အေမရိကန္ အမ်ိဳး သမီးေတြ အေနနဲ႕ အသက္ အ႐ြယ္ ရင့္က်က္ လာခ်ိန္မွ ကိုယ္ဝန္ယူ ကေလးေမြးတဲ့ အက်င့္ ျဖစ္ထြန္း လာခဲ့တာ ဆယ္စုႏွစ္ တစု ေက်ာ္လာ ပါၿပီ။ ဒါက သူတို႔ အက်င့္ပါ။

အခုေတာ့ အေမရိကန္ ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရး စင္တာက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေလ့လာ ေတြ႔ရွိခ်က္ ထုတ္ျပန္ မႈေတြ အရ အသက္ ၃၀ ေက်ာ္ အ႐ြယ္ အမ်ိဳးသမီး ေတြဟာ အသက္ ၂၀ ေက်ာ္ အ႐ြယ္ အမ်ိဳးသမီး ေတြထက္ ကိုယ္ဝန္ေဆာင္ရ လြယ္ကူတယ္၊ သေႏၶတည္မႈ လြယ္ေစ တယ္လို႔ ဆိုလာပါၿပီ။

အထူးသျဖင့္ေတာ့ ထုတ္ျပန္ခ်က္ ထဲမွာ ကေလး ေမြးဖြားႏႈန္းနဲ႕ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး အေရအတြက္ျပ စာရင္းမွာ အသက္ ၂၅ ႏွစ္ကေန ၂၉ ႏွစ္အတြင္း အမ်ိဳးသမီးေတြထက္ အသက္ ၃၀ ကေန ၃၄ ႏွစ္အတြင္း အမ်ိဳးသမီးေတြက အေရအတြက္ ပို မ်ားတာ ေတြ႕ရပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ၃စု အတြင္း ေမြးဖြားႏႈန္းေတြကို တိုက္ၾကည့္ စစ္ေဆးၿပီး ေပၚထြက္လာတဲ့ စစ္တမ္းပါ။

စင္တာရဲ႕ေဖာ္ျပခ်က္အရ လူ ၁သိန္းမွာ အသက္ ၃၀နဲ႕ ေနာက္ပိုင္း ကိုယ္ဝန္ေဆာင္မႈနဲ႕ ကေလးေမြးႏႈန္းက ၁၀၃ ရာခိုင္ႏႈန္း ရွိေပမယ့္ အသက္ ၂၀ အ႐ြယ္ ကိုယ္ဝန္ေဆာင္ႏႈန္းကေတာ့ ၁၀၂ ရာခိုင္ႏႈန္းပဲ ရွိေနပါတယ္။

ပ်မ္းမွ် မိန္းကေလးေတြရဲ႕ပထမကိုယ္ဝန္ေဆာင္မႈနဲ႕ ကေလးေမြးဖြားမႈက စစ္တမ္းအရ အသက္ ၂၈ ႏွစ္ခန႔္မွာ ေမြးတယ္လို႔ ဆိုပါတယ္။

၂၀၀၄ခုႏွစ္ စာရင္းေတြအရေတာ့ အမ်ိဳးသမီးေတြဟာ ပ်မ္းမွ် အသက္ ၂၆.၃ႏွစ္မွာ ပထမ ကေလးယူၾကၿပီး အခုႏွစ္ေတြ အ တြင္းမွာ ပ်မ္းမွ် အသက္ ၂၈ ႏွစ္ခန႔္ ျဖစ္လာမႈအရ ရာခိုင္ႏႈန္း ၄၂ ထိေအာင္ အသက္ႀကီးမွ ကေလးယူလာတာကို ေတြ႕ရပါ တယ္။

ဒီလို အသက္ ၃၀ ေက်ာ္မွ ကေလးယူလာမႈမွာ မိခင္ေလာင္းေတြအေနနဲ႕ အလုပ္တာဝန္ေတြအျပင္ အဆိုပါကာလမွာမွ က ေလးယူဖို႔ အေကာင္းဆုံးအခ်ိန္ကို ဖန္တီးနိုင္မႈေၾကာင့္ အသက္ေနာက္ဆုတ္ၿပီး ကေလးရယူလာၾကသလို ေဆးပညာအရ ေတာ့ အသက္ ၃၀ နဲ႕ ေနာက္ပိုင္းမွာ မိခင္ေလာင္းေတြအေနနဲ႕ ကေလးရဖို႔ ပိုမို လြယ္ကူလာတယ္လို႔ ဆိုပါတယ္။

