ျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္ျပီး တရုတ္သမၼတထံ အိတ္ဖြင့္ေပးစာကို ရန္ကုန္ Novotel ဟိုတယ္မွာ က်င္းပျပဳလုပ္တဲ့ ေဟာေျပာပြဲမွ တဆင့္ ထုတ္ျပန္လိုက္ပါတယ္။ “ဧရာဝတီကို ျပန္ေရြးယူၾကမယ္” ဆိုတဲ့ ေဟာေျပာပြဲမွာေတာ့ ႏိုင္ငံေရးသမားမ်ား ၊ မိုးေလဝသ ပညာရွင္ ၊ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ပညာရွင္ ၊ ကာတြန္းဆရာ၊ စာေရးဆရာ ၊ သရုပ္ေဆာင္ ၊ ေတးေရးဆရာနဲ႔ အဆုိေတာ္ စသူေတြ ပါဝင္ေဆြးေႏြးခဲ့ၾကတာပါ။

ဒီထဲမွာေတာ့ မိန္းကေလးေတြ အသည္းစြဲ မင္းသားေခ်ာ ေဒါင္းလည္း ပါဝင္ေဆြးေႏြးခဲ့ပါတယ္။ စာေရးဆရာေလာက္ အေျပာအေဟာ မေကာင္းေပမဲ့ လူငယ္တစ္ေယာက္အေနနဲ႔ ျမစ္ဆံုအေပၚ ထားရွိတဲ့ ခံစားခ်က္ကို သမိုင္းနဲ႔ ကိုင္ေပါက္ျပီး ေျပာသြားႏိုင္တဲ့ ေဒါင္းကို ပရိသတ္ေတြက ခ်ီးက်ဴးၾကပါတယ္။ ေဒါင္းကေတာ့ ေဟာေျပာပြဲမွာ ခုလိုမ်ိဳး ေျပာၾကားသြားခဲ့ပါတယ္။

“ဧရာဝတီနဲ႔ ပတ္သက္တဲ့ အသက္ေမြးဝမ္းေၾကာင္း အယူအဆေတြကို ဆရာ ၊ ဆရာမေတြ ေျပာသြားတာ ျပည့္စံုေနျပီျဖစ္လို႔ ကၽြန္ေတာ္က ဆက္မေျပာေတာ့ပါဘူး။ ကၽြန္ေတာ္ အပါအဝင္ ျပည္သူေတြရဲ႕ ႏွလံုးသား အေၾကာင္းကို ေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ ျပည္သူေတြမွာ သမိုင္းအဆက္ဆက္ သိပ္မ်ားမ်ားစားစား ေျပာစရာေတြ မရွိပါဘူး။

ကၽြန္ေတာ္တို႔ ခ်စ္ျမတ္ႏိုးတဲ့ အရာေတြကို အျမဲတမ္း ဆံုးရံႈးခဲ့ၾကပါတယ္။ အဲ့လိုပဲ ကၽြန္ေတာ္တို႔ ဧရာဝတီကို ဆံုးရံႈးမွာကို ကၽြန္ေတာ္အပါအဝင္ ျပည္သူအားလံုး ေၾကာက္မွာပါ။ စိုးရိမ္မွာပါ။

အခု ျမစ္ဆံုမွာ ကၽြန္ေတာ္ ခံစားရသေလာက္ ထူးျခားတဲ့ အခ်က္က အားလံုး ညီညြတ္ၾကပါတယ္။ အဲ့ေတာ့ ျပည္သူေတြမွာ အယူဝါဒ ကြဲျပားမႈေတြ ရွိတယ္။ တိုင္းရင္းသားေတြ ပါတီေတြ အယူဝါဒကြဲျပားမႈေတြ ရွိတယ္။ ဒါေပမဲ့ ျမစ္ဆံုကိုေတာ့ တူညီတဲ့ စည္းလံုးျခင္း ရွိတယ္။ အဲ့ဒါက အရမ္းကို ၾကည္ႏူးစရာေကာင္းျပီး ခ်စ္စရာေကာင္းတဲ့ ခံစားခ်က္ပါ။ ျပီးေတာ့ ျမစ္ဆံုေပၚမွာ အမ်ားၾကီး ေမွ်ာ္လင့္ခ်က္ထားတယ္။ အဲ့ေမွ်ာ္လင့္ခ်က္ေတြ ကုန္ဆံုးသြားရင္ ဘာျဖစ္မယ္ ဆိုတာကိုေတာ့ ကၽြန္ေတာ္ မေတြးရဲဘူး။ လူ႕အဖြဲ႔အစည္းရဲ႕ ေကာင္းေသာေျပာင္းလဲျခင္းေတြ စည္းလံုးျခင္းေတြ ႏွလံုးသားထဲက ခ်စ္ျခင္းေမတၱာေတြ တူတူျဖစ္တည္လာဖို႔အတြက္ ဧရာဝတီကို ျပန္ယူၾကဖို႔ ေျပာခ်င္ပါတယ္။” လို႔ ဆိုပါတယ္။

