကို တည္ေဆာက္ခ်င္တယ္ ဆိုရင္ ဒီလို ဒရာမာ ဆန္ေနလို႔ မရပါဘူး။

တခါတရံ ရစ္တာေလာက္ကေတာ့ ျပႆနာမရွိေပမယ့္ အရမ္းခ်စ္လိုက္၊ မခ်စ္ေတာ့ဘူးဆိုၿပီး အသည္းကြဲျပလိုက္နဲ႔ အမ်ိဳးမ်ိဳး ရန္ျဖစ္ေနၾကမယ္ ဆိုရင္ေတာ့ ရင့္က်က္မႈ မရွိေသးတဲ့

Relationship တစ္ခုအျဖစ္နဲ႔ပဲ အဆံုးသတ္ရပါလိမ့္မယ္။

(၄) အရင္ရည္းစားေဟာင္းနဲ႔ႏိႈင္းယွဥ္မႈေၾကာင့္

တခ်ိဳ႕ စံုတြဲေတြဆိုရင္ ရွိပါတယ္။ ရန္ျဖစ္တဲ့ အခ်ိန္တိုင္း ကိုယ့္ရဲ႕ အရင္ရည္းစားေဟာင္းနဲ႔ ႏိႈင္းယွဥ္ၿပီး ေျပာတာေတြ၊အရင္အတိတ္က ကိစၥရပ္ေတြကို ျပန္ေဖာ္ထုတ္တာမ်ိဳးေပါ့။ ဒါကလည္း သင္တို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးကို ဆူးေညွာင့္ခလုတ္ျဖစ္ေစတဲ့ အရာပါပဲ။ ပါးစပ္က ထုတ္မေျပာရင္ေတာင္မွ

သူ အရင္ရည္းစားေလာက္ ငါ့ကိုခ်စ္ရဲ႕လား၊ ငါ့အရင္ရည္းစားကေတာင္ သူ႔ထက္ င့ါကို ပိုခ်စ္ႏုိင္ေသးတယ္ စသျဖင့္ အေတြးေပါင္းမ်ားစြာ ဝင္ေနမိရင္လည္း ဒီအခ်စ္ေရးက ေရရွည္ခိုင္ၿမဲမွာ မဟုတ္ပါဘူး။

ဒါ့ေၾကာင့္လက္ရွိနဲ႔ အနာဂတ္ကိုသာ ၾကည့္ေစခ်င္ပါတယ္။

(၅) မိမိကုိယ္ကိုယံုၾကည္မႈ မရွိျခင္းေၾကာင့္

မိမိကိုယ္ကို ယံုၾကည္မႈ အျပည့္ရွိတဲ့သူေတြက ေနရာတုိင္းမွာ တစ္ဗန္းသာပါတယ္။ ဒီလိုပါပဲ၊ အခ်စ္ေရးမွာလည္း သူမ်ားကို ယံုၾကည္ဖို႔ထက္ မိမိကိုယ္ကို ယံုၾကည္မႈ ရွိရဲ႕လားဆိုတာကို ေသခ်ာျပန္ဆန္းစစ္ၾကည့္ပါ။

ဒီ Relationship တစ္ခုကို အေကာင္းဆံုး control လုပ္ႏုိင္ဖို႔ စိတ္ကို ျပင္ဆင္ထားၿပီးၿပီလား၊
ဘယ္ေလာက္ထိ ရင့္က်က္မႈ ရွိေနၿပီလဲ စသျဖင့္ မိမိကိုယ္ကို သံုးသပ္ၿပီး ယံုၾကည္မႈ ရွိရွိ လက္တြဲသြားႏုိင္ဖို႔ လိုပါတယ္။

ေရရွည္တည္ၿမဲတဲ့ အခ်စ္ေရးကို တည္ေဆာက္သြားဖို႔ မိမိကုိယ္ကုိ ယံုၾကည္မႈအျပည့္ရွိေနရင္ေတာ့ ဘာျပႆနာေတြပဲ ျဖစ္လာပါေစ၊ အေကာင္းဆံုးရင္ဆုိင္ ေက်ာ္လႊားႏုိင္မွာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေရႊေရာင္
# Unicode Version # ျဖင့္ ဖတ္ပါ #


Relationship တစ်ခု ကြာရှည်တည်မြဲဖို့ဆိုတာ နှစ်ဦးစလုံးရဲ့ သစ္စာရှိမှု၊ နားလည်မှုတွေ များစွာ ပါဝင်နေပါတယ်။

