၁။ တနလၤာသားသမီး

မၾကာခင္မွာ အေျပာင္းအလဲေတြ ႀကံဳရမယ္။ ေသာၾကာနံ အက်ိဳးေပးတတ္တယ္။ သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကုိင္ဖက္ေတြ၊ မိသားစုဝင္ေတြနဲ႔ သင့္ၾကားဆက္ဆံေရးဟာ အေပးအယူမွ်ေနမယ္။ အေလွ်ာ့ေပးျခင္းဟာ သင့္ဘဝမွာ က်န္းမာေပ်ာ္႐ႊင္စြာ ေနထိုင္ႏုိင္ဖို႔ အေျခခံအခ်က္ပဲျဖစ္တယ္။ ဘယ္ေနရာေရာက္ေရာက္ မွန္မွန္ကန္ကန္နဲ႔ ရဲရဲရင့္ရင့္ေနမယ္ဆိုရင္ သင့္ႀကိဳးစားအားထုတ္မႈေတြ အေကာင္ထည္ေပၚလာလိမ့္မယ္။ အခ်စ္ေရးမွာ ညွိႏိႈင္းရခက္တဲ့အေျခအေနေတြနဲ႔ ရင္ဆိုင္ရမယ္။

ယၾတာ- ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းမွာ ထီးသံုးလက္လွဴပါ။
၂။ အဂၤါသားသမီး

ဒီအပတ္မွာ လိုအပ္ခ်က္ေတြအတြက္ အဆက္မျပတ္ေလ့လာေနရမယ္။ ညွိႏိႈင္းမႈေတြနဲ႔ ေ႐ွ႕ဆက္သြားပါ။ အတိတ္ကို လက္ျပႏႈတ္ဆက္ႏုိင္ၿပီး အနာဂတ္အတြက္ ပံုေဖာ္ႏုိင္မယ္။ လတ္တေလာေတာ့ ဘာဆက္လုပ္ရမယ္ဆိုတာ ေဝဝါးေနတတ္တယ္။ စေနနံေတြက စိတ္ဓာတ္ခြန္အားေတြ ယူေဆာင္လာေပးမယ္။ ဒြိဟျဖစ္ေနတဲ့ကိစၥေတြမွာ မသိစိတ္က လမ္းျပေပးပါလိမ့္မယ္။ အခ်စ္ေရးသာယာဖို႔ ၾကင္ၾကင္နာနာနဲ႔ မွ်မွ်တတ ဆံုးျဖတ္ရပါလိမ့္မယ္။

ယၾတာ- ကုသိုလ္ျပဳၿပီးတိုင္း အမွ်ေဝပါ။
၃။ ဗုဒၶဟူးသားသမီး

သင္လုပ္ႏုိင္စြမ္း႐ွိသမွ် ႐ွာေဖြစူးစမ္းၿပီး တိုးတက္လမ္း႐ွာရမယ့္ကာလပါ။ သတိဝီရိယ႐ွိျခင္းေၾကာင့္ အခြင့္အလမ္းေတြ လြယ္လြယ္ရလာပါမယ္။ ေအာင္ျမင္ဖို႔ သင့္ပင္ကိုယ္စြမ္းရည္အေပၚ ယံုၾကည္မႈ႐ွိပါ။ သင္ေရာက္ေနတဲ့ေနရာမွာ ထိုက္တန္တဲ့အရာေတြကို လုပ္ေဆာင္ႏုိင္မယ္။ ေဝဖန္ခံရတတ္ေပမဲ့ ကုစားႏုိင္မယ့္အေၾကာင္းရင္းေတြ ေပၚလာတတ္တယ္။ အျခားသူေတြေၾကာင့္ေတာ့ သင့္ကိုယ္သင္ မေဝဖန္မိပါေစနဲ႔။ အခ်စ္ေရးမွာ ခက္ခဲတဲ့အရာေတြကို ေျဖ႐ွင္းႏုိင္မယ္။ ေမွ်ာ္လင့္ခ်က္ေတြ ႐ွိလာၿပီး ရလဒ္ေကာင္းေတြ ခံစားရမယ့္အခ်ိန္ပါပဲ။

