20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အာဖရိကႏိုင္ငံျဖစ္ေသာ အိုင္ဗရီကို႔စ္က ျမန္မာႏိုင္ငံမွ တင္ပို႔ေသာ ဆန္တန္ခ်ိန္ ၁၈ဝဝဝ ကို စားသုံးရန္ မသင့္ဟုဆိုကာ ဖ်က္စီးခဲ့ျခင္းမွာ ဆန္မ်ားကို ၾကာျမင့္စြာသိုေလွာင္မႈေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က  ၄င္း၏ လူမႈကြန္ယက္စာမ်က္ႏွာ၌ ေရးသားထားသည္။

"ျမန္မာႏိုင္ငံမွ ဆန္တင္ပို႕ေရာင္းခ်သူမ်ားသည္ FOB Yangon စနစ္ျဖင့္ ရန္ကုန္ဆိပ္ကမ္းေပၚ သေဘၤာေပၚ အေရာက္ အေရာင္းအဝယ္ျပဳလုပ္ၾကပါသည္။ဆန္ဝယ္ယူသည့္ Buyer မ်ားသည္ အခ်ိန္မွန္စြာျဖင့္ သေဘၤာမွ ကုန္မခ်ႏိုင္ပါက ၾကာျမင့္စြာသိုေလွာင္မႈ (long Storage) သည္ ျဖစ္ေပၚၿပီး အရည္အေသြး ထိခိုက္ႏိုင္မည္ ျဖစ္ပါသည္။

ယခုကိစၥတြင္လည္း ေယဘုယ်အားျဖင့္အာဖရိကႏိုင္ငံ (၄) ႏိုင္ငံ အထိ ကုန္မခ်ႏိုင္ဘဲ လွည့္ပတ္ ေနရသည့္ အတြက္ ၾကာျမင့္စြာသိုေလွာင္မႈ long Storage ျပသနာပင္ ျဖစ္ႏိုင္ပါသည္။ ဆန္ဝယ္သည့္ Buyer အေနျဖင့္ အဆိုပါကိစၥတြင္ အဓိက တာဝန္ရွိသည္ဟု ေယဘုယ်အားျဖင့္ ယူဆႏိုင္ပါသည္" ဟု ဧၿပီလ ၁၈ ရက္ေန႔မနက္တြင္ ေရးသားထားသည္။

ယခုကဲ့သို႔ ျမန္မာ့ဆန္မ်ားကို ဖ်က္စီးခဲ့ျခင္းေၾကာင့္ တိုင္းျပည္အတြက္ နစ္နာမႈရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ဒုဥကၠ႒ ေဒါက္တာစိုးထြန္းက ေျပာသည္။

"ကြၽန္ေတာ္တို႔က ဒီဟာကေတာ့ မရွိသင့္ဘူး တိုင္းျပည္လည္း နစ္နာတယ္။ ကြၽန္ေတာ္တို႔ ျပည္ပကို ေရေၾကာင္း က တင္ပို႔တဲ့ ရဝ ရာခိုင္ႏႈန္းက အာဖရိကေစ်းကြက္ကို သြားေနတာေပါ့ေနာ္။ ဒါကေတာ့ ကြၽန္ေတာ္တို႔ တင္ပို႔တဲ့ ကုမၸဏီေတြ၊ အရည္အေသြးစစ္ေဆးတဲ့ ကုမၸဏီေတြကို စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနနဲ႔ ပူး ေပါင္းၿပီးမွ သတိေပးမႈေတြ ေဆာင္႐ြက္ရမယ္လို႔ ထင္တယ္ေပါ့ေနာ္။ အေသးစိတ္ကေတာ့ ကြၽန္ေတာ္တို႔ မသိရေသးဘူးေပါ့ေနာ္" ဟု ၄င္းက ေျပာသည္။

ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ဆန္တင္ပို႔ရာတြင္ ေရေၾကာင္းတင္ပို႔မႈႏွင့္ နယ္စပ္မွ တင္ပို႔မ်ားကို အဓိက ျပဳလုပ္ေနၿပီး အာဖရိကႏိုင္ငံမ်ားကို ေရေၾကာင္းမွ တင္ပို႔ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ယခုကဲ့သို႔ မျဖစ္ေပၚေရး အတြက္ စစ္ေဆးမႈမ်ား၊ နည္းလမ္းမ်ားရွာေဖြလုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က ေရးသားထားသည္။

" ျပည္ပတင္ပို႔ သူ(Exporter) မ်ားႏွင့္ သေဘၤာမတင္မီႏွင့္ တင္စဥ္တြင္စစ္ေဆးရသည့္ Third Party Inspection Agency မ်ား အေနျဖင့္လည္း ထိေရာက္စြာႏွင့္ တိက်စြာ ျဖင့္အရည္အေသြး ပိုင္းတြင္ စီမံ ေဆာင္႐ြက္သြားဖို႔နည္းလမ္းမ်ားရွာေဖြ လုပ္ကိုင္သြားပါမည္။

ၾကားခံကုန္သည္ (trader) မ်ားကို ေရာင္းခ် မႈေၾကာင့္ ယခုလို ျပသနာမ်ား ေပၚေပါက္ရသျဖင့္ end buyer မ်ားအထိ ခ်ိတ္ဆက္ေရာင္းခ်ႏိုင္သည့္ အစီ အစဥ္မ်ား ႏွင့္ G to G ေရာင္းခ်မႈ အစီအစဥ္မ်ား စီစဥ္ရန္ လိုအပ္ပါသည္။  Exporter မ်ား, ဆန္စက္ပိုင္မ်ား အေနျဖင့္လည္း အရည္အေသြး ပိုင္းဆိုင္ရာ စီမံေဆာင္႐ြက္မႈကို ပို၍ ဦးစားေပး လုပ္ကိုင္သြားရန္ လိုအပ္ ပါသည္" ဟု ၄င္းက ေရးသားထားသည္။

