ျမတ္စြာဘုရားကိုယ္တိုင္က“သံသရာအစ မရွိဘူး” လို႔ မေျပာဘူး။“မသိႏိုင္ဘူး” လို႔သာ ေျပာတာ။
“မသိႏိုင္ဘူး ႏွင့္ မရွိဘူး”က အဓိပၸာယ္ တျခားစီပဲ။

“အနမတဂၢ”ဆိုတဲ့ ပါဠိရဲ႕အဓိပၸာယ္က“အမတ+အဂၢ- အစကို မသိႏိုင္ဘူး”လို႔ ေျပာတာ။
 ေနာက္တစ္နည္းက“အႏု+အမတ+အဂၢ” -“အႏု” -ေနာက္ေၾကာင္းျပန္ၿပီး ေလွ်ာက္ရွာလွ်င္
“အဂၢ” -အစကို “အ-မတ” -မသိႏိုင္ဘူးတဲ့။ဒီလိုေျပာတာ။

 ေနာက္ေၾကာင္းျပန္လွည့္ၿပီး ရွာလွ်င္အစကို ရွာလို႔ ရမွာမဟုတ္ဘူး။ကိုယ့္မ်ိဳး႐ိုးကေလးတင္ ရွာၾကည့္ပါဦး။ကိုယ့္အေမပဲ ရွာၾကည့္ပါဦး။အေမၿပီးရင္ အေမ့အေမကိုရွာ။
အေမ့အေမၿပီးရင္ အဲဒီအေမ့အေမကိုရွာ။

အဲဒီ အေမ့အေမေတြရွာေနရင္ဘယ္ေတာ့ ဆံုးမတုံး။မဆံုးဘူး။အားလံုး အေမတိုင္းဟာ အေမ ရွိခဲ့တာခ်ည္းပဲ။

 ျမတ္စြာဘုရားက “အနမတဂၢသံယုတ္”မွာဥပမာ ေပးထားတာ ရွိတယ္။
“ေဟာဒီ ကမၻာေျမႀကီးက ေျမသားေတြကိုယူၿပီး ဆီးသီးေလာက္ အလံုးကေလးေတြလံုး။
(ဆီးသီးဆိုတာ ဗမာဆီးသီး ႐ိုး႐ိုးျဖစ္မယ္။ယိုးဒယားဆီးသီး အႀကီး,ႀကီး ေျပာတာ မဟုတ္ဘူး)။
ဒါက အေမ။ ဒါက အေမ့ အေမ၊ဒါက အေမ့အေမရဲ႕ အေမအဲဒီလို ခ်ၿပီးေရတြက္ရင္ ကမၻာေျမႀကီးကို
လံုးထားတဲ့ ဆီးသီးလံုးေလးေတြသာကုန္သြားမယ္ အေမ စာရင္း မကုန္ေသးဘူး” လို႔ ေျပာတာ။

 “အနမတဂၢ” ဆိုတာ အဲဒီ အဓိပၸာယ္ေျပာတာ။အဲဒီေတာ့ သံသရာအစ မသိႏိုင္တာကို
မသိႏိုင္မွန္း သိတာဟာ သိတာေပါ့။

 ျမတ္စြာဘုရားက •••အက်ိဳးမရွိတဲ့အလုပ္ကို ဘယ္ေတာ့မွမလုပ္ဘူး။
ဒါေၾကာင့္ မာလုက်ပုတၱ ရဟန္းကို ေျပာတယ္။ဒါေတြ လိုက္ရွာေနလို႔ ေလာဘကင္းဖို႔၊
ေဒါသကင္းဖို႔၊ေမာဟကင္းဖို႔ မျဖစ္ႏိုင္ဘူးတဲ့။

အေရးႀကီးဆံုးက ကိုယ့္သႏၲာန္မွာ •••ေလာင္ေနတဲ့မီး ၿငိမ္းဖို႔က အေရးႀကီးတာတဲ့။
ကိုယ့္ရင္ဝ စူးေနတဲ့ျမႇားႏႈတ္ဖို႔ကအေရးႀကီးတာ။ဒါေတြ လိုက္ၿပီး အျငင္းပြားေနလို႔
အက်ိဳးမရွိဘူးတဲ့။

အျငင္းပြားမႈက မလိုအပ္တဲ့ အလုပ္ပဲတဲ့။ဟိုဟာရွိတယ္၊ ဟိုဟာမရွိဘူးလို႔ျငင္းေနမယ့္အစား ကိုယ္လုပ္သင့္တာဘာလဲဆိုလွ်င္ ကိုယ့္သႏၲာန္မွာ •••ေလာဘရွိသလား၊ ေလာဘမရွိဘူးလား။
အဲဒါပဲ စစ္ေဆးသင့္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး
# Unicode Version # ျဖင့္ ဖတ္ပါ #


