ေခါင္းစဥ္ကိုၾကားတာနဲ႕ တြန္႕မသြားနဲ႕ဦးေနာ္။ တကယ္ေတာ့ ကိုယ္ခႏၶာက စြန္႕လိုက္တဲ့ မစင္ထက္ ကၽြန္ေတာ္တို႕ က်န္းမာေရးကို ေျပာျပနိုင္တဲ့အရာမရွိပါဘူး။ ဒါေၾကာင့္ ကိုယ္စြန္႕လိုက္တဲ့ မစင္ကိုၾကည့္ျပီး ကိုယ့္က်န္းမာေရး အေျခအေနကို ဘယ္လိုသိနုိင္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။Birstol ေတာ္၀င္ေဆးရံုက သိပၸံပညာရွင္ေတြစုျပီး မစင္ရဲ့ပံုသ႑န္ကေန က်န္းမာေရး ခန္႕မွန္းလို႕ေအာင္ သုေတသနလုပ္ထားတာရွိပါတယ္။ သူတို႕အဆိုအရေတာ့ မစင္ရဲ့ပံုသ႑န္ ၇ မ်ိဳး ရွိပါသတဲ့။

၁။ ေက်ာက္တံုးလို အတံုးေလးေတြ

ဒါဟာ အၾကီးစား ၀မ္းခ်ဳပ္တဲ့လကၡဏာျဖစ္ပါတယ္။ အမွ်င္ဓါတ္နည္းေနတာေၾကာင့္ အမ်ွင္ဓါတ္မ်ားမ်ားပါတဲ့ အသီးအနွံေတြစားသင့္ပါတယ္။ ၀မ္းခ်ဳပ္တာဟာ ေရာဂါအားလံုးရဲ့ အစျဖစ္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။ လုိအပ္ရင္ ဆရာ၀န္သြားျပဖို႕ မေမ့ပါနဲ႕။

၂။ ခပ္မာမာအတံုးၾကီးေတြ

ဒါဟာလည္း ၀မ္းခ်ဳပ္တဲ့ လကၡဏာတစ္ခုပါ။ နံပါတ္ ၁ မွာ ျပထားသေလာက္ မဆုိုးေပမယ့္ ဂရုစိုက္သင့္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈနည္းတာေၾကာင့္လည္းျဖစ္နိုင္သလို ၀မ္းပိတ္ေဆးလုိတာထက္ပိုေသာက္လို္က္တာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ အသီးအႏွံစားတာနဲ႕ ကုိယ္လက္လႈပ္ရွားမႈမ်ားမ်ား လုပ္ေပးမယ္ဆုိရင္ေတာ့ အဆင္ေျပသြားမွာပါ။

၃။ အေလာေတာ္အေပ်ာ့အမာနဲ႕ မ်က္နွာျပင္

ဒါဆိုရင္ေတာ့ သင့္က်န္းမာေရးက ပံုမွန္ပါပဲ။ ေရမ်ားမ်ားေသာက္တာမ်ိဳး ကိုယ္လက္လႈပ္ရွားမႈမ်ားမ်ားလုပ္တာမ်ိဳးကိုုပါ ဂရုတစိုုက္လုပ္မယ္ဆိုရင္ က်န္းမာေရး ပိုေကာင္းလာနုိင္ပါတယ္။

၄။ အေနေတာ္ပံုသ႑န္နဲ႕ ေခ်ာေမြ႕တဲ့ မ်က္နွာျပင္

ဒီလိုမ်ိဳး အေျခအေနလည္းၾကံဳမယ္ ၀မ္းသြားရတာလည္း အခက္အခဲမရွိဘူးဆိုရင္ေတာ့ သင့္က်န္းမာေရး အေျခအေနက အေကာင္းဆံုးပါ။ ဒီလုိက်န္းမာေရးကို ဆက္ထိန္းထားနိုင္ဖုိ႕ လိုပါတယ္။

၅။ ခၽြဲခၽြဲပစ္ပစ္အတံုးေသးေတြ

ဒါဆိုရင္ေတာ့ ၀မ္းေလွ်ာျခင္း လကၡဏာရဲ့ အစျဖစ္နုိင္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အစပ္၊ အခ်ဥ္ရည္နဲ႕ လမ္းေဘးစာေတြေရွာင္သင့္ပါတယ္။ အာလူးလိုမ်ိဳး အမွ်င္ဓါတ္နည္းတဲ့ အစားမ်ိဳးကို ေရြးစားသင့္ပါတယ္။

၆။ ခၽြဲပစ္ပစ္အရည္မ်ား

၀မ္းေလ်ာတဲ့လကၡဏာ အစပါ။ ၀မ္းထဲမွာလည္း အမ်ွင္ဓါတ္ေတြမ်ားေနပါတယ္။ အၾကိမ္အေရအတြက္ မ်ားလာရင္ေတာ့ ဓါတ္စားရည္ေသာက္ေပးသင့္ပါတယ္။ နွစ္ရက္ထက္ပိုျပီး ဒီလိုျဖစ္ေနမယ္ဆုိရင္ အားအင္ကုန္ဆံုးနိုင္တာေၾကာင့္ ဆရာ၀န္နဲ႕ ျပသင့္ပါတယ္။

