တနင်္လာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
Credit: bamakhit
#Unicode Version# ဖြင့်ဖတ်ပါ ။
တနင်္ဂနွေသားသမီးများ
အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ရမည်။အိမ်ထောင်ရေး သုခ အသင့်တင့်သာရှိမည်။ငယ်ရွယ်သူများ ချစ်သူကြောင့် စိတ်သောကရောက်မည်။ စိတ်ညစ်မည်။ အချစ်ရေးနှင့် ပတ်သက်ပြီး အဆင်မပြေတပြေဖြစ်မည်။
တနင်္လာသားသမီးများ
အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးတွင်တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိမည်။ရံဖန်ရံခါ ချစ်သူကြောင့် စိတ်ရှုပ်ထွေးရတက်ပါသည်။
အင်္ဂါသားသမီးများ
အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ရန်ဖြစ်ရတတ်ပါသည်။ငယ်ရွယ်သူများ အချစ်ရေးမှာ အေးတိအေးစက်ဖြစ်နေသဖြင့် စိတ်အလိုမကျဖြစ်နေမည်။ အပျိုကြီးတွေစန်းပွင့်ပြီး ရင်ခုန်စရာ ကြုံလာတတ်ပါသည်။
ဗုဒ္ဓဟူးသားသမီးများ
အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသရှေ့ထားကာ စကားများရတတ်သည်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတဲ့ စကားအတိုင်းပင်ဖြစ်မည်။ ငယ်ရွယ်သူများအချစ်ရေးနှင့် ပတ်သက်ပြီး အဆင်မပြေတပြေဖြစ်မည်။ ချစ်သူကြောင့် စိတ်သောက ရောက်မည်။ စိတ်ညစ်မည်။
ကြာသပတေးသားသမီးများ
အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရှိမည်။ ရံဖန်ရံခါ အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ထွေးတက်သော်လည်း အိမ်ထောင်ရေးသုခနှင့် ပြည့်စုံမည်။ ငယ်ရွယ်သူများအချစ်ရေးတွင်ချစ်သူ၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။
သောကြာသားသမီးများ
အိမ်ထောက်ရေးနှင့် ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားချင်းတိုက်ဆိုင်မှုလွဲမည်။အိမ်ထောင်ရေးသုခ အသင့်တင့်သာ ရှိမည်။ငယ်ရွယ်သူများ အချစ်ရေးတွင် ကြားလူအဖျက်၊အနောက်အယှက်ကြောင့် အချစ်ရေး အဆင်မပြေတာမျိုးကြုံမည်။ အချစ်ကံညံ့နေသောကာလဖြစ်ပါသည်။
စနေသားသမီးများ
အိမ်ထောင်ရေး သုခ အသင့်တင့်သာရှိမည်။ အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ရမည်။ ငယ်ရွယ်သူများအချစ်ရေးတွင် မိဘ၊ ကြီးကဲသူများကြောင့် အချစ်ရေး အဆင်မပြေဖြစ်မည်။ အချစ်ရေးကံ နိမ့်မည်။
ဆရာဇွဲမင်းထက်မှ မေတ္တာစေတနာဖြင့် ကိုယ်တိုင်တွက်ချက်ရေးသာသည်
ဗေဒင် နှင့် လက္ခဏာ ဆရာဇွဲမင်းထက် Ph:09-43110624 (Viber)
ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top