ဒါပေမယ့် ဖောက်ပြန်မှ၊ သစ္စာဖောက်မှ ဒီ အချစ်ရေးက ပျက်စီးသွားတတ်တာ လို့တော့ မထင်လိုက်ပါနဲ့။

ဘာမဟုတ်တဲ့ အကြောင်းအရာအသေးအမွှားလေးနဲ့လည်း နားလည်မှုတွေ လွဲပြီး အနှစ်နှစ်အလလ တည်ဆောက်ခဲ့တဲ့ Relationship တစ်ခုလုံးက ပျက်စီးသွားရတဲ့ ချစ်သူ စုံတွဲတွေ အများကြီးရှိနေပါတယ်။

အရမ်းချစ်ခဲ့ကြပြီးမှ ဘာ့ကြောင့် ပြတ်သွားကြတာလဲလို့ မေးရင် ပြန်ပြောစရာ အဖြေရှာမရဘဲ ဖြစ်နေတဲ့အခါ ချစ်လျက်လမ်းခွဲ ဆိုပြီး လွယ်လွယ်သတ်မှတ် လိုက်ကြ ပါတယ်။

အမှန်တော့ ချစ်လို့ လမ်းခွဲတယ်ဆိုတာ ပုံပြင်၊ ဇာတ်လမ်းတွေထဲမှာပဲ ရှိကောင်း ရှိနေပါ လိမ့်မယ်။ ဒါက ဆင်ခြေသက်သက်တစ်ခုလို့ပဲ ထင်မိပါတယ်။ဒါဆို ဘာလို့ လမ်းခွဲလိုက်ကြ တာလဲ ? သင်တို့နှစ်ဦးသားရဲ့ အချစ်ရေးကို သင်တို့ကိုယ်တိုင်ကပဲ ဖျက်စီးနေတာပါ။တချို့သော အရာတွေက သင်တို့ရဲ့ အချစ်ရေးကို ပိုမိုရှုပ်ထွေးသွားစေတာကို ဆင်ခြင်တတ်ဖို့ လိုပါတယ်။

(၁) အရမ်းသည်းသည်းလှုပ်ချစ်နေခြင်းကြောင့်

တစ်ဦးနဲ့ တစ်ဦး အရိပ်တကြည့်ကြည့်နဲ့ သည်းသည်းလှုပ်ဖြစ်လွန်းရင်လည်း ဒီအချစ်ရေးက ကြာရှည်မခံနိုင်ပါဘူး။

အထူးသဖြင့် Relationship တစ်ခုရဲ့ အစပိုင်းလောက်မှာကတည်းက တစ်ဦးနဲ့ တစ်ဦး အသေးစိတ်စောင့်ကြည့်ပြီး ချုပ်ချယ်တာမျိုးက အဆင်မပြေနိုင်ပါဘူး။

ဖေ့စ်ဘုတ်၊ အင်စတာဂရမ် စတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သူဘာလုပ်နေမလဲ၊ သူဘယ်ကောင်မလေးကို ကွန့်မန့်တွေပေးနေမလဲ၊ သူတော့ ဘယ်ကောင်လေးနဲ့ စကားတွေ ပြောနေမလဲ စသဖြင့်

အသေးစိတ် လေ့လာစောင့်ကြည့်တာကျတော့ အချိန်ကြာလာတဲ့အခါ သံသယစိတ်နဲ့ စောင့်ကြည့်တယ်လို့ အထင်လွဲခံရနိုင်ပါတယ်။ ဒီတော့ အရမ်း Serious ဖြစ်ပြီး သည်းသည်းလှုပ်ချစ်တာကို နည်းနည်းတော့ လျော့သင့်ပါတယ်။

(၂) အမြဲတမ်းသဝန်တိုခြင်းကြောင့်

တစ်ယောက်နဲ့တစ်ယောက် သဝန်တိုမှ တကယ်ချစ်ကြတာလို့ ပြောကြပါတယ်။ ဒါပေမယ့် နေရာတိုင်း၊ အရာရာတိုင်းကို သဝန်တို အူတိုနေမယ်ဆိုရင်တော့ အချုပ်အနှောင်တွေနဲ့ အနေကြပ်သွားစေပါတယ်။

ယောကျ်ားလေး သူငယ်ချင်းတွေနဲ့ သွားလာတာမျိုးကို သဝန်တိုသင့်ပေမယ့် အရာရာတိုင်းကို ပိတ်ဆို့တားဆီးနေတာမျိုးအထိ ချုပ်ချယ်မိသွားရင်တော့ အချိန်ကြာလာတဲ့အခါ

