အိမ္ ေထာင္ေရးတစ္ခု တည္ေဆာက္လိုက္ၿပီဆုိတာနဲ႔ ေပ်ာ္စရာေတြေရာ၊ ဝမ္းနည္းစရာ၊ စိတ္ညစ္စရာေတြပါ ေရာျပြန္းၿပီး ပါလာေနမွာပါ။ ေပ်ာ္ရမယ့္ အခုိက္အတန္႔ေတြ ရွိသလို စိတ္ညစ္စရာေတြလည္း ရွိႏိုင္တာပဲေလေနာ္။

အိမ္ေထာင္ေရးမွာ ေတာ္ေတာ္မ်ားမ်ား ႀကံဳရတဲ့ စိတ္ညစ္စရာကိစၥကေတာ့ ေငြေၾကးအဆင္မေျပတာ၊ ဂရုစိုက္မႈေတြမရတာ၊ ႏွစ္ဦးသားဆံုဖို႔ အခ်ိန္မရတာေတြနဲ႔ လူမူေရးကိစၥ အဆင္မေျပတာေတြပါ။ ဒီလိုျပႆနာေတြကို အိမ္ေထာင္ရွင္ ေတာ္ေတ္ာမ်ားမ်ား ခံစားေနရတာပဲေလေနာ္။ ဒီလိုစိတ္ညစ္စရာေတြ ေျပလည္ဖုိ႔ ဘာေတြ လုပ္မလဲဆိုတာ ေျပာျပလိုက္ပါတယ္ေနာ္။

ျပႆနာရဲ႕ အရင္းအျမစ္ကို ရွာပါ

အိမ္ေထာင္ေရးမွာ ျပႆနာ ျဖစ္ၾကတဲ့ အရင္းအျမစ္ေတြ မ်ားပါတယ္။ စိတ္ညစ္ေနရတဲ့အေၾကာင္းက ဘာလဲဆိုတာ ေသခ်ာေလး စဥ္းစားပါ။ ေငြေၾကးျပႆနာလား၊ လူမူေရးကိစၥေတြလားဆိုတာ အရင္ဆံုး စဥ္းစားပါ။ ဒီလိုမ်ိဳး စဥ္းစားၿပီးမွသာ ေျဖရွင္းလုိ႔ ရမယ့္ နည္းလမ္းေတြ ရွာေတြ႔ႏိုင္မွာပါ။

အရင္အခ်ိန္ေတြကို ျပန္ေတြးပါ

စံုတြဲေလးတို႔ေရ အိမ္ေထာင္ေရးမွာ ျပႆနာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ အရင္ဆံုး လုပ္ရမွာက အရင္က ခ်စ္ခဲ့ဖူးတာေတြ၊ ကိုယ့္အေပၚမွာ ၾကင္နာခဲ့တာေတြကို ျပန္လည္ေတြးပါေနာ္။ ဒါက စံုတြဲေလးတို႔ အဆင္မေျပတာကို ေျဖသိမ့္ဖို႔ အေကာင္းဆံုး နည္းလမ္းတစ္ခု ျဖစ္မွာ ေသခ်ာပါတယ္။

ျပန္အဆင္ေျပေအာင္

ကိုယ့္အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပတာေတြ ျဖစ္ေနတယ္ဆိုရင္ေတာ့ ျပန္အဆင္ေျပဖို႔အတြက္ သူ႔ဘက္မွာ အဆင္မေျပတာေတြ ဘာေတြရွိေနလဲဆိုတာ နားေထာင္ေပးလိုက္ပါ။ တခါတေလမွာ သူနဲ႔ကိုယ္နဲ႔ အျမင္မတူတာေတြ ျဖစ္တတ္တာေၾကာင့္ပါ။ မတူညီတာေတြကိုလည္း လက္ခံေပးဖို႔လိုပါတယ္။ သူ႔ဘက္ကေန ကိုယ္ခ်င္းစာေပးပါ။
   
ညွိႏိွဳင္းၾကည့္ဖို႔ အခ်ိန္ေပးပါ။ ျပႆနာ ေတြ ျဖစ္တဲ့အခါမွာ စကားမေျပာေတာ့ဘူး၊ အဆက္အသြယ္အလုပ္မခံဘူးဆိုတာမ်ိဳး မလုပ္ပါနဲ႔။ ဘယ္ေလာက္ပဲ ရန္ျဖစ္ျဖစ္ ရွင္းျပခြင့္ ေတာင္းပန္ခြင့္ေတြ ေပးလိုက္ပါ။
   
