အင္းေလးကန္ႏွင့္ပတ္သက္ေသာ စီမံခန္႔ခြဲမႈအမွားမ်ားသည္ ၂ဝဝ၈ ဖြဲ႕စည္းပံုေအာက္ လုပ္ပိုင္ခြင့္အာဏာ လက္ဆင့္ကမ္းမႈ ကေမာက္ကမျဖစ္စဥ္ႏွင့္ တိုင္းရင္းသားတို႔ အလုပ္လက္မဲ့ ျဖစ္ၾကရပံုကို ေဖာ္ျပေနသည္။

ဘန္ ဒူးနန္႔ ေရးသားသည္။

ထိုေန႔က ရွိသမွ်စက္ေလွေတြအားလံုး ငွားထားၿပီးသားျဖစ္ေနသည္။ ေအာက္တုိဘာ ၂၇ ရက္ေန႔၊ ၁၈ ရက္ၾကာ ေဖာင္ေတာ္ဦးဘုရားလွည့္ပြဲ၏ အထြဋ္အထိပ္ အစည္ကားဆံုးေန႔၊ ဗုဒၶရုပ္ပြားေတာ္မ်ားကုိ ပင့္ေဆာင္လာေသာ ေရႊခ်ထားသည့္ ကရဝိတ္ေဖာင္ေတာ္ႀကီးက အင္းေလးကန္ကုိ ဝန္းရံေနေသာ ရြာစဥ္တေလွ်ာက္ အပူေဇာ္ခံ လွည့္လည္လာသည္မွာ ၁၈ ရက္ၾကာျမင့္ခဲ့သည္။ ေဖာင္ေတာ္ႀကီးကုိ ထီးျဖဴမ်ားေဆာင္းထားၿပီး အင္းသားတုိ႔ေျချဖင့္ေလွာ္ေသာ ေလွမ်ားက ဝန္းရံလိုက္ပါလာသည္။

Frontier သတင္းေထာက္က အင္းေလးကန္ေျမာက္ဘက္စြန္းရွိ ေညာင္ေရႊၿမိဳ႕မွ ရြာမအထိ စက္ဘီးနင္းသြားခဲ့သည္။ ေျခတန္ရွည္အိမ္မ်ားႏွင့္ ရြာမရြာသည္ အင္းေလးကန္၏ အေနာက္ေတာင္စြန္းတြင္ တည္ရွိသည္။ အင္းေလးကန္သည္ ရွမ္းျပည္ေတာင္ပိုင္း ထံုးေက်ာက္ေတာင္မ်ားေပၚတြင္ ပင္လယ္ေရျပင္အထက္ မီတာ ၉၀၀ (ေပ ၂,၇၀၀) ခန္႔တြင္ရွိၿပီး၊ ေတာင္ ေျမာက္ ၁၇ ကီလိုမီတာ၊ အေရွ႕အေနာက္ ၅ ကီလိုမီတာခန္႔ က်ယ္ဝန္းသည္။ ရြာမသို႔ ၃၀ ကီလိုမီတာခရီးကေတာ့ မိုက္ရူးရဲဆန္လြန္းသည္။ အင္းတိမ္ဘုရားေရာက္ခါနီး ခြဲထြက္သြားေသာလမ္းသည္ ညစ္ပတ္ေနၿပီး လယ္ကြင္းမ်ားထဲ နိမ့္ဆင္းသြားသည္။ ေနာက္ဆံုး ၂ ကီလိုမီတာတြင္ ေလွတစ္စင္းကုိ လက္ျပတားကား ဆက္စီးသြားရေတာ့သည္။ ရြာမအဝင္တြင္ ေျခတံရွည္သစ္သားအိမ္မ်ားကို ျဖတ္သြားၿပီး ေအးခ်မ္းေသာ ေက်းရြာတစ္ခု၏ အေငြ႕အသက္ခံစားလိုက္ရသည္။ ေကာင္းကင္ျပာျပာႏွင့္ တိမ္စုိင္ျဖဴျဖဴႀကီးမ်ားသည္ ကန္ေရျပင္တြင္ ေရာင္ျပန္ထင္ဟပ္ေနသည္။ ထိုျမင္ကြင္းသည္ စိမ္းညိဳ႕ေရာင္ေတာင္တန္းမ်ား ဖံုးအုပ္ေနေသာ ေတာင္ကုန္းခင္တန္းတြင္ အနားသတ္ထားသည္။ ေက်ာင္းသားကေလးငယ္မ်ား၊ အမ်ဳိးသမီးမ်ားႏွင့္ ဟင္းသီးဟင္းရြက္ေတာင္းမ်ားအျပည့္ တင္ေဆာင္ထားေသာ စက္တပ္ေလွမ်ားသည္ ရြာမ်ားဆက္သြယ္ထားသည့္ ေရလမ္းေၾကာင္းအတိုင္း ခုတ္ေမာင္းသြားလာေနၾကသည္။ ကန္၏အလယ္ဗဟိုရွိ ေဖာင္ေတာ္ဦးဘုရားမွ ေရႊေရာင္တဝင္းဝင္းႏွင့္ ထီးေတာ္ႀကီးကို အိမ္ေခါင္မိုးမ်ားေပၚတြင္ ဖူးျမင္ေနရသည္။

သုိ႔ေသာ္ Frontier က ေတြ႕ဆံုခဲ့ရေသာ အင္းသားတစ္ဦး၏ ေျပာစကားအရဆိုေသာ္ အင္းေလးကန္ႀကီးအတြင္းႏွင့္ ကန္ႀကီးတဝိုက္တြင္ အစဥ္တစိုက္ ေနထိုင္လာခဲ့ၾကေသာ အင္းသူအင္းသားမ်ားႏွင့္ အင္းေလးကန္ႀကီးကုိယ္တုိင္ အတိဒုကၡ ေတြ႕ႀကံဳေနၾကရသည္ဟု ဆုိသည္။

၂၀၀၅ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲပခ်ဳပ္ (NLD) ပါတီကုိယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အေရြးခံခဲ့ရၿပီး ရွမ္းျပည္နယ္အင္းသားေရးရာဝန္ႀကီးအျဖစ္ ခန္႔အပ္ခံခဲ့ရေသာ ေဒါက္တာထြန္းလႈိင္ႏွင့္ Frontier က ေတြ႕ဆံုခြင့္ရခဲ့သည္။ သူႀကီးၾကပ္ေနေသာ ေဒသႏၱရေဆးရုံေလးႏွင့္ ေဘးခ်င္းကပ္လ်က္ ျခင္မ်ား ေပါမ်ားလွသည့္ အစည္းအေဝးခန္းထဲတြင္ ေဒါက္တာထြန္းလႈိင္ႏွင့္ စကားေျပာခဲ့ရျခင္းျဖစ္သည္။ NLD ပါတီဝင္ တက္ႂကြလႈပ္ရွားသူ၊ ဆရာဝန္ေဒါက္တာထြန္းလႈိင္က နားၾကပ္ကို လည္ပင္းတြင္ ခ်ိတ္ထားၿပီး တေခါင္းလံုးျဖဴေဖြးေနသည္။ သူ၏ေနာက္ေက်ာနံရံတြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သူ႔ဖခင္ လြတ္လပ္ေရးဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတုိ႔၏ ရုပ္ပံုႀကီးကုိ ခ်ိတ္ဆြဲထားသည္။

၂၀၁၇ ခုႏွစ္၊ ေစာေစာပိုင္း ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပခါနီးအခ်ိန္က ေဒၚေအာင္ဆန္းစုၾကည္ ေညာင္ေရႊသုိ႔ လာခဲ့ရာတြင္ သူ႔ရြာသို႔လည္း ဝင္လာခဲ့ေၾကာင္း၊ အင္းေလးကန္ႀကီး ကန္ေရေလွ်ာ့နည္းလာျခင္းႏွင့္ ကန္ေရ၏အရည္အေသြး ထိခိုက္က်ဆင္းလာသည္ကို ရပ္တန္႔ေအာင္လုပ္ေဆာင္ရန္ သူ႔ကို ေဒၚေအာင္ဆန္းစုၾကည္က ညႊန္ၾကားသြားေၾကာင္း ေဒါက္တာထြန္းလႈိင္က ေျပာသည္။

ေဒါက္တာထြန္းလႈိင္က ေဒၚစု၏ ညႊန္ၾကားခ်က္ကုိ သူ႔ႏွလံုးသားထဲ စြဲၿမဲထားပံုေတာ့ရသည္။ သုိ႔ေသာ္ ဤတာဝန္ႀကီးသည္ သူတစ္ဦးတည္း ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏုိင္မည့္ကိစၥ မဟုတ္ေခ်။ ဤတာဝန္သည္ ဝန္ႀကီးဌာနတစ္ခုတည္းေသာ္လည္းေကာင္း၊ အစိုးရတဖြဲ႕တည္းေသာ္လည္းေကာင္း ေအာင္ျမင္ေအာင္ လုပ္ေဆာင္၍ မရႏုိင္ေၾကာင္း မၾကာေသးမီက အင္းေလးကန္သမိုင္းတြင္ ျပေနခဲ့ၿပီျဖစ္သည္။ အင္းေလးကန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးမွာ ျမန္မာႏိုင္ငံ၏ လြန္က်ဴးလွေသာ ဗဟုိဦးစီးစနစ္ေအာက္တြင္ ေႏွးေကြးေလးလံေသာ ဗ်ဴရုိကေရစီယဥ္ေက်းမႈ၊ အစိုးရဌာနမ်ားအခ်င္းခ်င္းအၾကား တာဝန္ယူမႈႏွင့္ သတင္းအခ်က္အလက္ က်ဥ္းေျမာင္းေသးသိမ္စြာ ထိန္းခ်ဳပ္ထားမႈတို႔ေအာက္တြင္ တပိုင္းတစစီ ပ်က္စီးေနခဲ့ေလသည္။

ဆယ္စုႏွစ္မ်ားစြာ ယိုုယြင္းလာသည့္ အင္းေလးကန္၏က်န္းမာေရးကုိ ျပန္လည္ထိန္းသိမ္းႏိုင္ရန္ ဗဟိုဦးစီးခ်ဳပ္ကုိင္မႈကုိ ေလွ်ာ့ခ်ျခင္း၊ အုပ္ခ်ဳပ္စီမံမႈႏွင့္ စီးပြားေရးအရင္းအျမစ္မ်ားကို ေဒသခံတုိင္းရင္းသား လူ႔အသိုက္အဝန္းထံ ပိုမိုမွ်ေဝေပးမႈတုိ႔ ျပဳလုပ္လာမွသာ ေအာင္ျမင္ႏိုင္မည္ျဖစ္သည္။ အင္းေလးကန္ႏွင့္ပတ္သက္ေသာ စီမံခန္႔ခြဲ လုပ္ကုိင္မႈအမွားမ်ားသည္ ၂ဝဝ၈ ဖြဲ႕စည္းပံုေအာက္တြင္ အာဏာခြဲေဝခ်ထားမႈ ကန္႔သတ္ခ်က္မ်ားႏွင့္ ေဒသခံလူထု သက္သာေခ်ာင္ခ်ိေရးကို ထည့္သြင္းစဥ္းစားမႈမရွိျခင္းတုိ႔ကို ဆက္လက္ျဖစ္ေပၚေနေစခဲ့သည္။

ခန္းေျခာက္လာေနေသာ အင္းေလးကန္

ေရမ်က္ႏွာျပင္ ေလ်ာ့နည္းသြားသည့္ အတိုင္းအတာပမာဏႏွင့္ ပတ္သက္၍ အယူအဆကြဲျပားမႈမ်ားရွိေသာ္လည္း အင္းေလးကန္ႀကီးမွေရမ်ား တျဖည္းျဖည္း ေလ်ာ့နည္းလာေနသည္ဆိုသည့္ အခ်က္ကိုမူ အားလံုးက သိရွိလက္ခံထားၾကသည္။ Land Degradation & Development ဂ်ာနယ္အတြက္ ျမန္မာႏွင့္ ျပင္သစ္သုေတသန ပညာရွင္တစ္စုက အင္းေလးကန္ အလ်င္အျမန္ ပ်က္စီးယိုယြင္းလာမႈကုိ သုေတသနျပဳလုပ္လ်က္ရွိေသာ္လည္း ၎တုိ႔၏ သုေတသနစာတမ္းမွာ ထြက္ရွိမလာေသးေပ။ ပံုႏွိပ္ထုတ္ေဝျခင္း မျပဳရေသးေသာ အဆိုပါ သုေတသနစာတမ္းကို Frontier အား မွ်ေဝေပးဖတ္သျဖင့္ ေလ့လာၾကည့္ရာတြင္ အင္းေလးကန္၏ေရမ်က္ႏွာျပင္ ဧရိယာအႀကီးအက်ယ္ ယုတ္ေလ်ာ့သြားသည္ဟု ယခင္က ေျပာဆိုခ်က္မ်ားမွာ မွားယြင္းသည္ဟု သုေတသနစာတမ္းတြင္ ေဖာ္ျပထားသည္။ ေကာင္းကင္ဓာတ္ပံုမ်ား၊ ၿဂိဳဟ္တုပံုရိပ္မ်ားႏွင့္ ၿဗိတိသွ်ကိုလိုနီေခတ္ အစိုးရေျမတိုင္းေျမပံုမ်ားကို ႏႈိင္းယွဥ္ေလ့လာၾကည့္ရာ ၁၉၃၈ ႏွင့္ ၂၀၁၄ ခုႏွစ္မ်ားအတြင္း အင္းေလးကန္၏ ေတာင္-ေျမာက္အလ်ားမွာ ေယဘုယအားျဖင့္ တည္ၿငိမ္စြာပင္ ရွိေနခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရသည္။ ကန္၏ အေရွ႕အေနာက္အနံမွာ မူလ ၆ ကီလိုမီတာမွ ၅ ကီလိုမီတာအထိ ေလ်ာ့က်သြားခဲ့သည္။ ဤသည္မွာ ေရေမွ်ာစုိက္ခင္းမ်ား တိုးခ်ဲ႕လာမႈေၾကာင့္ျဖစ္သည္။ ၁၉၆၀ ျပည့္ႏွစ္ေႏွာင္းပိုင္းႏွင့္ ၁၉၈၀ ျပည့္ႏွစ္ အေစာပိုင္းအထိ ႏွစ္မ်ားတြင္ အင္းေလးကန္ထဲ၌ ကၽြန္းေမ်ာမ်ား တိုးခ်ဲ႕ၿပီး ခရမ္းခ်ဥ္သီး အႀကီးအက်ယ္စိုက္ပ်ဳိးကာ ျမန္မာတစ္ႏိုင္ငံလံုးသို႔ တင္ပို႔ခဲ့ၾကသည္။