အသက္ ၂၇ ႏွစ္နဲ႕ ကိုယ္ဝန္ေဆာင္ ကေလးရယူထားသူ မိခင္တေယာက္ရဲ႕ေျပာၾကားခ်က္မွာဆိုရင္ “က်မ ၂၇ ႏွစ္နဲ႕ ပထမ ကေလး ယူလိုက္တယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေရာ ကေလးေမြးဖြားၿပီးခ်ိန္မွာပါ မိမိကိုယ္ကို အသက္ ၄၀ ေက်ာ္ အ႐ြယ္လို႔ ခံစားရတယ္၊ လႈပ္ရွားမႈနဲ႕ သြားလာနိုင္မႈေတြမွာ အလိုမက်ဘဴး ျဖစ္ခဲ့ရတယ္၊ ဒါေပမယ့္ ေနာက္ပိုင္းအသက္ ၃၀ ေက်ာ္မွာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေတာ့ တည္ၿငိမ္မႈ အေကာင္းဆုံး ရလာခဲ့တယ္”လို႔ ဆိုပါတယ္။

၁၉၇၀ ခုႏွစ္ဝန္းက်င္ကို ျပန္ၾကည့္ရင္ေတာ့ အမ်ိဳးသမီးေတြဟာ ပ်မ္းမွ် အသက္၂၁ ႏွစ္မွာ ပထမကေလး ယူတတ္ၾကၿပီး အ ဆိုပါကာလက ကေလးယူမႈအပိုင္းမွာ အမ်ိဳးသမီးေတြရဲ႕ပညာေရး အားနည္းခ်က္၊ တီထြင္ေအာင္ျမင္မႈ နည္းပါးျခင္းနဲ႕အတူ ဘဝအေတြ႕အႀကဳံနည္းမႈေတြေၾကာင့္လို႔ စင္တာကေန သုံးသပ္ပါတယ္။

အခုေတာ့ ဒီဘက္ေခတ္မွာ ကိုယ္ဝန္ေဆာင္မႈအသက္ အ႐ြယ္ႀကီးလာသလို ေဆးပညာအရလည္း အသက္ ၃၀ ေက်ာ္မွာ ကိုယ္ဝန္ေဆာင္တာ ေကာင္းမြန္သလို ကိုယ္ဝန္ရဖို႔လည္း လြယ္ကူလာတယ္လို႔ သိရွိလာရတာ ျဖစ္ပါတယ္။

၂၀၁၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ ေဟာက္စတန္တကၠသိုလ္က ပါေမာကၡ Elizabeth Gregoryရဲ႕ Ready: Why Women are Embracing the New Later Motherhoodစာအုပ္ထဲက အခ်က္အလက္ေပါင္း ၂၀၀၀ကို ၾကည့္မယ္ဆိုရင္လည္း အ သက္ ၃၀ေက်ာ္မွ ကိုယ္ဝန္ယူ ကေလးေမြးတာဟာ မိခင္ေတြအတြက္ ပိုမို ေကာင္းမြန္တယ္လို႔ ဆိုထားတာပါ။

ဒါအျပင္ အသက္အ႐ြယ္အလိုက္ ကိုယ္ဝန္ေဆာင္ကေလးေမြးမႈ စာရင္းေတြအရ လက္ရွိမွာ အသက္ ၃၀ ေက်ာ္ ကိုယ္ဝန္ယူ ေမြးဖြားမႈဟာ အမ်ားဆုံး ရွိေနၿပီး သူ႕ေနာက္မွာေတာ့ အသက္ ၄၀ ကေန ၄၅ ႏွစ္အတြင္း ကေလးယူမႈႏႈန္းက အသက္ ၂၀ ေက်ာ္ေတြမွာ ကေလးယူႏႈန္းထက္ကိုပဲ ပိုမိုေနတာလည္း ေတြ႕ရပါတယ္။

ဒါဟာ ခ်မ္းသာၿပီး နည္းပညာ ဖြံ႕ၿဖိဳးၿပီး နိုင္ငံတခုအတြက္ ကိုယ္ဝန္ေဆာင္မႈကို အသက္ေနာက္ဆုတ္လာျခင္းဟာ တည္ၿငိမ္ မႈနဲ႕ ေဆးပညာအရ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္လာျခင္း ျဖစ္ၿပီး သက္ငယ္ကေလးေမြးဖြားမႈေတြကေတာ့ ဖြံ႕ၿဖိဳးမႈနဲ႕ ေဆးပညာ အားနည္းတဲ့နိုင္ငံေတြမွာ ေတြ႕ေနရတယ္လို႔ ဆိုပါတယ္။

