



Credit:tawthu
#Unicode Version#
ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် ကော့စီချန်း ပင်လယ်ကမ်းစပ်မှာ ဂျာမန်နိုင်ငံသူ Miriam Beelte အသက် ၂၆ နှစ် ဟာဧပြီလ (၇)ရက်နေ့က ဆိုင်ကယ်တစ်စီးနဲ့ ကျွန်းကိုလှည့်ပါတ်သွားနေရင်း မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။

သတ်တဲ့သူဟာ ပင်လယ်ပြင်မှာအမှိုက်ကောက်အလုပ်လုပ်နေသူထိုင်းနိုင်ငံသားရော်နကော် ရွမ်ရန် အသက် (၂၄) နှစ်ဖြစ်ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာတာ တရက် သာ၇ှိသေးတဲ့ ဂျာမန်နိုင်ငံသူဟာ ချွန်ဘူရီခရိုင် ကော့စီချန်း က လူပြတ်တဲ့ နေရာအရောက်မှာ နောက်ကနေ လိုက်ကြည့်နေတဲ့ တရားခံဟာ မုဒိမ်းကျင့်ပြီး မိန်းခလေးကို ကျောက်တောင်ကြားမှာ သေတဲ့အထိ ကျောက်တုံးနဲ့ ထုရိုက်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံကို လာရောက်လည်ပါတ်ကြတဲ့ နိုင်ငံခြားသူတွေဟာ အရဲလွန်ပြီး တဦးထဲ လျှောက်သွားတတ်ကြပါတယ်။ လူပြတ်တဲ့ တောင်ပေါ်နဲ့ ပင်လယ်ကမ်းခြေတွေမှာ မုဒိမ်းကျင့်ခံရတဲ့ ဖြစ်ရပ်တွေအများအပြား ဖြစ်ပွားခဲ့ရာမှာ ကျူးလွန်သူအများစုဟာ အရက်နဲ့ စိတ်ကြွဆေးတွေသုံးနေကြ သောက်နေကြပြီး ဖြစ်တာများတယ်လို့ရဲစစ်တမ်းတွေမှာတွေ့ရပါတယ်။

ခုလို မုဒိမ်းကျင့် လူသတ်မှုဟာ သေဒဏ်အထိ အမြင့်ဆုံးအပြစ်ဒဏ်ပေးနေပေမယ့် ဖြစ်ရပ်တွေဟာ ဆက်ဖြစ်နေတာတွေ့ရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:tawthu
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top