ယၾတာ- စာၾကည့္တုိက္မွာ စာအုပ္လွဴပါ။
၄။ ၾကာသပေတးသားသမီး

သဘာဝကေပးတဲ့ သင့္ရဲ႕ရင့္က်က္မႈဟာ ေဆာင္ရြက္သမွ်အရာတိုင္းအေပၚ သက္ေရာက္ေစပါတယ္။ ဒါေပမဲ့ လုပ္ရမယ့္ကိစၥေတြဟာ လြယ္ကူေနလို႔မဟုတ္ဘဲ သင္က အံဝင္ခြင္က်ေဆာင္႐ြက္တတ္လို႔ပါ။ ဒါဟာ တန္ဖိုးႀကီးလက္ေဆာင္မြန္ေတြ သင့္ဆီေရာက္႐ွိလာမယ့္ စိန္ေခၚမႈေတြပဲျဖစ္တယ္။ အေကာင္းဆံုးအရာေတြကို သင္႐ွာေဖြေနတယ္ဆိုရင္ မၾကာခင္ပဲ ေတြ႔႐ွိရလိမ့္မယ္။ သင့္အတြက္ ေနရာမွန္ကို ေရာက္႐ွိေနပါတယ္။ စိတ္တူကိုယ္တူခ်စ္သူေလးေၾကာင့္ ေပ်ာ္႐ႊင္ေနရပါမယ္။

ယၾတာ- ရပ္ကြက္ထဲမွာ ေရကုသိုလ္ျပဳပါ။

၅။ ေသာၾကာသားသမီး

ျငင္းပယ္ျခင္းက သင့္အတြက္ အခက္ခဲဆံုးအရာေတြထဲက တစ္ခုျဖစ္ေနပါတယ္။ ေ႐ြးခ်ယ္ရတဲ့ကိစၥေတြမွာ ဒုတိယေ႐ြးခ်ယ္လိုက္တာက သင့္အတြက္ အေကာင္းဆံုးပါ။ ေပါင္းသင္းဆက္ဆံေရးမွာ လိုက္လိုက္ေလ်ာေလ်ာနဲ႔ တည္တည္ၿငိမ္ၿငိမ္ေနရမယ့္ ကာလပါ။ ႏွလံုးသားစကားကို နားေထာင္ျခင္းျဖင့္ စိတ္ခံစားခ်က္ေတြ ေကာင္းမြန္လာမယ္။ အေနေဝးခ်စ္သူေတြ ဆံုစည္းႏုိင္ပါလိမ့္မယ္။

ယၾတာ- နံနက္တုိင္း တရားထိုင္ပါ။
၆။ စေနသားသမီး

အျခားသူေတြအေပၚ သင္ေပးဆပ္တဲ့အခါ သင့္လိုအပ္ခ်က္ေတြလည္း ျပည့္ဝလာမယ္။ ဒါေပမဲ့ သင့္လိုအပ္ခ်က္ေတြကို သင္ကိုယ္တိုင္ျဖည့္ဆည္းဖို႔လည္း မေမ့ပါနဲ႔။ ဒီတစ္ပတ္ထဲမွာ သင္နဲ႔ထိုက္တန္တဲ့အရာေတြ ဝင္လာတတ္တယ္။ အခ်စ္ေရးမွာ ရည္႐ြယ္ခ်က္ျပတ္ျပတ္သားသားနဲ႔ပဲ ႏွလံုးသားေစညႊန္ရာေနာက္ကို လိုက္ပါ။ အခက္အခဲေတြကိုလည္း လက္ခံပါ။ သင္လိုခ်င္တဲ့အခြင့္အေရးေတြ ရလာပါလိမ့္မယ္။
ယၾတာ- ေလလြင့္ေခြးေတြကို အစာေကၽြးပါ။
၇။ တနဂၤေႏြသားသမီး

ဘယ္ကိစၥမဆို မွ်မွ်တတေတြးေတာၿပီး ဆံုးျဖတ္တတ္တာေၾကာင့္ ဘဝက သာယာေနပါလိမ့္ယ္။ အေကာင္းအဆိုးေတြၾကားမွာ ေသေသခ်ာခ်ာ အဆံုးသတ္ႏုိင္မယ္။ စိတ္ခံစားခ်က္ေတြအလိုက္ မ႐ွင္သန္လိုက္ပါနဲ႔။ အခ်စ္ေရးမွာ တိုးတက္မယ့္ကာလပါ။ ေကာင္းမြန္တဲ့ဆက္ဆံေရးေၾကာင့္ နားလည္မႈပို႐ွိၿပီး အခက္အခဲေတြမွာ ေျဖ႐ွင္းရလြယ္ေနပါမယ္။