ျပင္သစ္သုေတသနပညာရွင္ Mr. Martin Michalon သည္ ၂ဝ၁၅ ႏွင့္ ၂ဝ၁၆ ခုႏွစ္မ်ားအတြင္း ေရအနက္တိုင္း ဝါးလံုးမ်ား၊ လက္ကိုင္ GPS ကိရိယာမ်ားအသံုးျပဳကာ အင္းေလးကန္ကုိ စက္တပ္ေလွတစ္စီးျဖင့္ ျဖတ္၍ တိုင္းတာမႈျပဳလုပ္ခဲ့သည္။ အင္းေလးကန္၏ ေရအနက္မွာ ပထမဆံုးတိုင္းတာမႈ ျပဳလုပ္ခဲ့သည့္ မွတ္တမ္းအရ ၁၉၁၈ ခုႏွစ္က ကန္ေရအနက္၏ ထက္ဝက္ခန္႔သာရွိေတာ့ၿပီး အနက္ဆံုးေနရာတြင္ (၃ ဒသမ ၁၈ မီတာ) သာရွိေၾကာင္း ေတြ႕ရွိရသည္။ ေမလ ေရအနည္းဆံုးရာသီတြင္ တုိင္းတာမႈ ျပဳလုပ္ေသာေနရာအားလံုး၏ ၂ဝ ရာခိုင္ႏႈန္းသာလွ်င္ တစ္မီတာထက္ ပုိ၍နက္ေၾကာင္း၊ တနည္းအားျဖင့္ ကန္တစ္ခုလံုး ၃ ေပ ထက္ပုိနက္သည့္ ေနရာမွာ ၂ဝ ရာခိုင္ႏႈန္းသာရွိေၾကာင္း ေတြ႕ရွိခဲ့ရသည္။ ထိုရာသီတြင္ အရပ္ရွည္ရွည္ သန္သန္မာမာ လူတစ္ေယာက္ အင္းေလးကန္ထဲ ေျခလ်င္ ျဖတ္ေလွ်ာက္ႏုိင္သည့္ သေဘာပင္ျဖစ္သည္။ ေရအနက္အေတာ္မ်ားမ်ားမွာ ကၽြန္းေမ်ာစုိက္ခင္းတိုးခ်ဲ႕ရန္ အေထာက္အပံ့ျဖစ္သည့္ အေနအထားသာလွ်င္ ရွိေနသည္။ ကၽြန္းေမ်ာစိုက္ပ်ဳိးေရးမွာ အင္းသားမ်ား၏ ပင္မအသက္ေမြးမႈ အလုပ္အကိုင္ပင္ျဖစ္သည္။

အင္းေလးကန္ေရနည္းလာျခင္းကို ျဖစ္ေစေသာ အေၾကာင္းတရားမ်ားႏွင့္ ပတ္သက္၍ ျငင္းခုန္မႈမ်ားရွိေနသည္။ မုိးရြာသြန္းမႈမွာ အမ်ားအားျဖင့္ တည္ၿငိမ္မႈရွိေသာ္လည္း ေရေဝကုန္းတန္းေဒသတြင္ မိုးေရစုပ္ယူေသာ သစ္ေတာႏွင့္ ေျမဆီလႊာ တိုက္စားျပဳန္းတီးမႈေၾကာင့္ ႏံုးအနည္ခ်ျခင္းမ်ားလည္း ပါဝင္သည္။ စီးပြားျဖစ္စိုက္ခင္းမ်ားႏွင့္ သစ္ေတာျပဳန္းတီးမႈမ်ားသည္ ေျမဆီလႊာတိုက္စားမႈႏွင့္ ေခ်ာင္းေျမာင္းစိမ့္စမ္းေရမ်ားအေပၚ မည္မွ် သက္ေရာက္မႈရွိသည္မွာလည္း ေသခ်ာမသိရေခ်။ အင္းေလးကန္ႀကီးႏွင့္ အင္းေလးကန္အေပၚ မွီခို အသက္ရွင္ေနၾကရေသာ အင္းသားမ်ား၏ဘဝကုိ ၿခိမ္းေျခာက္ေနေသာအရာမ်ားတြင္ ကန္ေရ၏ အရည္အေသြး က်ဆင္းလာမႈလည္း ပါဝင္သည္။ ကန္ေရ အရည္အေသြးက်ဆင္းရျခင္းမွာ ကၽြန္းေပၚတြင္ ေနထုိင္သူမ်ားမွ စြန္႔ပစ္ေသာ အညစ္အေၾကးမ်ားႏွင့္ ကၽြန္းေမ်ာစုိက္ခင္းတြင္ အသံုးျပဳေသာ ဓာတ္ေျမၾသဇာမ်ားေၾကာင့္ျဖစ္သည္။ ဓာတ္ေျမၾသဇာ အလြန္အကၽြံ အသံုးျပဳမႈေၾကာင့္ ကၽြန္းေပၚတြင္ ေအာ္ဂဲနစ္စုိက္ပ်ဳိးေရး လုပ္ေဆာင္ရန္ မျဖစ္ႏုိင္ေတာ့သေလာက္ပင္ ျဖစ္သည္။ ဓာတ္ေျမၾသဇာေၾကာင့္ ေဗဒါပင္မ်ား အလြန္ထူထပ္ ေပါမ်ားထူထပ္လာရာ ကန္၏ ဇီဝမ်ဳိးကြဲစံနစ္ကုိ ထိခိုက္လ်က္ရွိၿပီး၊ စက္ေလွေတြသြားလာရာ ေရေၾကာင္းကိုပင္ ေဗဒါပင္မ်ား ပိတ္ဆို႔ကုန္သည္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း ထိုျပႆနာက ႀကီးထြားလာခဲ့သည္။ အခ်ဳိ႕ကမူ ခရီးသြားလုပ္ငန္းေၾကာင့္ဟု ဆိုၾကသည္။ ခရီးသြားလုပ္ငန္းသည္ ဝင္ေငြရရာအေၾကာင္းျဖစ္သည္ထက္ ပတ္ဝန္းက်င္ကုိ ပ်က္စီးေစသည္က ပိုသည္ဟု လက္ညိဳးထိုးေနသူေတြလည္း ရွိသည္။ ဦးထြန္းလႈိင္ကုိ ေဒၚေအာင္ဆန္းစုၾကည္ မညႊန္ၾကားမီ၊ ၂ဝဝဝ ျပည့္ႏွစ္က အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ အင္းေလးသုိ႔ အလည္လာစဥ္ သစ္ေတာဌာနႏွင့္ စုိက္ပ်ဳိးေရးဌာနတို႔ ပူးတြဲေကာ္မီတီဖြဲ႕ကာ အင္းေလးကန္ထိန္းသိမ္းေရးကုိ တာဝန္ယူလုပ္ၾကေရးအတြက္ လမ္းညႊန္မႈေပးခဲ့ဖူးသည္။

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေကာ္မီတီအဆင့္ဆင့္ကို ဖြဲ႕လိုက္၊ ျပန္ဖြဲ႕လိုက္ လုပ္ခဲ့ၾကသည္။ ကုလသမဂၢေအဂ်င္စီမ်ား၊ ပုဂၢလိကအတိုင္ပင္ခံ ကၽြမ္းက်င္သူမ်ား၏ လုပ္ေဆာင္ေရးအစီအစဥ္ (Action plan) မ်ားမွာ အဆံုးအျဖတ္ေပးမည့္အစိုးရ ဝန္ႀကီးမ်ား၏ စားပြဲေပၚတြင္ အပံုလိုက္ ရွိေနခဲ့ၾကသည္။ ေျမျပင္ေပၚတြင္လည္း မႈိတက္ေနေသာ အစိုးရရုံးဌာနမ်ားတြင္ ထိုင္ေနၾကေသာ အစိုးရအရာရွိအသီးသီးတုိ႔ကိုသာ ေတြ႕ခဲ့ရသည္။ သူတို႔ထံတြင္ လုပ္စရာ ရံပံုေငြ ဘတ္ဂ်က္ကမရွိ၊ ကန္ထဲေလွ်ာက္ၾကည့္ စစ္ေဆးရန္အတြက္ စက္တပ္ေမာ္ေတာ္ဘုတ္တြင္း ထည့္ေမာင္းရန္ ဓာတ္ဆီပင္ အလံုအေလာက္ မရွိေခ်။ သူတို႔ေဘးတြင္မူ NGO အဖြဲ႕အစည္း အမ်ဳိးမ်ဳိးတုိ႔က တဖြဲ႕ႏွင့္တဖြဲ႕ ဆက္စပ္ညိွႏႈိင္းမႈမရွိဘဲ ကုိယ့္အစီအစဥ္ႏွင့္ကုိယ္သာ လုပ္ကုိင္ေနၾကသည္။ ဒီလိုႏွင့္ အင္းေလးကန္ႀကီး၏ ျပႆနာမ်ားမွာ ထိုအတိုင္းပင္ ေျဖရွင္းသူမရွိ ႀကီးထြားလာခဲ့ေတာ့သည္။

အင္းသားမ်ား

စစ္တပ္က စိတ္ႀကိဳက္ေရးဆြဲထားေသာ ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒက ရွမ္းျပည္နယ္အစိုးရႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္တို႔အား အင္းေလးကန္ႏွင့္ ၎၏ ေရေဝကုန္းတန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ပံုေဖာ္လုပ္ေဆာင္ရန္ အာဏာအျပည့္အဝ အပ္ႏွင္းထားသ္ည။ ျပည္နယ္အစိုးရသည္ ႏုိင္ငံျခားသားမ်ားထံမွ အင္းေလးကန္ဝင္ေၾကးအျဖစ္ တစ္ဦးလွ်င္ ၁ဝ ေဒၚလာ ေကာက္ခံခြင့္ကို တင္ဒါခ်ေပးလိုက္သည္။ အစိုးရ႒ာနမ်ားႏွင့္ NGO မ်ားအၾကား ညိွႏႈိင္း ပူးေပါင္းကာ စီမံခ်က္ေရးဆြဲေရး မေအာင္မျမင္ျဖစ္ေနသျဖင့္ ကုလသမဂၢဖြံ႕ၿဖိဳးေရး အစီအစဥ္ႏွင့္ ေနာ္ေဝႏုိင္ငံအစိုးရတို႔၏ အေထာက္အပံ့ျဖင့္ အင္းေလးကန္ စီမံခန္႔ခြဲေရးအာဏာပိုင္အဖြဲ႕ကုိ အသစ္ဖြဲ႕စည္းကာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္က ဥကၠ႒အျဖစ္ ေဆာင္ရြက္သည္။

ရွမ္းျပည္နယ္အစိုးရ ရုံးစိုက္ရာ ေတာင္ႀကီးၿမိဳ႕မွာ ေညာင္ေရႊၿမိဳ႕ႏွင့္ ကားလမ္းအားျဖင့္ ၃ဝ ကီလိုမီတာသာ ကြာေဝးပါသည္။ သုိ႔ေသာ္ အင္းသားမ်ားအတြက္မူ ေတာင္ႀကီးမွလွမ္း၍ အုပ္ခ်ဳပ္ေနျခင္းသည္ အင္းေလးအား တိုးရစ္မ်ားအတြက္ ဆြဲေဆာင္ရာေနရာတစ္ခုအျဖစ္သာမက အင္းေပၚတြင္ ေမြးဖြားေနထိုင္ စားေသာက္ႀကီးျပင္းၾကရေသာ အင္းသားတုိ႔၏ဘဝကုိ နားမလည္၊ စာနာမႈမရွိေသာ တုိင္းရင္းသားလူမ်ဳိးစုတစ္စုက အုပ္ခ်ဳပ္သည္ဟုပင္ ယူဆၾကသည္။ ျမန္မာတႏုိင္ငံလံုး ထိုသို႔သေဘာထားမ်ဳိးကိုပင္ ေတြ႕ရၿပီး ဖက္ဒရယ္လုပ္ပုိင္ခြင့္အာဏာကို ကာလၾကာရွည္ကပင္ ေတာင္းဆိုေနခဲ့ၾကျခင္းပင္ ျဖစ္သည္။ ေတာင္ပိုင္းရွမ္းျပည္တြင္မူ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ တိုင္းရင္းသားလူမ်ဳိး အမ်ိဳးမ်ိဳး ရွိေနၿပီး လႊမ္းမိုးႀကီးစုိးမႈကလည္း အထပ္ထပ္ျဖင့္ ရွဳပ္ေထြးလွသည္။ ရာစုႏွစ္မ်ားစြာၾကာေအာင္ အင္းသားမ်ားက အျခားတိုင္းရင္းသား လူမ်ဳိးစုမ်ား၏ ဝန္းရံပိတ္ဆို႔ျခင္းခံေနခဲ့ရသည္။ ေတာင္ကုန္းမ်ားေပၚတြင္ ေနထိုင္ၾကေသာ ပအို႔လူမ်ဳိးစုတို႔တြင္ ပအို႔အမ်ဳိးသားလြတ္ေျမာက္ေရးတပ္ရွိသျဖင့္ ႏုိင္ငံေရးအင္အားစုတခုျဖစ္လာၿပီး ၁၉၉၁ အပစ္ရပ္ခ်ိန္မွစ၍ ဝင္ေငြေကာင္းေသာ စီးပြားေရးအခြင့္အလမ္းမ်ား ရရွိေနခဲ့ၾကသည္။ ရွမ္းလူမ်ဳိး ပေဒသရာဇ္ ေစာ္ဘြားမ်ားက ေညာင္ေရႊနယ္တစ္နယ္လံုးကို အစဥ္အဆက္ အုပ္ခ်ဳပ္ခဲ့ၾကသည္။ ဗမာမ်ား အဓိက လႊမ္းမုိးပါဝင္ေသာ တပ္မေတာ္သည္ ၁၉၆၂ အာဏာသိမ္းခ်ိန္မွစ၍ ရွမ္းေစာ္ဘြားမ်ား၏ အာဏာကုိလုယူသြားခဲ့ၿပီး ၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားမွစ၍ အင္းေလးသို႔ လာေရာက္သည့္ ကမၻာလွည့္ခရီးသည္မ်ားထံမွ ဝင္ေငြအားလံုးကို ဗဟုိအစုိးရ ဘ႑ာတိုက္ထဲသို႔သာ သြတ္သြင္းခဲ့သည္။ ေတာင္ရုိးလူမ်ဳိးစုမ်ားသည္ လူနည္းစုသာျဖစ္ၿပီး ပအို႔မ်ားနည္းတူ ေတာင္ကုန္းမ်ားေပၚတြင္ အလွည့္က်ေတာင္ယာစိုက္ပ်ဳိးေရးကုိသာ မိရိုးဖလာလုပ္ကိုင္ခဲ့ၾကရာမွ ေနာက္ပိုင္းတြင္ ေငြရလြယ္ေသာ သီးႏွံမ်ား ေျပာင္းလဲစိုက္လာခဲ့ၾကသည္။ ဓႏုလူမ်ဳိးစုသည္လည္း ပအို႔မ်ားနည္းတူ ၂ဝဝ၈ ဖြဲ႕စည္းပံုအရ အင္းေလးကန္အနီးတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ ရရွိခဲ့သည္။ အင္းသားမ်ားအတြက္မူ မည္သည့္ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္မွ် မရရွိခဲ့ၾကေခ်။

အင္းေလးကန္အနီးေတာင္တန္းမ်ားေပၚတြင္ ပအို႔ႏွင့္ ေတာင္႐ိုး တိုင္းရင္းသားမ်ား ရွိၾကသည္။ ဓာတ္ပံု-ဘန္ဒူးနန္႔

