ပူျပင္းလွတဲ့ ေႏြအပူကို အံတုေနတဲ့ ထန္းရြက္မိုး၊ ၀ါးထရံကာ တဲသာသာ အေဆာက္အဦးက ရင္ခြင္ပိုက္ ကေလး ၇ ဦး၊ ၅ ႏွစ္အထက္ ကေလး ၆ ဦးတို႔အတြက္ေတာ့ ဘာနဲ႔မွ တုႏႉိင္းမမွီတဲ့ ေအးျမတဲ့ အရိပ္ကေလးျဖစ္ပါတယ္။

ဒီအရိပ္ကေလးကို ခုိင္မာေအာင္ ေထာက္ပံ့ထားတဲ့ ေဒါက္တိုင္ကေတာ့ ခႏၶာကိုယ္ ပိန္ပိန္ပါးပါးနဲ႔ ရွင္ခ်မ္းလို႔ ေခၚတဲ့ အသက္ ၃၀ အရြယ္ အမ်ဳိးသမီးတဦး ျဖစ္ပါတယ္။ သူမဟာ ရတနာပံု တကၠသိုလ္ ေရွးေဟာင္း သုေတသန ပညာဌါနက လက္ေထာက္ ကထိက ဆရာမ တဦးလည္းျဖစ္ပါတယ္။



ဆရာမ ရွင္ခ်မ္းဟာ ဒီမိဘမဲ့ ကေလးေစာင့္ေရွာက္ေရး ေဂဟာကို မစတင္ခင္ကတည္းက ေက်ာင္းဆက္မတက္ႏိုင္တဲ့ ကေလးေတြ အတြက္ ေက်ာင္းပညာသင္စရိတ္ ေထာက္ပံ့ေပးၿပီး “ပညာမီးအိမ္” ဆိုတဲ့ ညစာက်က္၀ိုင္းကို အျခား ရြာခံ ဆရာမေတြနဲ႔ အတူ အခမဲ့ သင္ၾကားေပးတာေတြ လုပ္ခဲ့သူ တဦးပါ။

က်ဴရွင္မတက္ႏိုင္တဲ့ ကေလးေတြအတြက္ အခမဲ့ ပညာဒါန စာသင္၀ိုင္းေတြ လုပ္ေပးတာေတြနဲ႔ လူငယ္ေတြ အသိတိုးေစဖို႔ ရြာစာၾကည့္တိုက္၊ ေက်ာင္းစာၾကည့္တိုက္ ျဖစ္ေျမာက္ေရးေတြ အတြက္ စြမ္းစြမ္းတမံလုပ္ေဆာင္တဲ့ ပရဟိတ ၀ါသနာထံုသူ တေယာက္ျဖစ္ပါတယ္။

သူမရဲ႕ ရည္ရြယ္ခ်က္ဟာ လမ္းေဘးကေလးသူငယ္ေတြ၊ ေတာင္းစား ကေလးသူငယ္ေတြကို စာသင္ေပးတာ၊ စိတ္ပိုင္းဆိုင္ရာ ျပဳျပင္ေပးတာေတြ၊ လူေနမႈပိုင္းဆိုင္ရာ အသိပညာေပးတာေတြနဲ႔ အဲဒီကေလးငယ္ေတြရဲ့ ဘဝေတြကို ကေလကေခ်လို႔ အမ်ားက သတ္မွတ္ ဖယ္က်င္ေနတဲ့ ဘဝေတြကေန ကယ္တင္ခ်င္တာဘဲျဖစ္ပါတယ္။



ဒီလို ရည္ရြယ္ခ်က္ေတြကို တဆင့္ခ်င္း အေကာင္အထည္ ေဖာ္ေနတဲ့ ဆရာမေလးကေတာ့ ေရွးေဟာင္း သုေတသနပညာဘာသာရပ္နဲ႔ ပါရဂူဘြဲ႔ယူဖို႔အတြက္လဲ ေက်ာက္ေခတ္နဲ႔ ပတ္သက္တာေတြကိုလဲ က်မ္းျပဳေနသူပါ။

သူမရဲ့ ေက်ာင္းစာကိုလဲ မေႏွာင့္ေႏွးေအာင္ ႀကိဳးစားရင္း အလုပ္မွာလဲ တာ၀န္ မလစ္ဟင္းေအာင္နဲ႔ ေဂဟာမွာရွိတဲ့ ကေလးေတြကိုလဲ ေမတၱာေတြ ေပးႏိုင္သမွ် ေပးဖို႔အတြက္ သူမတည္ေထာင္ထားတဲ့ ေဂဟာနဲ႔ မႏၲေလးမွာရွိတဲ့ အလုပ္ကို ေန႔တုိင္း ဆိုင္ကယ္နဲ႔ တနာရီခြဲေလာက္ၾကာတဲ့ခရီးကို အသြားအျပန္လုပ္ပါတယ္။

