



Credit:ရဲဇာနည်
#Unicode Version#
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူဆေးရုံကြီး၌ ထိုးသွင်းဒဏ်ရာဖြင့် လာရောက်ဆေးကုသမှုခံယူနေသူ တစ်ဦးသေဆုံး သွားကြောင်း သတင်းအရ

မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများသည် သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြင်သာရပ်ကွက်နေ ကိုဇင်ဝင်းသူ(၃၅)နှစ်ဖြစ်ပြီး

၎င်းသည် ဇနီးဖြစ်သူ မဝါဝါမိုး(၃၁)နှစ်နှင့် လင်မယားချင်းစကားများရန်ဖြစ်စဉ် မဝါဝါမိုးမှ (၈)လက်မခန့်ရှိ ဓားဦးချွန် စတီး ဓားဖြင့်ထိုးခဲ့သောကြောင့် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့၍ လာရောက်ဆေးကုသမှုခံယူနေစဉ် သေဆုံး သွားကြောင်း

သိရှိရသဖြင့် မဝါဝါမိုး အား မကွေးမြို့မရဲစခန်း(ပ)၆၉၉/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:ရဲဇာနည်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top