၁၉၈၈ ခုႏွစ္တြင္ အာဏာသိမ္းခဲ့သည့္ စစ္အစိုးရသည္ ၁၉၉၆ ခုႏွစ္ ျမန္မာ့ခရီးသြားႏွစ္ (Visit Myanmar Year) တြင္ အင္းေလးေဒသအား ဧည့္သည္ဆြဲေဆာင္ရာ အဓိကေနရာအျဖစ္ ေဖာ္ေဆာင္ခဲ့သည္။ ႏုိင္ငံတကာ၏ အသိအမွတ္ျပဳလည္း မခံခဲ့ရသလို ႏိုင္ငံျခားဝင္ေငြလည္း ေမွ်ာ္မွန္းသေလာက္ မရခဲ့သျဖင့္ စစ္အစိုးရဆန္႔က်င္သူမ်ားက ျပက္ရယ္ျပဳခဲ့ၾကေသာ္လည္း အင္းေလးကန္သုိ႔ ႏုိင္ငံျခားဧည့္သည္ ဝင္ေရာက္မႈက ႏွစ္စဥ္တိုးတက္လာခဲ့သည္။ ယခင္ ၃,ဝဝဝ ခန္႔မွ ၂၁,ဝဝဝ အထိ တိုးလာခဲ့သည္။ ၂ဝ၁၁ တိုင္ေအာင္ ဤကိန္းဂဏန္းအတိုင္း ရွိခဲ့ရာမွ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္လာေသာအခါ ႏိုင္ငံျခားဧည့္သည္အဝင္မွာ ဆပြားတုိးလာခဲ့ရာ ၂ဝ၁၆ တြင္ အင္းေလးသုိ႔ ဧည့္အဝင္မွာ (ဟုိတယ္ႏွင့္ ခရီးသြားလုပ္ငန္းဝန္ႀကီးဌာန၏ ကိန္းဂဏန္းမ်ားအရ) (၁၈ဝ,ဝဝဝ) နီးပါး ေရာက္ရွိလာသည္။

ခရီးသြားလုပ္ငန္းမွ ထြက္ေပၚလာေသာ အက်ဳိးစီးပြားအားလံုးကို စစ္တပ္က ေမာင္ပိုင္စီးရန္ ႀကိဳးပမ္းခဲ့ၾကေသာ္ျငားလည္း ခရီးသြားလုပ္ငန္းေၾကာင့္ စီးပြားေရး အခြင့္အလမ္းမ်ား ပြင့္လင္းကာ အင္းသားမ်ား၏ ဘဝလည္း တိုးတက္ ေကာင္းမြန္လာခဲ့သည္။ ယဥ္ေက်းမႈဆိုင္ရာ အရင္းအျမစ္မ်ားကို စီးပြားအင္အားအျဖစ္ ေျပာင္းလဲပစ္ႏုိင္ခဲ့သျဖင့္ ႏုိင္ငံေရးအရွိန္အဝါ ရရွိလာခဲ့ၾကသူမ်ားလည္းရွိလာသည္။ ဤသုိ႔ေသာ ယဥ္ေက်းမႈ ရိုးရာအရင္းအျမစ္မ်ားအား ႏုိင္ငံျခားသား ခရီးသြားမ်ားအေနျဖင့္ အလြယ္တကူပင္ ျမင္ေတြ႕ႏုိင္ၾကသည္။ ေလွာ္တက္ကို ေျခတစ္ဘက္ျဖင့္ လိမ္ပတ္ကာ ေျချဖင့္ ေလွေလွာ္ၾကေသာ ထူးျခားလွသည့္ အင္းသားရိုးရာ ေလွေလွာ္နည္း၊ ေရတိမ္ကန္ေပၚတြင္ ေျခတံရွည္အိမ္မ်ား ေဆာက္လုပ္ေနထိုင္ၾကပံု၊ ကန္ေရမ်က္ႏွာျပင္ေပၚတြင္ ေဆြးေျမ႕ပ်က္စီးသြားေသာ သစ္ပင္သစ္ရြက္မ်ားမွ ျဖစ္ေပၚလာေသာ ေရေပၚကၽြန္းေမ်ာမ်ားေပၚတြင္ စိုက္ပ်ဳိးထားေသာ ေရေပၚခရမ္းခ်ည္စိုက္ခင္းတန္းမ်ား၊ အိမ္တြင္းေငြထည္ႏွင့္ ေငြပန္းထိမ္လုပ္ငန္းမ်ား၊ ေဒသထြက္ကုန္မ်ားကို ေရေပၚေျခတံရွည္အိမ္ေလးမ်ားေပၚမွ ႏုိင္ငံျခားခရီးသြားမ်ားကို ေရာင္းခ်၍ စီးပြားေရးအျမတ္အစြန္းမ်ားလည္း ရရွိလာၾကသည္။ ထိုေရာင္းရေငြထဲမွ ေငြအခ်ဳိ႕ကုိ ေကာ္မရွင္အျဖစ္ တိုးရစ္မ်ားအား ေခၚလာေသာ ေလွသမားမ်ားကို ေဝစုခြဲေပးရသည္။ ၁၉၉ဝ ခုလြန္ႏွစ္မ်ားတြင္ ခရီးသြားလုပ္ငန္း ႀကီးထြားလာရာ အင္းသားေတြထဲမွ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္လူတန္းစားတစ္ရပ္ ေပၚထြက္လာသည္။ သူတို႔က အင္းေလးတြင္ လူသိအမ်ားဆံုး ဟိုတယ္ႏွင့္ အပန္းေျဖစခန္းမ်ားကို တည္ေဆာက္ခဲ့ၾကသည္။ အင္းေလးကန္၏ အေရွ႕ဘက္ကမ္းေျခတြင္ Inle Princess Resort ကုိ တည္ေထာင္ခဲ့သူ ဦးအုန္းေမာင္ကို ၂ဝ၁၆ ခုႏွစ္တြင္ ဟုိတယ္ႏွင့္ခရီးသြားလုပ္ငန္း ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္လိုက္ရာ အင္းသားတို႔ ေက်နပ္အားရ စိတ္လႈပ္ရွားသြားၾကသည္။ ေညာင္ေရႊၿမိဳ႕ Viewpoint Lodge ပိုင္ရွင္ ဦးမ်ဳိးမင္းေဇာ္သည္ ျမန္မာႏိုင္ငံဟုိတယ္လုပ္ငန္းရွင္မ်ားအသင္း၏ ရွမ္းျပည္ေတာင္ပိုင္း ဥကၠ႒အျဖစ္ တာဝန္ယူေနသည္။

၂ဝ၁၁ ေနာက္ပိုင္းတြင္ ႏုိင္ငံျခားခရီးသည္မ်ား လွိမ့္ဝင္လာရာ အင္းေလးေဒသ ျပင္ပမွ ရင္းႏွီးေငြမ်ားလည္း လွိမ့္ဝင္လာခဲ့သည္။ ရွမ္းျပည္တြင္ တရားမဝင္စီးပြားေရးမွာ အလြန္အေရးပါသည္ျဖစ္ရာ ျပင္ပမွဝင္လာေသာ ေငြမ်ားသည္ အမည္းမွ အျဖဴအထိ အေရာင္အေသြးမ်ဳိးစံု ပါလိမ့္မည္ဆိုသည္မွာ သံသယျဖစ္ဖြယ္မရွိေပ။ ေညာင္ေရႊၿမိဳ႕ႏွင့္ အင္းေလးကန္ေဒသသို႔ ေငြမ်ားလွိမ့္ဝင္လာရာ အင္းသားမ်ားႏွင့္ ေဒသခံမ်ား၏ ေစ်းကြက္ေဝစုမွာ က်ဥ္းေျမာင္းသြားေလေတာ့သည္။

မၾကာမီႏွစ္မ်ားအတြင္း ေညာင္ေရႊၿမိဳ႕ေလးတြင္ အထပ္မ်ားစြာရွိေသာ ဟိုတယ္ႀကီးမ်ား တည္ေဆာက္လာၾကသည္။ ႏုိဝင္ဘာမွ ေဖေဖာ္ဝါရီအထိ ခရီးသြားရာသီတြင္ အေဝးေျပးခရီးသည္တင္ကားႀကီးမ်ား ၿမိဳ႕ထဲ၌ ဥဒဟုိ ေန႔စဥ္ျဖတ္သန္း သြားလာေနရာ တခ်ိန္က ေအးခ်မ္းတိတ္ဆိတ္ေသာ ေစ်းၿမိဳ႕ေလးမွာ ခ်ဳိင့္ေတြခြက္ေတြႏွင့္ လမ္းေပၚတြင္ ကားသံ၊ လူသံမ်ား၊ ေဆာက္လုပ္ေရးမွ ဆူညံသံမ်ား၊ အမႈိက္ပံုမ်ားျဖင့္ ရွဳပ္ယွက္ခတ္ေနေလၿပီျဖစ္သည္။

ယခုအခါ အင္းေလးေဒသတြင္ ဟိုတယ္အလံုးေပါင္း ၁ဝဝ ေက်ာ္၌ ဟိုတယ္ခန္းေပါင္း ၃,၅ဝဝ ခန္႔ရွိလာသည္။ ခရီးသြားဝန္ႀကီးဌာနမွ စာရင္းအရ ၂ဝ၁၇ တြင္ ျပည္ပခရီးသည္ ၂၂၅,၂၂၄ သာ အင္းေလးသို႔လာခဲ့ရာ ဟိုတယ္ခန္းမ်ားမွာ လိုသည္ထက္မ်ားစြာ ပိုေနသျဖင့္ အၿပိဳင္အဆုိင္ေစ်းခ်ကာ ဧည့္သည္ေခၚေနၾကရသည္။ ရခိုင္မွ အေျခအေနမ်ားေၾကာင့္ အေနာက္တုိင္းမွ ဧည့္သည္အဝင္ က်ဆင္းေနရာ အေျခအေနမွာ ပိုဆုိးလာဖြယ္ရွိသည္။ ယခုႏွစ္ ေအာက္တုိဘာအထိ ၁ဝ လအတြင္း ျပည္ပခရီးသည္ ၁၂၁,၄၁ဝ သာ ေရာက္ရွိလာေသးသည္။ ျပည္တြင္းခရီးသည္ အဝင္ကမူ တိုးတက္လာသည္။ သို႔ေသာ္ ၎တို႔က ျပည္ပခရီးသည္မ်ားကဲ့သို႔ ဟိုတယ္ခမ်ားမ်ား မသံုးစြဲႏိုင္ၾကသျဖင့္ ေရတုိအတြင္း ဝင္ေငြတိုးလာဖြယ္ မျမင္ေသးေခ်။

အေမွာင္ထဲမွ အင္းသားမ်ား

ခရီးသြားလုပ္ငန္းမွ အင္းသားမ်ား ရရွိသည့္ ဝင္ေငြကလည္း ယခုအခ်ိန္တြင္ ေလ်ာ့က်လာေနသည္။ အင္းထဲသို႔ ႏုိင္ငံျခားသားဝင္ခ ၁ဝ ေဒၚလာစီ ေကာက္ခံသည့္ ဝင္ေငြထဲမွ ခြဲတမ္းခ်ေနရပံုကိုလည္း အင္းသားရပ္ရြာေခါင္းေဆာင္မ်ားႏွင့္ လုပ္ငန္းရွင္မ်ားက ေထာက္ျပၾကသည္။ စစ္အစိုးရသည္ ၁၉၉ဝ ခုလြန္ႏွစ္မ်ားတြင္ အင္းေလးကန္ ဝင္ခကုိ ၃ ေဒၚလာ စတင္သတ္မွတ္ ေကာက္ခံခဲ့သည္။ တင္ဒါအမ်ားဆံုးတင္ေသာ ပုဂၢလိကကုမၸဏီအား ေကာက္ခံခြင့္ ႏွစ္စဥ္ခ်ထားေပးခဲ့သည္။ ဟိုတယ္က႑ႏွင့္ အက်ဳိးစီးပြားဆက္စပ္ေနၿပီး ပြင့္လင္းျမင္သာမႈမရွိေသာ ကုမၸဏီမ်ားသာ တင္ဒါကုိ ႏွစ္စဥ္ေအာင္ခဲ့ၾကသည္။ ကုမၸဏီမ်ားအေနျငဖ့္ ၎တို႔အဆိုျပဳေသာ ေငြပမာဏကုိ ေပးေခ်ၿပီးေနာက္ အင္းေလးထဲ ဝင္ခြင့္လက္မွတ္ ေရာင္းခအားလံုးကို ရရွိခဲ့ၾကသည္။

အင္းသားမ်ားသည္ အင္းေလးကန္အတြင္း ေျခတံရွည္အိမ္မ်ားျဖင့္ ေနထိုင္ၾကသည္။ ဓာတ္ပံု-ဘန္ဒူးနန္႔

သုိ႔ေသာ္ အမ်ားအားျဖင့္ တင္ဒါေအာင္ကုမၸဏီက အဆိုျပဳေပးအပ္ရေသာ ေငြပမာဏသည္ အမွန္တကယ္ လက္မွတ္ေရာင္းရေငြထက္ မ်ားစြာ သာလြန္မ်ားျပားေသာ ႏွစ္မ်ားသာျဖစ္ရာ တင္ဒါဆြဲသည့္ ကုမၸဏီမ်ား မည္သို႔အျမတ္အစြန္းရရွိေနၾကသည္ဆိုသည္ကို ေတြးစရာျဖစ္လာသည္။ အင္းေလးတြင္ ဟုိတယ္မ်ားပိုင္ဆိုသည့္ ဟူပင္ ဟူသည့္ ကုမၸဏီသည္ အေမရိကန္ေဒၚလာတစ္သိန္း ညီမွ်ေသာေငြျဖင့္ ၂ဝဝ၉ ခုႏွစ္တြင္ တင္ဒါေအာင္ျမင္ခဲ့သည္။ ထုိႏွစ္တြင္ အင္းေလးသို႔ လာေရာက္ခဲ့သည့္ ႏိုင္ငံျခားသားအေရအတြက္မွာ အစိုးရစာရင္းမ်ားအရ ၂၃,ဝဝဝ ပင္ မျပည့္ခဲ့ရာ သူတို႔ထံမွရေသာ ဝင္ေၾကးမွာ စုစုေပါင္း ေဒၚလာ ၆၉,ဝဝဝ ပင္မျပည့္ခဲ့ေပ။

