ေပ်ာ္ရႊင္မွဳဆိုတာ….ေက်ာင္းတစ္ေက်ာင္းမွာ ဆရာဟာ ေက်ာင္းသား ၅၀ ခန္႔ကို ေဘာလံုးတစ္ေယာက္ တစ္လံုးစီ ေဝလိုက္တယ္။ၿပီးေတာ့ ေဘာလံုးေတြမွာ ကိုယ့္နာမည္ကို ေရးခိုင္းတယ္။ေရးၿပီးသြားတဲ့အခါ ေက်ာင္းသားေတြ အားလံုးကို အခန္းထဲမွာ ေဘာလံုးေတြထားခဲ့ခိုင္းၿပီးေတာ့ အျပင္ခဏထြက္ေစတယ္။

ဆရာက စိတ္ႀကိဳက္ ေဘာလံုးေတြကို ေနရာ ေရႊ႕ၿပီးတဲ့အခါက်မွ ျပန္ဝင္လာခိုင္းၿပီး ကိုယ့္နာမည္ပါတဲ့ ေဘာလံုးေလးေတြကို ျပန္ရွာေစတယ္။ဒီအခါမွာ ေက်ာင္းသား ၅၀ လံုးဟာ တိုးကာေဝွ႕ကာ ေခၽြးသံတရႊဲရႊဲနဲ႔ အလုအယက္ ကိုယ့္နာမည္ပါတဲ့ ေဘာလံုးကို ျပန္လိုက္ရွာတာေပါ့။

ငါးမိနစ္ေလာက္ၾကာတဲ့အခါမွာ အားလံုးကိုရွာတာရပ္ခိုင္းလိုက္တယ္။ တစ္ေယာက္မွ ကိုယ့္ေဘာလံုး ကို ကိုယ္ျပန္မရေသးဘူး။ဒီေတာ့မွ ဆရာက တပည့္ေတြကို ေျပာတယ္။ “မိမိနီးစပ္ရာေဘာလံုးတစ္လံုးကိုသာ ယူၿပီးေတာ့ နာမည္ပိုင္ရွင္ေတြကို ရွာေပးၾကည့္ပါ” တဲ့။

ဆရာေျပာတဲ့အတိုင္း ေက်ာင္းသားေတြ လိုက္လုပ္တဲ့အခါ က်ေတာ့မွ မိနစ္ပိုင္းအတြင္း ေက်ာင္းသားေတြ ဆီကို ကိုယ့္နာမည္ပါတဲ့ ေဘာလံုးေတြ ျပန္ေရာက္လာတယ္။

ဒီေတာ့မွ ဆရာက “တပည့္တို႔ ဘဝမွာ ေပ်ာ္ရႊင္မႈကိုရွာတာဟာ အခု ေလ့က်င့္ခန္းေလးနဲ႔ အလား သ႑ာန္ တူတယ္။ လူေတြ ဟာ ကိုယ့္ေပ်ာ္ရႊင္မႈဆိုတဲ့ ေနာက္ကိုပဲ ေခၽြးတဒီးဒီး က်ေအာင္ လိုက္ရွာ ေနေလ့ ရွိတယ္။ ဒါေပမယ့္ေနာက္ဆံုးမွာ ေပ်ာ္ရႊင္မႈ စစ္စစ္ကို ေတြ႕သလား ဆိုေတာ့ မေတြ႕တတ္ဘူး။

 တကယ္ ေပ်ာ္ရႊင္မႈ စစ္စစ္ကို ရလိုရင္ ကိုယ္လက္လွမ္းမီရာ သူတစ္ပါး ေပ်ာ္ရႊင္မႈ ေလးေတြကို ျဖည့္ဆည္း ေပးၾကည့္ပါ။ သူတစ္ပါး ကလဲ ကိုယ့္ ေပ်ာ္ရႊင္မႈ ေဘာလံုးေလးကို ကိုယ့္ဆီကို အေရာက္ လာေပး ပါလိမ့္မယ္။”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ပျော်ရွှင်မှုဆိုတာ….ကျောင်းတစ်ကျောင်းမှာ ဆရာဟာ ကျောင်းသား ၅၀ ခန့်ကို ဘောလုံးတစ်ယောက် တစ်လုံးစီ ဝေလိုက်တယ်။ပြီးတော့ ဘောလုံးတွေမှာ ကိုယ့်နာမည်ကို ရေးခိုင်းတယ်။ရေးပြီးသွားတဲ့အခါ ကျောင်းသားတွေ အားလုံးကို အခန်းထဲမှာ ဘောလုံးတွေထားခဲ့ခိုင်းပြီးတော့ အပြင်ခဏထွက်စေတယ်။

ဆရာက စိတ်ကြိုက် ဘောလုံးတွေကို နေရာ ရွှေ့ပြီးတဲ့အခါကျမှ ပြန်ဝင်လာခိုင်းပြီး ကိုယ့်နာမည်ပါတဲ့ ဘောလုံးလေးတွေကို ပြန်ရှာစေတယ်။ဒီအခါမှာ ကျောင်းသား ၅၀ လုံးဟာ တိုးကာဝှေ့ကာ ချွေးသံတရွှဲရွှဲနဲ့ အလုအယက် ကိုယ့်နာမည်ပါတဲ့ ဘောလုံးကို ပြန်လိုက်ရှာတာပေါ့။

ငါးမိနစ်လောက်ကြာတဲ့အခါမှာ အားလုံးကိုရှာတာရပ်ခိုင်းလိုက်တယ်။ တစ်ယောက်မှ ကိုယ့်ဘောလုံး ကို ကိုယ်ပြန်မရသေးဘူး။ဒီတော့မှ ဆရာက တပည့်တွေကို ပြောတယ်။ “မိမိနီးစပ်ရာဘောလုံးတစ်လုံးကိုသာ ယူပြီးတော့ နာမည်ပိုင်ရှင်တွေကို ရှာပေးကြည့်ပါ” တဲ့။

ဆရာပြောတဲ့အတိုင်း ကျောင်းသားတွေ လိုက်လုပ်တဲ့အခါ ကျတော့မှ မိနစ်ပိုင်းအတွင်း ကျောင်းသားတွေ ဆီကို ကိုယ့်နာမည်ပါတဲ့ ဘောလုံးတွေ ပြန်ရောက်လာတယ်။

ဒီတော့မှ ဆရာက “တပည့်တို့ ဘဝမှာ ပျော်ရွှင်မှုကိုရှာတာဟာ အခု လေ့ကျင့်ခန်းလေးနဲ့ အလား သဏ္ဍာန် တူတယ်။ လူတွေ ဟာ ကိုယ့်ပျော်ရွှင်မှုဆိုတဲ့ နောက်ကိုပဲ ချွေးတဒီးဒီး ကျအောင် လိုက်ရှာ နေလေ့ ရှိတယ်။ ဒါပေမယ့်နောက်ဆုံးမှာ ပျော်ရွှင်မှု စစ်စစ်ကို တွေ့သလား ဆိုတော့ မတွေ့တတ်ဘူး။

 တကယ် ပျော်ရွှင်မှု စစ်စစ်ကို ရလိုရင် ကိုယ်လက်လှမ်းမီရာ သူတစ်ပါး ပျော်ရွှင်မှု လေးတွေကို ဖြည့်ဆည်း ပေးကြည့်ပါ။ သူတစ်ပါး ကလဲ ကိုယ့် ပျော်ရွှင်မှု ဘောလုံးလေးကို ကိုယ့်ဆီကို အရောက် လာပေး ပါလိမ့်မယ်။”

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top