ခ်စ္ခ်စ္ခင္ခင္ေနပါ။ စိတ္ညစ္စရာေတြ ရွိေနလို႔ ကိုယ့္အိမ္ေထာင္ဘက္ကို အခ်ိန္မေပးမိတာ၊ ခ်စ္ခ်စ္ခင္ခင္ မေနတာမ်ိဳး မလုပ္ပါနဲ႔ေနာ္။ လူခ်င္းေဝးေနရင္ေတာင္ ႏွလံုးသားခ်င္းေတာ့ နီးေနပါေစ။
   
သူ႔အႀကိဳက္ေတြ လုပ္ေဆာင္ေပးဖို႔လည္း လိုျပန္ပါတယ္။ ေမြးေန႔၊။ အထိမ္းအမွတ္ေန႔ေတြမွာ အမွတ္တရေလးေတြ လုပ္ေပးတာမ်ိဳး လက္ေဆာင္ေသးေသးေလးေတြ ေပးတာမ်ိဳးေလး လုပ္ေပးပါေနာ္။ ဒါက ျပန္လည္အဆင္ေျပေစမယ့္ နည္းလမ္းေကာင္း တစ္ခုပါပဲ။
   
ခ်စ္ေနေသးေၾကာင္း ေျပာပါ။ စံုတြဲေလးတို႔ၾကားထဲမွာ ခ်စ္ျခင္းေမတၱာေတြ ေဝးကြာသြားလို႔ မရပါဘူးေနာ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ င့ါကုိ မခ်စ္ေတာ့ဘူးလားလို႔ ေတြးမိရင္ ျပႆနာေတြ ပိုၿပီး ျဖစ္လာႏိုင္တာေၾကာင့္ပါ။ ဒါေၾကာင့္ ခ်စ္ေနေသးေၾကာင္း ခ်စ္တယ္ ေျပာဖို႔ သတိရပါ။
   
အိမ္ေထာင္ေရးမွာ စိတ္ညစ္စရာေတြ ႀကံဳေနရတာက ကိုယ္တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူးေနာ္။ ေနာက္ၿပီး စိတ္ညစ္စရာေတြ ဆိုတာကလည္း အျမဲတမ္းေတာ့ မရွိေနႏိုင္ဘူးေလ။ ဘယ္အရာမဆို ခဏပါပဲေနာ္။ ဒါေၾကာင့္ စိတ္ကို ၾကံ႕ၾကံ႔ခံႏိုင္ေအာင္ ႀကိဳးစားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #


အိမ်ထောင်ရေးတစ်ခု တည်ဆောက်လိုက်ပြီဆိုတာနဲ့ ပျော်စရာတွေရော၊ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာတွေပါ ရောပြွန်းပြီး ပါလာနေမှာပါ။ ပျော်ရမယ့် အခိုက်အတန့်တွေ ရှိသလို စိတ်ညစ်စရာတွေလည်း ရှိနိုင်တာပဲလေနော်။

အိမ်ထောင်ရေးမှာ တော်တော်များများ ကြုံရတဲ့ စိတ်ညစ်စရာကိစ္စကတော့ ငွေကြေးအဆင်မပြေတာ၊ ဂရုစိုက်မှုတွေမရတာ၊ နှစ်ဦးသားဆုံဖို့ အချိန်မရတာတွေနဲ့ လူမူရေးကိစ္စ အဆင်မပြေတာတွေပါ။ ဒီလိုပြဿနာတွေကို အိမ်ထောင်ရှင် တော်တေ်ာများများ ခံစားနေရတာပဲလေနော်။ ဒီလိုစိတ်ညစ်စရာတွေ ပြေလည်ဖို့ ဘာတွေ လုပ်မလဲဆိုတာ ပြောပြလိုက်ပါတယ်နော်။

