စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းခ႐ိုင္ ေကာလင္းၿမိဳ႕နယ္ ကၫႊတ္အင္းေက်း႐ြာ အနီးတြင္ ေက်ာက္ေ႐ႊထြက္ေနသည္ ဟုဆိုကာ ေ႐ႊတူးေဖာ္သူ ရာႏွင့္ခ်ီရွိေနေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္ေ႐ႊထြက္ရွိရာ ေနရာသည္ ေကာလင္းၿမိဳ႕နယ္ ကၫႊတ္အင္းေက်း႐ြာ ထီးခ်ိဳင့္ၿမိဳ႕နယ္ မယားတိမ္ လမ္းေဘးတြင္ျဖစ္ေၾကာင္း ေကာလင္းၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ ၂ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္စိုး၏ ေျပာၾကားခ်က္အရ သိရသည္။

“ကၫႊတ္အင္းေက်း႐ြာနား လို႔ေျပာတယ္။ ကြၽန္ေတာ္တို႔ ေကာလင္းၿမိဳ႕ရဲ႕အေရွ႕ ထီးခ်ိဳင့္ၿမိဳ႕နယ္ဘက္ကို သြားတဲ့လမ္းမွာ။ အခုေဖာက္ေနတဲ့ ထီးခ်ိဳင့္ မယားတိမ္လမ္းေဘးမွာပါ။ ႏွစ္ၿမိဳ႕နယ္ၾကား ဆိုေပမယ့္ ေကာလင္းၿမိဳ႕နယ္ ဘက္မွာပါ။ ေပၚေ႐ႊေတြ႕တယ္လို႔ပဲ ၾကားေသးတယ္။ ေက်ာက္ေ႐ႊသေဘာေပါ့” ဟု ေကာလင္းၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ ၂ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္စိုးက ေျပာၾကားသည္။

ထို႔အျပင္ ေကာလင္းၿမိဳ႕နယ္ သစ္ေစးေတာင္တြင္ မတ္လအတြင္းက ေျမႀကီးႏွင့္ ေက်ာက္မ်ားေရာရာ ေ႐ႊအမ်ားအျပား ထြက္ရွိေနသည့္အတြက္ သစ္ေစးေတာင္၏ထိပ္တြင္ ရဲအင္အားအျပည့္ျဖင့္ ျဖန႔္က်က္ကာ လုံၿခဳံေရးခ်ထားေသာ္လည္း သက္ဆိုင္ရာ ေဒသတြင္း အာဏာပိုင္မ်ားဘက္မွ သစ္ေစးေတာင္သို႔ ဝင္ထြက္သြားလာျခင္း မျပဳလုပ္ရဟူ၍ ၄င္းတို႔ထံ တရားဝင္စာျဖင့္ အေၾကာင္းၾကားထားျခင္းမ်ိဳး မရွိေၾကာင္း ဦးတင့္စိုးက ဆိုသည္။

ေကာလင္းၿမိဳ႕နယ္ သစ္ေစးေတာင္တြင္ တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားေၾကာင့္ တရားမဝင္ ေ႐ႊတူးေဖာ္သည့္ ေနရာမ်ားတြင္ ေျမၿပိဳက်မည့္ အေနအထားမ်ားကို ေတြ႕ရွိခဲ့ရေၾကာင္း ေကာလင္းၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ ၂ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုး၏ ေျပာၾကားခ်က္အရ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:burmese.asia
#Unicode Version#

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ် ကညွှတ်အင်းကျေးရွာ အနီးတွင် ကျောက်ရွှေထွက်နေသည် ဟုဆိုကာ ရွှေတူးဖော်သူ ရာနှင့်ချီရှိနေကြောင်း သိရသည်။

အဆိုပါ ကျောက်ရွှေထွက်ရှိရာ နေရာသည် ကောလင်းမြို့နယ် ကညွှတ်အင်းကျေးရွာ ထီးချိုင့်မြို့နယ် မယားတိမ် လမ်းဘေးတွင်ဖြစ်ကြောင်း ကောလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ ပြောကြားချက်အရ သိရသည်။

“ကညွှတ်အင်းကျေးရွာနား လို့ပြောတယ်။ ကျွန်တော်တို့ ကောလင်းမြို့ရဲ့အရှေ့ ထီးချိုင့်မြို့နယ်ဘက်ကို သွားတဲ့လမ်းမှာ။ အခုဖောက်နေတဲ့ ထီးချိုင့် မယားတိမ်လမ်းဘေးမှာပါ။ နှစ်မြို့နယ်ကြား ဆိုပေမယ့် ကောလင်းမြို့နယ် ဘက်မှာပါ။ ပေါ်ရွှေတွေ့တယ်လို့ပဲ ကြားသေးတယ်။ ကျောက်ရွှေသဘောပေါ့” ဟု ကောလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။

ထို့အပြင် ကောလင်းမြို့နယ် သစ်စေးတောင်တွင် မတ်လအတွင်းက မြေကြီးနှင့် ကျောက်များရောရာ ရွှေအများအပြား ထွက်ရှိနေသည့်အတွက် သစ်စေးတောင်၏ထိပ်တွင် ရဲအင်အားအပြည့်ဖြင့် ဖြန့်ကျက်ကာ လုံခြုံရေးချထားသော်လည်း သက်ဆိုင်ရာ ဒေသတွင်း အာဏာပိုင်များဘက်မှ သစ်စေးတောင်သို့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ရဟူ၍ ၎င်းတို့ထံ တရားဝင်စာဖြင့် အကြောင်းကြားထားခြင်းမျိုး မရှိကြောင်း ဦးတင့်စိုးက ဆိုသည်။

ကောလင်းမြို့နယ် သစ်စေးတောင်တွင် တရားမဝင် ရွှေတူးဖော်မှုများကြောင့် တရားမဝင် ရွှေတူးဖော်သည့် နေရာများတွင် မြေပြိုကျမည့် အနေအထားများကို တွေ့ရှိခဲ့ရကြောင်း ကောလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၏ ပြောကြားချက်အရ သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top