20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

“အေမ မသိပါဘူး” လို႔ေအာ္လိုက္ရင္အေမ့အသံေလးတိတ္လို႔
အင္းေလ ခုေခတ္ကို အေမမွမသိပဲ သားသမီးေတြရဲ႕ မေျပာျပခ်င္တဲ့ ျပသနာကို အေမ မွမသိပဲ

သားသမီးေတြ ဘာေတြႀကိဳက္ၿပီး ဘာေတြစြဲလန္းေနတတ္လည္း အေမ မွမသိပဲ
ဒါေပမယ့္ အေမ အရမ္းသိခ်င္တယ္။ သိခြင့္ရေအာင္ အျမဲႀကိဳးစားတယ္
သားသမီးေတြ ဘာျဖစ္လည္း မေျပာျပခ်င္ေပမယ့္ သိရမလားႀကိဳးစား လို႔

မသိတဲ့ေနာက္မွ ထုတ္ေျပာတဲ့အခါ ေအာ္ခံရေရာ အေမက ဘာသိလို႔လည္း
အေမက ဘာနားလည္ေနလုိ႔လည္း ဟုတ္တယ္ .. အေမ မသိပါဘူး

ဒါေပမယ့္ အေမကုိ ေျပာျပၾကရဲ႕လား။ အေမသိေအာင္ ႐ွင္းျပၾကရဲ႕လား။
ဖုန္းဆိုတာ ဆက္ဖို႔ပဲ သိတဲ့အေမ့ကို ဘာေတြလုပ္လို႔… ရတယ္ဆိုတာ သင္ေပးၾကရဲ႕လား

ဟုတ္တယ္ အေမ မသိပါဘူး။ အေမ ေမးတိုင္း အေမကသိခ်င္လုိ႔ ေမးၾကည့္တိုင္း
အေမ ဘာသိလို႔လည္းဆိုတဲ့ စကားလံုးနဲ႔ ဒါေပမယ့္ အေမ သိတာကိုေရာ သတိထားမိရဲ႕လား

တကယ္ေတာ့ အေမသိပါတယ္။ သားသမီးေတြ မ်က္ႏွာအေျခအေနေျပာင္းေနရင္
အေမသိတယ္။ သားသမီးေတြ အရမ္းပင္ပန္းေနလားဆိုတာ အေမသိတယ္။

သားသမီးေတြ စိတ္ညစ္ေနၿပီ ေပ်ာ္ေနၿပီဆိုတာ အေမသိတယ္။ သားသမီးေတြ အသည္းကြဲေနလား ခ်စ္သူရေနလားဆိုတာ အေမသိတယ္။ သားသမီးေတြ ဗိုက္ဆာေနလား ဟင္းမႀကိဳက္ဘူးလားဆိုတာ အေမသိတယ္။

သားသမီးေတြ ဖ်ားခ်င္ေနၿပီလား ဖ်ားေတာ့မွာလားဆိုတာ အေမသိတယ္။
သားသမီးေတြကုိယ္တိုင္ေတာင္ မသိတဲ့အရာေတြ အေမအကုန္သိေနတယ္။
ဒါေပမယ့္ အေမသိတာေတြကို သားသမီးေတြက အေမ့ အေပၚျပန္သိလား။

အေမစိတ္ထဲ ဘာျဖစ္ေနလဲ ဆိုတာျမင္ေပးရဲ႕လား။ ဟင့္အင္း မသိပါဘူး။
ဟင္းအင္း မျမင္ေပးတတ္ပါဘူး။ တိုက္ဆိုင္မွ တစ္ႀကိမ္ေလာက္ သတိထားမိ တာေလာက္ပဲ အေမ မသိပါဘူး။

ဟင့္အင္း တစ္ကယ္က ကြၽန္ေတာ္တို႔မသိပါဘူး အေမ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


“အမေ မသိပါဘူး” လို့အော်လိုက်ရင်အမေ့အသံလေးတိတ်လို့
အင်းလေ ခုခေတ်ကို အမေမှမသိပဲ သားသမီးတွေရဲ့ မပြောပြချင်တဲ့ ပြသနာကို အမေ မှမသိပဲ

သားသမီးတွေ ဘာတွေကြိုက်ပြီး ဘာတွေစွဲလန်းနေတတ်လည်း အမေ မှမသိပဲ
ဒါပေမယ့် အမေ အရမ်းသိချင်တယ်။ သိခွင့်ရအောင် အမြဲကြိုးစားတယ်
သားသမီးတွေ ဘာဖြစ်လည်း မပြောပြချင်ပေမယ့် သိရမလားကြိုးစား လို့

မသိတဲ့နောက်မှ ထုတ်ပြောတဲ့အခါ အော်ခံရရော အမေက ဘာသိလို့လည်း
အမေက ဘာနားလည်နေလို့လည်း ဟုတ်တယ် .. အမေ မသိပါဘူး

ဒါပေမယ့် အမေကို ပြောပြကြရဲ့လား။ အမေသိအောင် ရှင်းပြကြရဲ့လား။
ဖုန်းဆိုတာ ဆက်ဖို့ပဲ သိတဲ့အမေ့ကို ဘာတွေလုပ်လို့… ရတယ်ဆိုတာ သင်ပေးကြရဲ့လား

ဟုတ်တယ် အမေ မသိပါဘူး။ အမေ မေးတိုင်း အမေကသိချင်လို့ မေးကြည့်တိုင်း
အမေ ဘာသိလို့လည်းဆိုတဲ့ စကားလုံးနဲ့ ဒါပေမယ့် အမေ သိတာကိုရော သတိထားမိရဲ့လား

တကယ်တော့ အမေသိပါတယ်။ သားသမီးတွေ မျက်နှာအခြေအနေပြောင်းနေရင်
အမေသိတယ်။ သားသမီးတွေ အရမ်းပင်ပန်းနေလားဆိုတာ အမေသိတယ်။

သားသမီးတွေ စိတ်ညစ်နေပြီ ပျော်နေပြီဆိုတာ အမေသိတယ်။ သားသမီးတွေ အသည်းကွဲနေလား ချစ်သူရနေလားဆိုတာ အမေသိတယ်။ သားသမီးတွေ ဗိုက်ဆာနေလား ဟင်းမကြိုက်ဘူးလားဆိုတာ အမေသိတယ်။

သားသမီးတွေ ဖျားချင်နေပြီလား ဖျားတော့မှာလားဆိုတာ အမေသိတယ်။
သားသမီးတွေကိုယ်တိုင်တောင် မသိတဲ့အရာတွေ အမေအကုန်သိနေတယ်။
ဒါပေမယ့် အမေသိတာတွေကို သားသမီးတွေက အမေ့ အပေါ်ပြန်သိလား။

အမေစိတ်ထဲ ဘာဖြစ်နေလဲ ဆိုတာမြင်ပေးရဲ့လား။ ဟင့်အင်း မသိပါဘူး။
ဟင်းအင်း မမြင်ပေးတတ်ပါဘူး။ တိုက်ဆိုင်မှ တစ်ကြိမ်လောက် သတိထားမိ တာလောက်ပဲ အမေ မသိပါဘူး။

ဟင့်အင်း တစ်ကယ်က ကျွန်တော်တို့မသိပါဘူး အမေ …

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top