အတ္တမာနစိတ်တွေကို ချိုးနှိမ်ပြီး စစ်မှန်တဲ့ယုံကြည်မှုအဖြစ် အသွင်ပြောင်းလဲနိုင်ဖို
# Unicode Version # ဖြင့် ဖတ်ပါ #
အတ္တမာနဆိုတာ ကိုယ်တိုင်အတွက်သာမက မိမိဝန်းကျင်အတွက်ပါ နာကျင်စရာတွေ သယ် ဆောင်လာပေးတဲ့အရာပါ။ ကြီးမြတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့အမြင်တွေကလည်း အတ္တစိတ်ကိုအခြေ ခံပြီး ထွက်ပေါ်လာတာပါ။ အဲ့ဒီလို ပူလောင်စေတဲ့အတ္တမာနစိတ်တွေကို ဘယ်လိုချိုးနှိမ်ကြမလဲ။
၁။ ငွေကြေး၊ အာဏာနဲ့ အာရုံစိုက်ခံရမှုတွေအပေါ် မယစ်မူးမိအောင် ဂရုစိုက်ပါ။
၂။ သူတစ်ပါးထက် နိမ့်ကျတယ်၊ မြင့်မားတယ်ဆိုတဲ့စိတ်ကို မမွေးပါနဲ့။ ကမ္ဘာကြီးမှာ လူတစ်ယောက် ချင်းစီအတွက် နေရာတစ်ခုစီရှိတာမို့ စိတ်ကို တစ်သမတ်တည်းထားပါ။
၃။ လူတွေရဲ့ကောင်းကွက်တွေကို ရှာဖွေကြည့်တတ်တဲ့အကျင့်မွေးမြူပါ။
၄။ ဆရာလုပ်တတ်တဲ့စိတ်ထက် သင်ယူတတ်တဲ့စိတ်ကိုမွေးပါ။
၅။ သဘောထားကွဲလွဲမှုတွေကြုံတဲ့အခါ စိတ်လိုက်မာန်ပါမပြောခင် မိမိစကားက တစ်ဖက်သားထက် ကိုယ်တိုင်အပေါ် ရောင်ပြန်ဟပ်နေတာကိုသတိရပါ။
၆။ တခြားသူရဲ့ချီးကျူးခံရဖို့ထက် မိမိတကယ်ပျော်ရွှင်မယ့်အရာကို ရွေးချယ်လုပ်ကိုင်ပါ။
၇။ ဘာလုပ်လုပ်ရိုးသားမှုနဲ့ အကောင်းဆုံးကြိုးစားပါ။ မျှော်လင့်တဲ့ရလဒ်မထွက်ခဲ့ရင်တောင် မိမိရဲ့ကြိုး စားခဲ့မှုအတွက် ဂုဏ်ယူပါ။
၈။ ကမ္ဘာကြီးက မိမိအပေါ်တစ်ခုခုပေးဆပ်ဖို့တာဝန်ရှိနေတယ်ဆိုတဲ့အတွေးကို စွန့်လွှတ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၉။ တိုက်ခိုက်မှုတွေကြုံတဲ့အခါ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာတရားနဲ့သာ တုံ့ပြန်ပါ။
၁ဝ။ မိမိဝါသနာအပါဆုံးအလုပ်ကို ရွေးချယ်လုပ်ကိုင်ပြီး အောင်မြင်အောင်ကြိုးစားပါ။
၁၁။ မိမိကိုယ်မိမိယုံကြည်မှုရှိပါ။
၁၂။ အားလပ်ချိန်ထားပြီး တရားထိုင်ပါ။ စာအုပ်ဖတ်ပါ။ သီချင်းနားထောင်ပါ။
၁၃။ စဉ်းစားဆင်ခြင်ဉာဏ်ကို လက်ကိုင်ထားပြီး ပစ္စုပ္ပန်တည့်တည့်မှာနေထိုင်ပါ။
၁၄။ တခြားသူကို မထိန်းချုပ်နိုင်တာကို လက်ခံပါ။ ဒါကြောင့် မိမိအချိန်နဲ့စွမ်းအင်တွေကို မိမိ တတ်နိုင်တဲ့အရာတွေပေါ်မှာပဲ မြုပ်နှံထားလိုက်ပါ။
၁၅။ ကြီးမားတဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါ ကိုယ်ကျိုးကြည့်တတ်တဲ့စိတ်ကိုဖျောက်ပြီး တခြားသူ မထိခိုက်အောင် ဆင်ခြင်တတ်တဲ့စိတ်ကိုမွေးပါ။
၁၆။ အမှားပြုမိတဲ့အခါ ချက်ချင်းတောင်းပန်တတ်တဲ့အကျင့်ကိုမွေးပါ။
၁၇။ အတိတ်နဲ့အနာဂတ်မှာ အချိန်မဖြုန်းဘဲ ပစ္စုပ္ပန်အတွက် ကြိုးစားတတ်တဲ့စိတ်ကို မွေးပါ။
၁၈။ မနှစ်သက်တဲ့အရာတွေနဲ့ အချိန်မကုန်စေဖို့ ယဉ်ကျေးစွာငြင်းပယ်တတ်တဲ့အကျင့်ကို မွေးပါ။
၁၉။ ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှုရရှိဖို့ထက် တရားမျှတစွာအလုပ်ပြီးမြောက်ခြင်းဆီက စိတ်ကျေနပ် မှုကိုသာ ရှာဖွေပါ။
၂ဝ။ ရှုံးနိမ့်မှုတွေကြုံလာတဲ့အခါ လူတိုင်းမရှောင်လွှဲနိုင်တဲ့သဘာဝတရားဆိုတာ သတိရပါ။
၂၁။ မိမိရဲ့အောင်မြင်မှုကိုကျေနပ်မိတဲ့အခါ လောကကြီးမှာပြီးပြည့်စုံတဲ့သူမရှိဘူးဆိုတာ သတိရပါ။ ရောက်တဲ့နေရာမှာ ပညာရပ်တွေဆည်းပူးဖို့ အားထုတ်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:GandaWin Magazine