ကဲ ခုေတာ့ ဘယ္လိုလုပ္ၾကမွာလဲ၊ ရြာေျမာက္ဖ်ားက ဘုတ္ဆံုမ ဗိုက္ႀကီးၿပီ။ ဘုတ္ဆံုက ႐ိုးအအ။ အေဖနဲ႔ အေမဆံုးလို႔ ေျမာက္ဖ်ားက အိမ္ေလးမွာ တစ္ေယာက္တည္း ေနရတာ။ ဘယ္လိုလုပ္ၾကမွာလဲ … ဘုတ္ဆံုဗိုက္ႀကီးေနၿပီ။
ရြာထဲကဇရပ္မွာ အစည္းအေဝးေခၚ
“ကဲ ေျပာ … နင့္ကိုယ္ဝန္ ဘယ္သူနဲ႔ ရတာလဲ”
“ေျပာဘူး”
“မေျပာလို႔ မရဘူးေလ … ဗိုက္ရွိတာ အလိုလို ျဖစ္လာသလား … နင္က ေဝသာလီဗ်ိဳင္းလား … ေလလာတဲ့ ဘက္ကို လွည့္လိုက္တာနဲ႔ အလိုလို ဗိုက္ကထြက္လာသလား”
“မေျပာႏိုင္ဘူးေတာ့ … ေၾကာက္တယ္ … က်ဳပ္ကို ေျပာရင္ သတ္မယ္လို႔ဆိုထားတယ္”
“မသတ္ေစရဘူး … ငါတို႔ေတာင္းပန္ေပးမယ္”
“ေတာင္းပန္လည္း ရမွာမဟုတ္ဘူးေတာ့ က်ဳပ္ေၾကာက္တယ္ … သူက က်ဳပ္ကို စ႐ိုးကတည္းက သူေပးတဲ့ ပိုက္ဆံကို ယူထားၿပီး မေျပာပါဘူးလို႔ ကတိေပးထားတာ”
“သူကပိုက္ဆံဘယ္ေလာက္ေပးသလဲ”
“တစ္ေထာင္ေတာင္ေတာ့”
“ေအး … ငါတို႔ ၁၅၀၀ ေပးမယ္ … ေျပာ”
“ေျပာဘူး”
“နင္မေျပာရင္ ရြာထဲမဝင္ရဘူး”
“အဲသည္လို မလုပ္ပါနဲ႔ေတာ္ … ရွင္တို႔ကတိေပး … ေျပာမယ္”
“ဘယ္လိုကတိေပးရမလဲေျပာ”
“က်ဳပ္ေျပာရင္ သူ႔ကို ဘာမွ မလုပ္ရဘူး”
“မလုပ္ဘူး စိတ္ခ်”
“တကယ္ေနာ္”
“တကယ္”
“သူႀကီးနဲ႔ သူ႔အေပါင္းအပါတစ္သိုက္ တစ္ညတစ္ေယာက္ႏႈန္းနဲ႔ အလွည့္က် လာဝုန္းေနတာ … ဒါေၾကာင့္ ဗိုက္ထဲက ကေလးအေဖ ဘယ္သူဘယ္ဝါ က်ဳပ္မေျပာနဲ႔ နတ္ေတြ သိၾကားေတြေတာင္ မသိႏိုင္ပါဘူး … ေပး ရွင္တို႔ကတိအတိုင္း ၁၅၀၀”
ဘုတ္ဆံုကို သူႀကီးနဲ႔သူ႔အေပါင္းအသင္းေတြ ဝိုင္းသမလိုက္တာ အေဖကိုေတာင္ ဘယ္သူလို႔ မေဖာ္ႏိုင္တဲ့ဘဝ။ ဒါေပမဲ့ ကတိအတိုင္း တစ္ေယာက္ မူးစု မတ္စု ၁၅၀၀ ေပးလိုက္ရၿပီ။ ဒီေခတ္လိုဆိုရင္ေတာ့ DNA ေတြဘာေတြစစ္မွပဲ အေျဖေပၚ မွာေပါ့။
ခုေတာ့ ဘာေျပာေျပာ သူႀကီးက တန္ခိုးထြားေနခ်ိန္ဆိုေတာ့ ေနာက္ေၾကာင္းလည္း ျပန္မရ၊ ေရွ႕ေၾကာင္းလည္း မတိုးႏိုင္။ ဘုတ္ဆံုရဲ႕ အေရွ႕အလယ္ပိုင္းျပႆနာ ရြာကတာဝန္ယူရေတာ့မွာ။ တစ္ခုပဲ စိတ္ဝင္စားေနၾကတာ
“ဘုတ္ဆံုေမြးတဲ့ကေလး ဘယ္သူနဲ႔ တူမလဲ” တဲ့။ အဲဒီေခတ္ကေတာ့ ႐ိုး႐ိုးေလးပဲ ေတြးၾကတာပဲ။ ဇရပ္ထဲက တစ္ေယာက္ ကေတာ့ အေသာထေဖာက္တယ္။
“ေသခ်ာတယ္ … ကေလးက ပုတုတုေလးျဖစ္ရမယ္” တဲ့။ ေဝါခနဲ ရယ္သံက ဇရပ္အမိုးေပၚက လင္းတေတြက ဝုန္းခနဲထပ်ံေစလိုက္တယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: တင္ညြန္႔
#Unicode Version# ျဖင့္ဖတ္ပါ ။