ပြဿနာရဲ့ အရင်းအမြစ်ကို ရှာပါ

အိမ်ထောင်ရေးမှာ ပြဿနာ ဖြစ်ကြတဲ့ အရင်းအမြစ်တွေ များပါတယ်။ စိတ်ညစ်နေရတဲ့အကြောင်းက ဘာလဲဆိုတာ သေချာလေး စဉ်းစားပါ။ ငွေကြေးပြဿနာလား၊ လူမူရေးကိစ္စတွေလားဆိုတာ အရင်ဆုံး စဉ်းစားပါ။ ဒီလိုမျိုး စဉ်းစားပြီးမှသာ ဖြေရှင်းလို့ ရမယ့် နည်းလမ်းတွေ ရှာတွေ့နိုင်မှာပါ။

အရင်အချိန်တွေကို ပြန်တွေးပါ

စုံတွဲလေးတို့ရေ အိမ်ထောင်ရေးမှာ ပြဿနာတွေ ဖြစ်လာပြီဆိုရင်တော့ အရင်ဆုံး လုပ်ရမှာက အရင်က ချစ်ခဲ့ဖူးတာတွေ၊ ကိုယ့်အပေါ်မှာ ကြင်နာခဲ့တာတွေကို ပြန်လည်တွေးပါနော်။ ဒါက စုံတွဲလေးတို့ အဆင်မပြေတာကို ဖြေသိမ့်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်။

ပြန်အဆင်ပြေအောင်

ကိုယ့်အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ပြန်အဆင်ပြေဖို့အတွက် သူ့ဘက်မှာ အဆင်မပြေတာတွေ ဘာတွေရှိနေလဲဆိုတာ နားထောင်ပေးလိုက်ပါ။ တခါတလေမှာ သူနဲ့ကိုယ်နဲ့ အမြင်မတူတာတွေ ဖြစ်တတ်တာကြောင့်ပါ။ မတူညီတာတွေကိုလည်း လက်ခံပေးဖို့လိုပါတယ်။ သူ့ဘက်ကနေ ကိုယ်ချင်းစာပေးပါ။
   
ညှိနှိုင်းကြည့်ဖို့ အချိန်ပေးပါ။ ပြဿနာ တွေ ဖြစ်တဲ့အခါမှာ စကားမပြောတော့ဘူး၊ အဆက်အသွယ်အလုပ်မခံဘူးဆိုတာမျိုး မလုပ်ပါနဲ့။ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် ရှင်းပြခွင့် တောင်းပန်ခွင့်တွေ ပေးလိုက်ပါ။
   
ချစ်ချစ်ခင်ခင်နေပါ။ စိတ်ညစ်စရာတွေ ရှိနေလို့ ကိုယ့်အိမ်ထောင်ဘက်ကို အချိန်မပေးမိတာ၊ ချစ်ချစ်ခင်ခင် မနေတာမျိုး မလုပ်ပါနဲ့နော်။ လူချင်းဝေးနေရင်တောင် နှလုံးသားချင်းတော့ နီးနေပါစေ။
   
သူ့အကြိုက်တွေ လုပ်ဆောင်ပေးဖို့လည်း လိုပြန်ပါတယ်။ မွေးနေ့၊။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလေးတွေ လုပ်ပေးတာမျိုး လက်ဆောင်သေးသေးလေးတွေ ပေးတာမျိုးလေး လုပ်ပေးပါနော်။ ဒါက ပြန်လည်အဆင်ပြေစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။
   
ချစ်နေသေးကြောင်း ပြောပါ။ စုံတွဲလေးတို့ကြားထဲမှာ ချစ်ခြင်းမေတ္တာတွေ ဝေးကွာသွားလို့ မရပါဘူးနော်။ တစ်ယောက်နဲ့ တစ်ယောက် င့ါကို မချစ်တော့ဘူးလားလို့ တွေးမိရင် ပြဿနာတွေ ပိုပြီး ဖြစ်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် ချစ်နေသေးကြောင်း ချစ်တယ် ပြောဖို့ သတိရပါ။
   
အိမ်ထောင်ရေးမှာ စိတ်ညစ်စရာတွေ ကြုံနေရတာက ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးနော်။ နောက်ပြီး စိတ်ညစ်စရာတွေ ဆိုတာကလည်း အမြဲတမ်းတော့ မရှိနေနိုင်ဘူးလေ။ ဘယ်အရာမဆို ခဏပါပဲနော်။ ဒါကြောင့် စိတ်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top