ႏႈတ္ခမ္းေပၚမွာ အေရၾကည္ဖုေလးေတြျဖစ္တဲ့ ေရယုန္ကို ေတာ္ေတာ္မ်ားမ်ား ေပါက္ဖူးၾကပါလိမ့္မယ္။ ဒီလို ေရယုန္မ်ိဳးက မထူးဆန္းေပမယ့္ ခႏၶာကိုယ္ေပၚမွာ ေက်ာဘက္မွာ နာက်င္တဲ့ အေရၾကည္ဖုအႀကီးေတြ ေပါက္လာၿပီ ဆိုရင္ေတာ့ မေပါ့ဆသင့္ပါဘူး။ ဒီလို ျပင္းထန္တဲ့ အေရၾကည္ဖု အႀကီးေတြကို ဆင္ေရယုန္ (သို႔) ခါးပတ္ေရယုန္လို႔ ေခၚပါတယ္။

၁။       ခါးပတ္ေရယုန္ ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ (Shingles) ဟာ ေရေက်ာက္ေပါက္ေစတဲ့ ဗိုင္းရပ္စ္ Varicella Zester နဲ႔ အတူတူ ျဖစ္ပါတယ္။ ေရေက်ာက္ ေပ်ာက္သြားသည့္တိုင္ေအာင္ ဗိုင္းရပ္စ္ပိုးဟာ ခါး႐ိုးနာ့ဗ္ေၾကာတန္း အထက္ပိုင္းမွာ နားခိုေနတတ္ၿပီး လူႀကီးဘ၀မွာ ေရယုန္ဆိုၿပီး ျဖစ္ေစႏိုင္ပါတယ္။

၂။       အျဖစ္မ်ားၿပီး အသက္ႀကီးလာတာနဲ႔အမွ် ခါးပတ္ေရယုန္ ျဖစ္ႏိုင္ေျခလည္း မ်ားလာပါတယ္။ အသက္ ၈၀ အရြယ္ လူႀကီး ၂ ေယာက္မွာ တစ္ေယာက္က ေရယုန္ေပါက္ေနႏိုင္တယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ ေရယုန္ေပါက္တာရဲ႕ တစ္၀က္ခန္႔ဟာ အသက္ ၆၀ အရြယ္ေတြ ျဖစ္ပါတယ္။

၃။       ငယ္ငယ္တုန္းက ေရေက်ာက္ မေပါက္ဖူးတဲ့ ကေလးဆိုတာ ေတာ္ေတာ္ရွားတယ္လို႔ ဆိုရမွာပါ။ ေရေက်ာက္ ေပါက္ဖူးတဲ့ လူတိုင္းမွာ ေရယုန္ျဖစ္ဖို႔ အလားအလာ ရွိပါတယ္။

၄။       ထံုက်ဥ္တာ၊ စပ္ဖ်ဥ္းဖ်ဥ္း နာက်င္တာ၊ မီးစနဲ႔ ထိုးသလို ပူေနတာေတြက ေရယုန္ေပါက္တာရဲ႕ အေစာပိုင္းလကၡဏာေတြ ျဖစ္ပါတယ္။ ၂ ရက္၊ ၃ ရက္အၾကာမွာ အနီကြက္ေတြ ျဖစ္လာၿပီး ထိုမွတစ္ဆင့္ အရည္ၾကည္ဖုအျဖစ္ ေျပာင္းလဲသြားပါမယ္။ ေက်ာ၊ ရင္ဘတ္၊ ကိုယ္ထည္ စတဲ့ ေနရာေတြမွာ ေပါက္တတ္ၿပီး မ်က္စိ၊ နား၊ မ်က္ႏွာေတြမွာလည္း အနာျဖစ္ႏိုင္ပါတယ္။