၂ဝ၁၁ ေနာက္ပိုင္း ဧည့္သည္အဝင္မ်ားျပားလာရာ ဝင္ေၾကးကုိလည္းတိုး၍ ၂ဝ၁၁ ခုႏွစ္တြင္ ၅ ေဒၚလာ ႏွင့္ ၂ဝ၁၃ တြင္ ၁ဝ ေဒၚလာအထိ ေကာက္ခံလာသည္။ ေလလံကုမၸဏီမ်ားကလည္း တိုး၍ေပးၾကရသည္။ ခရီးသြားဧည့္သည္ ထူးထူးကဲကဲမ်ားျပားခဲ့ေသာ ၂ဝ၁၄-၁၆ ခုႏွစ္မ်ားမွလြဲ၍ ဤတင္ဒါလုပ္ငန္းမွ အျမတ္ရသည္မွာ အလြန္ရွားလွသည္။ ၿပီးခဲ့သည့္ႏွစ္က တင္ဒါေအာင္၍ လုပ္ကုိင္ေနေသာ ေတာင္ႀကီးၿမိဳ႕အေျခစိုက္ K-Kan ကုမၸဏီသည္ ယခုႏွစ္အတြက္ က်ပ္ ၂ ဒသမ ၇၉ ဘီလ်ံ (ေဒၚလာ ၁ ဒသမ ၇ သန္း) ကို ရွမ္းျပည္နယ္အစိုးရအားေပးရန္ ကတိျပဳထားသည္ဟု ကုမၸဏီပိုင္ရွင္ ဦးေအာင္ေက်ာ္ႏုိင္က Frontier ကုိ တယ္လီဖုန္းမွတဆင့္ အတည္ျပဳေျပာၾကားသည္။ ဝင္ေၾကးလက္မွတ္ေရာင္းရေငြ ခ်ည္းသာဆုိလွ်င္ K-Kan ကုမၸဏီ အရွံဳးေပၚရန္ ေသခ်ာသေလာက္ပင္ျဖစ္သည္။

ကုမၸဏီႏွင့္ ပတ္သက္ၿပီး မည္သည့္အရာမွ အမ်ားျပည္သူမသိရွိရေသာ K-Kan ကုမၸဏီက တင္ဒါကို ထိန္းခ်ဳပ္ထားျခင္းသည္ ေဒသတြင္းပုိင္ဆုိင္မႈႏွင့္ ပြင့္လင္းျမင္သာမရွိမႈတြင္ အတိတ္ကို ေနာက္ျပန္သြားေနျခင္းပင္ ျဖစ္သည္။

ထိုႏွစ္ ေမလတြင္ ျပည္နယ္အစိုးရက တင္ဒါစနစ္ကို ဖ်က္သိမ္းရန္ဆံုးျဖတ္ၿပီး အင္းေလးကန္စီမံလုပ္ကိုင္ခြင့္ကို ေညာင္ေရႊအေျခစိုက္ ပညာရွင္အသင္းႏွင့္ အရပ္ဖက္အဖြဲ႕အစည္း ကုမၸဏီအုပ္စုအား ေပးအပ္လိုက္သည္။ ထိုကုမၸဏီစုကို View-Point Lodge ဟုိတယ္ပုိင္ရွင္ ဦးမ်ဳိးမင္းေဇာ္က ဥကၠ႒အျဖစ္ေဆာင္ရြက္သည္။ တင္ဒါေၾကး အေျမာက္အျမား ေပးမည့္အစား ေန႔စဥ္လက္မွတ္ေရာင္းရေငြကုိ ျပည္နယ္အစိုးရက ကုိင္ထားသည့္ ဘဏ္စာရင္းတြင္ ေန႔စဥ္အပ္ႏွံရသည္။ ျပည္နယ္အစိုးရကလည္း ဧည့္အဝင္စာရင္းကို လစဥ္ထုတ္ျပန္ေပးသည္။ အစုိးရ၏ ဤသုိ႔လုပ္ေဆာင္ခ်က္ကုိ ေဒသခံတုိ႔က သေဘာက်ေထာက္ခံၾကသည္။ သုိ႔ေသာ္ စက္တင္ဘာလေရာက္သည့္အခ်ိန္တြင္ တင္ဒါစနစ္ေဟာင္းသုိ႔ ျပန္ေျပာင္းရန္ ျပည္နယ္အစိုးရက ဆံုးျဖတ္ခဲ့ျပန္သည္။ ေန႔စဥ္ လက္မွတ္ေရာင္းခမွရေသာ ဝင္ေငြမွာ ေမွ်ာ္လင့္ထားသည္ထက္ပင္ နည္းပါးေသာေၾကာင့္ ျဖစ္ဟန္ရွိသည္။ ျပည္နယ္အစိုးရက ဘ႑ာေငြမ်ားမ်ားရရန္ ဆႏၵေစာေနပံုရသည္ဟု ဦးမ်ဳိးမင္းေဇာ္က Frontier ကုိေျပာသည္။ ေအာက္တုိဘာလတြင္ အင္းေလးကန္လုပ္ကုိင္ခြင့္ ျပန္လည္ရယူခဲ့ေသာ K-Kan ကုမၸဏီသည္ ၎၏လုပ္ငန္းမ်ားကိုလည္းေကာင္း၊ ကိန္းဂဏန္းမ်ားကိုလည္းေကာင္း၊ ကုမၸဏီပုိင္ဆုိင္မႈ၊ ဖြဲ႕စည္းမႈ အေၾကာင္းအရာမ်ားကိုလည္းေကာင္း၊ အမ်ားျပည္သူသိရွိေအာင္ ထုတ္ေဖာ္ေျပာဆုိျခင္းမရွိေသးရာ ေဒသခံအင္းသားမ်ားမွာ ဟိုတေခတ္ကကဲ့သို႔ မသိမႈအေမွာင္ထဲတြင္ တဖန္ျပန္၍ ေနၾကရေတာ့သည္။

သုိ႔ေသာ္ ပို၍ေျပာစရာျဖစ္ေနရသည္မွာ ရသည့္ေငြမ်ားကုိ ျပည္နယ္အစိုးရက မည္သည့္ေနရာတြင္ သံုးေနသနည္းဟူသည့္ အခ်က္ပင္ျဖစ္သည္။ ေလာေလာဆယ္တြင္ ၄၅ ရာခိုင္ႏွႈန္းက ျပည္နယ္အစိုးရအိပ္ထဲ တခါတည္း တန္းဝင္သြားသည္။ ရွမ္းျပည္နယ္အတြင္း တျခားေနရာမ်ား ဖြံ႕ၿဖိဳးေရးတြင္ အသံုးျပဳရန္ျဖစ္သည္။ ေနာက္ ၄၅ ရာခိုင္ႏႈန္းမွာ အင္းသားေရးရာဝန္ႀကီး ဥကၠ႒အျဖစ္ ေဆာင္ရြက္ေသာ အင္းေလးကန္ထိန္းသိမ္းေရး ရံပံုေငြအတြက္ အသံုးျပဳေနသည္။ ၂ ရာခိုင္ႏႈန္းကို အင္းေလးေဒသတြင္း ခရီးသြားလုပ္ငန္းျမွင့္တင္ေရး၊ ေနာက္ထပ္ ၂ ရာခိုုင္ႏႈန္းကုိ ေဒသတြင္း NGO မ်ားအား ေပးအပ္ၿပီး က်န္ ၆ ရာခိုင္ႏႈန္းမွာ တင္ဒါေအာင္ကုမၸဏီ၏ လုပ္ငန္းေဆာင္ရြက္ရာတြင္ အသံုးျပဳရန္ျဖစ္သည္။

အင္းေလးကန္မွ ဝင္ေငြတစ္ဝက္ခန္႔က အင္းေလးကို စြန္႔ခြာထြက္သြားရသျဖင့္ မတရားဟု ဦးမ်ဳိးမင္းေဇာ္က ယူဆထားသည္။

“ကၽြန္ေတာ္တို႔ အင္းေလးကန္က ဝင္ေငြရာႏႈန္းျပည့္ရသင့္ပါတယ္” ဟု သူကေျပာသည္။ အနီးနားရွိ ပင္းတယၿမိဳ႕နယ္မွ ဗုဒၶရုပ္ပြားေတာ္မ်ားျဖင့္ ျပည့္ႏွက္ေနေသာ နာမည္ေက်ာ္ ပင္းတယထံုးေက်ာက္လိုဏ္ဂူႀကီးမ်ားသို႔ ႏုိင္ငံျခားဧည့္သည္ဝင္ေၾကးမွာ တစ္ဦးလွ်င္ ၅ ေဒၚလာျဖစ္သည္။ ထိုဝင္ေငြအားလံုးကို ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ေရးဇုန္အတြက္သာ ထားရွိသည္။ အလားတူပင္ ပအို႔တုိင္းရင္းသားနယ္ေျမတြင္းရွိ ေမြေတာ္ကကၠဴဘုရားမ်ားသို႔ ဝင္ေၾကးေငြကုိလည္း ပအို႔ကိုယ္ပုိင္အုပ္ခ်ဳပ္ေရးဇုန္အတြက္သာ အသံုးျပဳခြင့္ေပးထားသည္။ အင္းသားျဖစ္သည့္ ဦးမ်ဳိးမင္းေဇာ္က ထိုအခ်က္မ်ားကို ေထာက္ျပေျပာဆိုခဲ့သည္။

ဦးမ်ဳိးမင္းေဇာ္ႏွင့္ အင္းသားေရးရာ ဝန္ႀကီးဦးထြန္းလႈိင္တို႔အတြက္မူ ထိုအခ်က္က ေတာင္ပုိင္းရွမ္းျပည္တြင္ အျခားတိုင္းရင္းသား လူမ်ဳိးစုမ်ားႏွင့္ယွဥ္လွ်င္ အင္းသားလူမ်ဳိးစုတို႔၌ ႏုိင္ငံေရးၾသဇာမရွိျခင္း၏ အမွတ္လကၡဏာ သေကၤတပင္ ျဖစ္သည္။ “အင္းထဲမွာ ေနထိုင္သူအားလံုးကေတာ့ ရာႏႈန္းျပည့္ အားလံုးလိုခ်င္ၾကတာပဲ” ဟု အင္းေလးကန္ဝင္ေၾကးကို ရည္ညႊန္းၿပီး သူက ေျပာသည္။

အင္းသားေရးရာဝန္ႀကီး ေဒါက္တာထြန္းလိႈင္။ ဓာတ္ပံု-ဘန္ဒူးနန္႔

ထိုသို႔ ရရွိႏိုင္ေရးအတြက္ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းေဇာ္မိုး (NLD, ေညာင္ေရႊ ၂) က အဆိုတစ္ခုကို ၿပီးခဲ့သည့္ႏွစ္တြင္ တင္သြင္းခဲ့သည္။ သုိ႔ေသာ္ ျပည္နယ္အတြင္း အျခားဆင္းရဲႏြမ္းပါးေသာ ၿမိဳ႕နယ္မ်ားအတြက္ ထပ္ေဆာင္းအသံုးျပဳရန္ ၄၅ ရာခိုင္ႏႈန္း ခြဲတမ္းမွာလိုအပ္ပါေၾကာင္း ျပည္နယ္ဝန္ႀကီးမ်ားက လႊတ္ေတာ္တြင္ ေျဖၾကားခဲ့ၾကသည္။ ဤသို႔ျဖင့္ ဦးသိန္းေဇာ္မိုး တင္သြင္းေသာအဆိုမွာ အဖ်ားရွဴးသြားခဲ့ရသည္။ ထိုအခ်ိန္အတြင္း အင္းေလးကန္ထိန္းသိမ္းေရးရံပံုေငြအတြက္ရရွိေသာ ၄၅ ရာခိုင္ႏႈန္းခြဲတမ္းကုိ အင္းေလးေဒသတြင္း၌ပင္ ထားရွိၿပီး ဦးထြန္းလႈိင္က ႀကီးၾကပ္ထိန္းသိမ္းထားသည္။ ေက်းရြာဖြံ႕ၿဖိဳးေရးေကာ္မတီမ်ားသို႔ က်ပ္သိန္း ၅ဝ က်ပ္စီခြဲေဝေပးသည္။ ထိုသို႔ လက္လီစိတ္၍ ခြဲတမ္းခ်ေပးေနသျဖင့္ အင္းေလးကန္အတြင္းႏွင့္ ကန္ပတ္လည္ပတ္ဝန္းက်င္ ယိုယြင္းမႈျပႆနာကို ေျဖရွင္းရန္အတြက္ ပိုမိုႀကီးမားေသာ ေရရွည္ထိန္းသိမ္းေရး စီမံကိန္းႀကီးမ်ားကုိ မလုပ္ေဆာင္ႏိုင္ေတာ့ေပ။ ဥပမာျပရလွ်င္ ယခုႏွစ္အတြင္း အင္းေလးကန္ေတာင္ဘက္ရွိ ေက်းရြာမ်ား လွ်ပ္စစ္မီးလင္းေရးအတြက္ က်ပ္ သန္း ၂၄ဝ အား ထိုရံပံုေငြထဲမွ အသံုးျပဳခဲ့သည္။ ဤသံုးစြဲမႈသည္ အင္းေလးကန္ထိန္းသိမ္းေရးႏွင့္ မ်ားစြာ မသက္ဆုိင္လွေပ။

လုပ္ပိုင္ခြင့္အာဏာ

တရားဝင္ေထာက္ခံခ်က္ရရွိပါက အင္းေလးကန္ဝင္ေၾကးမွ ႏွစ္စဥ္ရရွိေငြမ်ားကုိ အင္းေလးကန္စီမံခန႔္ခြဲမႈ အာဏာပိုင္အဖြဲ႕ အသံုးျပဳႏိုင္သည္။ ထိုအာဏာပိုင္အဖြဲ႕ လုပ္ငန္းအျပည့္အဝ လုပ္ေဆာင္ႏုိင္လာလွ်င္ အင္းေလးကန္ထိန္းသိမ္းေရးကို ေဇာက္ခ်လုပ္ကိုင္ေတာ့မည္ဟု သိရသည္။ ၂ဝ၁၅ ခုႏွစ္တြင္ အာဏာပုိင္အဖြဲ႕၏ ပထမဆံုးအစည္းအေဝးက်င္းပခဲ့ၿပီး ဆပ္ေကာ္မတီမ်ားလည္း ဖြဲ႕စည္းခဲ့သည္။ ယေန႔အခ်ိန္တြင္မူ ေညာင္ေရႊၿမိဳ႕ မိန္းလမ္းတေလွ်ာက္တြင္ ဆုိင္းဘုတ္နီနီမ်ားႏွင့္ ေသာ့ပိတ္ထားေသာရုံးမ်ားကုိသာ ျမင္ေတြ႔ရသည္။

အင္းေလးကန္အာဏာပုိင္အဖြဲ႕ ရုံးေကာ္မီတီဥကၠ႒ ဦးမ်ဳိးမင္းေဇာ္က အာဏာပုိင္အဖြဲ႕သည္ ဥပေဒ အတည္ျပဳမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနေၾကာင္း ေျပာၾကားသည္။ ဥပေဒအတည္ျဖစ္ပါက အာဏာပိုင္အဖြဲ႕အေနႏွင့္ အစိုးရ႒ာနမ်ားကုိ ညႊန္ၾကားႏုိင္သည့္ အခြင့္အာဏာႏွင့္ NGO မ်ားကို လမ္းညႊန္ေပးႏုိင္လာမည္ျဖစ္ေၾကာင္း Frontier ကုိေျပာသည္။ ထိုဥပေဒၾကမ္းကုိ သစ္ေတာ႒ာနက အျခားအစုိးရ႒ာနမ်ား၊ ပုဂၢလိကက႑၊ အရပ္ဖက္အဖြ႕ဲအစည္းမ်ားႏွင့္ ညိွႏိႈင္းတိုင္ပင္၍ ေရးဆဲြေနေၾကာင္း၊ ဥပေဒမူၾကမ္းမွာ ေရးဆြဲၿပီးစီးခဲ့ေၾကာင္း၊ ျပည္နယ္ႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္မ်ားအၾကား အသြားအျပန္ လြန္းပ်ံေပးပို႔ေနၾကဆဲျဖစ္ေၾကာင္း သူကေျပာသည္။

၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒတြင္ ခ်ဳပ္ခ်ယ္ကန္႔သတ္ထားေသာ အပိုဒ္တစ္ပုိဒ္ပါဝင္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္မ်ားသည္ က႑အေတာ္မ်ားမ်ားတြင္ ဥပေဒျပဳခြင့္ရွိေသာ္လည္း ထုိဥပေဒမ်ားသည္ ျပည္ေထာင္စုဥပေဒႏွင့္ ဝိေရာဓိမျဖစ္ေစရဟူ၍ ျပ႒ာန္းထားသည္။ ထိုစာပိုဒ္ေၾကာင့္ ျပည္နယ္လႊတ္ေတာ္မ်ားသည္ မိမိတို႔လုပ္ပိုင္ခြင့္အာဏာႏွင့္ ပတ္သက္၍ မေသခ်ာမေရရာမႈကုိ ခံစားေနၾကရသည္ဟု ဦးမ်ဳိးမင္းေဇာ္ကေျပာသည္။ ထို႔ေၾကာင့္ လက္ေအာက္ခံလႊတ္ေတာ္မ်ားသည္ ေျခက်ဳိးေနေသာ၊ ဆုိင္းငံ့ေနရေသာ ဥပေဒမ်ားကိုသာ ျပ႒ာန္းႏုိင္ၿပီး သက္ဆုိင္ရာ ျပည္ေထာင္စုဥပေဒကုိ ရုတ္သိမ္းျခင္း၊ ျပင္ဆင္ျခင္း မျပဳလုပ္မျခင္း၊ သူတို႔ျပ႒ာန္းလိုက္ေသာ ဥပေဒမ်ား ဖံုတက္ေအာင္ ေစာင့္ဆုိင္းေနၾကရေလေတာ့သည္။ ထို႔ေၾကာင့္ ေဒသတစ္ခုအတြင္း အေရးတႀကီး ေျဖရွင္းရန္ လုိအပ္ေနေသာ ကိစၥတစ္ခုမွာ အစီအစဥ္မ်ား ျပည့္က်ပ္ေနေသာ ျပည္ေထာင္စုလႊတ္ေတာ္မ်ားတြင္ ၾကားညွပ္၍ ေစာင့္ဆုိင္းေနရေသာ အေျခဆိုက္ေရာက္သြားရေလသည္။

သုိ႔ေသာ္ ေညာင္ေရႊၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေနမ်ဳိး (NLD) က ျပည္သူ႔လႊတ္ေတာ္ သဘာဝသယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးေကာ္မီတီက ထိုဥပေဒမူၾကမ္းကို ရွမ္းျပည္နယ္လႊတ္ေတာ္ထံ ျပန္ပို႔လိုက္ၿပီဟု Frontier ကုိ ေျပာသည္။ ထိုအတိုင္းဆိုပါက ထိုဥပေဒကို ျပည္နယ္လႊတ္ေတာ္၌ မၾကာမီ အတည္ျပဳျပ႒ာန္းႏုိင္ေတာ့မည္ဟု ယူဆရသည္။

ကုိနီေဇာ္သည္ ေညာင္ေရႊအေျခစိုက္ NGO အဖြဲ႕ Inle Speaks ၏ အဖြဲ႕ဝင္တစ္ဦးအျဖစ္ ဥပေဒျပဳေရးေဆြးေႏြးပြဲတြင္ ပါဝင္ခြင့္ရခဲ့သူျဖစ္သည္။ ယခုအင္းေလးကန္အာဏာပုိင္အဖြဲ႕သစ္သည္ အင္းေလးကန္ျပႆနာမ်ားကုိ ထိထိေရာက္ေရာက္ ေျဖရွင္းႏိုင္မည္ဟု ယံုၾကည္ေၾကာင္း သူက Frontier ကုိ ေျပာသည္။

“ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို အာဏာေတြ ေပးမထားဘူးဆိုရင္ေတာ့ ဆံုးျဖတ္ခ်က္ခ်ေနတာလည္း အၾကာႀကီး၊ အေကာင္အထည္ေဖာ္ေနတာလည္း အၾကာႀကီး အခ်ိန္ေတြကုန္ေနမွာပဲ” ဟု ကုိနီေဇာ္ကေျပာသည္။

သုိ႔ေသာ္ အင္းေလးကန္အာဏာပိုင္အဖြ႕ဲတြင္ သံသယဝင္စရာအခ်က္တစ္ခ်က္ေၾကာင့္ လက္ေတြ႕တြင္ တကယ္တန္း ထိေရာက္မႈရွိပါမည္လားဟု အခ်ဳိ႕က စိုးရိမ္ေနၾကသည္။ ဤအဖြဲ႕၏ ဥကၠ႒မွာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးလင္းထြဋ္ ျဖစ္သည္။ ဦးလင္းထြဋ္သည္ ဗမာတစ္ေယာက္ျဖစ္ၿပီး ယခင္က ရွမ္းျပည္ ေျမာက္ပိုင္းတြင္ သြားဆရာဝန္တစ္ဦးျဖစ္ခဲ့သည္။ အင္းေလးကန္ႏွင့္ မည္သို႔မွ် ဆက္စပ္မႈရွိခဲ့သူမဟုတ္ဘဲ ျမန္မာႏုိင္ငံ၏ အႀကီးဆံုးျပည္နယ္ကို ႀကီးၾကပ္အုပ္ခ်ဳပ္ေနရသူ ျဖစ္သည္။

အင္းသားေရးရာဝန္ႀကီးတစ္ေယာက္အေနႏွင့္ ဦးထြန္းလႈိင္သည္ ဒု- ဥကၠ႒ (၃) ဦးတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။ အင္းေလးကန္အာဏာပုိင္အဖြဲ႕ကုိ ဦးေဆာင္သူသည္ အင္းေလးကန္အနီးအနားတြင္ ေနထိုင္သူ၊ အင္းေလးကန္ေရးရာမ်ားတြင္ တက္တက္ႂကြႂကြ ပါဝင္လုပ္ကုိင္ေနသူသာ ျဖစ္သင့္ပါသည္ဟု သူက Frontier ကုိေျပာသည္။ “သူ ဥကၠ႒ ျဖစ္သင့္သည္ဟုယူဆပါသလား”ဟု သူ႔ကို Frontier ကေမးၾကည့္ရာ သူက ဦးေခါင္းကုိ တအားၿငိမ့္လိုက္ၿပီး “ျဖစ္သင့္တာေပါ့” ဟု ေျဖၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Frontier Myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

အင်းလေးကန်နှင့်ပတ်သက်သော စီမံခန့်ခွဲမှုအမှားများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအောက် လုပ်ပိုင်ခွင့်အာဏာ လက်ဆင့်ကမ်းမှု ကမောက်ကမဖြစ်စဉ်နှင့် တိုင်းရင်းသားတို့ အလုပ်လက်မဲ့ ဖြစ်ကြရပုံကို ဖော်ပြနေသည်။

ဘန် ဒူးနန့် ရေးသားသည်။

ထိုနေ့က ရှိသမျှစက်လှေတွေအားလုံး ငှားထားပြီးသားဖြစ်နေသည်။ အောက်တိုဘာ ၂၇ ရက်နေ့၊ ၁၈ ရက်ကြာ ဖောင်တော်ဦးဘုရားလှည့်ပွဲ၏ အထွဋ်အထိပ် အစည်ကားဆုံးနေ့၊ ဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်လာသော ရွှေချထားသည့် ကရဝိတ်ဖောင်တော်ကြီးက အင်းလေးကန်ကို ဝန်းရံနေသော ရွာစဉ်တလျှောက် အပူဇော်ခံ လှည့်လည်လာသည်မှာ ၁၈ ရက်ကြာမြင့်ခဲ့သည်။ ဖောင်တော်ကြီးကို ထီးဖြူများဆောင်းထားပြီး အင်းသားတို့ခြေဖြင့်လှော်သော လှေများက ဝန်းရံလိုက်ပါလာသည်။

Frontier သတင်းထောက်က အင်းလေးကန်မြောက်ဘက်စွန်းရှိ ညောင်ရွှေမြို့မှ ရွာမအထိ စက်ဘီးနင်းသွားခဲ့သည်။ ခြေတန်ရှည်အိမ်များနှင့် ရွာမရွာသည် အင်းလေးကန်၏ အနောက်တောင်စွန်းတွင် တည်ရှိသည်။ အင်းလေးကန်သည် ရှမ်းပြည်တောင်ပိုင်း ထုံးကျောက်တောင်များပေါ်တွင် ပင်လယ်ရေပြင်အထက် မီတာ ၉၀၀ (ပေ ၂,၇၀၀) ခန့်တွင်ရှိပြီး၊ တောင် မြောက် ၁၇ ကီလိုမီတာ၊ အရှေ့အနောက် ၅ ကီလိုမီတာခန့် ကျယ်ဝန်းသည်။ ရွာမသို့ ၃၀ ကီလိုမီတာခရီးကတော့ မိုက်ရူးရဲဆန်လွန်းသည်။ အင်းတိမ်ဘုရားရောက်ခါနီး ခွဲထွက်သွားသောလမ်းသည် ညစ်ပတ်နေပြီး လယ်ကွင်းများထဲ နိမ့်ဆင်းသွားသည်။ နောက်ဆုံး ၂ ကီလိုမီတာတွင် လှေတစ်စင်းကို လက်ပြတားကား ဆက်စီးသွားရတော့သည်။ ရွာမအဝင်တွင် ခြေတံရှည်သစ်သားအိမ်များကို ဖြတ်သွားပြီး အေးချမ်းသော ကျေးရွာတစ်ခု၏ အငွေ့အသက်ခံစားလိုက်ရသည်။ ကောင်းကင်ပြာပြာနှင့် တိမ်စိုင်ဖြူဖြူကြီးများသည် ကန်ရေပြင်တွင် ရောင်ပြန်ထင်ဟပ်နေသည်။ ထိုမြင်ကွင်းသည် စိမ်းညို့ရောင်တောင်တန်းများ ဖုံးအုပ်နေသော တောင်ကုန်းခင်တန်းတွင် အနားသတ်ထားသည်။ ကျောင်းသားကလေးငယ်များ၊ အမျိုးသမီးများနှင့် ဟင်းသီးဟင်းရွက်တောင်းများအပြည့် တင်ဆောင်ထားသော စက်တပ်လှေများသည် ရွာများဆက်သွယ်ထားသည့် ရေလမ်းကြောင်းအတိုင်း ခုတ်မောင်းသွားလာနေကြသည်။ ကန်၏အလယ်ဗဟိုရှိ ဖောင်တော်ဦးဘုရားမှ ရွှေရောင်တဝင်းဝင်းနှင့် ထီးတော်ကြီးကို အိမ်ခေါင်မိုးများပေါ်တွင် ဖူးမြင်နေရသည်။

သို့သော် Frontier က တွေ့ဆုံခဲ့ရသော အင်းသားတစ်ဦး၏ ပြောစကားအရဆိုသော် အင်းလေးကန်ကြီးအတွင်းနှင့် ကန်ကြီးတဝိုက်တွင် အစဉ်တစိုက် နေထိုင်လာခဲ့ကြသော အင်းသူအင်းသားများနှင့် အင်းလေးကန်ကြီးကိုယ်တိုင် အတိဒုက္ခ တွေ့ကြုံနေကြရသည်ဟု ဆိုသည်။

၂၀၀၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲပချုပ် (NLD) ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အရွေးခံခဲ့ရပြီး ရှမ်းပြည်နယ်အင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော ဒေါက်တာထွန်းလှိုင်နှင့် Frontier က တွေ့ဆုံခွင့်ရခဲ့သည်။ သူကြီးကြပ်နေသော ဒေသန္တရဆေးရုံလေးနှင့် ဘေးချင်းကပ်လျက် ခြင်များ ပေါများလှသည့် အစည်းအဝေးခန်းထဲတွင် ဒေါက်တာထွန်းလှိုင်နှင့် စကားပြောခဲ့ရခြင်းဖြစ်သည်။ NLD ပါတီဝင် တက်ကြွလှုပ်ရှားသူ၊ ဆရာဝန်ဒေါက်တာထွန်းလှိုင်က နားကြပ်ကို လည်ပင်းတွင် ချိတ်ထားပြီး တခေါင်းလုံးဖြူဖွေးနေသည်။ သူ၏နောက်ကျောနံရံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ဖခင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့၏ ရုပ်ပုံကြီးကို ချိတ်ဆွဲထားသည်။

၂၀၁၇ ခုနှစ်၊ စောစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခါနီးအချိန်က ဒေါ်အောင်ဆန်းစုကြည် ညောင်ရွှေသို့ လာခဲ့ရာတွင် သူ့ရွာသို့လည်း ဝင်လာခဲ့ကြောင်း၊ အင်းလေးကန်ကြီး ကန်ရေလျှော့နည်းလာခြင်းနှင့် ကန်ရေ၏အရည်အသွေး ထိခိုက်ကျဆင်းလာသည်ကို ရပ်တန့်အောင်လုပ်ဆောင်ရန် သူ့ကို ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားသွားကြောင်း ဒေါက်တာထွန်းလှိုင်က ပြောသည်။

ဒေါက်တာထွန်းလှိုင်က ဒေါ်စု၏ ညွှန်ကြားချက်ကို သူ့နှလုံးသားထဲ စွဲမြဲထားပုံတော့ရသည်။ သို့သော် ဤတာဝန်ကြီးသည် သူတစ်ဦးတည်း အောင်မြင်အောင် လုပ်ဆောင်နိုင်မည့်ကိစ္စ မဟုတ်ချေ။ ဤတာဝန်သည် ဝန်ကြီးဌာနတစ်ခုတည်းသော်လည်းကောင်း၊ အစိုးရတဖွဲ့တည်းသော်လည်းကောင်း အောင်မြင်အောင် လုပ်ဆောင်၍ မရနိုင်ကြောင်း မကြာသေးမီက အင်းလေးကန်သမိုင်းတွင် ပြနေခဲ့ပြီဖြစ်သည်။ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ မြန်မာနိုင်ငံ၏ လွန်ကျူးလှသော ဗဟိုဦးစီးစနစ်အောက်တွင် နှေးကွေးလေးလံသော ဗျူရိုကရေစီယဉ်ကျေးမှု၊ အစိုးရဌာနများအချင်းချင်းအကြား တာဝန်ယူမှုနှင့် သတင်းအချက်အလက် ကျဉ်းမြောင်းသေးသိမ်စွာ ထိန်းချုပ်ထားမှုတို့အောက်တွင် တပိုင်းတစစီ ပျက်စီးနေခဲ့လေသည်။

