KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ဝင္းေရးၿမိဳ႕နယ္(ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္) အနန္းကြင္းရြာတြင္ ယေန႔(မတ္ ၅ ရက္) နံနက္ ၃ နာရီခြဲ အခ်ိန္ခန္႔တြင္ ကေလးငယ္မ်ားအပါအဝင္ အရပ္သား ၈ ဦး ပစ္သတ္ခံရေၾကာင္း ကရင္ အမ်ိဳးသားရဲ တပ္ဖြဲ႕ -KNPF ထံမွ သိရသည္။

အမည္မသိ လက္နက္ကုိင္ႏွစ္ဦးမွ အိမ္ေထာင္စု ၂ စုရွိ တစ္ႏွစ္ခြဲအရြယ္ ကေလးတစ္ဦး အပါအဝင္ စုစုေပါင္း ၈ ဦးကုိ ပစ္သတ္ခဲ့ၿပီး အေၾကာင္းရင္းအေသးစိတ္ကို ဆက္လက္စံုစမ္းေနဆဲျဖစ္ေၾကာင္း KNPF ဝင္းေရးၿမိဳ႕နယ္ ဒု ရဲတပ္ဖြဲ႕မႉး ဗုိလ္ေစာၿငိမ္းခ်မ္းက ေကအုိင္စီသုိ႔ ယခုလုိ အတည္ျပဳေျပာဆုိသည္။

“က်ေနာ္တုိ႔ သြားၾကည့္တဲ့အခ်ိန္မွာ အိမ္ေထာင္တစ္စု ၄ ေယာက္၊ တစ္စု ၄ ေယာက္ ပစ္သတ္ခံထားရတာ ကုိ ေတြ႕တယ္။ M-16 က်ည္ခြံေတြပဲ ေကာက္ရထားၿပီး ပစ္သတ္သူနဲ႔ ေသနတ္ေတြေတာ့ မေတြ႕ေတာ့ဘူး။ လက္ နက္ကုိင္က အိမ္ရွင္ဆီမွာ ဆုိင္ကယ္ေတာင္းစီးတာ မေပးလုိ႔ဆုိၿပီး ပစ္သတ္သြားတာလုိ႔ မေသဘဲ က်န္ေနတဲ့ မိသားစုဝင္ ၂ ေယာက္က ေျပာတယ္ ↔ေကအုိင္စီသုိ႔ ေျပာသည္။

အိမ္ေထာင္စု ၂ စုတြင္ မိသားစုဝင္ ၁၀ ဦးရွိၿပီး ပစ္သတ္ခံရျခင္းေၾကာင့္ ၈ ဦးေသဆုံးကာ က်န္ ၂ ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားျခင္းျဖစ္ၿပီး တရားခံမ်ားမွာ လက္နက္ကုိင္အဖြဲ႔အစည္း တစ္ခုခုမွ ျဖစ္ႏုိင္သလုိ မူးယစ္ေဆးေရာင္းဝယ္သူမ်ားလည္း ျဖစ္ႏုိင္ေၾကာင္း ဗုိလ္ေစာၿငိမ္းခ်မ္းက ဆက္ေျပာသည္။

လက္ရွိအမႈကို ဝင္းေရးၿမိဳ႕နယ္၊ KNPF ႏွင့္ KNLA-ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္မွ တာဝန္ ရွိသူ မ်ားက ပူးေပါင္း ကုိင္တြယ္ေနေၾကာင္း KNPF -ကရင္အမ်ိဳးသားရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားထံမွ သိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:က်ိဳက္မေရာ/မုဒံု သတင္းစံု
#Unicode Version#
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်းရေးမြို့နယ်(ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်) အနန်းကွင်းရွာတွင် ယနေ့(မတ် ၅ ရက်) နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် ကလေးငယ်များအပါအဝင် အရပ်သား ၈ ဦး ပစ်သတ်ခံရကြောင်း ကရင် အမျိုးသားရဲ တပ်ဖွဲ့ -KNPF ထံမှ သိရသည်။

အမည်မသိ လက်နက်ကိုင်နှစ်ဦးမှ အိမ်ထောင်စု ၂ စုရှိ တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦးကို ပစ်သတ်ခဲ့ပြီး အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း KNPF ဝင်းရေးမြို့နယ် ဒု ရဲတပ်ဖွဲ့မှူး ဗိုလ်စောငြိမ်းချမ်းက ကေအိုင်စီသို့ ယခုလို အတည်ပြုပြောဆိုသည်။

“ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ အိမ်ထောင်တစ်စု ၄ ယောက်၊ တစ်စု ၄ ယောက် ပစ်သတ်ခံထားရတာ ကို တွေ့တယ်။ M-16 ကျည်ခွံတွေပဲ ကောက်ရထားပြီး ပစ်သတ်သူနဲ့ သေနတ်တွေတော့ မတွေ့တော့ဘူး။ လက် နက်ကိုင်က အိမ်ရှင်ဆီမှာ ဆိုင်ကယ်တောင်းစီးတာ မပေးလို့ဆိုပြီး ပစ်သတ်သွားတာလို့ မသေဘဲ ကျန်နေတဲ့ မိသားစုဝင် ၂ ယောက်က ပြောတယ် ↔ကေအိုင်စီသို့ ပြောသည်။

အိမ်ထောင်စု ၂ စုတွင် မိသားစုဝင် ၁၀ ဦးရှိပြီး ပစ်သတ်ခံရခြင်းကြောင့် ၈ ဦးသေဆုံးကာ ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး တရားခံများမှာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှ ဖြစ်နိုင်သလို မူးယစ်ဆေးရောင်းဝယ်သူများလည်း ဖြစ်နိုင်ကြောင်း ဗိုလ်စောငြိမ်းချမ်းက ဆက်ပြောသည်။

လက်ရှိအမှုကို ဝင်းရေးမြို့နယ်၊ KNPF နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တာဝန် ရှိသူ များက ပူးပေါင်း ကိုင်တွယ်နေကြောင်း KNPF -ကရင်အမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:ကျိုက်မရော/မုဒုံ သတင်းစုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top