၅။       တျခားေသာ ေရာဂါလကၡဏာေတြအေနနဲ႔ ကိုယ္ပူျခင္း၊ ခ်မ္းတုန္ျခင္း၊ ေခါင္းကိုက္ျခင္းနဲ႔ ဗိုက္မအီမသာျဖစ္ျခင္း စတဲ့ လကၡဏာေတြ ခံစားရႏုိင္ပါတယ္။ ေရယုန္နာ မ်က္စိမွာျဖစ္ရင္ အျမင္အာ႐ံု ေ၀၀ါးၿပီး နားမွာျဖစ္မယ္ဆိုရင္ အၾကားအာ႐ံု ထိခိုက္ေစႏိုင္ပါတယ္။

၆။       အၾကမ္းဖ်ဥ္းအားျဖင့္ ေရယုန္နာဟာ ကုသမႈမရွိလည္း ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ ေပ်ာက္တတ္ၿပီး အမာရြတ္က်န္ေလ့ မရွိပါဘူး။ ေရာဂါပိုးဟာ ခႏၶာကိုယ္ထဲမွာ ခိုေအာင္းေနၿပီး ေနာက္ထပ္ ထပ္ခါထပ္ခါ ျပန္ျဖစ္ႏိုင္ပါတယ္။

၇။       ခါးပတ္ေရယုန္ျဖစ္ၿပီးေနာက္ အခ်ိဳ႕လူေတြဟာ ယခင္ ေပါက္ခဲ့တဲ့ေနရာမွာ နာက်င္မႈကို အခ်ိန္ ေတာ္ေတာ္ၾကာတဲ့အထိ (တစ္ႏွစ္ခန္႕) ခံစားရတတ္ပါတယ္။ ညအိပ္မရျဖစ္ၿပီး ၾကာလာတဲ့အခါမွာ စိတ္ပ်က္အားငယ္ျခင္းကို ခံစားရတဲ့အထိ နာက်င္မႈ ဆုိး၀ါးပါတယ္။ အသက္ ၅၀ ေက်ာ္လူႀကီးေတြမွာ အျဖစ္မ်ားတာကို ေတြ႕ရပါတယ္။

၈။       အျဖစ္နည္းတယ္ဆိုေပမယ့္ ခါးပတ္ေရယုန္ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ျပင္းထန္ပါတယ္။ အျမင္ႏွင့္ အၾကားအာ႐ံု ဆံုး႐ႈံးျခင္း၊ အဆုတ္ေရာင္ နမိုးနီးယားေရာဂါျဖစ္ျခင္း၊ ဦးေႏွာက္အေျမႇးပါး ေရာင္ရမ္းျခင္း၊ ေရယုန္နာမွတစ္ဆင့္ ပိုး၀င္ျခင္း၊ မ်က္ႏွာတစ္ျခမ္း ေလျဖတ္ျခင္းအျပင္ အသက္ေသဆံုးတဲ့အထိပါ ျဖစ္ႏိုင္ပါတယ္။ အသက္ႀကီးသူေတြ၊ ကိုယ္ခံအား နည္းသူေတြမွာ အျဖစ္မ်ားပါတယ္။

၉။       ေရယုန္ကာကြယ္ေဆး ရွိပါတယ္။ အသက္ႀကီးသူေတြ၊ ေရေက်ာက္ ေပါက္ဖူးတဲ့လူေတြ အဓိက ထိုးသင့္ပါတယ္။ ေရယုန္ျဖစ္ဖို႔ အခြင့္အလမ္း နည္းသြားျခင္း၊ ေနာက္ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေအာင္ သိသိသာသာ ေလွ်ာ့ခ်ေပးႏုိင္မယ့္ ကာကြယ္ေဆးရဲ႕ အက်ိဳးေက်းဇူးေတြပဲ ျဖစ္ပါတယ္။

