လူတစ္ေယာက္ဟာ Facebook ထဲမွာ ေရးၿပီးေတာ့ လိမ္တယ္။ မဟုတ္တာေတြကို လိမ္ၿပီး Facebook ကေန ေရးမယ္ေပါ့။ “မုသာ၀ါဒမျဖစ္ဘူးလား”လို႔ ေမးရင္ “ျဖစ္တယ္”။ အဲ့ဒီမုသာ၀ါဒကို ဘယ္လိုေခၚလဲဆိုရင္ “ကာယဒြါရ၀စီကံ”လို႔ ေခၚတယ္။ ဒြါရဆိုတာ ေဖာ္ေဆာင္တဲ့အရာ။ ပါးစပ္ကေျပာတာ မဟုတ္ေပမယ့္လို႔ လက္နဲ႔ေရးၿပီး လိမ္တာလည္း မုသာ၀ါဒပဲ။

Facebook ထဲက ဆဲတယ္။ ဖရုသ၀ါစာ မျဖစ္ဘူးလား။ ျဖစ္တယ္။ ဆဲတာဟာ ပါးစပ္က ဆဲတာမဟုတ္ဘူး။ ဒါေပမဲ့ လက္နဲ႔ေရးၿပီးေတာ့ ဆဲတာ။

ရဟန္းေတြအေနနဲ႔ ေသျခင္းတရားကို ခ်ီးမြမ္းၿပီးေတာ့ “ေအး ေသတာျမတ္တယ္ကြာ.. ေကာင္းကင္ဘံုေရာက္တယ္၊ ဘယ္လိုေသလိုက္၊ ဘယ္လိုေသလို႔ရွိရင္ နတ္ျပည္ေရာက္တယ္”လို႔ ဘာတို႔ ေသျခင္းတရားကို ခ်ီးမြမ္းၿပီးေတာ့ တကယ္ေသေစလိုတဲ့စိတ္နဲ႔ ေရးထားၿပီး၊ တကယ္တစ္ေယာက္ေယာက္က ဒါကိုဖတ္ၿပီး သေဘာက်ၿပီး သူ႔ကိုယ္သူ သတ္ေသရင္ ဒီရဟန္း ပါရာဇိကက်တယ္။

ဒါေတြဟာ ေယဘုယ်အားျဖင့္ ေျပာတာ။

“သတ္တယ္” ဆိုတာ ကာယကံနဲ႔သတ္တယ္။ “လိမ္တယ္” ဆိုတာ ၀စီကံနဲ႔ လိမ္တယ္။ သုိ႔ေသာ္ ကာယဒြါရနဲ႔ လုပ္ေဆာင္တာက်ေတာ့လည္း ဒါ မုသာ၀ါဒပဲ။(အ႒ကာလိနီ အ႒ာကထာ၊ ကမၼဒြါရဆိုတဲ့ ဒြါရကထာ) အေၾကာင္း ညီညြတ္တဲ့အခါ အဲ့ဒီဒြါရကထာကို သင္ေပးမယ္။ စာေပေတြက သင္စရာေတြ အမ်ားႀကီးရွိတယ္။ ဒါေတြအားလံုး စာထဲမွာ ရွိတယ္။ ဒါကို အခုေခတ္ ေပၚျပဴလာျဖစ္ေနတာနဲ႔ ေျပာျပတာပါ။

Facebook ထဲကေန လိမ္တယ္။ မဟုတ္တာေတြ ေလွ်ာက္ေရးတယ္။ မမွန္ကန္တာေတြကို အမွန္လုပ္ၿပီးေရးတယ္ဆို အဲ့ဒါေတြကို ဘာေခၚလဲဆိုရင္ “ကာယဒြါရ၀စီကံ – ကိုယ္ျဖင့္ျပဳတဲ့ ၀စီကံ” လို႔ ေခၚတယ္။ ကံကေတာ့ ၀စီကံပဲ။ ႏႈတ္နဲ႔လိမ္တာကို စာနဲ႔ေရးလိမ္တယ္။ အဲ့ဒါကုိ “ကာယဒြါရ၀စီကံ”လို႔ ေခၚတယ္။

ေနာက္တစ္ခုက ဆဲတယ္။ Facebook ကေန ဆဲတယ္။ အဲ့ဒါလည္း ဖရုသ၀ါစာ-ကာယဒြါရ၀စီကံပဲ။ Facebook ကေန ကုန္းတိုက္တယ္။ ပိသုဏ၀ါစာျဖစ္တယ္။ ကာယဒြါရပိသုဏ၀ါစာ။ မဟုတ္တမ္းတရား သမၹပၸလာပေတြ စာနဲ႔ေရးေျပာတယ္။

