ေတာင္ကုိရီးယားႏုိင္ငံက သိပၸံပညာရွင္ေတြရဲ႕ သုေတသနျပဳခ်က္အရ အရပ္ပုသူအမ်ိဳးသမီးနဲ႔ အရပ္ရွည္သူအမ်ိဳးသားတုိ႔ဟာ အျပန္အလွန္ လုိက္ဖက္ၾကသူေတြ ျဖစ္ေၾကာင္း၊ သူတုိ႔တစ္ေတြရဲ႕ အခ်စ္ေရးဟာ တစ္ျခားစုံတြဲေတြထက္ ပုိၿပီး ေပ်ာ္စရာေကာင္းေၾကာင္း ဆုိထားပါတယ္။

ဒီသုေတသနစစ္တမ္းကို (၂၀၁၅)ခုႏွစ္တုန္းက ဆုိးလ္ၿမိဳ႕၊ Konkuk University တကၠသုိလ္မွာ ေဒါက္တာ Kitae Sohn နဲ႔အဖြဲ႕က ျပဳလုပ္ခဲ့တာပါ။ ေဒါက္တာ Sohn နဲ႔ အဖြဲ႕ဟာ ေရရွည္ေလ့လာမႈအျဖစ္ အမ်ိဳးသမီးေပါင္း (၇၈၅၀)ထံမွ စစ္တမ္း ရယူခဲ့ပါတယ္။

အဲဒီစစ္တမ္းအရ အမ်ိဳးသမီးေတြ ေတာ္ေတာ္မ်ားမ်ားဟာ အရပ္ရွည္တဲ့ အမ်ိဳးသားကုိသာ ခ်စ္သူအျဖစ္ လက္တြဲလုိၾကေၾကာင္း၊ ဒီလုိပဲ အရပ္ရွည္ရွည္အမ်ိဳးသားနဲ႔ အရပ္ပုပု အမ်ိဳးသမီးေတြရဲ႕ အခ်စ္ေရးဟာ ပုိၿပီးေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးျဖစ္တယ္ဆုိတာ ေလ့လာေတြ႕ရွိခဲ့ရတယ္လုိ႔ ဆုိပါတယ္။

သူတုိ႔တစ္ေတြဟာ အျခားစုံတြဲေတြနဲ႔ ယွဥ္ရင္လည္း ပိုၿပီးေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးကုိ ပုိင္ဆုိင္ထားတယ္လုိ႔လည္း စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ စစ္တမ္းမွာ ေဖာ္ျပခ်က္ေတြအရ အမ်ိဳးသမီးေတြရဲ႕ အိမ္ေထာင္ဘက္ေရြးခ်ယ္မႈဟာ ေခတ္တစ္ခုနဲ႔တစ္ခု မတူညီဘူးလုိ႔ ဆုိပါတယ္။

မ်က္ေမွာက္ေခတ္မွာေတာ့ အမ်ိဳးသမီးေတြဟာ အိမ္ ေထာင္ဘက္ေရြးခ်ယ္တဲ့အခါ ႐ုပ္ရည္ကို အရင္ကလုိ ဦးစားမေပးေတာ့ဘဲ အရပ္ရွည္ရွည္အမ်ိဳးသားေတြကို အေျခခံစဥ္းစားလာၾကတယ္လုိ႔ ဆုိပါတယ္။ ႐ုပ္ရည္ကိုေတာ့ ဒုတိယအေနနဲ႔ ဦးစားေပးၾကတယ္လုိ႔ ဆုိပါတယ္။ ကိုရီးယားမွာေတာ့ ႐ုပ္ကလည္း သာမန္၊ အရပ္ကလည္း ပုတယ္ဆုိရင္ မိန္းမရဖုိ႔ မလြယ္ဘူူးဆုိတဲ့ သေဘာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:လင္းေဇာ္ကို (MyanmarNote)
# Unicode Version # ျဖင့္ ဖတ္ပါ #


တောင်ကိုရီးယားနိုင်ငံက သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်အရ အရပ်ပုသူအမျိုးသမီးနဲ့ အရပ်ရှည်သူအမျိုးသားတို့ဟာ အပြန်အလှန် လိုက်ဖက်ကြသူတွေ ဖြစ်ကြောင်း၊ သူတို့တစ်တွေရဲ့ အချစ်ရေးဟာ တစ်ခြားစုံတွဲတွေထက် ပိုပြီး ပျော်စရာကောင်းကြောင်း ဆိုထားပါတယ်။

ဒီသုတေသနစစ်တမ်းကို (၂၀၁၅)ခုနှစ်တုန်းက ဆိုးလ်မြို့၊ Konkuk University တက္ကသိုလ်မှာ ဒေါက်တာ Kitae Sohn နဲ့အဖွဲ့က ပြုလုပ်ခဲ့တာပါ။ ဒေါက်တာ Sohn နဲ့ အဖွဲ့ဟာ ရေရှည်လေ့လာမှုအဖြစ် အမျိုးသမီးပေါင်း (၇၈၅၀)ထံမှ စစ်တမ်း ရယူခဲ့ပါတယ်။

အဲဒီစစ်တမ်းအရ အမျိုးသမီးတွေ တော်တော်များများဟာ အရပ်ရှည်တဲ့ အမျိုးသားကိုသာ ချစ်သူအဖြစ် လက်တွဲလိုကြကြောင်း၊ ဒီလိုပဲ အရပ်ရှည်ရှည်အမျိုးသားနဲ့ အရပ်ပုပု အမျိုးသမီးတွေရဲ့ အချစ်ရေးဟာ ပိုပြီးပျော်စရာကောင်းတဲ့ အချစ်ရေးဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့တစ်တွေဟာ အခြားစုံတွဲတွေနဲ့ ယှဉ်ရင်လည်း ပိုပြီးပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ စစ်တမ်းမှာ ဖော်ပြချက်တွေအရ အမျိုးသမီးတွေရဲ့ အိမ်ထောင်ဘက်ရွေးချယ်မှုဟာ ခေတ်တစ်ခုနဲ့တစ်ခု မတူညီဘူးလို့ ဆိုပါတယ်။

မျက်မှောက်ခေတ်မှာတော့ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ ရုပ်ရည်ကို အရင်ကလို ဦးစားမပေးတော့ဘဲ အရပ်ရှည်ရှည်အမျိုးသားတွေကို အခြေခံစဉ်းစားလာကြတယ်လို့ ဆိုပါတယ်။ ရုပ်ရည်ကိုတော့ ဒုတိယအနေနဲ့ ဦးစားပေးကြတယ်လို့ ဆိုပါတယ်။ ကိုရီးယားမှာတော့ ရုပ်ကလည်း သာမန်၊ အရပ်ကလည်း ပုတယ်ဆိုရင် မိန်းမရဖို့ မလွယ်ဘူူးဆိုတဲ့ သဘောပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:လင်းဇော်ကို (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top