၁၀။     ေရယုန္ကို ကုတဲ့ေဆး မရွိေသးေပမယ့္ ဗိုင္းရပ္စ္သတ္တဲ့ေဆး (Acyclovir) ေတြက အနာက်က္ႏႈန္းကို ျမန္ဆန္ေစၿပီး ျမန္ဆန္တဲ့ကုသမႈက ျပင္းထန္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ ေရာဂါျပင္းထန္တယ္ဆိုရင္ ဆရာ၀န္က စတီး႐ြိဳက္ေဆး၀ါးေတြ ေပါင္းထည့္ေပးပါလိမ့္မယ္။

၁၁။     ခါးပတ္ေရယုန္ဟာ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါ မဟုတ္ပါဘူး။ ေရယုန္အနီကြက္ကေနတစ္ဆင့္ တစ္ခါမွ ေရေက်ာက္မေပါက္ဖူးသူေတြကို ကူးစက္သြားႏုိင္တာေၾကာင့္ မိမိမွာ ေရယုန္ေပါက္ေနတယ္ဆို ဂ႐ုစိုက္သင့္ပါတယ္။ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ေမြးကင္းစကေလးေတြနဲ႔ ေရေက်ာက္ တစ္ခါမွ မေပါက္ဖူးေသးတဲ့သူေတြက ကာကြယ္ေဆး ထိုးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar
# Unicode Version # ျဖင့္ ဖတ္ပါ #


နှုတ်ခမ်းပေါ်မှာ အရေကြည်ဖုလေးတွေဖြစ်တဲ့ ရေယုန်ကို တော်တော်များများ ပေါက်ဖူးကြပါလိမ့်မယ်။ ဒီလို ရေယုန်မျိုးက မထူးဆန်းပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ကျောဘက်မှာ နာကျင်တဲ့ အရေကြည်ဖုအကြီးတွေ ပေါက်လာပြီ ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဒီလို ပြင်းထန်တဲ့ အရေကြည်ဖု အကြီးတွေကို ဆင်ရေယုန် (သို့) ခါးပတ်ရေယုန်လို့ ခေါ်ပါတယ်။

၁။       ခါးပတ်ရေယုန် ဖြစ်စေတဲ့ ဗိုင်းရပ်စ် (Shingles) ဟာ ရေကျောက်ပေါက်စေတဲ့ ဗိုင်းရပ်စ် Varicella Zester နဲ့ အတူတူ ဖြစ်ပါတယ်။ ရေကျောက် ပျောက်သွားသည့်တိုင်အောင် ဗိုင်းရပ်စ်ပိုးဟာ ခါးရိုးနာ့ဗ်ကြောတန်း အထက်ပိုင်းမှာ နားခိုနေတတ်ပြီး လူကြီးဘဝမှာ ရေယုန်ဆိုပြီး ဖြစ်စေနိုင်ပါတယ်။

၂။       အဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ ခါးပတ်ရေယုန် ဖြစ်နိုင်ခြေလည်း များလာပါတယ်။ အသက် ၈၀ အရွယ် လူကြီး ၂ ယောက်မှာ တစ်ယောက်က ရေယုန်ပေါက်နေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ရေယုန်ပေါက်တာရဲ့ တစ်ဝက်ခန့်ဟာ အသက် ၆၀ အရွယ်တွေ ဖြစ်ပါတယ်။

၃။       ငယ်ငယ်တုန်းက ရေကျောက် မပေါက်ဖူးတဲ့ ကလေးဆိုတာ တော်တော်ရှားတယ်လို့ ဆိုရမှာပါ။ ရေကျောက် ပေါက်ဖူးတဲ့ လူတိုင်းမှာ ရေယုန်ဖြစ်ဖို့ အလားအလာ ရှိပါတယ်။

၄။       ထုံကျဉ်တာ၊ စပ်ဖျဉ်းဖျဉ်း နာကျင်တာ၊ မီးစနဲ့ ထိုးသလို ပူနေတာတွေက ရေယုန်ပေါက်တာရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။ ၂ ရက်၊ ၃ ရက်အကြာမှာ အနီကွက်တွေ ဖြစ်လာပြီး ထိုမှတစ်ဆင့် အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါမယ်။ ကျော၊ ရင်ဘတ်၊ ကိုယ်ထည် စတဲ့ နေရာတွေမှာ ပေါက်တတ်ပြီး မျက်စိ၊ နား၊ မျက်နှာတွေမှာလည်း အနာဖြစ်နိုင်ပါတယ်။