သဝန်တိုခံရသူကလည်း စိတ်မသက်မသာဖြစ်လာတတ်ပါတယ်။ ဒီလိုနဲ့ပဲ ပြဿနာတွေဖြစ်ပြီး အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက် တဲ့အဖြစ်မျိုး ဖြစ်လာနိုင်လို့ ဆင်ခြင်သင့်ပါတယ်။

(၃) ဒရာမာဇာတ်ခင်းလွန်းတာကြောင့်

ဒါကတော့ မိန်းကလေးအများစု ရှောင်ရမယ့်အရာပါပဲ။ ချစ်သူက ဂရုမစိုက်လို့၊ ချစ်သူက အရင်လို မချစ်တော့လို့ စသဖြင့် အမျိုးမျိုး တွေးတောပြီး ရစ်လိုက်၊ ပြဿနာရှာလိုက်နဲ့ ဒရာမာဇာတ်ခင်းနေရင် ရေရှည်တည်မြဲတဲ့

အချစ်ရေးကို မရနိုင်ပါဘူး။ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်ချင်တယ် ဆိုရင် ဒီလို ဒရာမာ ဆန်နေလို့ မရပါဘူး။

တခါတရံ ရစ်တာလောက်ကတော့ ပြဿနာမရှိပေမယ့် အရမ်းချစ်လိုက်၊ မချစ်တော့ဘူးဆိုပြီး အသည်းကွဲပြလိုက်နဲ့ အမျိုးမျိုး ရန်ဖြစ်နေကြမယ် ဆိုရင်တော့ ရင့်ကျက်မှု မရှိသေးတဲ့

Relationship တစ်ခုအဖြစ်နဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

(၄) အရင်ရည်းစားဟောင်းနဲ့နှိုင်းယှဉ်မှုကြောင့်

တချို့ စုံတွဲတွေဆိုရင် ရှိပါတယ်။ ရန်ဖြစ်တဲ့ အချိန်တိုင်း ကိုယ့်ရဲ့ အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြီး ပြောတာတွေ၊အရင်အတိတ်က ကိစ္စရပ်တွေကို ပြန်ဖော်ထုတ်တာမျိုးပေါ့။ ဒါကလည်း သင်တို့နှစ်ဦးရဲ့ အချစ်ရေးကို ဆူးညှောင့်ခလုတ်ဖြစ်စေတဲ့ အရာပါပဲ။ ပါးစပ်က ထုတ်မပြောရင်တောင်မှ

သူ အရင်ရည်းစားလောက် ငါ့ကိုချစ်ရဲ့လား၊ ငါ့အရင်ရည်းစားကတောင် သူ့ထက် င့ါကို ပိုချစ်နိုင်သေးတယ် စသဖြင့် အတွေးပေါင်းများစွာ ဝင်နေမိရင်လည်း ဒီအချစ်ရေးက ရေရှည်ခိုင်မြဲမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့်လက်ရှိနဲ့ အနာဂတ်ကိုသာ ကြည့်စေချင်ပါတယ်။

(၅) မိမိကိုယ်ကိုယုံကြည်မှု မရှိခြင်းကြောင့်

မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေက နေရာတိုင်းမှာ တစ်ဗန်းသာပါတယ်။ ဒီလိုပါပဲ၊ အချစ်ရေးမှာလည်း သူများကို ယုံကြည်ဖို့ထက် မိမိကိုယ်ကို ယုံကြည်မှု ရှိရဲ့လားဆိုတာကို သေချာပြန်ဆန်းစစ်ကြည့်ပါ။

ဒီ Relationship တစ်ခုကို အကောင်းဆုံး control လုပ်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထားပြီးပြီလား၊
ဘယ်လောက်ထိ ရင့်ကျက်မှု ရှိနေပြီလဲ စသဖြင့် မိမိကိုယ်ကို သုံးသပ်ပြီး ယုံကြည်မှု ရှိရှိ လက်တွဲသွားနိုင်ဖို့ လိုပါတယ်။

ရေရှည်တည်မြဲတဲ့ အချစ်ရေးကို တည်ဆောက်သွားဖို့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေရင်တော့ ဘာပြဿနာတွေပဲ ဖြစ်လာပါစေ၊ အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်မှာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:ရွှေရောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top