လူတုိင္းလိုလိုမွာ အဆက္ေဟာင္း ဒါမွမဟုတ္ ပတ္သက္ခဲ့ဖူးတဲ့သူ၊ ခံစားခ်က္ရွိဖူးတဲ့သူ တစ္စံုတစ္ေယာက္ေလာက္ေတာ့ ဘဝမွာ ရွိတတ္ၾကပါတယ္။ သူတုိ႔ကို ေမ့ဖို႔ဆိုတာ လြယ္ကူတဲ့အရာေတာ့ မဟုတ္ေပမယ့္ သူတုိ႔ထက္ ခ်စ္ရမယ့္သူနဲ႔ ေတြ႕တဲ့အခါမွာေတာ့ ေမ့ႏိုင္ၾကပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ သင့္ခ်စ္သူဟာ သူ႔ရဲ႕အဆက္ေဟာင္းကို စိတ္မကုန္ေသးမွန္း သိသာေနတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ တကယ္လုိ႔ သင့္ခ်စ္သူဟာ ဒီအခ်က္ေတြနဲ႔ တိုက္ဆိုင္ေနတယ္ဆိုရင္ ဆက္တြဲမလား၊ အဆက္ျဖတ္မလားဆုိတာကေတာ့ သင့္အေပၚမွာပဲ မူတည္သြားပါျပီ။

(၁) ရိုင္းလာတယ္၊ ၾကမ္းတမ္းလာတယ္

သင့္ခ်စ္သူဟာ အဆက္ေဟာင္းနဲ႔ စကားေျပာတဲ့အခါေတြ၊ အဆက္ေဟာင္းနဲ႔ေတြ႕ျပီးတဲ့ အခါေတြတိုင္းမွာ သင့္အေပၚကို စိတ္တိုေဒါသထြက္တာေတြ လုပ္မွာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အဆက္ေဟာင္းကို ျပန္ျမင္တုိင္း ႏွေျမာတသျဖစ္တဲ့စိတ္၊ ကိုယ့္ကုိယ္ကို အားမလိုအားမရျဖစ္ တဲ့စိတ္ေတြက ထၾကြလာျပီး သင္ဟာလည္း သူတုိ႔ႏွစ္ေယာက္ၾကားမွာ ကန္႔လန္႔ျဖစ္ေနသလုိ ခံစားေနရလို႔ျဖစ္ပါတယ္။

(၂) ခိုင္းႏႈိင္းျပီးေျပာတယ္

သင့္ခ်စ္သူဟာ သင္အမွားတစ္ခုခုလုပ္မိတိုင္း၊ သင္နဲ႔ပတ္သက္ျပီး သူေမွ်ာ္လင့္ထားသ လိုျဖစ္မလာတုိင္း အဆက္ေဟာင္းနဲ႔ ခိုင္းႏိႈင္းျပီးေျပာတတ္တဲ့သူပါ။ သင့္ကုိ အျပစ္တင္ျပီး အဆက္ေဟာင္းကို ခ်ီးက်ဴးေျပာဆိုတာမ်ိဳးေပါ့။ ဒီလိုမ်ိဳး သူ႔အဆက္ေဟာင္းနဲ႔ သင့္ကုိ ႏိႈင္းႏိႈင္းျပီး ေျပာေနတတ္တဲ့သူဆိုရင္ေတာ့ ေသခ်ာပါတယ္။ သူ႔အဆက္ေဟာင္းအေပၚမွာ လံုးဝစိတ္မကုန္ေသးပါဘူး။

(၃) Social Media မွာ ရင္းႏွီးေနတယ္

သင့္ခ်စ္သူဟာ သူ႔ရဲ႕အဆက္ေဟာင္းနဲ႔ Friend ျဖစ္ေနတာမ်ိဳး၊ တစ္ခါတေလ ရိုးရိုးသားသား စကားေျပာတာမ်ိဳးကေတာ့ ျပႆနာမရွိပါဘူး။ ဒါေပမယ့္လည္း လိုတာထက္ပိုျပီး ရင္းႏွီးေနတယ္၊ အျမဲလိုလို like ေတြေပး၊ comment ေတြ ေရးျပီး အျမဲလိုလိုလည္း စကားေျပာတယ္၊ chatting လုပ္တယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္။ အဆက္ေဟာင္းကို မေမ့ႏိုင္ဘူးဆိုတဲ့ သေဘာပါ။