 မြတ်စွာဘုရားကိုယ်တိုင်က“သံသရာအစ မရှိဘူး” လို့ မပြောဘူး။“မသိနိုင်ဘူး” လို့သာ ပြောတာ။
“မသိနိုင်ဘူး နှင့် မရှိဘူး”က အဓိပ္ပာယ် တခြားစီပဲ။

“အနမတဂ္ဂ”ဆိုတဲ့ ပါဠိရဲ့အဓိပ္ပာယ်က“အမတ+အဂ္ဂ- အစကို မသိနိုင်ဘူး”လို့ ပြောတာ။
 နောက်တစ်နည်းက“အနု+အမတ+အဂ္ဂ” -“အနု” -နောက်ကြောင်းပြန်ပြီး လျှောက်ရှာလျှင်
“အဂ္ဂ” -အစကို “အ-မတ” -မသိနိုင်ဘူးတဲ့။ဒီလိုပြောတာ။

 နောက်ကြောင်းပြန်လှည့်ပြီး ရှာလျှင်အစကို ရှာလို့ ရမှာမဟုတ်ဘူး။ကိုယ့်မျိုးရိုးကလေးတင် ရှာကြည့်ပါဦး။ကိုယ့်အမေပဲ ရှာကြည့်ပါဦး။အမေပြီးရင် အမေ့အမေကိုရှာ။
အမေ့အမေပြီးရင် အဲဒီအမေ့အမေကိုရှာ။

အဲဒီ အမေ့အမေတွေရှာနေရင်ဘယ်တော့ ဆုံးမတုံး။မဆုံးဘူး။အားလုံး အမေတိုင်းဟာ အမေ ရှိခဲ့တာချည်းပဲ။

 မြတ်စွာဘုရားက “အနမတဂ္ဂသံယုတ်”မှာဥပမာ ပေးထားတာ ရှိတယ်။
“ဟောဒီ ကမ္ဘာမြေကြီးက မြေသားတွေကိုယူပြီး ဆီးသီးလောက် အလုံးကလေးတွေလုံး။
(ဆီးသီးဆိုတာ ဗမာဆီးသီး ရိုးရိုးဖြစ်မယ်။ယိုးဒယားဆီးသီး အကြီး,ကြီး ပြောတာ မဟုတ်ဘူး)။
ဒါက အမေ။ ဒါက အမေ့ အမေ၊ဒါက အမေ့အမေရဲ့ အမေအဲဒီလို ချပြီးရေတွက်ရင် ကမ္ဘာမြေကြီးကို
လုံးထားတဲ့ ဆီးသီးလုံးလေးတွေသာကုန်သွားမယ် အမေ စာရင်း မကုန်သေးဘူး” လို့ ပြောတာ။

 “အနမတဂ္ဂ” ဆိုတာ အဲဒီ အဓိပ္ပာယ်ပြောတာ။အဲဒီတော့ သံသရာအစ မသိနိုင်တာကို
မသိနိုင်မှန်း သိတာဟာ သိတာပေါ့။

 မြတ်စွာဘုရားက •••အကျိုးမရှိတဲ့အလုပ်ကို ဘယ်တော့မှမလုပ်ဘူး။
ဒါကြောင့် မာလုကျပုတ္တ ရဟန်းကို ပြောတယ်။ဒါတွေ လိုက်ရှာနေလို့ လောဘကင်းဖို့၊
ဒေါသကင်းဖို့၊မောဟကင်းဖို့ မဖြစ်နိုင်ဘူးတဲ့။

အရေးကြီးဆုံးက ကိုယ့်သန္တာန်မှာ •••လောင်နေတဲ့မီး ငြိမ်းဖို့က အရေးကြီးတာတဲ့။
ကိုယ့်ရင်ဝ စူးနေတဲ့မြှားနှုတ်ဖို့ကအရေးကြီးတာ။ဒါတွေ လိုက်ပြီး အငြင်းပွားနေလို့
အကျိုးမရှိဘူးတဲ့။

အငြင်းပွားမှုက မလိုအပ်တဲ့ အလုပ်ပဲတဲ့။ဟိုဟာရှိတယ်၊ ဟိုဟာမရှိဘူးလို့ငြင်းနေမယ့်အစား ကိုယ်လုပ်သင့်တာဘာလဲဆိုလျှင် ကိုယ့်သန္တာန်မှာ •••လောဘရှိသလား၊ လောဘမရှိဘူးလား။
အဲဒါပဲ စစ်ဆေးသင့်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ပါချုပ်ဆရာတော်ဘုရားကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top