ယၾတာ- ဘုရားတရားမ်ားမ်ားလုပ္ပါ။

တိုက္ဆိုင္မႈ႐ွိရင္ share သြားဦးေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဂႏၳဝင္မဂၢဇင္း
#Unicode Version#
၁။ တနင်္လာသားသမီး

မကြာခင်မှာ အပြောင်းအလဲတွေ ကြုံရမယ်။ သောကြာနံ အကျိုးပေးတတ်တယ်။ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေနဲ့ သင့်ကြားဆက်ဆံရေးဟာ အပေးအယူမျှနေမယ်။ အလျှော့ပေးခြင်းဟာ သင့်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အခြေခံအချက်ပဲဖြစ်တယ်။ ဘယ်နေရာရောက်ရောက် မှန်မှန်ကန်ကန်နဲ့ ရဲရဲရင့်ရင့်နေမယ်ဆိုရင် သင့်ကြိုးစားအားထုတ်မှုတွေ အကောင်ထည်ပေါ်လာလိမ့်မယ်။ အချစ်ရေးမှာ ညှိနှိုင်းရခက်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်။

ယတြာ- ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ထီးသုံးလက်လှူပါ။
၂။ အင်္ဂါသားသမီး

ဒီအပတ်မှာ လိုအပ်ချက်တွေအတွက် အဆက်မပြတ်လေ့လာနေရမယ်။ ညှိနှိုင်းမှုတွေနဲ့ ရှေ့ဆက်သွားပါ။ အတိတ်ကို လက်ပြနှုတ်ဆက်နိုင်ပြီး အနာဂတ်အတွက် ပုံဖော်နိုင်မယ်။ လတ်တလောတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ဝေဝါးနေတတ်တယ်။ စနေနံတွေက စိတ်ဓာတ်ခွန်အားတွေ ယူဆောင်လာပေးမယ်။ ဒွိဟဖြစ်နေတဲ့ကိစ္စတွေမှာ မသိစိတ်က လမ်းပြပေးပါလိမ့်မယ်။ အချစ်ရေးသာယာဖို့ ကြင်ကြင်နာနာနဲ့ မျှမျှတတ ဆုံးဖြတ်ရပါလိမ့်မယ်။

ယတြာ- ကုသိုလ်ပြုပြီးတိုင်း အမျှဝေပါ။
၃။ ဗုဒ္ဓဟူးသားသမီး

သင်လုပ်နိုင်စွမ်းရှိသမျှ ရှာဖွေစူးစမ်းပြီး တိုးတက်လမ်းရှာရမယ့်ကာလပါ။ သတိဝီရိယရှိခြင်းကြောင့် အခွင့်အလမ်းတွေ လွယ်လွယ်ရလာပါမယ်။ အောင်မြင်ဖို့ သင့်ပင်ကိုယ်စွမ်းရည်အပေါ် ယုံကြည်မှုရှိပါ။ သင်ရောက်နေတဲ့နေရာမှာ ထိုက်တန်တဲ့အရာတွေကို လုပ်ဆောင်နိုင်မယ်။ ဝေဖန်ခံရတတ်ပေမဲ့ ကုစားနိုင်မယ့်အကြောင်းရင်းတွေ ပေါ်လာတတ်တယ်။ အခြားသူတွေကြောင့်တော့ သင့်ကိုယ်သင် မဝေဖန်မိပါစေနဲ့။ အချစ်ရေးမှာ ခက်ခဲတဲ့အရာတွေကို ဖြေရှင်းနိုင်မယ်။ မျှော်လင့်ချက်တွေ ရှိလာပြီး ရလဒ်ကောင်းတွေ ခံစားရမယ့်အချိန်ပါပဲ။

