ျပည္သူအခ်စ္ေတာ္ ထိပ္တန္းသရုပ္ေဆာင္ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ခို္င္သင္းၾကည္ကေတာ့ အသက္(၄၀)ေက်ာ္ မိခင္တစ္ေယာက္လို႕ မထင္ထားရေလာက္ေအာင္ နုပ်ိဳအရြယ္တင္တစ္ဦးျဖစ္ျပီး သူမရဲ႕ တစ္ဦးတည္းေသာ သမီးေလးတစ္ေယာက္ျဖစ္တဲ့ ထိပ္ထိပ္ေလးနဲ႕ ယွဥ္ရင္ေတာင္ ညီအမေတြလို႕ ထင္ရသူပါ။

သူမနဲ႕ အတူ အနုပညာေတြကို အတူတူလုပ္ေနျပီျဖစ္တဲ့ ခ်စ္စရာ သမီးေခ်ာေလး ထိပ္ထိပ္ နဲ႕ အေမနဲ႕ သမီး ဆက္ဆံေရးထက္ တိုင္ပင္ေဖာ္တစ္ေယာက္၊ သူငယ္ခ်င္းတစ္ေယာက္လို ခ်စ္ဖို႕ေကာင္းတဲ့ ဆက္ဆံေရးမ်ိဳးကို ပို္င္ဆိုင္ထားတာျဖစ္ျပီး အနုပညာအလုပ္ေတြလုပ္လည္း အတူတူ၊ ခရီးထြက္လည္း အတူတူနဲ႕ အားက်စရာေကာင္းတဲ့ မိသားစုေလး ျဖစ္ပါတယ္။

ျမန္မာနွစ္သစ္ကူးေလးအတြင္းမွာေတာ့ ေမေမခိုင္သင္းၾကည္ နဲ႕ သမီး ထိပ္ထိပ္တို႕ မိသားစု ခရီးေလး ျပည္ပတင္မက ျပည္တြင္းေတြထိပါ သြားေရာက္ေနတာျဖစ္ျပီး ျမန္မာနိုင္ငံရဲ႕ ေအာက္ဖ်ားပိုင္းေတြထဲက အလွဆံုးတေနရာျဖစ္တဲ့ ဆလံုရြာေလးကိုပါ သြားေရာက္လည္ပတ္ခဲ့တာျဖစ္ပါတယ္။ ရွားပါးမ်ိဳးနြယ္စုေတြထဲက တစ္စုျဖစ္တဲ့ ဆလံုလူမ်ိဳးေတြ ေနထိုင္တဲ့ ဆလံုရြာေလးကို လည္ပတ္ရင္းနဲ႕ ေကာ္ဖီ၊ ေခါက္ဆြဲ ၊ မုန္႕ေတြကို လွဴဒါန္ေပးခဲ့တာျဖစ္ျပီး ခရီးသြားမွတ္တမ္း အမွတ္တရ ေလးတစ္ခုအျဖစ္ကၽြန္းသူကၽြန္းသားေတြကို ခြင့္ေတာင္းျပီး ဓာတ္ပံုေလးကို ရိုက္ကူးကာ သူမရဲ႕ ေဖ႕ဘုတ္စာမ်က္နာထက္ကေန ျပန္လည္မွ်ေ၀ထားတာမို႕  ပရိသတ္ၾကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြည်သူအချစ်တော် ထိပ်တန်းသရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အသက်(၄၀)ကျော် မိခင်တစ်ယောက်လို့ မထင်ထားရလောက်အောင် နုပျိုအရွယ်တင်တစ်ဦးဖြစ်ပြီး သူမရဲ့ တစ်ဦးတည်းသော သမီးလေးတစ်ယောက်ဖြစ်တဲ့ ထိပ်ထိပ်လေးနဲ့ ယှဉ်ရင်တောင် ညီအမတွေလို့ ထင်ရသူပါ။

သူမနဲ့ အတူ အနုပညာတွေကို အတူတူလုပ်နေပြီဖြစ်တဲ့ ချစ်စရာ သမီးချောလေး ထိပ်ထိပ် နဲ့ အမေနဲ့ သမီး ဆက်ဆံရေးထက် တိုင်ပင်ဖော်တစ်ယောက်၊ သူငယ်ချင်းတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေလုပ်လည်း အတူတူ၊ ခရီးထွက်လည်း အတူတူနဲ့ အားကျစရာကောင်းတဲ့ မိသားစုလေး ဖြစ်ပါတယ်။

မြန်မာနှစ်သစ်ကူးလေးအတွင်းမှာတော့ မေမေခိုင်သင်းကြည် နဲ့ သမီး ထိပ်ထိပ်တို့ မိသားစု ခရီးလေး ပြည်ပတင်မက ပြည်တွင်းတွေထိပါ သွားရောက်နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အောက်ဖျားပိုင်းတွေထဲက အလှဆုံးတနေရာဖြစ်တဲ့ ဆလုံရွာလေးကိုပါ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ရှားပါးမျိုးနွယ်စုတွေထဲက တစ်စုဖြစ်တဲ့ ဆလုံလူမျိုးတွေ နေထိုင်တဲ့ ဆလုံရွာလေးကို လည်ပတ်ရင်းနဲ့ ကော်ဖီ၊ ခေါက်ဆွဲ ၊ မုန့်တွေကို လှူဒါန်ပေးခဲ့တာဖြစ်ပြီး ခရီးသွားမှတ်တမ်း အမှတ်တရ လေးတစ်ခုအဖြစ်ကျွန်းသူကျွန်းသားတွေကို ခွင့်တောင်းပြီး ဓာတ်ပုံလေးကို ရိုက်ကူးကာ သူမရဲ့ ဖေ့ဘုတ်စာမျက်နာထက်ကနေ ပြန်လည်မျှဝေထားတာမို့  ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်..။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top