အမှုမှာဖလုံဘူတာ​ကျေးရွာအုပ်​စုသစ်​​တောဝင်း၌နေထိုင်​​သောအငြိမ်းစားတောအုပ်​ကြီးဦး​အောင်​သိန်းအိမ်​သို့အမျိုးသ မီးတစ်​ဦးကြိုးဆွဲချသေဆုံး​ကြောင်းသတင်းရရှိ၍တာဝန်​ရှိသူများသွား​ရောက်​စစ်​​ဆေးရာဒေါ်နုနုလှိုင်(၄၅)(ဘ)ဦးတင်​လှိုင်​၊ဖြစ်​​ကြောင်းသိရသည်​။
#Unicode Version#
တိုက်ကြီးမြို့နယ်ဖလုံဘူတာအုပ်စုသစ် တောဝင်းတွင်ဧပြီလ(၄)ရက်ညနေ(၅) နာရီအချိန်ကအကိုအိမ်လာလည်သော ညီမကြိုးဆွဲချသေဆုံးကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။
အမှုမှာဖလုံဘူတာကျေးရွာအုပ်စုသစ်တောဝင်း၌နေထိုင်သောအငြိမ်းစားတောအုပ်ကြီးဦးအောင်သိန်းအိမ်သု့ိအမျိုးသ မီးတစ်ဦးကြိုးဆွဲချသေဆုံးကြောင်းသတင်းရရှိ၍တာဝန်ရှိသူများသွားရောက်စစ်ဆေးရာဒေါ်နုနုလှိုင်(၄၅)(ဘ)ဦးတင်လှိုင်၊ဖြစ်ကြောင်းသိရသည်။
သေဆုံးသူဒေါ်နုနုလှိုင်သည်အငြိမ်းစား တောအုပ်ကြီးဦးတင်လှိုင်၏ညီမအရင်းဖြစ်ပြီး၊ဒဂုံတောင်၊ယုဇနအိမ်ရာတွင်နေထိုင်သူဖြစ်ပြီးလွန်ခဲ့သော(၄)ရက်ခန့်ကအကိုဖြစ်သူထံရောက်ရှိခဲ့ပြီး၊ဦးအောင်သိန်းနေအိမ်တွင်မရှိခိုက်၊ယခုကဲ့သို့ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးမှုကိုတိုက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၉)ဖွင့်လှစ်၍အလောင်းအားတိုက်ကြီးဆေး
ရုံသို့ပို့ဆောင်၍ဓမ္မာတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။…..
ဖိုးသူတော်(www.phothutaw.com)
Credit:ထွန်းလှိုင် (မြိုင်)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top