စင္တာရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ ဘယ္အ႐ြယ္မွာ ကေလးယူသင့္တယ္ဆိုတာကို ဆိုလိုရင္းထက္ အသက္ ၃၀ ေက်ာ္ အမ်ိဳး သမီးေတြအေနနဲ႕ ကိုယ္ဝန္ ရလြယ္ေၾကာင္းနဲ႕ အဆိုပါအ႐ြယ္မွာ ကိုယ္ဝန္ယူ ကေလးေမြးျခင္းဟာ အေကာင္းဆုံး ျဖစ္တယ္ ဆိုတာကို စာရင္းျပဳ ထုတ္ျပန္လာျခင္းပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: ဧရာဝတီ

#Unicode Version#
အမေရိကန် အမျိုး သမီးတွေ အနေနဲ့ အသက် အရွယ် ရင့်ကျက် လာချိန်မှ ကိုယ်ဝန်ယူ ကလေးမွေးတဲ့ အကျင့် ဖြစ်ထွန်း လာခဲ့တာ ဆယ်စုနှစ် တစု ကျော်လာ ပါပြီ။ ဒါက သူတို့ အကျင့်ပါ။

အခုတော့ အမေရိကန် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လေ့လာ တွေ့ရှိချက် ထုတ်ပြန် မှုတွေ အရ အသက် ၃၀ ကျော် အရွယ် အမျိုးသမီး တွေဟာ အသက် ၂၀ ကျော် အရွယ် အမျိုးသမီး တွေထက် ကိုယ်ဝန်ဆောင်ရ လွယ်ကူတယ်၊ သန္ဓေတည်မှု လွယ်စေ တယ်လို့ ဆိုလာပါပြီ။

အထူးသဖြင့်တော့ ထုတ်ပြန်ချက် ထဲမှာ ကလေး မွေးဖွားနှုန်းနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အရေအတွက်ပြ စာရင်းမှာ အသက် ၂၅ နှစ်ကနေ ၂၉ နှစ်အတွင်း အမျိုးသမီးတွေထက် အသက် ၃၀ ကနေ ၃၄ နှစ်အတွင်း အမျိုးသမီးတွေက အရေအတွက် ပို များတာ တွေ့ရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃စု အတွင်း မွေးဖွားနှုန်းတွေကို တိုက်ကြည့် စစ်ဆေးပြီး ပေါ်ထွက်လာတဲ့ စစ်တမ်းပါ။

စင်တာရဲ့ဖော်ပြချက်အရ လူ ၁သိန်းမှာ အသက် ၃၀နဲ့ နောက်ပိုင်း ကိုယ်ဝန်ဆောင်မှုနဲ့ ကလေးမွေးနှုန်းက ၁၀၃ ရာခိုင်နှုန်း ရှိပေမယ့် အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်နှုန်းကတော့ ၁၀၂ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။

ပျမ်းမျှ မိန်းကလေးတွေရဲ့ပထမကိုယ်ဝန်ဆောင်မှုနဲ့ ကလေးမွေးဖွားမှုက စစ်တမ်းအရ အသက် ၂၈ နှစ်ခန့်မှာ မွေးတယ်လို့ ဆိုပါတယ်။

၂၀၀၄ခုနှစ် စာရင်းတွေအရတော့ အမျိုးသမီးတွေဟာ ပျမ်းမျှ အသက် ၂၆.၃နှစ်မှာ ပထမ ကလေးယူကြပြီး အခုနှစ်တွေ အ တွင်းမှာ ပျမ်းမျှ အသက် ၂၈ နှစ်ခန့် ဖြစ်လာမှုအရ ရာခိုင်နှုန်း ၄၂ ထိအောင် အသက်ကြီးမှ ကလေးယူလာတာကို တွေ့ရပါ တယ်။

ဒီလို အသက် ၃၀ ကျော်မှ ကလေးယူလာမှုမှာ မိခင်လောင်းတွေအနေနဲ့ အလုပ်တာဝန်တွေအပြင် အဆိုပါကာလမှာမှ က လေးယူဖို့ အကောင်းဆုံးအချိန်ကို ဖန်တီးနိုင်မှုကြောင့် အသက်နောက်ဆုတ်ပြီး ကလေးရယူလာကြသလို ဆေးပညာအရ တော့ အသက် ၃၀ နဲ့ နောက်ပိုင်းမှာ မိခင်လောင်းတွေအနေနဲ့ ကလေးရဖို့ ပိုမို လွယ်ကူလာတယ်လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်နဲ့ ကိုယ်ဝန်ဆောင် ကလေးရယူထားသူ မိခင်တယောက်ရဲ့ပြောကြားချက်မှာဆိုရင် “ကျမ ၂၇ နှစ်နဲ့ ပထမ ကလေး ယူလိုက်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးဖွားပြီးချိန်မှာပါ မိမိကိုယ်ကို အသက် ၄၀ ကျော် အရွယ်လို့ ခံစားရတယ်၊ လှုပ်ရှားမှုနဲ့ သွားလာနိုင်မှုတွေမှာ အလိုမကျဘူး ဖြစ်ခဲ့ရတယ်၊ ဒါပေမယ့် နောက်ပိုင်းအသက် ၃၀ ကျော်မှာ ကိုယ်ဝန်ဆောင်ချိန်မှာတော့ တည်ငြိမ်မှု အကောင်းဆုံး ရလာခဲ့တယ်”လို့ ဆိုပါတယ်။

