အေဖျဖစ္သူကိုယ္တိုင္ လမ္းၫႊန္ျပသေပးမႈေတြနဲ႔ ဂီတလမ္းကိုေလ်ွာက္လွမ္းလာတဲ့ မ်ိဳးဆက္သစ္ ဂီတပန္းပြင့္ေလးတစ္ပြင့္ျဖစ္တဲ့ နိုင္ငံေက်ာ္ေတးေရးေတးဆို အငဲရဲ႕သမီး လမင္းခ ကေတာ့အခုခ်ိန္မွာဆိုရင္ ကူးကူ ဆိုတဲ့တစ္ကိုယ္ေတာ္ေတးစီးရီးလည္းထြက္ရိွၿပီးျဖစ္ပါတယ္ ။ သူရဲ႕လတ္တေလာအႏုပညာလႈပ္႐ွားမႈေတြနဲ႔ေ႐ွ႕ဆက္လွမ္းမယ့္အႏုပညာေျခလွမ္းေတြကို We Entertainment နဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာျပသြားတာေတြရိွပါတယ္ ။ သူေျပာျပသြားတဲ့အေၾကာင္းေတြကိုေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြသိေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္။

လတ္တေလာအႏုပညာလႈပ္႐ွားမႈေတြကိုေတာ့ ” လမင္းအခုဒုတိယအေခြအတြက္လုပ္ေနပါတယ္ ။ အေခြလိုက္ကေတာ့ၾကာဦးမယ္ ။ လတ္တေလာေရြးခ်ယ္ထားတဲ့ Owntune သီခ်င္းေတြထဲက တစ္ပုဒ္၊ ႏွစ္ပုဒ္ ေလာက္ကို ပထမဆံုး ပရိသတ္လက္ထဲကိုအေရာက္ပို႔ေပးမယ္ ။အေခြလိုက္ကေတာ့ၾကာဦးမယ္ ” ဆိုၿပီးေျပာျပသြားပါတယ္ ။ ေနာက္ၿပီး ဘယ္လိုပံုစံသီခ်င္းပံုစံေတြဆိုသြားဖို႔ရိွလဲ ဆိုတဲ့ေမးခြန္းကိုလည္း” ပံုစံကေတာ့ေျပာင္းသြားမယ္ ။ ပထမေခြတုန္းကေကာ္ပီေတြေလ ၊ ဒုတိယေခြကေတာ့အကုန္လံုး Owntune ေတြခ်ည္းလုပ္ဖို႔ စီစဥ္ေနတယ္ ဆိုေတာ့ေလ ။ ဒါေပမယ့္ ကြဲသြားမယ္ဆိုတာကေတာ့ အမ်ိဳးအစားေတြကေတာ့ Rock, Country ေနာက္ၿပီးေတာ့ Country Rock အဲ့ဒီလိုမ်ိဳးေလးေတြပဲ ဆိုျဖစ္ဖို႔မ်ားပါ့မယ္ ။ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