အဲ့ဒါေတြအကုန္လံုးက မုသာ၀ါဒ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမၹပၸလာပဆိုတဲ့ ၀စီကံေလးမ်ိဳးကို က်ဴးလြန္ျခင္းပဲ ျဖစ္တယ္ တဲ့။ ပါးစပ္က ထုတ္ေျပာသလိုပဲ အျပစ္ရွိတယ္လို႔ ဆိုလိုတာ။ အဲ့ဒီလို ကံဟာ ဒြါရေဖာ္ေဆာင္မႈေလးေတြ မတူတာရွိတယ္။ ဒြါရဆိုတာ ေဖာ္ေဆာင္တဲ့အရာ။

လိမ္တာကို ကာယကံ – ကာယဒြါရနဲ႔လိမ္တယ္။ ပါးစပ္နဲ႔လိမ္တာ မဟုတ္ဘူး။ စာနဲ႔ေရးၿပီး လိမ္တာကလည္း လိမ္တာပဲ။ ဒြါရကေတာ့ အေျပာင္းအလဲ ရွိတတ္တယ္။ ကံကေတာ့ ပံုမွန္ပဲ။ အခုေခတ္မွာ မုသာ၀ါဒဟာ ပိုၿပီးေတာ့ ေခတ္စားလာ တယ္။ ၀စီကံေလးပါးမကေတာ့ဘဲ Facebook မုသာ၀ါဒ၊ Facebook ဖရုသ၀ါစာ၊ Facebook သမၹပၸလာပ၊ Facebook ပိသုဏ၀ါစာ ဆိုၿပီး ေလးပါးတိုးၿပီး ရွစ္ပါးျဖစ္လာၿပီ။ ေခတ္က အဲ့ဒီလိုျဖစ္လာၿပီနဲ႔တူတယ္။ ေျမွာက္လိုက္ရင္ ရွစ္မ်ိဳး ျဖစ္ေနတယ္။ ဒါေတြ အားလံုး Generally Speaking အျဖစ္မ်ားဟာကို ရည္ရြယ္ၿပီးေျပာတာ။

ေဒါက္တာ နႏၵမာလာဘိဝံသဆရာေတာ္

မဟာေဗာဓိရုပ္သံလိုင္းမွ ထုတ္လႊင့္လ်က္ရွိေသာ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး ေဟာၾကားပို႔ခ် ေတာ္မူသည့္”အဘိဓမၼာ အႏွစ္ခ်ဳပ္တရားေတာ္” အပိုင္း (၁၇) မွ ထုတ္ႏႈတ္ပူေဇာ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေက်းဇူးေတာ္ရွင္ ဆရာေတာ္ၾကီးမ်ား၏ ဓမၼစာစုမ်ား

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတစ်ယောက်ဟာ Facebook ထဲမှာ ရေးပြီးတော့ လိမ်တယ်။ မဟုတ်တာတွေကို လိမ်ပြီး Facebook ကနေ ရေးမယ်ပေါ့။ “မုသာဝါဒမဖြစ်ဘူးလား”လို့ မေးရင် “ဖြစ်တယ်”။ အဲ့ဒီမုသာဝါဒကို ဘယ်လိုခေါ်လဲဆိုရင် “ကာယဒွါရဝစီကံ”လို့ ခေါ်တယ်။ ဒွါရဆိုတာ ဖော်ဆောင်တဲ့အရာ။ ပါးစပ်ကပြောတာ မဟုတ်ပေမယ့်လို့ လက်နဲ့ရေးပြီး လိမ်တာလည်း မုသာဝါဒပဲ။

Facebook ထဲက ဆဲတယ်။ ဖရုသဝါစာ မဖြစ်ဘူးလား။ ဖြစ်တယ်။ ဆဲတာဟာ ပါးစပ်က ဆဲတာမဟုတ်ဘူး။ ဒါပေမဲ့ လက်နဲ့ရေးပြီးတော့ ဆဲတာ။

ရဟန်းတွေအနေနဲ့ သေခြင်းတရားကို ချီးမွမ်းပြီးတော့ “အေး သေတာမြတ်တယ်ကွာ.. ကောင်းကင်ဘုံရောက်တယ်၊ ဘယ်လိုသေလိုက်၊ ဘယ်လိုသေလို့ရှိရင် နတ်ပြည်ရောက်တယ်”လို့ ဘာတို့ သေခြင်းတရားကို ချီးမွမ်းပြီးတော့ တကယ်သေစေလိုတဲ့စိတ်နဲ့ ရေးထားပြီး၊ တကယ်တစ်ယောက်ယောက်က ဒါကိုဖတ်ပြီး သဘောကျပြီး သူ့ကိုယ်သူ သတ်သေရင် ဒီရဟန်း ပါရာဇိကကျတယ်။