(၄) အဆက္ေဟာငး္နာမည္ၾကားရင္ ခံႏုိင္ရည္မရွိဘူး

လူတစ္ေယာက္ကုိ မခ်စ္ေတာ့ဘူးဆိုရင္ သူနဲ႔ပတ္သက္ျပီး ဘာခံစားခ်က္မွလည္း မရွိေတာ့ပါဘူး။ ဒီလုိမွမဟုတ္ဘဲ သင့္ရဲ႕ ခ်စ္သူဟာ အဆက္ေဟာင္းနာမည္ကို ၾကားတိုင္း စိတ္တိုတာ၊ ဝမး္နည္းတာ၊ ငိုင္သြားတာ၊ နာက်င္သြားတာမ်ိဳး ျဖစ္ေနရင္ေတာ့ သူ႔ရင္္ထဲမွာ နက္နက္ရိႈင္းရိႈင္း ေနရာယူေနဆဲမို႔ပါ။

(၅) လံုးဝမေျပာခ်င္ဘူး

ခ်စ္သူႏွစ္ေယာက္ဟာ တစ္ဦးနဲ႔တစ္ဦးၾကားမွာ စည္းေလးေတြ၊ ကုိယ္ေရးကိုယ္တာ ဝင္ေရာက္စြက္ဖက္တာမ်ိဳးကို ေစာင့္စည္းသင့္တယ္ဆိုေပမယ့္လညး္ လိုတာထက္ပိုျပီး စည္းေတြ တင္းက်ပ္ေနရင္ေတာ့ မဟုတ္ေတာ့ပါဘူး။

သင့္ခ်စ္သူဟာ အဆက္ေဟာင္းနဲ႔အေၾကာင္းကို ေမးရင္ မေျပာခ်င္တာမ်ိဳး၊ ေဝ့လည္ေၾကာင္ပတ္လုပ္တာမ်ိဳး၊ စကားလမ္းေၾကာင္း လႊဲပစ္တာမ်ိဳး၊ စိတ္မရွည္တဲ့ အမူအရာမ်ိဳးေတြ ျပလာရင္ေတာ့ မေမ့ႏိုင္ေသးတဲ့ အဓိပၸါယ္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Em Em
# Unicode Version # ျဖင့္ ဖတ္ပါ #


လူတိုင်းလိုလိုမှာ အဆက်ဟောင်း ဒါမှမဟုတ် ပတ်သက်ခဲ့ဖူးတဲ့သူ၊ ခံစားချက်ရှိဖူးတဲ့သူ တစ်စုံတစ်ယောက်လောက်တော့ ဘဝမှာ ရှိတတ်ကြပါတယ်။ သူတို့ကို မေ့ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပေမယ့် သူတို့ထက် ချစ်ရမယ့်သူနဲ့ တွေ့တဲ့အခါမှာတော့ မေ့နိုင်ကြပါတယ်။

ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူဟာ သူ့ရဲ့အဆက်ဟောင်းကို စိတ်မကုန်သေးမှန်း သိသာနေတဲ့အချက်တွေပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် ဆက်တွဲမလား၊ အဆက်ဖြတ်မလားဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်သွားပါပြီ။

(၁) ရိုင်းလာတယ်၊ ကြမ်းတမ်းလာတယ်

သင့်ချစ်သူဟာ အဆက်ဟောင်းနဲ့ စကားပြောတဲ့အခါတွေ၊ အဆက်ဟောင်းနဲ့တွေ့ပြီးတဲ့ အခါတွေတိုင်းမှာ သင့်အပေါ်ကို စိတ်တိုဒေါသထွက်တာတွေ လုပ်မှာဖြစ်ပါတယ်။ အကြောင်းကတော့ အဆက်ဟောင်းကို ပြန်မြင်တိုင်း နှမြောတသဖြစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ် တဲ့စိတ်တွေက ထကြွလာပြီး သင်ဟာလည်း သူတို့နှစ်ယောက်ကြားမှာ ကန့်လန့်ဖြစ်နေသလို ခံစားနေရလို့ဖြစ်ပါတယ်။