ဆယ်စုနှစ်များစွာ ယိုယွင်းလာသည့် အင်းလေးကန်၏ကျန်းမာရေးကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချခြင်း၊ အုပ်ချုပ်စီမံမှုနှင့် စီးပွားရေးအရင်းအမြစ်များကို ဒေသခံတိုင်းရင်းသား လူ့အသိုက်အဝန်းထံ ပိုမိုမျှဝေပေးမှုတို့ ပြုလုပ်လာမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အင်းလေးကန်နှင့်ပတ်သက်သော စီမံခန့်ခွဲ လုပ်ကိုင်မှုအမှားများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအောက်တွင် အာဏာခွဲဝေချထားမှု ကန့်သတ်ချက်များနှင့် ဒေသခံလူထု သက်သာချောင်ချိရေးကို ထည့်သွင်းစဉ်းစားမှုမရှိခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်နေစေခဲ့သည်။

ခန်းခြောက်လာနေသော အင်းလေးကန်

ရေမျက်နှာပြင် လျော့နည်းသွားသည့် အတိုင်းအတာပမာဏနှင့် ပတ်သက်၍ အယူအဆကွဲပြားမှုများရှိသော်လည်း အင်းလေးကန်ကြီးမှရေများ တဖြည်းဖြည်း လျော့နည်းလာနေသည်ဆိုသည့် အချက်ကိုမူ အားလုံးက သိရှိလက်ခံထားကြသည်။ Land Degradation & Development ဂျာနယ်အတွက် မြန်မာနှင့် ပြင်သစ်သုတေသန ပညာရှင်တစ်စုက အင်းလေးကန် အလျင်အမြန် ပျက်စီးယိုယွင်းလာမှုကို သုတေသနပြုလုပ်လျက်ရှိသော်လည်း ၎င်းတို့၏ သုတေသနစာတမ်းမှာ ထွက်ရှိမလာသေးပေ။ ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော အဆိုပါ သုတေသနစာတမ်းကို Frontier အား မျှဝေပေးဖတ်သဖြင့် လေ့လာကြည့်ရာတွင် အင်းလေးကန်၏ရေမျက်နှာပြင် ဧရိယာအကြီးအကျယ် ယုတ်လျော့သွားသည်ဟု ယခင်က ပြောဆိုချက်များမှာ မှားယွင်းသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုဟ်တုပုံရိပ်များနှင့် ဗြိတိသျှကိုလိုနီခေတ် အစိုးရမြေတိုင်းမြေပုံများကို နှိုင်းယှဉ်လေ့လာကြည့်ရာ ၁၉၃၈ နှင့် ၂၀၁၄ ခုနှစ်များအတွင်း အင်းလေးကန်၏ တောင်-မြောက်အလျားမှာ ယေဘုယအားဖြင့် တည်ငြိမ်စွာပင် ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ကန်၏ အရှေ့အနောက်အနံမှာ မူလ ၆ ကီလိုမီတာမှ ၅ ကီလိုမီတာအထိ လျော့ကျသွားခဲ့သည်။ ဤသည်မှာ ရေမျှောစိုက်ခင်းများ တိုးချဲ့လာမှုကြောင့်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်နှစ် အစောပိုင်းအထိ နှစ်များတွင် အင်းလေးကန်ထဲ၌ ကျွန်းမျောများ တိုးချဲ့ပြီး ခရမ်းချဉ်သီး အကြီးအကျယ်စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ခဲ့ကြသည်။

ပြင်သစ်သုတေသနပညာရှင် Mr. Martin Michalon သည် ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်များအတွင်း ရေအနက်တိုင်း ဝါးလုံးများ၊ လက်ကိုင် GPS ကိရိယာများအသုံးပြုကာ အင်းလေးကန်ကို စက်တပ်လှေတစ်စီးဖြင့် ဖြတ်၍ တိုင်းတာမှုပြုလုပ်ခဲ့သည်။ အင်းလေးကန်၏ ရေအနက်မှာ ပထမဆုံးတိုင်းတာမှု ပြုလုပ်ခဲ့သည့် မှတ်တမ်းအရ ၁၉၁၈ ခုနှစ်က ကန်ရေအနက်၏ ထက်ဝက်ခန့်သာရှိတော့ပြီး အနက်ဆုံးနေရာတွင် (၃ ဒသမ ၁၈ မီတာ) သာရှိကြောင်း တွေ့ရှိရသည်။ မေလ ရေအနည်းဆုံးရာသီတွင် တိုင်းတာမှု ပြုလုပ်သောနေရာအားလုံး၏ ၂ဝ ရာခိုင်နှုန်းသာလျှင် တစ်မီတာထက် ပို၍နက်ကြောင်း၊ တနည်းအားဖြင့် ကန်တစ်ခုလုံး ၃ ပေ ထက်ပိုနက်သည့် နေရာမှာ ၂ဝ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုရာသီတွင် အရပ်ရှည်ရှည် သန်သန်မာမာ လူတစ်ယောက် အင်းလေးကန်ထဲ ခြေလျင် ဖြတ်လျှောက်နိုင်သည့် သဘောပင်ဖြစ်သည်။ ရေအနက်အတော်များများမှာ ကျွန်းမျောစိုက်ခင်းတိုးချဲ့ရန် အထောက်အပံ့ဖြစ်သည့် အနေအထားသာလျှင် ရှိနေသည်။ ကျွန်းမျောစိုက်ပျိုးရေးမှာ အင်းသားများ၏ ပင်မအသက်မွေးမှု အလုပ်အကိုင်ပင်ဖြစ်သည်။

အင်းလေးကန်ရေနည်းလာခြင်းကို ဖြစ်စေသော အကြောင်းတရားများနှင့် ပတ်သက်၍ ငြင်းခုန်မှုများရှိနေသည်။ မိုးရွာသွန်းမှုမှာ အများအားဖြင့် တည်ငြိမ်မှုရှိသော်လည်း ရေဝေကုန်းတန်းဒေသတွင် မိုးရေစုပ်ယူသော သစ်တောနှင့် မြေဆီလွှာ တိုက်စားပြုန်းတီးမှုကြောင့် နုံးအနည်ချခြင်းများလည်း ပါဝင်သည်။ စီးပွားဖြစ်စိုက်ခင်းများနှင့် သစ်တောပြုန်းတီးမှုများသည် မြေဆီလွှာတိုက်စားမှုနှင့် ချောင်းမြောင်းစိမ့်စမ်းရေများအပေါ် မည်မျှ သက်ရောက်မှုရှိသည်မှာလည်း သေချာမသိရချေ။ အင်းလေးကန်ကြီးနှင့် အင်းလေးကန်အပေါ် မှီခို အသက်ရှင်နေကြရသော အင်းသားများ၏ဘဝကို ခြိမ်းခြောက်နေသောအရာများတွင် ကန်ရေ၏ အရည်အသွေး ကျဆင်းလာမှုလည်း ပါဝင်သည်။ ကန်ရေ အရည်အသွေးကျဆင်းရခြင်းမှာ ကျွန်းပေါ်တွင် နေထိုင်သူများမှ စွန့်ပစ်သော အညစ်အကြေးများနှင့် ကျွန်းမျောစိုက်ခင်းတွင် အသုံးပြုသော ဓာတ်မြေသြဇာများကြောင့်ဖြစ်သည်။ ဓာတ်မြေသြဇာ အလွန်အကျွံ အသုံးပြုမှုကြောင့် ကျွန်းပေါ်တွင် အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ဆောင်ရန် မဖြစ်နိုင်တော့သလောက်ပင် ဖြစ်သည်။ ဓာတ်မြေသြဇာကြောင့် ဗေဒါပင်များ အလွန်ထူထပ် ပေါများထူထပ်လာရာ ကန်၏ ဇီဝမျိုးကွဲစံနစ်ကို ထိခိုက်လျက်ရှိပြီး၊ စက်လှေတွေသွားလာရာ ရေကြောင်းကိုပင် ဗေဒါပင်များ ပိတ်ဆို့ကုန်သည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုပြဿနာက ကြီးထွားလာခဲ့သည်။ အချို့ကမူ ခရီးသွားလုပ်ငန်းကြောင့်ဟု ဆိုကြသည်။ ခရီးသွားလုပ်ငန်းသည် ဝင်ငွေရရာအကြောင်းဖြစ်သည်ထက် ပတ်ဝန်းကျင်ကို ပျက်စီးစေသည်က ပိုသည်ဟု လက်ညိုးထိုးနေသူတွေလည်း ရှိသည်။ ဦးထွန်းလှိုင်ကို ဒေါ်အောင်ဆန်းစုကြည် မညွှန်ကြားမီ၊ ၂ဝဝဝ ပြည့်နှစ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အင်းလေးသို့ အလည်လာစဉ် သစ်တောဌာနနှင့် စိုက်ပျိုးရေးဌာနတို့ ပူးတွဲကော်မီတီဖွဲ့ကာ အင်းလေးကန်ထိန်းသိမ်းရေးကို တာဝန်ယူလုပ်ကြရေးအတွက် လမ်းညွှန်မှုပေးခဲ့ဖူးသည်။

နှစ်ပေါင်းများစွာကြာအောင် ကော်မီတီအဆင့်ဆင့်ကို ဖွဲ့လိုက်၊ ပြန်ဖွဲ့လိုက် လုပ်ခဲ့ကြသည်။ ကုလသမဂ္ဂအေဂျင်စီများ၊ ပုဂ္ဂလိကအတိုင်ပင်ခံ ကျွမ်းကျင်သူများ၏ လုပ်ဆောင်ရေးအစီအစဉ် (Action plan) များမှာ အဆုံးအဖြတ်ပေးမည့်အစိုးရ ဝန်ကြီးများ၏ စားပွဲပေါ်တွင် အပုံလိုက် ရှိနေခဲ့ကြသည်။ မြေပြင်ပေါ်တွင်လည်း မှိုတက်နေသော အစိုးရရုံးဌာနများတွင် ထိုင်နေကြသော အစိုးရအရာရှိအသီးသီးတို့ကိုသာ တွေ့ခဲ့ရသည်။ သူတို့ထံတွင် လုပ်စရာ ရံပုံငွေ ဘတ်ဂျက်ကမရှိ၊ ကန်ထဲလျှောက်ကြည့် စစ်ဆေးရန်အတွက် စက်တပ်မော်တော်ဘုတ်တွင်း ထည့်မောင်းရန် ဓာတ်ဆီပင် အလုံအလောက် မရှိချေ။ သူတို့ဘေးတွင်မူ NGO အဖွဲ့အစည်း အမျိုးမျိုးတို့က တဖွဲ့နှင့်တဖွဲ့ ဆက်စပ်ညှိနှိုင်းမှုမရှိဘဲ ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ လုပ်ကိုင်နေကြသည်။ ဒီလိုနှင့် အင်းလေးကန်ကြီး၏ ပြဿနာများမှာ ထိုအတိုင်းပင် ဖြေရှင်းသူမရှိ ကြီးထွားလာခဲ့တော့သည်။

အင်းသားများ

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ်လွှတ်တော်တို့အား အင်းလေးကန်နှင့် ၎င်း၏ ရေဝေကုန်းတန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပုံဖော်လုပ်ဆောင်ရန် အာဏာအပြည့်အဝ အပ်နှင်းထားသ်ည။ ပြည်နယ်အစိုးရသည် နိုင်ငံခြားသားများထံမှ အင်းလေးကန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ၁ဝ ဒေါ်လာ ကောက်ခံခွင့်ကို တင်ဒါချပေးလိုက်သည်။ အစိုးရဋ္ဌာနများနှင့် NGO များအကြား ညှိနှိုင်း ပူးပေါင်းကာ စီမံချက်ရေးဆွဲရေး မအောင်မမြင်ဖြစ်နေသဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်နှင့် နော်ဝေနိုင်ငံအစိုးရတို့၏ အထောက်အပံ့ဖြင့် အင်းလေးကန် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကို အသစ်ဖွဲ့စည်းကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာ တောင်ကြီးမြို့မှာ ညောင်ရွှေမြို့နှင့် ကားလမ်းအားဖြင့် ၃ဝ ကီလိုမီတာသာ ကွာဝေးပါသည်။ သို့သော် အင်းသားများအတွက်မူ တောင်ကြီးမှလှမ်း၍ အုပ်ချုပ်နေခြင်းသည် အင်းလေးအား တိုးရစ်များအတွက် ဆွဲဆောင်ရာနေရာတစ်ခုအဖြစ်သာမက အင်းပေါ်တွင် မွေးဖွားနေထိုင် စားသောက်ကြီးပြင်းကြရသော အင်းသားတို့၏ဘဝကို နားမလည်၊ စာနာမှုမရှိသော တိုင်းရင်းသားလူမျိုးစုတစ်စုက အုပ်ချုပ်သည်ဟုပင် ယူဆကြသည်။ မြန်မာတနိုင်ငံလုံး ထိုသို့သဘောထားမျိုးကိုပင် တွေ့ရပြီး ဖက်ဒရယ်လုပ်ပိုင်ခွင့်အာဏာကို ကာလကြာရှည်ကပင် တောင်းဆိုနေခဲ့ကြခြင်းပင် ဖြစ်သည်။ တောင်ပိုင်းရှမ်းပြည်တွင်မူ အံ့သြစရာ ကောင်းလောက်အောင် တိုင်းရင်းသားလူမျိုး အမျိုးမျိုး ရှိနေပြီး လွှမ်းမိုးကြီးစိုးမှုကလည်း အထပ်ထပ်ဖြင့် ရှုပ်ထွေးလှသည်။ ရာစုနှစ်များစွာကြာအောင် အင်းသားများက အခြားတိုင်းရင်းသား လူမျိုးစုများ၏ ဝန်းရံပိတ်ဆို့ခြင်းခံနေခဲ့ရသည်။ တောင်ကုန်းများပေါ်တွင် နေထိုင်ကြသော ပအို့လူမျိုးစုတို့တွင် ပအို့အမျိုးသားလွတ်မြောက်ရေးတပ်ရှိသဖြင့် နိုင်ငံရေးအင်အားစုတခုဖြစ်လာပြီး ၁၉၉၁ အပစ်ရပ်ချိန်မှစ၍ ဝင်ငွေကောင်းသော စီးပွားရေးအခွင့်အလမ်းများ ရရှိနေခဲ့ကြသည်။ ရှမ်းလူမျိုး ပဒေသရာဇ် စော်ဘွားများက ညောင်ရွှေနယ်တစ်နယ်လုံးကို အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ ဗမာများ အဓိက လွှမ်းမိုးပါဝင်သော တပ်မတော်သည် ၁၉၆၂ အာဏာသိမ်းချိန်မှစ၍ ရှမ်းစော်ဘွားများ၏ အာဏာကိုလုယူသွားခဲ့ပြီး ၁၉၉ဝ ပြည့်လွန်နှစ်များမှစ၍ အင်းလေးသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေအားလုံးကို ဗဟိုအစိုးရ ဘဏ္ဍာတိုက်ထဲသို့သာ သွတ်သွင်းခဲ့သည်။ တောင်ရိုးလူမျိုးစုများသည် လူနည်းစုသာဖြစ်ပြီး ပအို့များနည်းတူ တောင်ကုန်းများပေါ်တွင် အလှည့်ကျတောင်ယာစိုက်ပျိုးရေးကိုသာ မိရိုးဖလာလုပ်ကိုင်ခဲ့ကြရာမှ နောက်ပိုင်းတွင် ငွေရလွယ်သော သီးနှံများ ပြောင်းလဲစိုက်လာခဲ့ကြသည်။ ဓနုလူမျိုးစုသည်လည်း ပအို့များနည်းတူ ၂ဝဝ၈ ဖွဲ့စည်းပုံအရ အင်းလေးကန်အနီးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိခဲ့သည်။ အင်းသားများအတွက်မူ မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျှ မရရှိခဲ့ကြချေ။