ယတြာ- စာကြည့်တိုက်မှာ စာအုပ်လှူပါ။
၄။ ကြာသပတေးသားသမီး

သဘာဝကပေးတဲ့ သင့်ရဲ့ရင့်ကျက်မှုဟာ ဆောင်ရွက်သမျှအရာတိုင်းအပေါ် သက်ရောက်စေပါတယ်။ ဒါပေမဲ့ လုပ်ရမယ့်ကိစ္စတွေဟာ လွယ်ကူနေလို့မဟုတ်ဘဲ သင်က အံဝင်ခွင်ကျဆောင်ရွက်တတ်လို့ပါ။ ဒါဟာ တန်ဖိုးကြီးလက်ဆောင်မွန်တွေ သင့်ဆီရောက်ရှိလာမယ့် စိန်ခေါ်မှုတွေပဲဖြစ်တယ်။ အကောင်းဆုံးအရာတွေကို သင်ရှာဖွေနေတယ်ဆိုရင် မကြာခင်ပဲ တွေ့ရှိရလိမ့်မယ်။ သင့်အတွက် နေရာမှန်ကို ရောက်ရှိနေပါတယ်။ စိတ်တူကိုယ်တူချစ်သူလေးကြောင့် ပျော်ရွှင်နေရပါမယ်။

ယတြာ- ရပ်ကွက်ထဲမှာ ရေကုသိုလ်ပြုပါ။

၅။ သောကြာသားသမီး

ငြင်းပယ်ခြင်းက သင့်အတွက် အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်နေပါတယ်။ ရွေးချယ်ရတဲ့ကိစ္စတွေမှာ ဒုတိယရွေးချယ်လိုက်တာက သင့်အတွက် အကောင်းဆုံးပါ။ ပေါင်းသင်းဆက်ဆံရေးမှာ လိုက်လိုက်လျောလျောနဲ့ တည်တည်ငြိမ်ငြိမ်နေရမယ့် ကာလပါ။ နှလုံးသားစကားကို နားထောင်ခြင်းဖြင့် စိတ်ခံစားချက်တွေ ကောင်းမွန်လာမယ်။ အနေဝေးချစ်သူတွေ ဆုံစည်းနိုင်ပါလိမ့်မယ်။

ယတြာ- နံနက်တိုင်း တရားထိုင်ပါ။
၆။ စနေသားသမီး

အခြားသူတွေအပေါ် သင်ပေးဆပ်တဲ့အခါ သင့်လိုအပ်ချက်တွေလည်း ပြည့်ဝလာမယ်။ ဒါပေမဲ့ သင့်လိုအပ်ချက်တွေကို သင်ကိုယ်တိုင်ဖြည့်ဆည်းဖို့လည်း မမေ့ပါနဲ့။ ဒီတစ်ပတ်ထဲမှာ သင်နဲ့ထိုက်တန်တဲ့အရာတွေ ဝင်လာတတ်တယ်။ အချစ်ရေးမှာ ရည်ရွယ်ချက်ပြတ်ပြတ်သားသားနဲ့ပဲ နှလုံးသားစေညွှန်ရာနောက်ကို လိုက်ပါ။ အခက်အခဲတွေကိုလည်း လက်ခံပါ။ သင်လိုချင်တဲ့အခွင့်အရေးတွေ ရလာပါလိမ့်မယ်။
ယတြာ- လေလွင့်ခွေးတွေကို အစာကျွေးပါ။
၇။ တနင်္ဂနွေသားသမီး

ဘယ်ကိစ္စမဆို မျှမျှတတတွေးတောပြီး ဆုံးဖြတ်တတ်တာကြောင့် ဘဝက သာယာနေပါလိမ့်ယ်။ အကောင်းအဆိုးတွေကြားမှာ သေသေချာချာ အဆုံးသတ်နိုင်မယ်။ စိတ်ခံစားချက်တွေအလိုက် မရှင်သန်လိုက်ပါနဲ့။ အချစ်ရေးမှာ တိုးတက်မယ့်ကာလပါ။ ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့် နားလည်မှုပိုရှိပြီး အခက်အခဲတွေမှာ ဖြေရှင်းရလွယ်နေပါမယ်။

ယတြာ- ဘုရားတရားများများလုပ်ပါ။

တိုက်ဆိုင်မှုရှိရင် share သွားဦးနော်။


ဖိုးသူတော်(www.phothutaw.com)
Credit:ဂန္ထဝင်မဂ္ဂဇင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top