ဒီတစ္ပတ္ျဖစ္မဲ့ ပန္းေရာင္လကို ဘယ္လိုၾကည့္ရမလဲ၊ ဘယ္လိုဓာတ္ပံု႐ိုက္ရမလဲ

UK က ‘ပန္းေရာင္လ’ ကို ၾကယ္ေတြလေတြၾကည့္ရတာ ႏွစ္သက္သူေတြကေတာ့ ထြက္ၿပီးဓာတ္ပံု႐ိုက္ခ်င္ၾကမွာပါ။

ရာသီဥတုေကာင္းရင္ ဒီညမွာ ထူျခားစြာေကာင္းကင္တစ္ခုလံုးလင္းေနမဲ့ လျပည့္ကိုျမင္ရမွာပါ။

သတိေပးခ်က္: လ တကယ္ပန္းေရာင္ေျပာင္းမွာမဟုတ္ပါဘူး

ဒီနာမည္ဟာ ေႏြဦးမွာပထမဆံုးပြင့္တဲ့ပန္း : the Wild Ground Phlox ကေနဆင္းသက္လာတာတာပါ။ပန္းပြင့္ဟာ ထူးျခားတဲ့ပန္းေရာင္ျဖစ္ေပၚလာၿပီး ဧပရယ္လရဲ႕ လျပည့္နဲ႔ ဆက္သြယ္ေနပါတယ္။ ေႏြဦး၊ အီစတာရဲ႕ သေကၤတ နဲ႔ ေဆာင္းရာသီကို သတိေပးေနတာပါ။တစ္ခ်ိဳ႕အခ်ိန္မွာ လဟာ နဲနဲေတာ့ပန္းေရာင္ျဖစ္ေနပါလိမ့္မယ္။ ဧပရယ္လရဲ႕ ပထမဆံုးလျပည့္ေန႔ကို တျခား နာမည္ေတြေပးၾကတာလဲ႐ွိပါတယ္။ ျမက္ႏုလ ၊ ဘဲဥလ၊ ငါးလ စသျဖင့္ပါ။ အကုန္လံုးက ေႏြဦးအစကိုရည္ၫြန္းေပမဲ့ ‘ပန္းေရာင္လ’ ေလာက္ေခၚလို႔ေကာင္းတာ တစ္ခုမွမ႐ွိပါဘူး။

ေတြ႔ခ်င္ရင္ေတာ့ အျပင္ထြက္ၿပီး ေမာ့ၾကည့္မွျဖစ္မယ္။ အျပည့္ကိုေတာ့ မြန္းလြဲ ၁၂:၁၂ မွာျမင္ရမွာျဖစ္ၿပီး နည္းပညာစကားနဲ႔ေျပာမယ္ဆိုရင္ လဟာ ကမၻာရဲ႕တစ္ဖက္ျခမ္းက ေနနဲ႔ အျပည့္အဝဆန္႔က်င္ဖက္ျဖစ္တဲ့အခ်ိန္ျဖစ္ပါတယ္။ ေမွာင္သြားတဲ့အခါ ေကာင္းကင္ေပၚမွာ ေကာင္းေကာင္းျမင္ေနရမွာပါ။ အေကာင္းဆံုးဓာတ္ပံုလိုခ်င္တယ္ဆိုရင္ေတာ့ zoom ပါတဲ့ ကင္မရာကိုသံုးရပါမယ္။ ထြက္လာတဲ့ပံုမဝါးေအာင္ ေထာက္တိုင္သံုးသင့္ပါတယ္။

ေထာက္တိုင္ဟာ ပံုကိုၿငိမ္ေစမွာပါ

‘အေကာင္းဆံုး၊ အသက္ဝင္ဆံုး လရဲ႕ပံုကိုရဖို႔အတြက္ဆို လရဲ႕အလင္းနဲ႔ အနီးအနားကဆည္းဆာအေရာင္ မွ်တတဲ့အခ်ိန္ျဖစ္ဖို႔လိုအပ္ပါတယ္’ လို႔ ဓာတ္ပံုဆရာ David Norton က႐ွင္းျပပါတယ္။’ ၾကားေထာင့္နဲ႔ ေထာင့္က်ယ္ျမင္ကြင္းေတြဟာ လကို ေသးသြားေစပါတယ္။ ဒါေပမဲ့ ႐ွိေနတာကိုေတာ့ျမင္ရမွာပါ’ ‘ကြၽန္ေတာ္တို႔မ်က္လံုးကေတာ့ မထင္႐ွားတဲ့အရာေတြကိုပါ ျမင္ဖို႔အလိုအလ်ာက္ခ်ိန္ညႇိေပးပါတယ္။’

Shutter speed ကလဲအေရးႀကီးပါတယ္။ အရမ္းေႏွးရင္ ေထာင္က်ယ္ျမင္ကြင္းမွန္ဘီလူး နဲ႔ေတာင္ လကိုအစက္ကေလးပဲ ျမင္ရမွာပါ။

Whitley Bay, ေျမာက္Tyneside မွ ျမင္ရတဲ့လျပည့္

၂၀၁၉ မွာလျပည့္ကို ၁၃ႀကိမ္ျမင္ေတြ႔ရမယ္လို႔ဆိုပါတယ္ ။ ဒီေသာၾကာရဲ႕ ‘ပန္းေရာင္လ’ ကိုမျမင္လိုက္ရရင္လဲ ေနာက္လမွာ လျပည့္ကိုၾကည့္ဖို႔အခြင့္အေရး႐ွိပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu (Daily Hot News )

