ေႏြရာသီရဲ႕ ရာသီေပၚစာျဖစ္တဲ့သရက္သီးစိမ္းကို ဆားေလး ၊ ငပိေလး ၊ ငရုတ္သီးေလးနဲ႔ တုိ႔စားလိုက္ရတာမ်ိဳးပဲျဖစ္ျဖစ္ ၊ သုပ္စားတာပဲျဖစ္ျဖစ္ ဘာနဲ႔မွကိုမလဲႏုိင္တဲ့အရာတစ္ခုမဟုတ္ပါလား ။ ရာသီေပၚစာ စားေပးတယ္ဆိုတာ က်န္းမာေရးနဲ႔ညီညႊတ္ဖို႔အတြက္ပါပဲ ။ ဒီမွာဘာေၾကာင့္ ရာသီေပၚသရက္သီးစိမ္းေတြကို စားသုံးသင့္တယ္ဆိုတာ ေဝမ်ွေပးလိုက္ပါတယ္ ။
၁ ။ ေရငတ္သက္သာေစျခင္း…
သရက္သီးစိမ္းကို ဆားျဖင့္ တုိ႔စားျခင္းဟာ.ႏၶာကုိယ္တြင္းေရဓာတ္ဆုံးရွုံးျခင္းကို အမ်ားႀကီးကာကြယ္ေပးပါတယ္ ။ သရက္သီးမ်ားမ်ားစားထားသူဟာ ေတာ္ရုံနဲ႔ ေရဆာေလ့မရွိၾကပါဘူး။ ဒါေၾကာင့္ ေႏြရာသီမွာသရက္သီးစိမ္းႀကိဳက္တတ္ၿပီး အၿမဲတေစစားသုံးေလ့ရွိသူေတြဟာ မစားတဲ့လူေတြေလာက္ပင္ပန္းတဲ့ ပုံစံမေပါက္တာမ်ိဳးေတြ႕ရပါတယ္ ။
၂။ ေခၽြးထြက္လြန္တာမ်ိဳး မျဖစ္ေပၚေစျခင္း…
လက္တေလာ ပူျပင္းလြန္းတဲ့ ရာသီဥတုေၾကာင့္ ခႏၶာကိုယ္မွာမလိုအပ္ပဲေခၽြးထြက္လာတာမ်ိဳးေတြရွိလာႏိုင္ပါတယ္။ သရက္သီးစိမ္းမွာ ဆိုဒီယမ္ကလိုရုိက္ဒ္နဲ႔ iron ဓာတ္ၾကြယ္ဝတာေၾကာင့္ ေခၽြးထြက္လြန္တာမ်ိဳးမျဖစ္ေစပဲ ပင္ပန္းႏြမ္းနယ္တာေတြကို သက္သာေစမွာျဖစ္ပါတယ္။
၃ ။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေစႏုိင္ျခင္း…
သရက္သီးစိမ္းဟာ သရက္သီးအမွည္႔ထက္ အမ်ွင္ဓာတ္ပိုမိုမ်ားျပားတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်လိုသူေတြစားသုံးဖို႔ အသင့္ေတာ္ဆုံးပါပဲ ။ အေနာက္ႏုိင္ငံေတြမွာေတာ့ သရက္သီးအစိမ္းကိုေဖ်ာ္ရည္အျဖစ္လုပ္ေသာက္ၾကသူေတြေတာင္ရွိၾကပါတယ္ ။
၄ ။ အစာအိမ္ေျခဖ်က္မွု အားေကာင္းေစျခင္း
သရက္သီးအစိမ္းစားျခင္းဟာ အူလမ္းေၾကာင္းကိုရွင္းလင္းေစၿပီး အစာအိမ္ေျခဖ်က္မွုကို နွစ္ဆပိုမိုအားေကာင္းေစပါတယ္ ။ အစာေျခဖ်က္မွုအားေကာင္းေစရုံသာမက အမ်ွင္ဓာတ္ၾကြယ္ဝတာေၾကာင့္ ေတာ္ရုံနဲ႔ဗိုက္မဆာေအာင္ ကူညီေပးတဲ့ေနရာမွာ အေထာက္အကူျပဳပါတယ္ ။
ဒီေလာက္ဆို သရက္သီးခ်စ္သူလဲ သရက္သီးစားျခင္းရဲ႕အက်ိဳးေက်းဇူးေတြ သိေလာက္ၿပီထင္ပါတယ္ ။ သရက္သီးစားရတာႀကိဳက္ႏွစ္သက္တယ္ဆိုရင္ သရက္သီးစားသူေတြအခ်င္းခ်င္း အက်ိဳးေက်းဇူးေလးေတြ ေဝမ်ွေပးဖို႔လဲ မေမ့ပါနဲ႔ဦး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:(ပိုပိုေလး)
#Unicode Version# ျဖင့္ဖတ္ပါ ။