အေဖျဖစ္သူအငဲနဲ႔ အိမ္မက္ခ်စ္သူသီခ်င္းကိုျပန္ဆိုျဖစ္ပံုကို လည္း “အဲ့ဒါက Royal Club က Request လုပ္တာ ပါ ။ ပါးပါးတစ္ေယာက္တည္းလည္း ဒီလို ဂစ္တာေလယတီးၿပီးေတာ့ ေပါ့ေပါ့ပါးပါးေလး အိမ္မွာပဲ ကိုယ့္ဘာသာကိုယ္တီးဆိုပံုစံေလးက အျမဲတမ္း Saturday Night Music Program ဆိုတဲ့အစီစဥ္ေလးမွာ အျမဲတမ္းလာေနၾကေပါ့ေနာ္ ။ အဲ့ဒီမွာမွ သားအဖႏွစ္ေယာက္ Duet လိုပံုစံမ်ိဳးေလးလိုခ်င္တယ္ဆိုလို႔ Royal Club ကေနလာၿပီးေျပာေတာ့ ပါးပါးသီခ်င္းဆိုမလား ဆိုေတာ့ သူကသူမ်ားသီခ်င္းဆိုမယ္လို႔ေျပာတယ္။ ေနာက္ၿပီးဒီအိမ္မက္ခ်စ္သူသီခ်င္းကလည္း လမင္းငယ္ငယ္ေလးကတည္းက အရမ္းႀကိဳက္တဲ့သီခ်င္းျဖစ္ေနတယ္ဆိုေတာ့အဲ့ဒီသီခ်င္းကို ေရြးျဖစ္သြားတာပါ။” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။ အဲ့ဒီအျပင္သားအဖႏွစ္ေယာက္တြဲၿပီး သီခ်င္းေခြထြက္ဖို႔ေရာရိွလားဆိုတဲ့ေမးခြန္းကို ” အဲ့တာက လုပ္ေတာ့လုပ္ခ်င္ပါတယ္ ။ မသားအဖဆိုေတာ့အမွတ္တရလည္းျဖစ္တယ္ေပါ့ေနာ္ ။ သူ႔ဟာသူဘယ္လိုေနေန သားအဖႏွစ္ေယာက္တစ္ေခြဆိုတာမ်ိဳးေလးလုပ္ေတာ့လုပ္ခ်င္ပါတယ္ ။ ဒါေပမယ့္ ဒါေတြက အမ်ားႀကီးေတာ့လိုဦးမွာပါ လတ္တေလာကေတာ့ကိုယ့္ဟာနဲ႔ကိုယ္ေတာင္ေဖာက္ထြက္ေနရတုန္းဆိုေတာ့ေလ ။ “လို႔ေျပာျပခဲ့ပါတယ္။

အေဖကဘယ္လိုပံ့ပိုးေပးလဲဆိုေတာ့ ” ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားအေဖကပံ့ပိုးေပးတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ သီခ်င္းအဆိုပိုင္းမွာဘာလိုေနလဲကအစ သီခ်င္းေရြးတာကအစေပါ့ ။ သီခ်င္းနားေထာင္ရင္လည္း ပါးပါးနဲ႔အတူနားေထာင္ျဖစ္တယ္ ။ အျမဲတမ္းေတာ့အေဖကေနာက္ေန လိုရင္လိုသလို ျမင္ရင္ျမင္သလို ၾကားရင္ၾကားသလို အျမဲတမ္းေဝဖန္ေပးေနတာဆိုေတာ့ အေဖ့ရဲ႕ပံ့ပိုးမႈေတြအမ်ားႀကီးပါပါတယ္ ။ “လို႔ေျပာျပသြားပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အဖေဖြစ်သူကိုယ်တိုင် လမ်းညွှန်ပြသပေးမှုတွေနဲ့ ဂီတလမ်းကိုလျှောက်လှမ်းလာတဲ့ မျိုးဆက်သစ် ဂီတပန်းပွင့်လေးတစ်ပွင့်ဖြစ်တဲ့ နိုင်ငံကျော်တေးရေးတေးဆို အငဲရဲ့သမီး လမင်းခ ကတော့အခုချိန်မှာဆိုရင် ကူးကူ ဆိုတဲ့တစ်ကိုယ်တော်တေးစီးရီးလည်းထွက်ရှိပြီးဖြစ်ပါတယ် ။ သူရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ရှေ့ဆက်လှမ်းမယ့်အနုပညာခြေလှမ်းတွေကို We Entertainment နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာတွေရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကိုတော့ ” လမင်းအခုဒုတိယအခွေအတွက်လုပ်နေပါတယ် ။ အခွေလိုက်ကတော့ကြာဦးမယ် ။ လတ်တလောရွေးချယ်ထားတဲ့ Owntune သီချင်းတွေထဲက တစ်ပုဒ်၊ နှစ်ပုဒ် လောက်ကို ပထမဆုံး ပရိသတ်လက်ထဲကိုအရောက်ပို့ပေးမယ် ။အခွေလိုက်ကတော့ကြာဦးမယ် ” ဆိုပြီးပြောပြသွားပါတယ် ။ နောက်ပြီး ဘယ်လိုပုံစံသီချင်းပုံစံတွေဆိုသွားဖို့ရှိလဲ ဆိုတဲ့မေးခွန်းကိုလည်း” ပုံစံကတော့ပြောင်းသွားမယ် ။ ပထမခွေတုန်းကကော်ပီတွေလေ ၊ ဒုတိယခွေကတော့အကုန်လုံး Owntune တွေချည်းလုပ်ဖို့ စီစဉ်နေတယ် ဆိုတော့လေ ။ ဒါပေမယ့် ကွဲသွားမယ်ဆိုတာကတော့ အမျိုးအစားတွေကတော့ Rock, Country နောက်ပြီးတော့ Country Rock အဲ့ဒီလိုမျိုးလေးတွေပဲ ဆိုဖြစ်ဖို့များပါ့မယ် ။ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

