
#Unicode version#
၂၆.၄.၂၀၁၉ ရက်နေ့ မြဝတီခရိုင်တရားရုံးမှ အသက်၁၄နှစ်အရွယ်မိန်းခလေးအား ဟော်တယ်သို့ခေါ်သွားပြီး သားမယားအဖြစ်ပြုကျင့်ခဲ့သူ မြန်မာစကားမတတ်သူ ဂိမ်းရုံပိုင်ရှင် နှင့်မြန်မာစကားပြန် ဂိမ်းရုံမန်နေဂျာတို့အား တရားရုံးထုတ်စစ်ဆေးခဲ့ပါသည်။
ယနေ့တွင် တရားလို ဒေါ်…….. ၂၆ နှစ်နှင့်သမီး မ……….၁၄ နှစ်တို့အား စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်အကျဉ်းမှာ ဂိမ်းရုံမန်နေဂျာ မြန်မာလူမျိုးမှ အခင်းဖြစ်ည၁၁ နာရီခန့်က ဂိမ်းရုံပိတ်သည်ကို အကြောင်းပြ၍ ဆိုင်ကယ်ဖြင့်လိုက်ပို့ပေးစဉ် တရုပ်သူဋ္ဌေး ဂိမ်းရုံပိုင်ရှင် ဖုန်းဆက်လာသဖြင့် ကောင်မလေးအား လမ်းတွင်ထားခဲ့ပြီး
တရုပ်အား သွားခေါ်ဆောင်လာကာမြန်မာလူမျိုးစကားပြန် မန်နေဂျာမှ သူဋ္ဌေးနှင့်ခဏလိုက်သွား ဦး ဆိုင်ကယ်ဆီသွားထည့်ဦးမည်ဟု ပြောကာထွက်သွားခဲ့ပါသည်။
ဆက်လက်၍ တရုပ်သူဋ္ဌေး ခေါ်ဆောင်ရာသို့ လိုက်သွားစဉ် စာပေ မတတ်သူ ကောင်မလေးမှ ဟော်တယ်ကို တရုပ်သူဋ္ဌေးအိမ်ဟုထင်ကာလိုက်သွားခဲ့မိပါသည်။ အခန်းထဲသို့ရောက်သောအခါ တရုပ်သူဋ္ဌေးမှ သားမယားပြုကျင့်ရန်ကြံစည်အားထုတ်နေချိန် ကောင်မလေးမှ မန်နေဂျာအား ဖုန်းဆက်အကူအညီတောင်းရာ မန်နေဂျာ စကားပြန်မှဖုန်းမကိုင်ပဲ ဖုန်းပိတ်လိုက်သော မှုခင်းတစ်ရပ်ဖြစ်ပါသည်။
ယနေ့ညနေ ၄ နာရီအချိန်တွင် တရားရုံးထုတ်ပြီးအပြန်တွင် မြန်မာ စကားပြန် တရားခံမှ ကောင်းမလေးအား မိမိတွင်အပြစ်မရှိကြောင်း တရုပ်သူဋ္ဌေးခိုင်းလို့ လုပ်ရတာဖြစ်ကြောင်း အော်ဟစ်ပြောဆို သွားပါသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:ဘီဝမ်း (ဦးအောင်ထွန်းလင်း)