ေရနံေခ်ာင္းၿမိဳ႕၊ ေဖာင္းကေတာေက်းရြာအုပ္စု၊ ေဖာင္းကေတာေတာင္ရြာက ႏွစ္ေပါင္း ၁၀၀ ေလာက္သက္တမ္းရွိ ေအာင္ခ်မ္းသာေစတီေတာ္ ဆင္းတုေတာ္ ဧၿပီ ၄ ရက္ေန႔ မနက္ပိုင္းက ခုိးယူခံခဲ့ရတယ္လုိ႔ ေရနံေခ်ာင္းၿမိဳ႕မရဲစခန္းက သိရပါတယ္။

ျဖစ္စဥ္မွာ သာယာေအးရပ္၊ေအာင္ဆန္းရပ္ကြက္ေန ဦးေမာင္ထြန္းဆိုသူက မနက္အေစာပိုင္း ေစတီေတာ္ကုိ သြားေရာက္ဘုရားရွိခုိးရာမွ ဆင္းတုေတာ္ ေပ်ာက္ဆုံးေနတာကိုိ ေတြ႔ရတာလုိ႔ ဆုိပါတယ္။

ေစတီအတက္လမ္းမွာ လမ္းခင္းေဆာင္ရြက္ေနသူ ၃ ဦးအား ဆင္းတုေတာ္ေပ်ာက္ဆုံးေၾကာင္း အသိေပးၿပီး ေတာင္ေျခအနီး လုိက္လံ႐ွာေဖြခဲ့ေပမယ့္ မေတြ႔ရတာေၾကာင့္ ေအာင္ခ်မ္းသာေစတီေဂါပက အတြင္းေရးမႉး ဦးေမာင္ေမာင္က ဆင္းတုေတာ္ခုိးယူသြားသူအား အေရးယူေပးဖုိ႔ ၿမိဳ႕မရဲစခန္းကုိ တရားလုိျပဳလုပ္ တုိင္တန္းခဲ့တယ္လို႔ သိရပါတယ္။

ေအာင္ခ်မ္းသာေစတီေတာ္ အေရွ႕ဘက္မုခ္မွာ ျမန္မာသကၠရာဇ္ ၁၂၈၂ ခုနစ္ လြန္ခဲ့ေသာ ၉၈ ႏွစ္ေလာက္က ေက်ာင္းအမႀကီး ေဒၚမမႏွစ္ လႉဒါန္းပူေဇာ္ထားတာျဖစ္ၿပီး ဉာဏ္ေတာ္အျမင့္ ၂ ေပ ၈ လက္မေလာက္၊ လုံးပတ္ ၃ ေပေလာက္ရွိ ေရႊခ်ထားတဲ့ စက်င္ေက်ာက္တင္ပလႅင္ေခြ မုျဒာဆင္းတုေတာ္ျဖစ္တယ္လို႔ သိရပါတယ္။

ေရနံေခ်ာင္းၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ၃၈၀/၂၉၅ နဲ႔ အမႈဖြင့္အေရးယူေဆာင္ရြက္ေနၿပီး ဆင္းတုေတာ္ ခုိးယူသြားသူအား ဖမ္းဆီးမိေရး ၿမိဳ႕နယ္ရဲတပ္ဖြဲ႔က စုံစမ္း႐ွာေဖြေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရေနံချောင်းမြို့၊ ဖောင်းကတောကျေးရွာအုပ်စု၊ ဖောင်းကတောတောင်ရွာက နှစ်ပေါင်း ၁၀၀ လောက်သက်တမ်းရှိ အောင်ချမ်းသာစေတီတော် ဆင်းတုတော် ဧပြီ ၄ ရက်နေ့ မနက်ပိုင်းက ခိုးယူခံခဲ့ရတယ်လို့ ရေနံချောင်းမြို့မရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ သာယာအေးရပ်၊အောင်ဆန်းရပ်ကွက်နေ ဦးမောင်ထွန်းဆိုသူက မနက်အစောပိုင်း စေတီတော်ကို သွားရောက်ဘုရားရှိခိုးရာမှ ဆင်းတုတော် ပျောက်ဆုံးနေတာကို တွေ့ရတာလို့ ဆိုပါတယ်။

စေတီအတက်လမ်းမှာ လမ်းခင်းဆောင်ရွက်နေသူ ၃ ဦးအား ဆင်းတုတော်ပျောက်ဆုံးကြောင်း အသိပေးပြီး တောင်ခြေအနီး လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရတာကြောင့် အောင်ချမ်းသာစေတီဂေါပက အတွင်းရေးမှူး ဦးမောင်မောင်က ဆင်းတုတော်ခိုးယူသွားသူအား အရေးယူပေးဖို့ မြို့မရဲစခန်းကို တရားလိုပြုလုပ် တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

အောင်ချမ်းသာစေတီတော် အရှေ့ဘက်မုခ်မှာ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနစ် လွန်ခဲ့သော ၉၈ နှစ်လောက်က ကျောင်းအမကြီး ဒေါ်မမနှစ် လှူဒါန်းပူဇော်ထားတာဖြစ်ပြီး ဉာဏ်တော်အမြင့် ၂ ပေ ၈ လက်မလောက်၊ လုံးပတ် ၃ ပေလောက်ရှိ ရွှေချထားတဲ့ စကျင်ကျောက်တင်ပလ္လင်ခွေ မုဒြာဆင်းတုတော်ဖြစ်တယ်လို့ သိရပါတယ်။

ရေနံချောင်းမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ၃၈၀/၂၉၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး ဆင်းတုတော် ခိုးယူသွားသူအား ဖမ်းဆီးမိရေး မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top