တကယ္ခ်စ္လာတဲ့ ေယာက်္ားေလးဆုိတာကုိယ့္ခ်စ္သူကုိပဲ အလွဆုံးျမင္လာတယ္။
ခ်စ္သူရဲ႕ အားနည္းခ်က္ေလးေတြကုိပါ ခ်စ္တတ္လာၿပီးခ်စ္သူရဲ ့ကေလးဆန္မူွေတြကုိ ႏွစ္သက္လာတယ္။

ဘယ္ေလာက္ပဲ စိတ္မ႐ွည္တတ္သူျဖစ္ပါေစခ်စ္သူကုိ အံ့ျသစရာေကာင္းေလာက္ေအာင္ စိတ္႐ွည္တတ္လာတယ္။ခ်စ္သူရဲ႕ သဝန္တုိမူွကုိ နားလည္ေပးၿပီးယုံၾကည္မူွကုိ ခုိင္မာေအာင္တည္ေဆာက္လာတယ္။

မာနေတြ ဘယ္ေလာက္ပဲႀကီးခဲ့ပါေစ။ ခ်စ္သူကုိေတာ့ ေအာက္က်ေပးဖုိ႔ အဆင္သင့္ျဖစ္ေန  တတ္တယ္။ရည္းစားမ်ားသူတစ္ေယာက္ ျဖစ္ခဲ့ပါေစတကယ္ခ်စ္လာရင္ေတာ့ ေနာက္ရည္းစားထားဖုိ႔ ျငင္းပယ္လာတယ္။

ခ်စ္သူမၾကဳိက္တာေတြ ေ႐ွာင္႐ွားတတ္လာၿပီးအတတ္ႏူိင္ဆုံး ခ်စ္သူကုိ အလုိလုိက္လာတယ္။
ဘယ္ေလာက္ပဲ အလုပ္႐ူပ္႐ူပ္ ခ်စ္ရသူကုိ အခ်ိန္တစ္ခုေတာ့သီးသန္႔ေပးလာတယ္။
မွားသည္ျဖစ္ေစ ၊ မွန္သည္ျဖစ္ေစ သူက စေခ်ာ့တတ္လာၿပီးေတာင္းပန္တတ္လာပါလိမ့္မယ္။

တကယ္ခ်စ္တတ္လာရင္ေတာ့ ခ်စ္သူရဲ႕ မ်က္ရည္သုတ္ေပးဖုိ႔ထက္ခ်စ္သူမ်က္ရည္မက်ေအာင္ ေနတတ္လာပါလိမ့္မယ္။အခ်စ္ဆုိတာက ခက္ထန္သူကုိ ေပ်ာ့ေျပာင္းေစၿပီးဆုိးသြမ္းသူကုိ လိမၼာလာေစတယ္။

ရည္မွန္းခ်က္ေပ်ာက္ဆုံးေနသူကုိ ပန္းတုိင္႐ွိေစၿပီးဘဝကုိျဖစ္သလုိ ေရစုန္ေမ်ာေနသူကုိ တည္ၿငိမ္လာေစတယ္။ေယာက်္ားေလးတစ္ေယာက္က တကယ္ခ်စ္လာရင္အမွန္ေျပာင္းလဲလာၿပီး စိတ္ကုန္သြားပီဆုိရင္လည္းျပတ္သားစြာ ေမ့ေပ်ာက္သြားတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


တကယ်ချစ်လာတဲ့ ယောကျ်ားလေးဆိုတာကိုယ့်ချစ်သူကိုပဲ အလှဆုံးမြင်လာတယ်။
ချစ်သူရဲ့ အားနည်းချက်လေးတွေကိုပါ ချစ်တတ်လာပြီးချစ်သူရဲ့ကလေးဆန်မူှတွေကို နှစ်သက်လာတယ်။

ဘယ်လောက်ပဲ စိတ်မရှည်တတ်သူဖြစ်ပါစေချစ်သူကို အံ့သြစရာကောင်းလောက်အောင် စိတ်ရှည်တတ်လာတယ်။ချစ်သူရဲ့ သဝန်တိုမူှကို နားလည်ပေးပြီးယုံကြည်မူှကို ခိုင်မာအောင်တည်ဆောက်လာတယ်။

မာနတွေ ဘယ်လောက်ပဲကြီးခဲ့ပါစေ။ ချစ်သူကိုတော့ အောက်ကျပေးဖို့ အဆင်သင့်ဖြစ်နေ  တတ်တယ်။ရည်းစားများသူတစ်ယောက် ဖြစ်ခဲ့ပါစေတကယ်ချစ်လာရင်တော့ နောက်ရည်းစားထားဖို့ ငြင်းပယ်လာတယ်။

ချစ်သူမကြိုက်တာတွေ ရှောင်ရှားတတ်လာပြီးအတတ်နိူင်ဆုံး ချစ်သူကို အလိုလိုက်လာတယ်။
ဘယ်လောက်ပဲ အလုပ်ရူပ်ရူပ် ချစ်ရသူကို အချိန်တစ်ခုတော့သီးသန့်ပေးလာတယ်။
မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ သူက စချော့တတ်လာပြီးတောင်းပန်တတ်လာပါလိမ့်မယ်။

တကယ်ချစ်တတ်လာရင်တော့ ချစ်သူရဲ့ မျက်ရည်သုတ်ပေးဖို့ထက်ချစ်သူမျက်ရည်မကျအောင် နေတတ်လာပါလိမ့်မယ်။အချစ်ဆိုတာက ခက်ထန်သူကို ပျော့ပြောင်းစေပြီးဆိုးသွမ်းသူကို လိမ္မာလာစေတယ်။

ရည်မှန်းချက်ပျောက်ဆုံးနေသူကို ပန်းတိုင်ရှိစေပြီးဘဝကိုဖြစ်သလို ရေစုန်မျောနေသူကို တည်ငြိမ်လာစေတယ်။ယောကျ်ားလေးတစ်ယောက်က တကယ်ချစ်လာရင်အမှန်ပြောင်းလဲလာပြီး စိတ်ကုန်သွားပီဆိုရင်လည်းပြတ်သားစွာ မေ့ပျောက်သွားတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top