ဒီေန႔ က်ေနာ့္ဆိုင္ကို အသက္၇၀ေက်ာ္ အေမ အိုႀကီးတစ္ေယာက္ေဈးလာဝယ္တယ္။ ပံုစံကေတာ့ ႏြမ္းပါးတဲ့ပံုပါ။ ဒါနဲ႔ က်ေနာ္လဲ အေမႀကီးဘာဝယ္မလဲလို႔ေမးေတာ့ ဆန္တစ္ပိုင္းသားေရတဲ့ အေမႀကီးတစ္ေယာက္တည္းလား အေဖာ္မပါဘူး လားဆိုေတာ့

အေမ့မွာ သားသမီးမ႐ွိဘူး ေယာက်္ားကလဲဆံုးသြားၿပီ။ အခုတစ္ေယာက္ထဲေနရတယ္တဲ့။ ဒီေန႔ ရပ္ကြက္က သက္ႀကီး ပူေဇာ္ပဲြလုပ္လို႔ ပိုက္ဆံေလးရတာနဲ႔ ဆန္လာဝယ္တာတဲ့။ ပိုက္ဆံမ႐ွိေတာ့ ထမင္းလဲနပ္မမွန္ပါဘူး သားရယ္တဲ့

က်ေနာ္ အရမ္းသနားသြားတယ္ဗ်ာ။ သူလိုအပ္တာေလး ဝယ္ၿပီးေတာ့က်ေနာ့္ကို ပိုက္ဆံေပးတယ္။ အဲ့မွာ သူေပးတဲ့ တစ္ေသာင္းတန္ေတြက အတုေတြျဖစ္ေနတယ္ဗ်ာ။ က်ေနာ္လဲ သူသိသြားရင္ စိတ္မေကာင္း ျဖစ္မွာစိုးလို႔ မေျပာျပ ခ်င္ဘူး။

အဲ့ဒါနဲ႔ပဲ ဘာလုပ္ရမလဲ ေတြးေနတုန္း ဖ်တ္ခနဲ ေခါင္းထဲမွာ အေတြးတစ္ခု ဝင္လာတယ္။ အေမႀကီးမွာ ေဆြမ်ိဳး သားသမီး မ႐ွိ ထမင္းလဲနပ္မမွန္ ဆိုေတာ့ သူ႕ကို ႐ွာစားစရာမလိုပဲ ထမင္းနပ္မွန္တဲ့ေနရာ တစ္ခုကိုေခၚ သြားဖို႔ ဆံုးျဖတ္လိုက္တယ္။

“အေမ တစ္ေယာက္ထဲ ႐ုန္းကန္ေနရတာမပင္ပန္းဘူးလား ဆိုေတာ့ ပင္ပန္းတာေပါ့သားရယ္တဲ့ ဒါဆိုအေမ ဘာမွ မလုပ္ရပဲ ထမင္းနပ္မွန္ေအာင္ စားရမယ့္ ေနရာတစ္ခုကို သားေခၚသြားေပးမယ္ ဆိုေတာ့ တကယ္လား သား ဒါဆို အေမလိုက္မယ္တဲ့”

က်ေနာ္လဲ သက္ႀကီးရြယ္အိုျဖစ္ၿပီး ႐ုန္းကန္ေနရတဲ့ အေမႀကီးကို သနားလို႔ ေငြစကၠဴအတု ကိုင္ေဆာင္မႈနဲ႔ ရဲလက္အပ္ လိုက္ ပါေတာ့တယ္ဗ်ာ။ အခုေလာက္ဆို ေဂ်းထဲမွာ အေမ ထမင္းနပ္မွန္ ေနမွာပါ။ ေဆြမ႐ွိ မ်ိဳးမ႐ွိဆိုေတာ့ အာမခံ ေပးမယ့္လူလဲမ႐ွိ အမႈလိုက္ေပးမယ့္ သူလဲ မ႐ွိဆိုေတာ့ လြတ္လာမွာမဟုတ္ပါဘူး