၇။ အရည္၀မ္း

ဒါလိုအခ်ိန္ကေတာ့ ၀မ္းပ်က္ ၀မ္းေလ်ာေရာဂါ အၾကီးစားပါ။ အစာအဆိပ္သင့္တာမ်ိဳး၊ အခ်ဥ္ေပါက္သြားတာမ်ိဳးနဲ႕ စားတဲ့အစားထဲမွာ ဘတ္တီးရီးယားေတြ ပါသြားတာေၾကာင့္ ျဖစ္နိုင္ပါတယ္။ ေရနဲ႕ ဓါတ္စားေသာက္ဖုိ႕ မေပါ့ပါနဲ႕။ နွစ္ရက္ထက္ပိုျပီး ဒီလိုမ်ိဳး ဆက္ျဖစ္ေနမယ္ဆိုရင္ ေဆး၀ါးကုသမႈခံယူသင့္တဲ့ အေျခအေနပါ။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ခေါင်းစဉ်ကိုကြားတာနဲ့ တွန့်မသွားနဲ့ဦးနော်။ တကယ်တော့ ကိုယ်ခန္ဓာက စွန့်လိုက်တဲ့ မစင်ထက် ကျွန်တော်တို့ ကျန်းမာရေးကို ပြောပြနိုင်တဲ့အရာမရှိပါဘူး။ ဒါကြောင့် ကိုယ်စွန့်လိုက်တဲ့ မစင်ကိုကြည့်ပြီး ကိုယ့်ကျန်းမာရေး အခြေအနေကို ဘယ်လိုသိနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။Birstol တော်ဝင်ဆေးရုံက သိပ္ပံပညာရှင်တွေစုပြီး မစင်ရဲ့ပုံသဏ္ဍန်ကနေ ကျန်းမာရေး ခန့်မှန်းလို့အောင် သုတေသနလုပ်ထားတာရှိပါတယ်။ သူတို့အဆိုအရတော့ မစင်ရဲ့ပုံသဏ္ဍန် ၇ မျိုး ရှိပါသတဲ့။

၁။ ကျောက်တုံးလို အတုံးလေးတွေ

ဒါဟာ အကြီးစား ဝမ်းချုပ်တဲ့လက္ခဏာဖြစ်ပါတယ်။ အမျှင်ဓါတ်နည်းနေတာကြောင့် အမျှင်ဓါတ်များများပါတဲ့ အသီးအနှံတွေစားသင့်ပါတယ်။ ဝမ်းချုပ်တာဟာ ရောဂါအားလုံးရဲ့ အစဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။ လိုအပ်ရင် ဆရာဝန်သွားပြဖို့ မမေ့ပါနဲ့။

၂။ ခပ်မာမာအတုံးကြီးတွေ

ဒါဟာလည်း ဝမ်းချုပ်တဲ့ လက္ခဏာတစ်ခုပါ။ နံပါတ် ၁ မှာ ပြထားသလောက် မဆိုးပေမယ့် ဂရုစိုက်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့်လည်းဖြစ်နိုင်သလို ဝမ်းပိတ်ဆေးလိုတာထက်ပိုသောက်လိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသီးအနှံစားတာနဲ့ ကိုယ်လက်လှုပ်ရှားမှုများများ လုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။

၃။ အလောတော်အပျော့အမာနဲ့ မျက်နှာပြင်

ဒါဆိုရင်တော့ သင့်ကျန်းမာရေးက ပုံမှန်ပါပဲ။ ရေများများသောက်တာမျိုး ကိုယ်လက်လှုပ်ရှားမှုများများလုပ်တာမျိုးကိုပါ ဂရုတစိုက်လုပ်မယ်ဆိုရင် ကျန်းမာရေး ပိုကောင်းလာနိုင်ပါတယ်။

၄။ အနေတော်ပုံသဏ္ဍန်နဲ့ ချောမွေ့တဲ့ မျက်နှာပြင်

ဒီလိုမျိုး အခြေအနေလည်းကြုံမယ် ဝမ်းသွားရတာလည်း အခက်အခဲမရှိဘူးဆိုရင်တော့ သင့်ကျန်းမာရေး အခြေအနေက အကောင်းဆုံးပါ။ ဒီလိုကျန်းမာရေးကို ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။

၅။ ချွဲချွဲပစ်ပစ်အတုံးသေးတွေ

ဒါဆိုရင်တော့ ဝမ်းလျှောခြင်း လက္ခဏာရဲ့ အစဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစပ်၊ အချဉ်ရည်နဲ့ လမ်းဘေးစာတွေရှောင်သင့်ပါတယ်။ အာလူးလိုမျိုး အမျှင်ဓါတ်နည်းတဲ့ အစားမျိုးကို ရွေးစားသင့်ပါတယ်။

၆။ ချွဲပစ်ပစ်အရည်များ

ဝမ်းလျောတဲ့လက္ခဏာ အစပါ။ ဝမ်းထဲမှာလည်း အမျှင်ဓါတ်တွေများနေပါတယ်။ အကြိမ်အရေအတွက် များလာရင်တော့ ဓါတ်စားရည်သောက်ပေးသင့်ပါတယ်။ နှစ်ရက်ထက်ပိုပြီး ဒီလိုဖြစ်နေမယ်ဆိုရင် အားအင်ကုန်ဆုံးနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၇။ အရည်ဝမ်း

ဒါလိုအချိန်ကတော့ ဝမ်းပျက် ဝမ်းလျောရောဂါ အကြီးစားပါ။ အစာအဆိပ်သင့်တာမျိုး၊ အချဉ်ပေါက်သွားတာမျိုးနဲ့ စားတဲ့အစားထဲမှာ ဘတ်တီးရီးယားတွေ ပါသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ရေနဲ့ ဓါတ်စားသောက်ဖို့ မပေါ့ပါနဲ့။ နှစ်ရက်ထက်ပိုပြီး ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် ဆေးဝါးကုသမှုခံယူသင့်တဲ့ အခြေအနေပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top