ဒါတွေဟာ ယေဘုယျအားဖြင့် ပြောတာ။

“သတ်တယ်” ဆိုတာ ကာယကံနဲ့သတ်တယ်။ “လိမ်တယ်” ဆိုတာ ဝစီကံနဲ့ လိမ်တယ်။ သို့သော် ကာယဒွါရနဲ့ လုပ်ဆောင်တာကျတော့လည်း ဒါ မုသာဝါဒပဲ။(အဋ္ဌကာလိနီ အဋ္ဌာကထာ၊ ကမ္မဒွါရဆိုတဲ့ ဒွါရကထာ) အကြောင်း ညီညွတ်တဲ့အခါ အဲ့ဒီဒွါရကထာကို သင်ပေးမယ်။ စာပေတွေက သင်စရာတွေ အများကြီးရှိတယ်။ ဒါတွေအားလုံး စာထဲမှာ ရှိတယ်။ ဒါကို အခုခေတ် ပေါ်ပြူလာဖြစ်နေတာနဲ့ ပြောပြတာပါ။

Facebook ထဲကနေ လိမ်တယ်။ မဟုတ်တာတွေ လျှောက်ရေးတယ်။ မမှန်ကန်တာတွေကို အမှန်လုပ်ပြီးရေးတယ်ဆို အဲ့ဒါတွေကို ဘာခေါ်လဲဆိုရင် “ကာယဒွါရဝစီကံ – ကိုယ်ဖြင့်ပြုတဲ့ ဝစီကံ” လို့ ခေါ်တယ်။ ကံကတော့ ဝစီကံပဲ။ နှုတ်နဲ့လိမ်တာကို စာနဲ့ရေးလိမ်တယ်။ အဲ့ဒါကို “ကာယဒွါရဝစီကံ”လို့ ခေါ်တယ်။

နောက်တစ်ခုက ဆဲတယ်။ Facebook ကနေ ဆဲတယ်။ အဲ့ဒါလည်း ဖရုသဝါစာ-ကာယဒွါရဝစီကံပဲ။ Facebook ကနေ ကုန်းတိုက်တယ်။ ပိသုဏဝါစာဖြစ်တယ်။ ကာယဒွါရပိသုဏဝါစာ။ မဟုတ်တမ်းတရား သမ္ဖပ္ပလာပတွေ စာနဲ့ရေးပြောတယ်။

အဲ့ဒါတွေအကုန်လုံးက မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဆိုတဲ့ ဝစီကံလေးမျိုးကို ကျူးလွန်ခြင်းပဲ ဖြစ်တယ် တဲ့။ ပါးစပ်က ထုတ်ပြောသလိုပဲ အပြစ်ရှိတယ်လို့ ဆိုလိုတာ။ အဲ့ဒီလို ကံဟာ ဒွါရဖော်ဆောင်မှုလေးတွေ မတူတာရှိတယ်။ ဒွါရဆိုတာ ဖော်ဆောင်တဲ့အရာ။

လိမ်တာကို ကာယကံ – ကာယဒွါရနဲ့လိမ်တယ်။ ပါးစပ်နဲ့လိမ်တာ မဟုတ်ဘူး။ စာနဲ့ရေးပြီး လိမ်တာကလည်း လိမ်တာပဲ။ ဒွါရကတော့ အပြောင်းအလဲ ရှိတတ်တယ်။ ကံကတော့ ပုံမှန်ပဲ။ အခုခေတ်မှာ မုသာဝါဒဟာ ပိုပြီးတော့ ခေတ်စားလာ တယ်။ ဝစီကံလေးပါးမကတော့ဘဲ Facebook မုသာဝါဒ၊ Facebook ဖရုသဝါစာ၊ Facebook သမ္ဖပ္ပလာပ၊ Facebook ပိသုဏဝါစာ ဆိုပြီး လေးပါးတိုးပြီး ရှစ်ပါးဖြစ်လာပြီ။ ခေတ်က အဲ့ဒီလိုဖြစ်လာပြီနဲ့တူတယ်။ မြှောက်လိုက်ရင် ရှစ်မျိုး ဖြစ်နေတယ်။ ဒါတွေ အားလုံး Generally Speaking အဖြစ်များဟာကို ရည်ရွယ်ပြီးပြောတာ။

ဒေါက်တာ နန္ဒမာလာဘိဝံသဆရာတော်

မဟာဗောဓိရုပ်သံလိုင်းမှ ထုတ်လွှင့်လျက်ရှိသော ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားပို့ချ တော်မူသည့်”အဘိဓမ္မာ အနှစ်ချုပ်တရားတော်” အပိုင်း (၁၇) မှ ထုတ်နှုတ်ပူဇော်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top