ျဖဴးၿမိဳ႕နယ္၊ ေညာင္ပင္သာၿမိဳ႕၊ စိမ့္ႀကီးေက်း႐ြာအုပ္စု၊ အင္ေတာကန္႐ြာေန ကိုမ်ိဳးခိုင္ (၃၀ ႏွစ္) သည္ အလုပ္သြားမည္ဟု ဇနီးမခ်ိဳမာလြင္ (၂၉ ႏွစ္)ကို ေျပာဆိုကာ ေနအိမ္မွထြက္သြားၿပီးေနာက္ စိမ့္ႀကီးေက်း႐ြာေန အမ်ိဳးသမီးတစ္ဦးႏွင့္ ထပ္မံေပါင္းသင္းေနသည္ကို သိရွိရ၍ ဧၿပီ ၂ ရက္က တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း ေညာင္ပင္သာနယ္ေျမရဲစခန္းထံမွ သိရွိရသည္။

ကိုမ်ိဳးခိုင္ႏွင့္ ဇနီးမခ်ိဳမာလြင္သည္ တစ္႐ြာတည္းေနျဖစ္ၿပီး လြန္ခဲ့သည့္ ၁၁ ႏွစ္ခန္႔ကတည္းက လက္ထပ္ခဲ့ရာ ယခုအခါ သား၊သမီးသံုးဦးရွိၿပီျဖစ္ေၾကာင္း၊ ခင္ပြန္းျဖစ္သူက အလုပ္သြားမည္ဆိုၿပီး တစ္လခန္႔ၾကာသည္အထိ အိမ္ျပန္မလာသျဖင့္ လိုက္လံစံုစမ္းရာမွ စိမ့္ႀကီး႐ြာေန အမ်ိဳးသမီးတစ္ဦးႏွင့္ ထပ္မံေပါင္းသင္းေနသည္ကို သိရွိခဲ့ျခင္းျဖစ္ေၾကာင္း ယင္းနယ္ေျမရဲစခန္းထံမွ သိရွိရသည္။

အမႈႏွင့္ပတ္သက္ၿပီး ကိုမ်ိဳးခိုင္ကို ေညာင္ပင္သာနယ္ေျမရဲစခန္းက တစ္လင္တစ္မယားစနစ္ဥပေဒပုဒ္မ ၁၃ အရ အမႈဖြင့္ၿပီး စစ္ေဆးလ်က္ရွိေၾကာင္း အဆိုပါရဲစခန္းထံမွ သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:TheVoice

#Unicode Version#
ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ စိမ့်ကြီးကျေးရွာအုပ်စု၊ အင်တောကန်ရွာနေ ကိုမျိုးခိုင် (၃၀ နှစ်) သည် အလုပ်သွားမည်ဟု ဇနီးမချိုမာလွင် (၂၉ နှစ်)ကို ပြောဆိုကာ နေအိမ်မှထွက်သွားပြီးနောက် စိမ့်ကြီးကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် ထပ်မံပေါင်းသင်းနေသည်ကို သိရှိရ၍ ဧပြီ ၂ ရက်က တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ညောင်ပင်သာနယ်မြေရဲစခန်းထံမှ သိရှိရသည်။

ကိုမျိုးခိုင်နှင့် ဇနီးမချိုမာလွင်သည် တစ်ရွာတည်းနေဖြစ်ပြီး လွန်ခဲ့သည့် ၁၁ နှစ်ခန့်ကတည်းက လက်ထပ်ခဲ့ရာ ယခုအခါ သား၊သမီးသုံးဦးရှိပြီဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူက အလုပ်သွားမည်ဆိုပြီး တစ်လခန့်ကြာသည်အထိ အိမ်ပြန်မလာသဖြင့် လိုက်လံစုံစမ်းရာမှ စိမ့်ကြီးရွာနေ အမျိုးသမီးတစ်ဦးနှင့် ထပ်မံပေါင်းသင်းနေသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ကိုမျိုးခိုင်ကို ညောင်ပင်သာနယ်မြေရဲစခန်းက တစ်လင်တစ်မယားစနစ်ဥပဒေပုဒ်မ ၁၃ အရ အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:TheVoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top