အႏုပညာသမားတစ္ေယာက္အေနနဲ႔ ျပည္သူတစ္ေယာက္အေနနဲ႔ ေဟာေျပာပြဲမွာ ပါဝင္ျဖစ္ပံုကို ေဒါင္းက ခုလို ေျပာသြားပါတယ္။

“အႏုပညာ သမားတစ္ေယာက္အေနနဲ႔ အားျဖည့္တယ္လို႔ ယူဆရင္း ျပည္သူတစ္ေယာက္အေနနဲ႔ ဒါကို လုပ္ကိုလုပ္သင့္တယ္လို႔ ယူဆျပီး ေရာက္လာတာပါ။ အရမ္းေကာင္းတယ္။ ဘယ္လိုျမင္လဲဆိုေတာ့ ဒါက အစပ်ိဳးမႈပဲ။ ဒီလိုမွ အစမပ်ိဳးရင္ ဘယ္ေတာ့မွ အစပ်ိဳးျဖစ္မွာ မဟုတ္ဘူး။ အေကာင္းဆံုး အရာေတြ ျဖစ္ႏိုင္ဖို႕ ဒါက အစပ်ိဳးျခင္း တစ္ခုပဲ။

ဒါက ကၽြန္ေတာ္တို႔ ေခတ္မွာ ကၽြန္ေတာ္တို႔ ေရးရမယ့္ သမိုင္းပဲ။ သမိုင္းစာအုပ္ေတြ ဖတ္ၾကည့္လိုက္။ မေရးခဲ့တဲ့လူေတြေၾကာင့္ ျဖစ္ခဲ့တဲ့ သမိုင္းဆိုးေတြ ရွိတယ္။ ေရးခဲ့တဲ့လူေတြေၾကာင့္ ျဖစ္ခဲ့တဲ့ သမိုင္းေကာင္းေတြလည္း ရွိတယ္။ ကၽြန္ေတာ္တို႔ ေခတ္မွာ သမိုင္းေကာင္း ေရးမလား ဆိုတာကေတာ့ တာဝန္ယူခ်င္တဲ့ စိတ္ ၊ ျဖစ္ခ်င္တဲ့စိတ္ အားလံုးနဲ႔ ဒီေပၚမွာ ခ်စ္တဲ့ စိတ္ အားလံုးက သက္ဆိုင္ပါတယ္။” ဆိုျပီး ေျဖၾကားေပးသြားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်သမ္မတထံ အိတ်ဖွင့်ပေးစာကို ရန်ကုန် Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲမှ တဆင့် ထုတ်ပြန်လိုက်ပါတယ်။ “ဧရာဝတီကို ပြန်ရွေးယူကြမယ်” ဆိုတဲ့ ဟောပြောပွဲမှာတော့ နိုင်ငံရေးသမားများ ၊ မိုးလေဝသ ပညာရှင် ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ၊ ကာတွန်းဆရာ၊ စာရေးဆရာ ၊ သရုပ်ဆောင် ၊ တေးရေးဆရာနဲ့ အဆိုတော် စသူတွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

ဒီထဲမှာတော့ မိန်းကလေးတွေ အသည်းစွဲ မင်းသားချော ဒေါင်းလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ စာရေးဆရာလောက် အပြောအဟော မကောင်းပေမဲ့ လူငယ်တစ်ယောက်အနေနဲ့ မြစ်ဆုံအပေါ် ထားရှိတဲ့ ခံစားချက်ကို သမိုင်းနဲ့ ကိုင်ပေါက်ပြီး ပြောသွားနိုင်တဲ့ ဒေါင်းကို ပရိသတ်တွေက ချီးကျူးကြပါတယ်။ ဒေါင်းကတော့ ဟောပြောပွဲမှာ ခုလိုမျိုး ပြောကြားသွားခဲ့ပါတယ်။

“ဧရာဝတီနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကြောင်း အယူအဆတွေကို ဆရာ ၊ ဆရာမတွေ ပြောသွားတာ ပြည့်စုံနေပြီဖြစ်လို့ ကျွန်တော်က ဆက်မပြောတော့ပါဘူး။ ကျွန်တော် အပါအဝင် ပြည်သူတွေရဲ့ နှလုံးသား အကြောင်းကို ပြောချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေမှာ သမိုင်းအဆက်ဆက် သိပ်များများစားစား ပြောစရာတွေ မရှိပါဘူး။

ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ အရာတွေကို အမြဲတမ်း ဆုံးရှုံးခဲ့ကြပါတယ်။ အဲ့လိုပဲ ကျွန်တော်တို့ ဧရာဝတီကို ဆုံးရှုံးမှာကို ကျွန်တော်အပါအဝင် ပြည်သူအားလုံး ကြောက်မှာပါ။ စိုးရိမ်မှာပါ။

အခု မြစ်ဆုံမှာ ကျွန်တော် ခံစားရသလောက် ထူးခြားတဲ့ အချက်က အားလုံး ညီညွတ်ကြပါတယ်။ အဲ့တော့ ပြည်သူတွေမှာ အယူဝါဒ ကွဲပြားမှုတွေ ရှိတယ်။ တိုင်းရင်းသားတွေ ပါတီတွေ အယူဝါဒကွဲပြားမှုတွေ ရှိတယ်။ ဒါပေမဲ့ မြစ်ဆုံကိုတော့ တူညီတဲ့ စည်းလုံးခြင်း ရှိတယ်။ အဲ့ဒါက အရမ်းကို ကြည်နူးစရာကောင်းပြီး ချစ်စရာကောင်းတဲ့ ခံစားချက်ပါ။ ပြီးတော့ မြစ်ဆုံပေါ်မှာ အများကြီး မျှော်လင့်ချက်ထားတယ်။ အဲ့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရင် ဘာဖြစ်မယ် ဆိုတာကိုတော့ ကျွန်တော် မတွေးရဲဘူး။ လူ့အဖွဲ့အစည်းရဲ့ ကောင်းသောပြောင်းလဲခြင်းတွေ စည်းလုံးခြင်းတွေ နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေ တူတူဖြစ်တည်လာဖို့အတွက် ဧရာဝတီကို ပြန်ယူကြဖို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။

အနုပညာသမားတစ်ယောက်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဟောပြောပွဲမှာ ပါဝင်ဖြစ်ပုံကို ဒေါင်းက ခုလို ပြောသွားပါတယ်။

“အနုပညာ သမားတစ်ယောက်အနေနဲ့ အားဖြည့်တယ်လို့ ယူဆရင်း ပြည်သူတစ်ယောက်အနေနဲ့ ဒါကို လုပ်ကိုလုပ်သင့်တယ်လို့ ယူဆပြီး ရောက်လာတာပါ။ အရမ်းကောင်းတယ်။ ဘယ်လိုမြင်လဲဆိုတော့ ဒါက အစပျိုးမှုပဲ။ ဒီလိုမှ အစမပျိုးရင် ဘယ်တော့မှ အစပျိုးဖြစ်မှာ မဟုတ်ဘူး။ အကောင်းဆုံး အရာတွေ ဖြစ်နိုင်ဖို့ ဒါက အစပျိုးခြင်း တစ်ခုပဲ။

ဒါက ကျွန်တော်တို့ ခေတ်မှာ ကျွန်တော်တို့ ရေးရမယ့် သမိုင်းပဲ။ သမိုင်းစာအုပ်တွေ ဖတ်ကြည့်လိုက်။ မရေးခဲ့တဲ့လူတွေကြောင့် ဖြစ်ခဲ့တဲ့ သမိုင်းဆိုးတွေ ရှိတယ်။ ရေးခဲ့တဲ့လူတွေကြောင့် ဖြစ်ခဲ့တဲ့ သမိုင်းကောင်းတွေလည်း ရှိတယ်။ ကျွန်တော်တို့ ခေတ်မှာ သမိုင်းကောင်း ရေးမလား ဆိုတာကတော့ တာဝန်ယူချင်တဲ့ စိတ် ၊ ဖြစ်ချင်တဲ့စိတ် အားလုံးနဲ့ ဒီပေါ်မှာ ချစ်တဲ့ စိတ် အားလုံးက သက်ဆိုင်ပါတယ်။” ဆိုပြီး ဖြေကြားပေးသွားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top