(၂) ခိုင်းနှိုင်းပြီးပြောတယ်

သင့်ချစ်သူဟာ သင်အမှားတစ်ခုခုလုပ်မိတိုင်း၊ သင်နဲ့ပတ်သက်ပြီး သူမျှော်လင့်ထားသ လိုဖြစ်မလာတိုင်း အဆက်ဟောင်းနဲ့ ခိုင်းနှိုင်းပြီးပြောတတ်တဲ့သူပါ။ သင့်ကို အပြစ်တင်ပြီး အဆက်ဟောင်းကို ချီးကျူးပြောဆိုတာမျိုးပေါ့။ ဒီလိုမျိုး သူ့အဆက်ဟောင်းနဲ့ သင့်ကို နှိုင်းနှိုင်းပြီး ပြောနေတတ်တဲ့သူဆိုရင်တော့ သေချာပါတယ်။ သူ့အဆက်ဟောင်းအပေါ်မှာ လုံးဝစိတ်မကုန်သေးပါဘူး။

(၃) Social Media မှာ ရင်းနှီးနေတယ်

သင့်ချစ်သူဟာ သူ့ရဲ့အဆက်ဟောင်းနဲ့ Friend ဖြစ်နေတာမျိုး၊ တစ်ခါတလေ ရိုးရိုးသားသား စကားပြောတာမျိုးကတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့်လည်း လိုတာထက်ပိုပြီး ရင်းနှီးနေတယ်၊ အမြဲလိုလို like တွေပေး၊ comment တွေ ရေးပြီး အမြဲလိုလိုလည်း စကားပြောတယ်၊ chatting လုပ်တယ်ဆိုရင်တော့ သေချာပါတယ်။ အဆက်ဟောင်းကို မမေ့နိုင်ဘူးဆိုတဲ့ သဘောပါ။

(၄) အဆက်ဟောင်းနာမည်ကြားရင် ခံနိုင်ရည်မရှိဘူး

လူတစ်ယောက်ကို မချစ်တော့ဘူးဆိုရင် သူနဲ့ပတ်သက်ပြီး ဘာခံစားချက်မှလည်း မရှိတော့ပါဘူး။ ဒီလိုမှမဟုတ်ဘဲ သင့်ရဲ့ ချစ်သူဟာ အဆက်ဟောင်းနာမည်ကို ကြားတိုင်း စိတ်တိုတာ၊ ဝမ်းနည်းတာ၊ ငိုင်သွားတာ၊ နာကျင်သွားတာမျိုး ဖြစ်နေရင်တော့ သူ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူနေဆဲမို့ပါ။

(၅) လုံးဝမပြောချင်ဘူး

ချစ်သူနှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦးကြားမှာ စည်းလေးတွေ၊ ကိုယ်ရေးကိုယ်တာ ဝင်ရောက်စွက်ဖက်တာမျိုးကို စောင့်စည်းသင့်တယ်ဆိုပေမယ့်လည်း လိုတာထက်ပိုပြီး စည်းတွေ တင်းကျပ်နေရင်တော့ မဟုတ်တော့ပါဘူး။

သင့်ချစ်သူဟာ အဆက်ဟောင်းနဲ့အကြောင်းကို မေးရင် မပြောချင်တာမျိုး၊ ဝေ့လည်ကြောင်ပတ်လုပ်တာမျိုး၊ စကားလမ်းကြောင်း လွှဲပစ်တာမျိုး၊ စိတ်မရှည်တဲ့ အမူအရာမျိုးတွေ ပြလာရင်တော့ မမေ့နိုင်သေးတဲ့ အဓိပ္ပါယ်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:Em Em
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top