ကဲ ခုတော့ ဘယ်လိုလုပ်ကြမှာလဲ၊ ရွာမြောက်ဖျားက ဘုတ်ဆုံမ ဗိုက်ကြီးပြီ။ ဘုတ်ဆုံက ရိုးအအ။ အဖေနဲ့ အမေဆုံးလို့ မြောက်ဖျားက အိမ်လေးမှာ တစ်ယောက်တည်း နေရတာ။ ဘယ်လိုလုပ်ကြမှာလဲ … ဘုတ်ဆုံဗိုက်ကြီးနေပြီ။
ရွာထဲကဇရပ်မှာ အစည်းအဝေးခေါ်
“ကဲ ပြော … နင့်ကိုယ်ဝန် ဘယ်သူနဲ့ ရတာလဲ”
“ပြောဘူး”
“မပြောလို့ မရဘူးလေ … ဗိုက်ရှိတာ အလိုလို ဖြစ်လာသလား … နင်က ဝေသာလီဗျိုင်းလား … လေလာတဲ့ ဘက်ကို လှည့်လိုက်တာနဲ့ အလိုလို ဗိုက်ကထွက်လာသလား”
“မပြောနိုင်ဘူးတော့ … ကြောက်တယ် … ကျုပ်ကို ပြောရင် သတ်မယ်လို့ဆိုထားတယ်”
“မသတ်စေရဘူး … ငါတို့တောင်းပန်ပေးမယ်”
“တောင်းပန်လည်း ရမှာမဟုတ်ဘူးတော့ ကျုပ်ကြောက်တယ် … သူက ကျုပ်ကို စရိုးကတည်းက သူပေးတဲ့ ပိုက်ဆံကို ယူထားပြီး မပြောပါဘူးလို့ ကတိပေးထားတာ”
“သူကပိုက်ဆံဘယ်လောက်ပေးသလဲ”
“တစ်ထောင်တောင်တော့”
“အေး … ငါတို့ ၁၅၀၀ ပေးမယ် … ပြော”
“ပြောဘူး”
“နင်မပြောရင် ရွာထဲမဝင်ရဘူး”
“အဲသည်လို မလုပ်ပါနဲ့တော် … ရှင်တို့ကတိပေး … ပြောမယ်”
“ဘယ်လိုကတိပေးရမလဲပြော”
“ကျုပ်ပြောရင် သူ့ကို ဘာမှ မလုပ်ရဘူး”
“မလုပ်ဘူး စိတ်ချ”
“တကယ်နော်”
“တကယ်”
“သူကြီးနဲ့ သူ့အပေါင်းအပါတစ်သိုက် တစ်ညတစ်ယောက်နှုန်းနဲ့ အလှည့်ကျ လာဝုန်းနေတာ … ဒါကြောင့် ဗိုက်ထဲက ကလေးအဖေ ဘယ်သူဘယ်ဝါ ကျုပ်မပြောနဲ့ နတ်တွေ သိကြားတွေတောင် မသိနိုင်ပါဘူး … ပေး ရှင်တို့ကတိအတိုင်း ၁၅၀၀”
ဘုတ်ဆုံကို သူကြီးနဲ့သူ့အပေါင်းအသင်းတွေ ဝိုင်းသမလိုက်တာ အဖေကိုတောင် ဘယ်သူလို့ မဖော်နိုင်တဲ့ဘဝ။ ဒါပေမဲ့ ကတိအတိုင်း တစ်ယောက် မူးစု မတ်စု ၁၅၀၀ ပေးလိုက်ရပြီ။ ဒီခေတ်လိုဆိုရင်တော့ DNA တွေဘာတွေစစ်မှပဲ အဖြေပေါ် မှာပေါ့။
ခုတော့ ဘာပြောပြော သူကြီးက တန်ခိုးထွားနေချိန်ဆိုတော့ နောက်ကြောင်းလည်း ပြန်မရ၊ ရှေ့ကြောင်းလည်း မတိုးနိုင်။ ဘုတ်ဆုံရဲ့ အရှေ့အလယ်ပိုင်းပြဿနာ ရွာကတာဝန်ယူရတော့မှာ။ တစ်ခုပဲ စိတ်ဝင်စားနေကြတာ
“ဘုတ်ဆုံမွေးတဲ့ကလေး ဘယ်သူနဲ့ တူမလဲ” တဲ့။ အဲဒီခေတ်ကတော့ ရိုးရိုးလေးပဲ တွေးကြတာပဲ။ ဇရပ်ထဲက တစ်ယောက် ကတော့ အသောထဖောက်တယ်။
“သေချာတယ် … ကလေးက ပုတုတုလေးဖြစ်ရမယ်” တဲ့။ ဝေါခနဲ ရယ်သံက ဇရပ်အမိုးပေါ်က လင်းတတွေက ဝုန်းခနဲထပျံစေလိုက်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: တင်ညွန့်
ဘုတ္ဆံုကုိ ငရုတ္ဆံုမွတ္ပါလုိ႔ (ဟာသ)
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။