မႏၲေလးမဟာမုနိဘုရားႀကီးသို႔ လာေရာက္သည့္ ျပည္ပဘုရားဖူးမ်ားထံမွ ဝင္ေၾကး က်ပ္ငါးေထာင္ ေကာက္ခံမည့္ အစီအစဥ္ကို သာသာနာေရးဦးစီးဌာနက ခြင့္မျပဳသျဖင့္ လတ္တေလာတြင္ ျပန္လည္ၫွိႏႈိင္းေနေၾကာင္း မႏၲေလးတိုင္းသာသနာေရးဦးစီးဌာနႏွင့္ မဟာမုနိဘုရားႀကီးေဂါပကအဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

“ဇုန္ဝင္ေၾကးတစ္ေသာင္းက်ပ္ေကာက္ခံထားၿပီးသားျဖစ္တဲ့အတြက္ ဒီလိုေကာက္ခံမယ့္ဟာကို ခြင့္မျပဳဘူးလို႔ စာထုတ္ျပန္ထားတာပါ။ ကန္႔ကြက္တာ မဟုတ္ပါဘူး။ ခြင့္မျပဳတာပါ”ဟု မႏၲေလးတိုင္း သာသနာေရးဦးစီးဌာန ဦးစီးမႉးက ေျပာၾကားသည္။ လတ္တေလာတြင္ ယင္းအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးေနဆဲျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

ဇူလိုင္လ ၁ ရက္ေန႔မွစတင္၍ မဟာမုနိဘုရားႀကီးသို႔ လာေရာက္သည့္ ျပည္ပ ဘုရားဖူးမ်ားထံမွ ဝင္ေၾကးအျဖစ္ က်ပ္ငါးေထာင္ကိုေကာက္ခံရန္အတြက္ ေဂါပကအဖြဲ႕၏တင္ျပမႈကို တိုင္းေဒသႀကီးအစိုးရ အဖြဲ႕က ခြင့္ျပဳၿပီးျဖစ္ေၾကာင္း ေဂါပကအဖြဲ႕ဝင္ ဦးျဖဴလုံးက ဆိုသည္။

သို႔ေသာ္သာသနာေရးက ခြင့္မျပဳသျဖင့္ ၫွိႏႈိင္းေနဆဲဟုလည္း ၎က ေျပာသည္။

မဟာမုနိဘုရားႀကီးပရိဝုဏ္ၾကည္ၫိုဖြယ္ျဖစ္ေစေရး၊ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပဳျပင္ထိန္းသိမ္းေရးအတြက္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ အစည္းအေဝးအမွတ္စဥ္ ၇/၂၀၁၉ အရ မဟာမုနိဘုရားႀကီးေဂါပကအဖြဲ႕က ဇူလိုင္လ ၁ ရက္ေန႔မွစတင္ကာ ႏိုင္ငံျခား သားတစ္ဦးလၽွင္ က်ပ္ငါးေထာင္ စတင္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနက ဧၿပီလ ၁၈ ရက္ ေန႔စြဲျဖင့္ ထုတ္ျပန္ထားသည္။

ဝင္ေၾကးေကာက္ခံမႈႏွင့္အတူ လိုအပ္သည့္သတင္းအခ်က္အလက္မ်ား ေပးႏိုင္ရန္အတြက္ ဘုရားႀကီးပရိဝုဏ္ အတြင္း Information Center မ်ားကို တည္ေဆာက္ေနၿပီး သတင္းအခ်က္ အလက္အခမဲ့၊ လက္ကမ္းစာ႐ြက္မ်ား၊ ထီး၊ ဖိနပ္ အခမဲ့ထားႏိုင္မည့္ ေနရာမ်ား၊ Wifi အခမဲ့သုံးစြဲႏိုင္ျခင္း စသည္တို႔ကို ျပန္လည္ရရွိႏိုင္မည္ျဖစ္ေၾကာင္း မဟာမုနိဘုရားႀကီး ေဂါပကအဖြဲ႕ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးမဟာမုနိဘုရားကြီးသို့ လာရောက်သည့် ပြည်ပဘုရားဖူးများထံမှ ဝင်ကြေး ကျပ်ငါးထောင် ကောက်ခံမည့် အစီအစဉ်ကို သာသာနာရေးဦးစီးဌာနက ခွင့်မပြုသဖြင့် လတ်တလောတွင် ပြန်လည်ညှိနှိုင်းနေကြောင်း မန္တလေးတိုင်းသာသနာရေးဦးစီးဌာနနှင့် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဇုန်ဝင်ကြေးတစ်သောင်းကျပ်ကောက်ခံထားပြီးသားဖြစ်တဲ့အတွက် ဒီလိုကောက်ခံမယ့်ဟာကို ခွင့်မပြုဘူးလို့ စာထုတ်ပြန်ထားတာပါ။ ကန့်ကွက်တာ မဟုတ်ပါဘူး။ ခွင့်မပြုတာပါ”ဟု မန္တလေးတိုင်း သာသနာရေးဦးစီးဌာန ဦးစီးမှူးက ပြောကြားသည်။ လတ်တလောတွင် ယင်းအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မဟာမုနိဘုရားကြီးသို့ လာရောက်သည့် ပြည်ပ ဘုရားဖူးများထံမှ ဝင်ကြေးအဖြစ် ကျပ်ငါးထောင်ကိုကောက်ခံရန်အတွက် ဂေါပကအဖွဲ့၏တင်ပြမှုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ခွင့်ပြုပြီးဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးဖြူလုံးက ဆိုသည်။

သို့သော်သာသနာရေးက ခွင့်မပြုသဖြင့် ညှိနှိုင်းနေဆဲဟုလည်း ၎င်းက ပြောသည်။

မဟာမုနိဘုရားကြီးပရိဝုဏ်ကြည်ညိုဖွယ်ဖြစ်စေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၇/၂၀၁၉ အရ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ နိုင်ငံခြား သားတစ်ဦးလျှင် ကျပ်ငါးထောင် စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဝင်ကြေးကောက်ခံမှုနှင့်အတူ လိုအပ်သည့်သတင်းအချက်အလက်များ ပေးနိုင်ရန်အတွက် ဘုရားကြီးပရိဝုဏ် အတွင်း Information Center များကို တည်ဆောက်နေပြီး သတင်းအချက် အလက်အခမဲ့၊ လက်ကမ်းစာရွက်များ၊ ထီး၊ ဖိနပ် အခမဲ့ထားနိုင်မည့် နေရာများ၊ Wifi အခမဲ့သုံးစွဲနိုင်ခြင်း စသည်တို့ကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top