၁၉၇၀ ခုနှစ်ဝန်းကျင်ကို ပြန်ကြည့်ရင်တော့ အမျိုးသမီးတွေဟာ ပျမ်းမျှ အသက်၂၁ နှစ်မှာ ပထမကလေး ယူတတ်ကြပြီး အ ဆိုပါကာလက ကလေးယူမှုအပိုင်းမှာ အမျိုးသမီးတွေရဲ့ပညာရေး အားနည်းချက်၊ တီထွင်အောင်မြင်မှု နည်းပါးခြင်းနဲ့အတူ ဘဝအတွေ့အကြုံနည်းမှုတွေကြောင့်လို့ စင်တာကနေ သုံးသပ်ပါတယ်။

အခုတော့ ဒီဘက်ခေတ်မှာ ကိုယ်ဝန်ဆောင်မှုအသက် အရွယ်ကြီးလာသလို ဆေးပညာအရလည်း အသက် ၃၀ ကျော်မှာ ကိုယ်ဝန်ဆောင်တာ ကောင်းမွန်သလို ကိုယ်ဝန်ရဖို့လည်း လွယ်ကူလာတယ်လို့ သိရှိလာရတာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောက်စတန်တက္ကသိုလ်က ပါမောက္ခ Elizabeth Gregoryရဲ့ Ready: Why Women are Embracing the New Later Motherhoodစာအုပ်ထဲက အချက်အလက်ပေါင်း ၂၀၀၀ကို ကြည့်မယ်ဆိုရင်လည်း အ သက် ၃၀ကျော်မှ ကိုယ်ဝန်ယူ ကလေးမွေးတာဟာ မိခင်တွေအတွက် ပိုမို ကောင်းမွန်တယ်လို့ ဆိုထားတာပါ။

ဒါအပြင် အသက်အရွယ်အလိုက် ကိုယ်ဝန်ဆောင်ကလေးမွေးမှု စာရင်းတွေအရ လက်ရှိမှာ အသက် ၃၀ ကျော် ကိုယ်ဝန်ယူ မွေးဖွားမှုဟာ အများဆုံး ရှိနေပြီး သူ့နောက်မှာတော့ အသက် ၄၀ ကနေ ၄၅ နှစ်အတွင်း ကလေးယူမှုနှုန်းက အသက် ၂၀ ကျော်တွေမှာ ကလေးယူနှုန်းထက်ကိုပဲ ပိုမိုနေတာလည်း တွေ့ရပါတယ်။

ဒါဟာ ချမ်းသာပြီး နည်းပညာ ဖွံ့ဖြိုးပြီး နိုင်ငံတခုအတွက် ကိုယ်ဝန်ဆောင်မှုကို အသက်နောက်ဆုတ်လာခြင်းဟာ တည်ငြိမ် မှုနဲ့ ဆေးပညာအရ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လာခြင်း ဖြစ်ပြီး သက်ငယ်ကလေးမွေးဖွားမှုတွေကတော့ ဖွံ့ဖြိုးမှုနဲ့ ဆေးပညာ အားနည်းတဲ့နိုင်ငံတွေမှာ တွေ့နေရတယ်လို့ ဆိုပါတယ်။

စင်တာရဲ့ထုတ်ပြန်ချက်မှာတော့ ဘယ်အရွယ်မှာ ကလေးယူသင့်တယ်ဆိုတာကို ဆိုလိုရင်းထက် အသက် ၃၀ ကျော် အမျိုး သမီးတွေအနေနဲ့ ကိုယ်ဝန် ရလွယ်ကြောင်းနဲ့ အဆိုပါအရွယ်မှာ ကိုယ်ဝန်ယူ ကလေးမွေးခြင်းဟာ အကောင်းဆုံး ဖြစ်တယ် ဆိုတာကို စာရင်းပြု ထုတ်ပြန်လာခြင်းပဲ ဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit: ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top