အင်းလေးကန်အနီးတောင်တန်းများပေါ်တွင် ပအို့နှင့် တောင်ရိုး တိုင်းရင်းသားများ ရှိကြသည်။ ဓာတ်ပုံ-ဘန်ဒူးနန့်

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရသည် ၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ် (Visit Myanmar Year) တွင် အင်းလေးဒေသအား ဧည့်သည်ဆွဲဆောင်ရာ အဓိကနေရာအဖြစ် ဖော်ဆောင်ခဲ့သည်။ နိုင်ငံတကာ၏ အသိအမှတ်ပြုလည်း မခံခဲ့ရသလို နိုင်ငံခြားဝင်ငွေလည်း မျှော်မှန်းသလောက် မရခဲ့သဖြင့် စစ်အစိုးရဆန့်ကျင်သူများက ပြက်ရယ်ပြုခဲ့ကြသော်လည်း အင်းလေးကန်သို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုက နှစ်စဉ်တိုးတက်လာခဲ့သည်။ ယခင် ၃,ဝဝဝ ခန့်မှ ၂၁,ဝဝဝ အထိ တိုးလာခဲ့သည်။ ၂ဝ၁၁ တိုင်အောင် ဤကိန်းဂဏန်းအတိုင်း ရှိခဲ့ရာမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်လာသောအခါ နိုင်ငံခြားဧည့်သည်အဝင်မှာ ဆပွားတိုးလာခဲ့ရာ ၂ဝ၁၆ တွင် အင်းလေးသို့ ဧည့်အဝင်မှာ (ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ) (၁၈ဝ,ဝဝဝ) နီးပါး ရောက်ရှိလာသည်။

ခရီးသွားလုပ်ငန်းမှ ထွက်ပေါ်လာသော အကျိုးစီးပွားအားလုံးကို စစ်တပ်က မောင်ပိုင်စီးရန် ကြိုးပမ်းခဲ့ကြသော်ငြားလည်း ခရီးသွားလုပ်ငန်းကြောင့် စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်းကာ အင်းသားများ၏ ဘဝလည်း တိုးတက် ကောင်းမွန်လာခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို စီးပွားအင်အားအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သဖြင့် နိုင်ငံရေးအရှိန်အဝါ ရရှိလာခဲ့ကြသူများလည်းရှိလာသည်။ ဤသို့သော ယဉ်ကျေးမှု ရိုးရာအရင်းအမြစ်များအား နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အလွယ်တကူပင် မြင်တွေ့နိုင်ကြသည်။ လှော်တက်ကို ခြေတစ်ဘက်ဖြင့် လိမ်ပတ်ကာ ခြေဖြင့် လှေလှော်ကြသော ထူးခြားလှသည့် အင်းသားရိုးရာ လှေလှော်နည်း၊ ရေတိမ်ကန်ပေါ်တွင် ခြေတံရှည်အိမ်များ ဆောက်လုပ်နေထိုင်ကြပုံ၊ ကန်ရေမျက်နှာပြင်ပေါ်တွင် ဆွေးမြေ့ပျက်စီးသွားသော သစ်ပင်သစ်ရွက်များမှ ဖြစ်ပေါ်လာသော ရေပေါ်ကျွန်းမျောများပေါ်တွင် စိုက်ပျိုးထားသော ရေပေါ်ခရမ်းချည်စိုက်ခင်းတန်းများ၊ အိမ်တွင်းငွေထည်နှင့် ငွေပန်းထိမ်လုပ်ငန်းများ၊ ဒေသထွက်ကုန်များကို ရေပေါ်ခြေတံရှည်အိမ်လေးများပေါ်မှ နိုင်ငံခြားခရီးသွားများကို ရောင်းချ၍ စီးပွားရေးအမြတ်အစွန်းများလည်း ရရှိလာကြသည်။ ထိုရောင်းရငွေထဲမှ ငွေအချို့ကို ကော်မရှင်အဖြစ် တိုးရစ်များအား ခေါ်လာသော လှေသမားများကို ဝေစုခွဲပေးရသည်။ ၁၉၉ဝ ခုလွန်နှစ်များတွင် ခရီးသွားလုပ်ငန်း ကြီးထွားလာရာ အင်းသားတွေထဲမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်လူတန်းစားတစ်ရပ် ပေါ်ထွက်လာသည်။ သူတို့က အင်းလေးတွင် လူသိအများဆုံး ဟိုတယ်နှင့် အပန်းဖြေစခန်းများကို တည်ဆောက်ခဲ့ကြသည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းခြေတွင် Inle Princess Resort ကို တည်ထောင်ခဲ့သူ ဦးအုန်းမောင်ကို ၂ဝ၁၆ ခုနှစ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ရာ အင်းသားတို့ ကျေနပ်အားရ စိတ်လှုပ်ရှားသွားကြသည်။ ညောင်ရွှေမြို့ Viewpoint Lodge ပိုင်ရှင် ဦးမျိုးမင်းဇော်သည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၏ ရှမ်းပြည်တောင်ပိုင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။

၂ဝ၁၁ နောက်ပိုင်းတွင် နိုင်ငံခြားခရီးသည်များ လှိမ့်ဝင်လာရာ အင်းလေးဒေသ ပြင်ပမှ ရင်းနှီးငွေများလည်း လှိမ့်ဝင်လာခဲ့သည်။ ရှမ်းပြည်တွင် တရားမဝင်စီးပွားရေးမှာ အလွန်အရေးပါသည်ဖြစ်ရာ ပြင်ပမှဝင်လာသော ငွေများသည် အမည်းမှ အဖြူအထိ အရောင်အသွေးမျိုးစုံ ပါလိမ့်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ညောင်ရွှေမြို့နှင့် အင်းလေးကန်ဒေသသို့ ငွေများလှိမ့်ဝင်လာရာ အင်းသားများနှင့် ဒေသခံများ၏ ဈေးကွက်ဝေစုမှာ ကျဉ်းမြောင်းသွားလေတော့သည်။

မကြာမီနှစ်များအတွင်း ညောင်ရွှေမြို့လေးတွင် အထပ်များစွာရှိသော ဟိုတယ်ကြီးများ တည်ဆောက်လာကြသည်။ နိုဝင်ဘာမှ ဖေဖော်ဝါရီအထိ ခရီးသွားရာသီတွင် အဝေးပြေးခရီးသည်တင်ကားကြီးများ မြို့ထဲ၌ ဥဒဟို နေ့စဉ်ဖြတ်သန်း သွားလာနေရာ တချိန်က အေးချမ်းတိတ်ဆိတ်သော ဈေးမြို့လေးမှာ ချိုင့်တွေခွက်တွေနှင့် လမ်းပေါ်တွင် ကားသံ၊ လူသံများ၊ ဆောက်လုပ်ရေးမှ ဆူညံသံများ၊ အမှိုက်ပုံများဖြင့် ရှုပ်ယှက်ခတ်နေလေပြီဖြစ်သည်။

ယခုအခါ အင်းလေးဒေသတွင် ဟိုတယ်အလုံးပေါင်း ၁ဝဝ ကျော်၌ ဟိုတယ်ခန်းပေါင်း ၃,၅ဝဝ ခန့်ရှိလာသည်။ ခရီးသွားဝန်ကြီးဌာနမှ စာရင်းအရ ၂ဝ၁၇ တွင် ပြည်ပခရီးသည် ၂၂၅,၂၂၄ သာ အင်းလေးသို့လာခဲ့ရာ ဟိုတယ်ခန်းများမှာ လိုသည်ထက်များစွာ ပိုနေသဖြင့် အပြိုင်အဆိုင်ဈေးချကာ ဧည့်သည်ခေါ်နေကြရသည်။ ရခိုင်မှ အခြေအနေများကြောင့် အနောက်တိုင်းမှ ဧည့်သည်အဝင် ကျဆင်းနေရာ အခြေအနေမှာ ပိုဆိုးလာဖွယ်ရှိသည်။ ယခုနှစ် အောက်တိုဘာအထိ ၁ဝ လအတွင်း ပြည်ပခရီးသည် ၁၂၁,၄၁ဝ သာ ရောက်ရှိလာသေးသည်။ ပြည်တွင်းခရီးသည် အဝင်ကမူ တိုးတက်လာသည်။ သို့သော် ၎င်းတို့က ပြည်ပခရီးသည်များကဲ့သို့ ဟိုတယ်ခများများ မသုံးစွဲနိုင်ကြသဖြင့် ရေတိုအတွင်း ဝင်ငွေတိုးလာဖွယ် မမြင်သေးချေ။

အမှောင်ထဲမှ အင်းသားများ

ခရီးသွားလုပ်ငန်းမှ အင်းသားများ ရရှိသည့် ဝင်ငွေကလည်း ယခုအချိန်တွင် လျော့ကျလာနေသည်။ အင်းထဲသို့ နိုင်ငံခြားသားဝင်ခ ၁ဝ ဒေါ်လာစီ ကောက်ခံသည့် ဝင်ငွေထဲမှ ခွဲတမ်းချနေရပုံကိုလည်း အင်းသားရပ်ရွာခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များက ထောက်ပြကြသည်။ စစ်အစိုးရသည် ၁၉၉ဝ ခုလွန်နှစ်များတွင် အင်းလေးကန် ဝင်ခကို ၃ ဒေါ်လာ စတင်သတ်မှတ် ကောက်ခံခဲ့သည်။ တင်ဒါအများဆုံးတင်သော ပုဂ္ဂလိကကုမ္ပဏီအား ကောက်ခံခွင့် နှစ်စဉ်ချထားပေးခဲ့သည်။ ဟိုတယ်ကဏ္ဍနှင့် အကျိုးစီးပွားဆက်စပ်နေပြီး ပွင့်လင်းမြင်သာမှုမရှိသော ကုမ္ပဏီများသာ တင်ဒါကို နှစ်စဉ်အောင်ခဲ့ကြသည်။ ကုမ္ပဏီများအနေငြဖ့် ၎င်းတို့အဆိုပြုသော ငွေပမာဏကို ပေးချေပြီးနောက် အင်းလေးထဲ ဝင်ခွင့်လက်မှတ် ရောင်းခအားလုံးကို ရရှိခဲ့ကြသည်။

အင်းသားများသည် အင်းလေးကန်အတွင်း ခြေတံရှည်အိမ်များဖြင့် နေထိုင်ကြသည်။ ဓာတ်ပုံ-ဘန်ဒူးနန့်

သို့သော် အများအားဖြင့် တင်ဒါအောင်ကုမ္ပဏီက အဆိုပြုပေးအပ်ရသော ငွေပမာဏသည် အမှန်တကယ် လက်မှတ်ရောင်းရငွေထက် များစွာ သာလွန်များပြားသော နှစ်များသာဖြစ်ရာ တင်ဒါဆွဲသည့် ကုမ္ပဏီများ မည်သို့အမြတ်အစွန်းရရှိနေကြသည်ဆိုသည်ကို တွေးစရာဖြစ်လာသည်။ အင်းလေးတွင် ဟိုတယ်များပိုင်ဆိုသည့် ဟူပင် ဟူသည့် ကုမ္ပဏီသည် အမေရိကန်ဒေါ်လာတစ်သိန်း ညီမျှသောငွေဖြင့် ၂ဝဝ၉ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သည်။ ထိုနှစ်တွင် အင်းလေးသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားအရေအတွက်မှာ အစိုးရစာရင်းများအရ ၂၃,ဝဝဝ ပင် မပြည့်ခဲ့ရာ သူတို့ထံမှရသော ဝင်ကြေးမှာ စုစုပေါင်း ဒေါ်လာ ၆၉,ဝဝဝ ပင်မပြည့်ခဲ့ပေ။

၂ဝ၁၁ နောက်ပိုင်း ဧည့်သည်အဝင်များပြားလာရာ ဝင်ကြေးကိုလည်းတိုး၍ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒေါ်လာ နှင့် ၂ဝ၁၃ တွင် ၁ဝ ဒေါ်လာအထိ ကောက်ခံလာသည်။ လေလံကုမ္ပဏီများကလည်း တိုး၍ပေးကြရသည်။ ခရီးသွားဧည့်သည် ထူးထူးကဲကဲများပြားခဲ့သော ၂ဝ၁၄-၁၆ ခုနှစ်များမှလွဲ၍ ဤတင်ဒါလုပ်ငန်းမှ အမြတ်ရသည်မှာ အလွန်ရှားလှသည်။ ပြီးခဲ့သည့်နှစ်က တင်ဒါအောင်၍ လုပ်ကိုင်နေသော တောင်ကြီးမြို့အခြေစိုက် K-Kan ကုမ္ပဏီသည် ယခုနှစ်အတွက် ကျပ် ၂ ဒသမ ၇၉ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၇ သန်း) ကို ရှမ်းပြည်နယ်အစိုးရအားပေးရန် ကတိပြုထားသည်ဟု ကုမ္ပဏီပိုင်ရှင် ဦးအောင်ကျော်နိုင်က Frontier ကို တယ်လီဖုန်းမှတဆင့် အတည်ပြုပြောကြားသည်။ ဝင်ကြေးလက်မှတ်ရောင်းရငွေ ချည်းသာဆိုလျှင် K-Kan ကုမ္ပဏီ အရှုံးပေါ်ရန် သေချာသလောက်ပင်ဖြစ်သည်။

ကုမ္ပဏီနှင့် ပတ်သက်ပြီး မည်သည့်အရာမှ အများပြည်သူမသိရှိရသော K-Kan ကုမ္ပဏီက တင်ဒါကို ထိန်းချုပ်ထားခြင်းသည် ဒေသတွင်းပိုင်ဆိုင်မှုနှင့် ပွင့်လင်းမြင်သာမရှိမှုတွင် အတိတ်ကို နောက်ပြန်သွားနေခြင်းပင် ဖြစ်သည်။