ျပဳျပဳသမ်ွ ကုသလ အမ်ွ.. အမ်ွ…အမ်ွ..ပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thet Phyo Wai

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီနေ့ ကျနော့်ဆိုင်ကို အသက်၇၀ကျော် အမေ အိုကြီးတစ်ယောက်ဈေးလာဝယ်တယ်။ ပုံစံကတော့ နွမ်းပါးတဲ့ပုံပါ။ ဒါနဲ့ ကျနော်လဲ အမေကြီးဘာဝယ်မလဲလို့မေးတော့ ဆန်တစ်ပိုင်းသားရေတဲ့ အမေကြီးတစ်ယောက်တည်းလား အဖော်မပါဘူး လားဆိုတော့

အမေ့မှာ သားသမီးမရှိဘူး ယောကျ်ားကလဲဆုံးသွားပြီ။ အခုတစ်ယောက်ထဲနေရတယ်တဲ့။ ဒီနေ့ ရပ်ကွက်က သက်ကြီး ပူဇော်ပွဲလုပ်လို့ ပိုက်ဆံလေးရတာနဲ့ ဆန်လာဝယ်တာတဲ့။ ပိုက်ဆံမရှိတော့ ထမင်းလဲနပ်မမှန်ပါဘူး သားရယ်တဲ့

ကျနော် အရမ်းသနားသွားတယ်ဗျာ။ သူလိုအပ်တာလေး ဝယ်ပြီးတော့ကျနော့်ကို ပိုက်ဆံပေးတယ်။ အဲ့မှာ သူပေးတဲ့ တစ်သောင်းတန်တွေက အတုတွေဖြစ်နေတယ်ဗျာ။ ကျနော်လဲ သူသိသွားရင် စိတ်မကောင်း ဖြစ်မှာစိုးလို့ မပြောပြ ချင်ဘူး။

အဲ့ဒါနဲ့ပဲ ဘာလုပ်ရမလဲ တွေးနေတုန်း ဖျတ်ခနဲ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာတယ်။ အမေကြီးမှာ ဆွေမျိုး သားသမီး မရှိ ထမင်းလဲနပ်မမှန် ဆိုတော့ သူ့ကို ရှာစားစရာမလိုပဲ ထမင်းနပ်မှန်တဲ့နေရာ တစ်ခုကိုခေါ် သွားဖို့ ဆုံးဖြတ်လိုက်တယ်။

“အမေ တစ်ယောက်ထဲ ရုန်းကန်နေရတာမပင်ပန်းဘူးလား ဆိုတော့ ပင်ပန်းတာပေါ့သားရယ်တဲ့ ဒါဆိုအမေ ဘာမှ မလုပ်ရပဲ ထမင်းနပ်မှန်အောင် စားရမယ့် နေရာတစ်ခုကို သားခေါ်သွားပေးမယ် ဆိုတော့ တကယ်လား သား ဒါဆို အမေလိုက်မယ်တဲ့”

ကျနော်လဲ သက်ကြီးရွယ်အိုဖြစ်ပြီး ရုန်းကန်နေရတဲ့ အမေကြီးကို သနားလို့ ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ရဲလက်အပ် လိုက် ပါတော့တယ်ဗျာ။ အခုလောက်ဆို ဂျေးထဲမှာ အမေ ထမင်းနပ်မှန် နေမှာပါ။ ဆွေမရှိ မျိုးမရှိဆိုတော့ အာမခံ ပေးမယ့်လူလဲမရှိ အမှုလိုက်ပေးမယ့် သူလဲ မရှိဆိုတော့ လွတ်လာမှာမဟုတ်ပါဘူး

ပြုပြုသမျှ ကုသလ အမျှ.. အမျှ…အမျှ..ပါ

ဖိုးသူတော် (www.phothutaw.com)
Credit:Thet Phyo Wai
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top