နွေရာသီရဲ့ ရာသီပေါ်စာဖြစ်တဲ့သရက်သီးစိမ်းကို ဆားလေး ၊ ငပိလေး ၊ ငရုတ်သီးလေးနဲ့ တို့စားလိုက်ရတာမျိုးပဲဖြစ်ဖြစ် ၊ သုပ်စားတာပဲဖြစ်ဖြစ် ဘာနဲ့မှကိုမလဲနိုင်တဲ့အရာတစ်ခုမဟုတ်ပါလား ။ ရာသီပေါ်စာ စားပေးတယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့အတွက်ပါပဲ ။ ဒီမှာဘာကြောင့် ရာသီပေါ်သရက်သီးစိမ်းတွေကို စားသုံးသင့်တယ်ဆိုတာ ဝေမျှပေးလိုက်ပါတယ် ။
၁ ။ ရေငတ်သက်သာစေခြင်း…
သရက်သီးစိမ်းကို ဆားဖြင့် တို့စားခြင်းဟာ.န္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးခြင်းကို အများကြီးကာကွယ်ပေးပါတယ် ။ သရက်သီးများများစားထားသူဟာ တော်ရုံနဲ့ ရေဆာလေ့မရှိကြပါဘူး။ ဒါကြောင့် နွေရာသီမှာသရက်သီးစိမ်းကြိုက်တတ်ပြီး အမြဲတစေစားသုံးလေ့ရှိသူတွေဟာ မစားတဲ့လူတွေလောက်ပင်ပန်းတဲ့ ပုံစံမပေါက်တာမျိုးတွေ့ရပါတယ် ။
၂။ ချွေးထွက်လွန်တာမျိုး မဖြစ်ပေါ်စေခြင်း…
လက်တလော ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ခန္ဓာကိုယ်မှာမလိုအပ်ပဲချွေးထွက်လာတာမျိုးတွေရှိလာနိုင်ပါတယ်။ သရက်သီးစိမ်းမှာ ဆိုဒီယမ်ကလိုရိုက်ဒ်နဲ့ iron ဓာတ်ကြွယ်ဝတာကြောင့် ချွေးထွက်လွန်တာမျိုးမဖြစ်စေပဲ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
၃ ။ ကိုယ်အလေးချိန်လျော့ချစေနိုင်ခြင်း…
သရက်သီးစိမ်းဟာ သရက်သီးအမှည့်ထက် အမျှင်ဓာတ်ပိုမိုများပြားတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေစားသုံးဖို့ အသင့်တော်ဆုံးပါပဲ ။ အနောက်နိုင်ငံတွေမှာတော့ သရက်သီးအစိမ်းကိုဖျော်ရည်အဖြစ်လုပ်သောက်ကြသူတွေတောင်ရှိကြပါတယ် ။
၄ ။ အစာအိမ်ခြေဖျက်မှု အားကောင်းစေခြင်း
သရက်သီးအစိမ်းစားခြင်းဟာ အူလမ်းကြောင်းကိုရှင်းလင်းစေပြီး အစာအိမ်ခြေဖျက်မှုကို နှစ်ဆပိုမိုအားကောင်းစေပါတယ် ။ အစာခြေဖျက်မှုအားကောင်းစေရုံသာမက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် တော်ရုံနဲ့ဗိုက်မဆာအောင် ကူညီပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ် ။
ဒီလောက်ဆို သရက်သီးချစ်သူလဲ သရက်သီးစားခြင်းရဲ့အကျိုးကျေးဇူးတွေ သိလောက်ပြီထင်ပါတယ် ။ သရက်သီးစားရတာကြိုက်နှစ်သက်တယ်ဆိုရင် သရက်သီးစားသူတွေအချင်းချင်း အကျိုးကျေးဇူးလေးတွေ ဝေမျှပေးဖို့လဲ မမေ့ပါနဲ့ဦး။
ဖိုးသူတော် (www.phothutaw.com)
Credit:(ပိုပိုလေး)
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ေႏြရာသီမွာ သရက္သီးအစိမ္းစားျခင္းျဖင့္ရရွိလာမယ့္အက်ိဳးေက်းဇူးမ်ား…
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။