စာေမးပြဲရွိတဲ့ အခ်ိန္ေတြဆိုရင္ သန္းေခါင္ေက်ာ္မနက္ ၂ နာရီေလာက္ ထသြားၿပီးလဲ အပင္ပန္းခံပါတယ္။ ဘယ္ေလာက္ဘဲ ပင္ပန္းပါေစ ေဂဟာျပန္ေရာက္လုိ႔ ကေလးေတြနဲ႔ ရွိတဲ့အခ်ိန္တုိင္းမွာ ဆရာမရွင္ခ်မ္းရဲ့ မ်က္ႏွာမွာ အျပံုးပန္းေတြ အစြမ္းကုန္ ပြင့္လန္းၿပီး ေပ်ာ္ရႊင္ေနပါတယ္။



အတိတ္ကံမေကာင္းခဲ့လို႔ မိဘကံဆိုးရတဲ့ ကေလးငယ္ေတြဟာ လမ္းေဘးမွာ ပု႐ြက္ဆိတ္ကိုက္၊ ေခြးခ်ီခံရၿပီး ေသဆံုး တာေတြကို ရင္နင့္ရၿပီး အရွက္တရားေၾကာင့္ ပဲျဖစ္ျဖစ္၊ တာဝန္ယူမယ့္သူ မရွိလို႔ပဲျဖစ္ျဖစ္၊ ဘယ္အေၾကာင္းေၾကာင္း ေၾကာင့္ဘဲျဖစ္ျဖစ္ အျပစ္မဲ့ကေလးငယ္ေတြကို လမ္းေပၚမွာ မစြန႔္ပစ္ဖို႔အတြက္ အခြင့္အေရးႀကံဳတိုင္း ဆရာမေလးက ေျပာဆို တိုက္တြန္းေလ့ ရွိပါတယ္။

သူ႔မရဲ့ ကိုယ္ပိုင္လစာက တပတ္မွာ တသိန္းေလာက္ ကုန္တဲ့ သူေမြးစားထားတဲ့ ေဂဟာက ကေလး ၁၃ ဦးရဲ့ ကုန္က်စရိတ္ တလစာေတာင္ ေထာက္ပံ့ေပးဖို႔ မျပည့္ေပမယ့္လဲ ဘယ္ေတာ့မွ စိတ္ပ်က္အားငယ္ ၿငီးတြား သြားတာမရွိဘဲ သူမရဲ့ ရည္ရြယ္ခ်က္ျဖစ္တဲ့ ကေလးငယ္ေတြကို ေအးျမတဲ့ အရိပ္တရိပ္ေပးဖို႔ ခက္ခဲပင္ပန္းတဲ့ ေန႔ရက္ေတြကို သူမကေတာ့ အၿပဳံးမပ်က္ဘဲ အားမာန္အျပည့္နဲ႔ တရက္ၿပီးတရက္ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဆက္ၿပီး ႀကိဳးစားေနဦးမွာျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


ပူပြင်းလှတဲ့ နွေအပူကို အံတုနေတဲ့ ထန်းရွက်မိုး၊ ဝါးထရံကာ တဲသာသာ အဆောက်အဦးက ရင်ခွင်ပိုက် ကလေး ၇ ဦး၊ ၅ နှစ်အထက် ကလေး ၆ ဦးတို့အတွက်တော့ ဘာနဲ့မှ တုနှိူင်းမမှီတဲ့ အေးမြတဲ့ အရိပ်ကလေးဖြစ်ပါတယ်။

ဒီအရိပ်ကလေးကို ခိုင်မာအောင် ထောက်ပံ့ထားတဲ့ ဒေါက်တိုင်ကတော့ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ ရှင်ချမ်းလို့ ခေါ်တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦး ဖြစ်ပါတယ်။ သူမဟာ ရတနာပုံ တက္ကသိုလ် ရှေးဟောင်း သုတေသန ပညာဌါနက လက်ထောက် ကထိက ဆရာမ တဦးလည်းဖြစ်ပါတယ်။

ဆရာမ ရှင်ချမ်းဟာ ဒီမိဘမဲ့ ကလေးစောင့်ရှောက်ရေး ဂေဟာကို မစတင်ခင်ကတည်းက ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေ အတွက် ကျောင်းပညာသင်စရိတ် ထောက်ပံ့ပေးပြီး “ပညာမီးအိမ်” ဆိုတဲ့ ညစာကျက်ဝိုင်းကို အခြား ရွာခံ ဆရာမတွေနဲ့ အတူ အခမဲ့ သင်ကြားပေးတာတွေ လုပ်ခဲ့သူ တဦးပါ။

