ဆိုဗီယက္ျပည္ေထာင္စုေခတ္ကစၿပီး အဇာဘိုင္ဂ်န္ႏိုင္ငံက နက္ဖ္တာလန္ၿမိဳ႕ငယ္ေလးဆီ ေရနံစိမ္ေရခ်ိဳးဖို႔ လူေတြက လာေရာက္မႈ မ်ားခဲ့ပါတယ္။

အဇာဘိုင္ဂ်န္ရဲ႕ ေ႐ႊမည္းဆိုတဲ့ ေရနံကို က်န္းမာေရးကုထုံးတစ္ရပ္အျဖစ္ အသုံးခ်ကုသမႈေပးေနတဲ့ ဝန္ေဆာင္မႈဟာ နာမည္ရေနပါၿပီ။

၁၉ ရာစုလယ္က ေရနံသိုက္ေတြကို ေတြ႕ရွိခဲ့တဲ့ အဇာဘိုင္ဂ်န္ႏိုင္ငံဟာ ေရနံအမ်ားအျပား ျပည္ပတင္ပို႔ စီးပြားရွာေနေပမယ့္ နက္ဖ္တာလန္ၿမိဳ႕ငယ္ေလးကေတာ့ ေရနံကို စီးပြားျဖစ္ အသုံးမခ်ပါဘူး။ က်န္းမာေရးကုထုံးအျဖစ္ အသုံးခ်ေနတာျဖစ္ၿပီး ေရနံစိမ္ေရခ်ိဳးခန္းေတြဟာလည္း ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ေနပါတယ္။

ကိုက္ခဲနာက်င္မႈ ေဝဒနာေၾကာင့္ ႐ုရွားႏိုင္ငံကေန ေရနံစိမ္ကုထုံး လာေရာက္ကုသမႈ ခံယူသူ အသက္ ၄၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ဆူဖီယာကေတာ့ ဒီကုထုံးနဲ႔ ကုသအၿပီးမွာ ပိုၿပီး ေနလို႔ထိုင္လို႔ ေကာင္းလာတယ္လို႔ ဆိုပါတယ္။

ေရနံစိမ္ကုထုံးနဲ႔ ကုသမႈခံတဲ့သူဟာ ေရခ်ိဳးေဘစင္ထဲဝင္ေနရၿပီး  ကိုယ္ခႏၶာအပူခ်ိန္ထက္ ပိုပူတဲ့ ေရနံထဲမွာ ဆယ္မိနစ္ၾကာေအာင္ မ်က္ႏွာေဖာ္႐ုံ စိမ္ထားရတာျဖစ္ပါတယ္။ “ဒါဟာ ဘုရားသခင္ရဲ႕ လက္ေဆာင္ပဲ။ ကြၽန္မ ဒီကုထုံးနဲ႔ ဆယ္ရက္ေလာက္ ေရနံစိမ္ၿပီးေနာက္မွာ က်န္းက်န္းမာမာ ပိုျဖစ္လာတယ္။”လို႔ ဆူဖီယာက ေျပာပါတယ္။

ေရနံစိမ္ေရခ်ိဳးတဲ့ကုထုံးကို ႂကြက္သားေတြ၊ အေရျပားနဲ႔ အ႐ိုးက်န္းမာေရးအတြက္ ကုသေပးသလို အာ႐ုံေၾကာေရာဂါေတြအတြက္ ကုသလို႔ ရတာျဖစ္ပါတယ္။

ဒ႑ာရီေတြအဆိုအရ ေရနံတြင္းတစ္တြင္းနား ေသအံ့ဆဲဆဲ ကုလားအုတ္တစ္ေကာင္ ျပန္လည္နာလန္ထူလာတာကို မေတာ္တဆေတြ႕ရွိရာကစၿပီး ေရနံစိမ္ကုထုံး ေပၚေပါက္လာတာျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆိုဗီယက်ပြည်ထောင်စုခေတ်ကစပြီး အဇာဘိုင်ဂျန်နိုင်ငံက နက်ဖ်တာလန်မြို့ငယ်လေးဆီ ရေနံစိမ်ရေချိုးဖို့ လူတွေက လာရောက်မှု များခဲ့ပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ရွှေမည်းဆိုတဲ့ ရေနံကို ကျန်းမာရေးကုထုံးတစ်ရပ်အဖြစ် အသုံးချကုသမှုပေးနေတဲ့ ဝန်ဆောင်မှုဟာ နာမည်ရနေပါပြီ။

၁၉ ရာစုလယ်က ရေနံသိုက်တွေကို တွေ့ရှိခဲ့တဲ့ အဇာဘိုင်ဂျန်နိုင်ငံဟာ ရေနံအများအပြား ပြည်ပတင်ပို့ စီးပွားရှာနေပေမယ့် နက်ဖ်တာလန်မြို့ငယ်လေးကတော့ ရေနံကို စီးပွားဖြစ် အသုံးမချပါဘူး။ ကျန်းမာရေးကုထုံးအဖြစ် အသုံးချနေတာဖြစ်ပြီး ရေနံစိမ်ရေချိုးခန်းတွေဟာလည်း ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။

ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် ရုရှားနိုင်ငံကနေ ရေနံစိမ်ကုထုံး လာရောက်ကုသမှု ခံယူသူ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး ဆူဖီယာကတော့ ဒီကုထုံးနဲ့ ကုသအပြီးမှာ ပိုပြီး နေလို့ထိုင်လို့ ကောင်းလာတယ်လို့ ဆိုပါတယ်။

ရေနံစိမ်ကုထုံးနဲ့ ကုသမှုခံတဲ့သူဟာ ရေချိုးဘေစင်ထဲဝင်နေရပြီး  ကိုယ်ခန္ဓာအပူချိန်ထက် ပိုပူတဲ့ ရေနံထဲမှာ ဆယ်မိနစ်ကြာအောင် မျက်နှာဖော်ရုံ စိမ်ထားရတာဖြစ်ပါတယ်။ “ဒါဟာ ဘုရားသခင်ရဲ့ လက်ဆောင်ပဲ။ ကျွန်မ ဒီကုထုံးနဲ့ ဆယ်ရက်လောက် ရေနံစိမ်ပြီးနောက်မှာ ကျန်းကျန်းမာမာ ပိုဖြစ်လာတယ်။”လို့ ဆူဖီယာက ပြောပါတယ်။

ရေနံစိမ်ရေချိုးတဲ့ကုထုံးကို ကြွက်သားတွေ၊ အရေပြားနဲ့ အရိုးကျန်းမာရေးအတွက် ကုသပေးသလို အာရုံကြောရောဂါတွေအတွက် ကုသလို့ ရတာဖြစ်ပါတယ်။

ဒဏ္ဍာရီတွေအဆိုအရ ရေနံတွင်းတစ်တွင်းနား သေအံ့ဆဲဆဲ ကုလားအုတ်တစ်ကောင် ပြန်လည်နာလန်ထူလာတာကို မတော်တဆတွေ့ရှိရာကစပြီး ရေနံစိမ်ကုထုံး ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top