အာဖရိကေစ်းကြက္သည္ ယွဥ္ၿပိဳင္မႈျပင္းထန္ေသာ ေစ်းကြက္တစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ပါကစၥတန္၊ အိႏၵိယတို႔မွဆန္တင္သြင္းသည့္ ကုမၼဏီမ်ားႏွင့္ ဆန္တင္ပို႔ရာတြင္ ယွဥ္ၿပိဳင္မႈမ်ားလည္း ရွိေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

အာဖရိကနိုင်ငံဖြစ်သော အိုင်ဗရီကို့စ်က မြန်မာနိုင်ငံမှ တင်ပို့သော ဆန်တန်ချိန် ၁၈ဝဝဝ ကို စားသုံးရန် မသင့်ဟုဆိုကာ ဖျက်စီးခဲ့ခြင်းမှာ ဆန်များကို ကြာမြင့်စွာသိုလှောင်မှုကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က  ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

"မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများသည် FOB Yangon စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ် အရောက် အရောင်းအဝယ်ပြုလုပ်ကြပါသည်။ဆန်ဝယ်ယူသည့် Buyer များသည် အချိန်မှန်စွာဖြင့် သင်္ဘောမှ ကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (long Storage) သည် ဖြစ်ပေါ်ပြီး အရည်အသွေး ထိခိုက်နိုင်မည် ဖြစ်ပါသည်။

ယခုကိစ္စတွင်လည်း ယေဘုယျအားဖြင့်အာဖရိကနိုင်ငံ (၄) နိုင်ငံ အထိ ကုန်မချနိုင်ဘဲ လှည့်ပတ် နေရသည့် အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြသနာပင် ဖြစ်နိုင်ပါသည်။ ဆန်ဝယ်သည့် Buyer အနေဖြင့် အဆိုပါကိစ္စတွင် အဓိက တာဝန်ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်" ဟု ဧပြီလ ၁၈ ရက်နေ့မနက်တွင် ရေးသားထားသည်။

ယခုကဲ့သို့ မြန်မာ့ဆန်များကို ဖျက်စီးခဲ့ခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာမှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

"ကျွန်တော်တို့က ဒီဟာကတော့ မရှိသင့်ဘူး တိုင်းပြည်လည်း နစ်နာတယ်။ ကျွန်တော်တို့ ပြည်ပကို ရေကြောင်း က တင်ပို့တဲ့ ရဝ ရာခိုင်နှုန်းက အာဖရိကဈေးကွက်ကို သွားနေတာပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ တင်ပို့တဲ့ ကုမ္ပဏီတွေ၊ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီတွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပူး ပေါင်းပြီးမှ သတိပေးမှုတွေ ဆောင်ရွက်ရမယ်လို့ ထင်တယ်ပေါ့နော်။ အသေးစိတ်ကတော့ ကျွန်တော်တို့ မသိရသေးဘူးပေါ့နော်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ရေကြောင်းတင်ပို့မှုနှင့် နယ်စပ်မှ တင်ပို့များကို အဓိက ပြုလုပ်နေပြီး အာဖရိကနိုင်ငံများကို ရေကြောင်းမှ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ယခုကဲ့သို့ မဖြစ်ပေါ်ရေး အတွက် စစ်ဆေးမှုများ၊ နည်းလမ်းများရှာဖွေလုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရေးသားထားသည်။

" ပြည်ပတင်ပို့ သူ(Exporter) များနှင့် သင်္ဘောမတင်မီနှင့် တင်စဉ်တွင်စစ်ဆေးရသည့် Third Party Inspection Agency များ အနေဖြင့်လည်း ထိရောက်စွာနှင့် တိကျစွာ ဖြင့်အရည်အသွေး ပိုင်းတွင် စီမံ ဆောင်ရွက်သွားဖို့နည်းလမ်းများရှာဖွေ လုပ်ကိုင်သွားပါမည်။

ကြားခံကုန်သည် (trader) များကို ရောင်းချ မှုကြောင့် ယခုလို ပြသနာများ ပေါ်ပေါက်ရသဖြင့် end buyer များအထိ ချိတ်ဆက်ရောင်းချနိုင်သည့် အစီ အစဉ်များ နှင့် G to G ရောင်းချမှု အစီအစဉ်များ စီစဉ်ရန် လိုအပ်ပါသည်။  Exporter များ, ဆန်စက်ပိုင်များ အနေဖြင့်လည်း အရည်အသွေး ပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှုကို ပို၍ ဦးစားပေး လုပ်ကိုင်သွားရန် လိုအပ် ပါသည်" ဟု ၎င်းက ရေးသားထားသည်။

အာဖရိကဈေးကွက်သည် ယှဉ်ပြိုင်မှုပြင်းထန်သော ဈေးကွက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပါကစ္စတန်၊ အိန္ဒိယတို့မှဆန်တင်သွင်းသည့် ကုမ္မဏီများနှင့် ဆန်တင်ပို့ရာတွင် ယှဉ်ပြိုင်မှုများလည်း ရှိနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top