အဖေဖြစ်သူအငဲနဲ့ အိမ်မက်ချစ်သူသီချင်းကိုပြန်ဆိုဖြစ်ပုံကို လည်း “အဲ့ဒါက Royal Club က Request လုပ်တာ ပါ ။ ပါးပါးတစ်ယောက်တည်းလည်း ဒီလို ဂစ်တာလေယတီးပြီးတော့ ပေါ့ပေါ့ပါးပါးလေး အိမ်မှာပဲ ကိုယ့်ဘာသာကိုယ်တီးဆိုပုံစံလေးက အမြဲတမ်း Saturday Night Music Program ဆိုတဲ့အစီစဉ်လေးမှာ အမြဲတမ်းလာနေကြပေါ့နော် ။ အဲ့ဒီမှာမှ သားအဖနှစ်ယောက် Duet လိုပုံစံမျိုးလေးလိုချင်တယ်ဆိုလို့ Royal Club ကနေလာပြီးပြောတော့ ပါးပါးသီချင်းဆိုမလား ဆိုတော့ သူကသူများသီချင်းဆိုမယ်လို့ပြောတယ်။ နောက်ပြီးဒီအိမ်မက်ချစ်သူသီချင်းကလည်း လမင်းငယ်ငယ်လေးကတည်းက အရမ်းကြိုက်တဲ့သီချင်းဖြစ်နေတယ်ဆိုတော့အဲ့ဒီသီချင်းကို ရွေးဖြစ်သွားတာပါ။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။ အဲ့ဒီအပြင်သားအဖနှစ်ယောက်တွဲပြီး သီချင်းခွေထွက်ဖို့ရောရှိလားဆိုတဲ့မေးခွန်းကို ” အဲ့တာက လုပ်တော့လုပ်ချင်ပါတယ် ။ မသားအဖဆိုတော့အမှတ်တရလည်းဖြစ်တယ်ပေါ့နော် ။ သူ့ဟာသူဘယ်လိုနေနေ သားအဖနှစ်ယောက်တစ်ခွေဆိုတာမျိုးလေးလုပ်တော့လုပ်ချင်ပါတယ် ။ ဒါပေမယ့် ဒါတွေက အများကြီးတော့လိုဦးမှာပါ လတ်တလောကတော့ကိုယ့်ဟာနဲ့ကိုယ်တောင်ဖောက်ထွက်နေရတုန်းဆိုတော့လေ ။ “လို့ပြောပြခဲ့ပါတယ်။

အဖေကဘယ်လိုပံ့ပိုးပေးလဲဆိုတော့ ” ရာခိုင်နှုန်းတော်တော်များများအဖေကပံ့ပိုးပေးတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းအဆိုပိုင်းမှာဘာလိုနေလဲကအစ သီချင်းရွေးတာကအစပေါ့ ။ သီချင်းနားထောင်ရင်လည်း ပါးပါးနဲ့အတူနားထောင်ဖြစ်တယ် ။ အမြဲတမ်းတော့အဖေကနောက်နေ လိုရင်လိုသလို မြင်ရင်မြင်သလို ကြားရင်ကြားသလို အမြဲတမ်းဝေဖန်ပေးနေတာဆိုတော့ အဖေ့ရဲ့ပံ့ပိုးမှုတွေအများကြီးပါပါတယ် ။ “လို့ပြောပြသွားပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top