ကျူရှင်မတက်နိုင်တဲ့ ကလေးတွေအတွက် အခမဲ့ ပညာဒါန စာသင်ဝိုင်းတွေ လုပ်ပေးတာတွေနဲ့ လူငယ်တွေ အသိတိုးစေဖို့ ရွာစာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက် ဖြစ်မြောက်ရေးတွေ အတွက် စွမ်းစွမ်းတမံလုပ်ဆောင်တဲ့ ပရဟိတ ဝါသနာထုံသူ တယောက်ဖြစ်ပါတယ်။

သူမရဲ့ ရည်ရွယ်ချက်ဟာ လမ်းဘေးကလေးသူငယ်တွေ၊ တောင်းစား ကလေးသူငယ်တွေကို စာသင်ပေးတာ၊ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးတာတွေ၊ လူနေမှုပိုင်းဆိုင်ရာ အသိပညာပေးတာတွေနဲ့ အဲဒီကလေးငယ်တွေရဲ့ ဘဝတွေကို ကလေကချေလို့ အများက သတ်မှတ် ဖယ်ကျင်နေတဲ့ ဘဝတွေကနေ ကယ်တင်ချင်တာဘဲဖြစ်ပါတယ်။

ဒီလို ရည်ရွယ်ချက်တွေကို တဆင့်ချင်း အကောင်အထည် ဖော်နေတဲ့ ဆရာမလေးကတော့ ရှေးဟောင်း သုတေသနပညာဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူဖို့အတွက်လဲ ကျောက်ခေတ်နဲ့ ပတ်သက်တာတွေကိုလဲ ကျမ်းပြုနေသူပါ။



သူမရဲ့ ကျောင်းစာကိုလဲ မနှောင့်နှေးအောင် ကြိုးစားရင်း အလုပ်မှာလဲ တာဝန် မလစ်ဟင်းအောင်နဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေကိုလဲ မေတ္တာတွေ ပေးနိုင်သမျှ ပေးဖို့အတွက် သူမတည်ထောင်ထားတဲ့ ဂေဟာနဲ့ မန္တလေးမှာရှိတဲ့ အလုပ်ကို နေ့တိုင်း ဆိုင်ကယ်နဲ့ တနာရီခွဲလောက်ကြာတဲ့ခရီးကို အသွားအပြန်လုပ်ပါတယ်။

စာမေးပွဲရှိတဲ့ အချိန်တွေဆိုရင် သန်းခေါင်ကျော်မနက် ၂ နာရီလောက် ထသွားပြီးလဲ အပင်ပန်းခံပါတယ်။ ဘယ်လောက်ဘဲ ပင်ပန်းပါစေ ဂေဟာပြန်ရောက်လို့ ကလေးတွေနဲ့ ရှိတဲ့အချိန်တိုင်းမှာ ဆရာမရှင်ချမ်းရဲ့ မျက်နှာမှာ အပြုံးပန်းတွေ အစွမ်းကုန် ပွင့်လန်းပြီး ပျော်ရွှင်နေပါတယ်။

အတိတ်ကံမကောင်းခဲ့လို့ မိဘကံဆိုးရတဲ့ ကလေးငယ်တွေဟာ လမ်းဘေးမှာ ပုရွက်ဆိတ်ကိုက်၊ ခွေးချီခံရပြီး သေဆုံး တာတွေကို ရင်နင့်ရပြီး အရှက်တရားကြောင့် ပဲဖြစ်ဖြစ်၊ တာဝန်ယူမယ့်သူ မရှိလို့ပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းကြောင်း ကြောင့်ဘဲဖြစ်ဖြစ် အပြစ်မဲ့ကလေးငယ်တွေကို လမ်းပေါ်မှာ မစွန့်ပစ်ဖို့အတွက် အခွင့်အရေးကြုံတိုင်း ဆရာမလေးက ပြောဆို တိုက်တွန်းလေ့ ရှိပါတယ်။

သူ့မရဲ့ ကိုယ်ပိုင်လစာက တပတ်မှာ တသိန်းလောက် ကုန်တဲ့ သူမွေးစားထားတဲ့ ဂေဟာက ကလေး ၁၃ ဦးရဲ့ ကုန်ကျစရိတ် တလစာတောင် ထောက်ပံ့ပေးဖို့ မပြည့်ပေမယ့်လဲ ဘယ်တော့မှ စိတ်ပျက်အားငယ် ငြီးတွား သွားတာမရှိဘဲ သူမရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကလေးငယ်တွေကို အေးမြတဲ့ အရိပ်တရိပ်ပေးဖို့ ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေကို သူမကတော့ အပြုံးမပျက်ဘဲ အားမာန်အပြည့်နဲ့ တရက်ပြီးတရက် မျှော်လင့်ချက်တွေနဲ့ ဆက်ပြီး ကြိုးစားနေဦးမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top