၅။       တခြားသော ရောဂါလက္ခဏာတွေအနေနဲ့ ကိုယ်ပူခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဗိုက်မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရေယုန်နာ မျက်စိမှာဖြစ်ရင် အမြင်အာရုံ ေ၀ဝါးပြီး နားမှာဖြစ်မယ်ဆိုရင် အကြားအာရုံ ထိခိုက်စေနိုင်ပါတယ်။

၆။       အကြမ်းဖျဉ်းအားဖြင့် ရေယုန်နာဟာ ကုသမှုမရှိလည်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်တတ်ပြီး အမာရွတ်ကျန်လေ့ မရှိပါဘူး။ ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေပြီး နောက်ထပ် ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်ပါတယ်။

၇။       ခါးပတ်ရေယုန်ဖြစ်ပြီးနောက် အချို့လူတွေဟာ ယခင် ပေါက်ခဲ့တဲ့နေရာမှာ နာကျင်မှုကို အချိန် တော်တော်ကြာတဲ့အထိ (တစ်နှစ်ခန့်) ခံစားရတတ်ပါတယ်။ ညအိပ်မရဖြစ်ပြီး ကြာလာတဲ့အခါမှာ စိတ်ပျက်အားငယ်ခြင်းကို ခံစားရတဲ့အထိ နာကျင်မှု ဆိုးဝါးပါတယ်။ အသက် ၅၀ ကျော်လူကြီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

၈။       အဖြစ်နည်းတယ်ဆိုပေမယ့် ခါးပတ်ရေယုန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ပါတယ်။ အမြင်နှင့် အကြားအာရုံ ဆုံးရှုံးခြင်း၊ အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း၊ ရေယုန်နာမှတစ်ဆင့် ပိုးဝင်ခြင်း၊ မျက်နှာတစ်ခြမ်း လေဖြတ်ခြင်းအပြင် အသက်သေဆုံးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ကိုယ်ခံအား နည်းသူတွေမှာ အဖြစ်များပါတယ်။

၉။       ရေယုန်ကာကွယ်ဆေး ရှိပါတယ်။ အသက်ကြီးသူတွေ၊ ရေကျောက် ပေါက်ဖူးတဲ့လူတွေ အဓိက ထိုးသင့်ပါတယ်။ ရေယုန်ဖြစ်ဖို့ အခွင့်အလမ်း နည်းသွားခြင်း၊ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် သိသိသာသာ လျှော့ချပေးနိုင်မယ့် ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁၀။     ရေယုန်ကို ကုတဲ့ဆေး မရှိသေးပေမယ့် ဗိုင်းရပ်စ်သတ်တဲ့ဆေး (Acyclovir) တွေက အနာကျက်နှုန်းကို မြန်ဆန်စေပြီး မြန်ဆန်တဲ့ကုသမှုက ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါပြင်းထန်တယ်ဆိုရင် ဆရာဝန်က စတီးရွိုက်ဆေးဝါးတွေ ပေါင်းထည့်ပေးပါလိမ့်မယ်။

၁၁။     ခါးပတ်ရေယုန်ဟာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။ ရေယုန်အနီကွက်ကနေတစ်ဆင့် တစ်ခါမှ ရေကျောက်မပေါက်ဖူးသူတွေကို ကူးစက်သွားနိုင်တာကြောင့် မိမိမှာ ရေယုန်ပေါက်နေတယ်ဆို ဂရုစိုက်သင့်ပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ မွေးကင်းစကလေးတွေနဲ့ ရေကျောက် တစ်ခါမှ မပေါက်ဖူးသေးတဲ့သူတွေက ကာကွယ်ဆေး ထိုးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top