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီတစ်ပတ်ဖြစ်မဲ့ ပန်းရောင်လကို ဘယ်လိုကြည့်ရမလဲ၊ ဘယ်လိုဓာတ်ပုံရိုက်ရမလဲ

UK က ‘ပန်းရောင်လ’ ကို ကြယ်တွေလတွေကြည့်ရတာ နှစ်သက်သူတွေကတော့ ထွက်ပြီးဓာတ်ပုံရိုက်ချင်ကြမှာပါ။

ရာသီဥတုကောင်းရင် ဒီညမှာ ထူခြားစွာကောင်းကင်တစ်ခုလုံးလင်းနေမဲ့ လပြည့်ကိုမြင်ရမှာပါ။

သတိပေးချက်: လ တကယ်ပန်းရောင်ပြောင်းမှာမဟုတ်ပါဘူး

ဒီနာမည်ဟာ နွေဦးမှာပထမဆုံးပွင့်တဲ့ပန်း : the Wild Ground Phlox ကနေဆင်းသက်လာတာတာပါ။ပန်းပွင့်ဟာ ထူးခြားတဲ့ပန်းရောင်ဖြစ်ပေါ်လာပြီး ဧပရယ်လရဲ့ လပြည့်နဲ့ ဆက်သွယ်နေပါတယ်။ နွေဦး၊ အီစတာရဲ့ သင်္ကေတ နဲ့ ဆောင်းရာသီကို သတိပေးနေတာပါ။တစ်ချို့အချိန်မှာ လဟာ နဲနဲတော့ပန်းရောင်ဖြစ်နေပါလိမ့်မယ်။ ဧပရယ်လရဲ့ ပထမဆုံးလပြည့်နေ့ကို တခြား နာမည်တွေပေးကြတာလဲရှိပါတယ်။ မြက်နုလ ၊ ဘဲဥလ၊ ငါးလ စသဖြင့်ပါ။ အကုန်လုံးက နွေဦးအစကိုရည်ညွန်းပေမဲ့ ‘ပန်းရောင်လ’ လောက်ခေါ်လို့ကောင်းတာ တစ်ခုမှမရှိပါဘူး။

တွေ့ချင်ရင်တော့ အပြင်ထွက်ပြီး မော့ကြည့်မှဖြစ်မယ်။ အပြည့်ကိုတော့ မွန်းလွဲ ၁၂:၁၂ မှာမြင်ရမှာဖြစ်ပြီး နည်းပညာစကားနဲ့ပြောမယ်ဆိုရင် လဟာ ကမ္ဘာရဲ့တစ်ဖက်ခြမ်းက နေနဲ့ အပြည့်အဝဆန့်ကျင်ဖက်ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ မှောင်သွားတဲ့အခါ ကောင်းကင်ပေါ်မှာ ကောင်းကောင်းမြင်နေရမှာပါ။ အကောင်းဆုံးဓာတ်ပုံလိုချင်တယ်ဆိုရင်တော့ zoom ပါတဲ့ ကင်မရာကိုသုံးရပါမယ်။ ထွက်လာတဲ့ပုံမဝါးအောင် ထောက်တိုင်သုံးသင့်ပါတယ်။

ထောက်တိုင်ဟာ ပုံကိုငြိမ်စေမှာပါ

‘အကောင်းဆုံး၊ အသက်ဝင်ဆုံး လရဲ့ပုံကိုရဖို့အတွက်ဆို လရဲ့အလင်းနဲ့ အနီးအနားကဆည်းဆာအရောင် မျှတတဲ့အချိန်ဖြစ်ဖို့လိုအပ်ပါတယ်’ လို့ ဓာတ်ပုံဆရာ David Norton ကရှင်းပြပါတယ်။’ ကြားထောင့်နဲ့ ထောင့်ကျယ်မြင်ကွင်းတွေဟာ လကို သေးသွားစေပါတယ်။ ဒါပေမဲ့ ရှိနေတာကိုတော့မြင်ရမှာပါ’ ‘ကျွန်တော်တို့မျက်လုံးကတော့ မထင်ရှားတဲ့အရာတွေကိုပါ မြင်ဖို့အလိုအလျာက်ချိန်ညှိပေးပါတယ်။’

Shutter speed ကလဲအရေးကြီးပါတယ်။ အရမ်းနှေးရင် ထောင်ကျယ်မြင်ကွင်းမှန်ဘီလူး နဲ့တောင် လကိုအစက်ကလေးပဲ မြင်ရမှာပါ။

Whitley Bay, မြောက်Tyneside မှ မြင်ရတဲ့လပြည့်

၂၀၁၉ မှာလပြည့်ကို ၁၃ကြိမ်မြင်တွေ့ရမယ်လို့ဆိုပါတယ် ။ ဒီသောကြာရဲ့ ‘ပန်းရောင်လ’ ကိုမမြင်လိုက်ရရင်လဲ နောက်လမှာ လပြည့်ကိုကြည့်ဖို့အခွင့်အရေးရှိပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu (Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top