ထိုနှစ် မေလတွင် ပြည်နယ်အစိုးရက တင်ဒါစနစ်ကို ဖျက်သိမ်းရန်ဆုံးဖြတ်ပြီး အင်းလေးကန်စီမံလုပ်ကိုင်ခွင့်ကို ညောင်ရွှေအခြေစိုက် ပညာရှင်အသင်းနှင့် အရပ်ဖက်အဖွဲ့အစည်း ကုမ္ပဏီအုပ်စုအား ပေးအပ်လိုက်သည်။ ထိုကုမ္ပဏီစုကို View-Point Lodge ဟိုတယ်ပိုင်ရှင် ဦးမျိုးမင်းဇော်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ တင်ဒါကြေး အမြောက်အမြား ပေးမည့်အစား နေ့စဉ်လက်မှတ်ရောင်းရငွေကို ပြည်နယ်အစိုးရက ကိုင်ထားသည့် ဘဏ်စာရင်းတွင် နေ့စဉ်အပ်နှံရသည်။ ပြည်နယ်အစိုးရကလည်း ဧည့်အဝင်စာရင်းကို လစဉ်ထုတ်ပြန်ပေးသည်။ အစိုးရ၏ ဤသို့လုပ်ဆောင်ချက်ကို ဒေသခံတို့က သဘောကျထောက်ခံကြသည်။ သို့သော် စက်တင်ဘာလရောက်သည့်အချိန်တွင် တင်ဒါစနစ်ဟောင်းသို့ ပြန်ပြောင်းရန် ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ပြန်သည်။ နေ့စဉ် လက်မှတ်ရောင်းခမှရသော ဝင်ငွေမှာ မျှော်လင့်ထားသည်ထက်ပင် နည်းပါးသောကြောင့် ဖြစ်ဟန်ရှိသည်။ ပြည်နယ်အစိုးရက ဘဏ္ဍာငွေများများရရန် ဆန္ဒစောနေပုံရသည်ဟု ဦးမျိုးမင်းဇော်က Frontier ကိုပြောသည်။ အောက်တိုဘာလတွင် အင်းလေးကန်လုပ်ကိုင်ခွင့် ပြန်လည်ရယူခဲ့သော K-Kan ကုမ္ပဏီသည် ၎င်း၏လုပ်ငန်းများကိုလည်းကောင်း၊ ကိန်းဂဏန်းများကိုလည်းကောင်း၊ ကုမ္ပဏီပိုင်ဆိုင်မှု၊ ဖွဲ့စည်းမှု အကြောင်းအရာများကိုလည်းကောင်း၊ အများပြည်သူသိရှိအောင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးရာ ဒေသခံအင်းသားများမှာ ဟိုတခေတ်ကကဲ့သို့ မသိမှုအမှောင်ထဲတွင် တဖန်ပြန်၍ နေကြရတော့သည်။

သို့သော် ပို၍ပြောစရာဖြစ်နေရသည်မှာ ရသည့်ငွေများကို ပြည်နယ်အစိုးရက မည်သည့်နေရာတွင် သုံးနေသနည်းဟူသည့် အချက်ပင်ဖြစ်သည်။ လောလောဆယ်တွင် ၄၅ ရာခိုင်နှှုန်းက ပြည်နယ်အစိုးရအိပ်ထဲ တခါတည်း တန်းဝင်သွားသည်။ ရှမ်းပြည်နယ်အတွင်း တခြားနေရာများ ဖွံ့ဖြိုးရေးတွင် အသုံးပြုရန်ဖြစ်သည်။ နောက် ၄၅ ရာခိုင်နှုန်းမှာ အင်းသားရေးရာဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အင်းလေးကန်ထိန်းသိမ်းရေး ရံပုံငွေအတွက် အသုံးပြုနေသည်။ ၂ ရာခိုင်နှုန်းကို အင်းလေးဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ နောက်ထပ် ၂ ရာခိုင်နှုန်းကို ဒေသတွင်း NGO များအား ပေးအပ်ပြီး ကျန် ၆ ရာခိုင်နှုန်းမှာ တင်ဒါအောင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်ဖြစ်သည်။

အင်းလေးကန်မှ ဝင်ငွေတစ်ဝက်ခန့်က အင်းလေးကို စွန့်ခွာထွက်သွားရသဖြင့် မတရားဟု ဦးမျိုးမင်းဇော်က ယူဆထားသည်။

“ကျွန်တော်တို့ အင်းလေးကန်က ဝင်ငွေရာနှုန်းပြည့်ရသင့်ပါတယ်” ဟု သူကပြောသည်။ အနီးနားရှိ ပင်းတယမြို့နယ်မှ ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နှက်နေသော နာမည်ကျော် ပင်းတယထုံးကျောက်လိုဏ်ဂူကြီးများသို့ နိုင်ငံခြားဧည့်သည်ဝင်ကြေးမှာ တစ်ဦးလျှင် ၅ ဒေါ်လာဖြစ်သည်။ ထိုဝင်ငွေအားလုံးကို ဓနုကိုယ်ပိုင် အုပ်ချုပ်ရေးဇုန်အတွက်သာ ထားရှိသည်။ အလားတူပင် ပအို့တိုင်းရင်းသားနယ်မြေတွင်းရှိ မွေတော်ကက္ကူဘုရားများသို့ ဝင်ကြေးငွေကိုလည်း ပအို့ကိုယ်ပိုင်အုပ်ချုပ်ရေးဇုန်အတွက်သာ အသုံးပြုခွင့်ပေးထားသည်။ အင်းသားဖြစ်သည့် ဦးမျိုးမင်းဇော်က ထိုအချက်များကို ထောက်ပြပြောဆိုခဲ့သည်။

ဦးမျိုးမင်းဇော်နှင့် အင်းသားရေးရာ ဝန်ကြီးဦးထွန်းလှိုင်တို့အတွက်မူ ထိုအချက်က တောင်ပိုင်းရှမ်းပြည်တွင် အခြားတိုင်းရင်းသား လူမျိုးစုများနှင့်ယှဉ်လျှင် အင်းသားလူမျိုးစုတို့၌ နိုင်ငံရေးသြဇာမရှိခြင်း၏ အမှတ်လက္ခဏာ သင်္ကေတပင် ဖြစ်သည်။ “အင်းထဲမှာ နေထိုင်သူအားလုံးကတော့ ရာနှုန်းပြည့် အားလုံးလိုချင်ကြတာပဲ” ဟု အင်းလေးကန်ဝင်ကြေးကို ရည်ညွှန်းပြီး သူက ပြောသည်။

အင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်။ ဓာတ်ပုံ-ဘန်ဒူးနန့်

ထိုသို့ ရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး (NLD, ညောင်ရွှေ ၂) က အဆိုတစ်ခုကို ပြီးခဲ့သည့်နှစ်တွင် တင်သွင်းခဲ့သည်။ သို့သော် ပြည်နယ်အတွင်း အခြားဆင်းရဲနွမ်းပါးသော မြို့နယ်များအတွက် ထပ်ဆောင်းအသုံးပြုရန် ၄၅ ရာခိုင်နှုန်း ခွဲတမ်းမှာလိုအပ်ပါကြောင်း ပြည်နယ်ဝန်ကြီးများက လွှတ်တော်တွင် ဖြေကြားခဲ့ကြသည်။ ဤသို့ဖြင့် ဦးသိန်းဇော်မိုး တင်သွင်းသောအဆိုမှာ အဖျားရှူးသွားခဲ့ရသည်။ ထိုအချိန်အတွင်း အင်းလေးကန်ထိန်းသိမ်းရေးရံပုံငွေအတွက်ရရှိသော ၄၅ ရာခိုင်နှုန်းခွဲတမ်းကို အင်းလေးဒေသတွင်း၌ပင် ထားရှိပြီး ဦးထွန်းလှိုင်က ကြီးကြပ်ထိန်းသိမ်းထားသည်။ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများသို့ ကျပ်သိန်း ၅ဝ ကျပ်စီခွဲဝေပေးသည်။ ထိုသို့ လက်လီစိတ်၍ ခွဲတမ်းချပေးနေသဖြင့် အင်းလေးကန်အတွင်းနှင့် ကန်ပတ်လည်ပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုကြီးမားသော ရေရှည်ထိန်းသိမ်းရေး စီမံကိန်းကြီးများကို မလုပ်ဆောင်နိုင်တော့ပေ။ ဥပမာပြရလျှင် ယခုနှစ်အတွင်း အင်းလေးကန်တောင်ဘက်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် ကျပ် သန်း ၂၄ဝ အား ထိုရံပုံငွေထဲမှ အသုံးပြုခဲ့သည်။ ဤသုံးစွဲမှုသည် အင်းလေးကန်ထိန်းသိမ်းရေးနှင့် များစွာ မသက်ဆိုင်လှပေ။

လုပ်ပိုင်ခွင့်အာဏာ

တရားဝင်ထောက်ခံချက်ရရှိပါက အင်းလေးကန်ဝင်ကြေးမှ နှစ်စဉ်ရရှိငွေများကို အင်းလေးကန်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ အသုံးပြုနိုင်သည်။ ထိုအာဏာပိုင်အဖွဲ့ လုပ်ငန်းအပြည့်အဝ လုပ်ဆောင်နိုင်လာလျှင် အင်းလေးကန်ထိန်းသိမ်းရေးကို ဇောက်ချလုပ်ကိုင်တော့မည်ဟု သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် အာဏာပိုင်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကျင်းပခဲ့ပြီး ဆပ်ကော်မတီများလည်း ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်တွင်မူ ညောင်ရွှေမြို့ မိန်းလမ်းတလျှောက်တွင် ဆိုင်းဘုတ်နီနီများနှင့် သော့ပိတ်ထားသောရုံးများကိုသာ မြင်တွေ့ရသည်။

အင်းလေးကန်အာဏာပိုင်အဖွဲ့ ရုံးကော်မီတီဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က အာဏာပိုင်အဖွဲ့သည် ဥပဒေ အတည်ပြုမည့်အချိန်ကို စောင့်မျှော်နေကြောင်း ပြောကြားသည်။ ဥပဒေအတည်ဖြစ်ပါက အာဏာပိုင်အဖွဲ့အနေနှင့် အစိုးရဋ္ဌာနများကို ညွှန်ကြားနိုင်သည့် အခွင့်အာဏာနှင့် NGO များကို လမ်းညွှန်ပေးနိုင်လာမည်ဖြစ်ကြောင်း Frontier ကိုပြောသည်။ ထိုဥပဒေကြမ်းကို သစ်တောဋ္ဌာနက အခြားအစိုးရဋ္ဌာနများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်အဖွ့ဲအစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ရေးဆွဲနေကြောင်း၊ ဥပဒေမူကြမ်းမှာ ရေးဆွဲပြီးစီးခဲ့ကြောင်း၊ ပြည်နယ်နှင့် ပြည်ထောင်စုလွှတ်တော်များအကြား အသွားအပြန် လွန်းပျံပေးပို့နေကြဆဲဖြစ်ကြောင်း သူကပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ချုပ်ချယ်ကန့်သတ်ထားသော အပိုဒ်တစ်ပိုဒ်ပါဝင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသည် ကဏ္ဍအတော်များများတွင် ဥပဒေပြုခွင့်ရှိသော်လည်း ထိုဥပဒေများသည် ပြည်ထောင်စုဥပဒေနှင့် ဝိရောဓိမဖြစ်စေရဟူ၍ ပြဋ္ဌာန်းထားသည်။ ထိုစာပိုဒ်ကြောင့် ပြည်နယ်လွှတ်တော်များသည် မိမိတို့လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်၍ မသေချာမရေရာမှုကို ခံစားနေကြရသည်ဟု ဦးမျိုးမင်းဇော်ကပြောသည်။ ထို့ကြောင့် လက်အောက်ခံလွှတ်တော်များသည် ခြေကျိုးနေသော၊ ဆိုင်းငံ့နေရသော ဥပဒေများကိုသာ ပြဋ္ဌာန်းနိုင်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဥပဒေကို ရုတ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်မခြင်း၊ သူတို့ပြဋ္ဌာန်းလိုက်သော ဥပဒေများ ဖုံတက်အောင် စောင့်ဆိုင်းနေကြရလေတော့သည်။ ထို့ကြောင့် ဒေသတစ်ခုအတွင်း အရေးတကြီး ဖြေရှင်းရန် လိုအပ်နေသော ကိစ္စတစ်ခုမှာ အစီအစဉ်များ ပြည့်ကျပ်နေသော ပြည်ထောင်စုလွှတ်တော်များတွင် ကြားညှပ်၍ စောင့်ဆိုင်းနေရသော အခြေဆိုက်ရောက်သွားရလေသည်။

သို့သော် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနေမျိုး (NLD) က ပြည်သူ့လွှတ်တော် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မီတီက ထိုဥပဒေမူကြမ်းကို ရှမ်းပြည်နယ်လွှတ်တော်ထံ ပြန်ပို့လိုက်ပြီဟု Frontier ကို ပြောသည်။ ထိုအတိုင်းဆိုပါက ထိုဥပဒေကို ပြည်နယ်လွှတ်တော်၌ မကြာမီ အတည်ပြုပြဋ္ဌာန်းနိုင်တော့မည်ဟု ယူဆရသည်။

ကိုနီဇော်သည် ညောင်ရွှေအခြေစိုက် NGO အဖွဲ့ Inle Speaks ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဥပဒေပြုရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ယခုအင်းလေးကန်အာဏာပိုင်အဖွဲ့သစ်သည် အင်းလေးကန်ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း သူက Frontier ကို ပြောသည်။

“ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေကို အာဏာတွေ ပေးမထားဘူးဆိုရင်တော့ ဆုံးဖြတ်ချက်ချနေတာလည်း အကြာကြီး၊ အကောင်အထည်ဖော်နေတာလည်း အကြာကြီး အချိန်တွေကုန်နေမှာပဲ” ဟု ကိုနီဇော်ကပြောသည်။

သို့သော် အင်းလေးကန်အာဏာပိုင်အဖွ့ဲတွင် သံသယဝင်စရာအချက်တစ်ချက်ကြောင့် လက်တွေ့တွင် တကယ်တန်း ထိရောက်မှုရှိပါမည်လားဟု အချို့က စိုးရိမ်နေကြသည်။ ဤအဖွဲ့၏ ဥက္ကဋ္ဌမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးလင်းထွဋ် ဖြစ်သည်။ ဦးလင်းထွဋ်သည် ဗမာတစ်ယောက်ဖြစ်ပြီး ယခင်က ရှမ်းပြည် မြောက်ပိုင်းတွင် သွားဆရာဝန်တစ်ဦးဖြစ်ခဲ့သည်။ အင်းလေးကန်နှင့် မည်သို့မျှ ဆက်စပ်မှုရှိခဲ့သူမဟုတ်ဘဲ မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်နယ်ကို ကြီးကြပ်အုပ်ချုပ်နေရသူ ဖြစ်သည်။

အင်းသားရေးရာဝန်ကြီးတစ်ယောက်အနေနှင့် ဦးထွန်းလှိုင်သည် ဒု- ဥက္ကဋ္ဌ (၃) ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ အင်းလေးကန်အာဏာပိုင်အဖွဲ့ကို ဦးဆောင်သူသည် အင်းလေးကန်အနီးအနားတွင် နေထိုင်သူ၊ အင်းလေးကန်ရေးရာများတွင် တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေသူသာ ဖြစ်သင့်ပါသည်ဟု သူက Frontier ကိုပြောသည်။ “သူ ဥက္ကဋ္ဌ ဖြစ်သင့်သည်ဟုယူဆပါသလား”ဟု သူ့ကို Frontier ကမေးကြည့်ရာ သူက ဦးခေါင်းကို တအားငြိမ့်လိုက်ပြီး “ဖြစ်သင့်တာပေါ့” ဟု ဖြေကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Frontier Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top