20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ႏိုင္ငံျခားဆန္ကုန္သည္ မ်ားက ျမန္မာဆန္ကို ေစ်းႏွိမ္ဝယ္ ယူေၾကာင္း ျမန္မာႏိုင္ငံဆန္ စပါး ကုန္သည္အသင္း ဥကၠ႒ဦးေအာင္ သန္းဦးက ေျပာသည္။

တ႐ုတ္ႏွင့္ အီးယူႏိုင္ငံမ်ား က ဆန္အဝယ္ေလ်ာ့နည္းသည့္ အေျခအေနကို အသံုးခ်ၿပီး ႏိုင္ငံ ျခားကုန္သည္မ်ားက ေစ်းႏွိမ္ဝယ္ ယူသည့္အေျခအေနႏွင့္ ႀကံဳေတြ႕ ေနရေၾကာင္း ၎ကဆိုသည္။

ႏိုင္ငံျခား ကုန္သည္မ်ား သည္ ျမန္မာႏိုင္ငံက ေရာင္းခ် သည့္ ၂၅ မွတ္ (အက်ိဳးအေၾက ၂၅ ရာခိုင္ႏႈန္း) ဆန္တစ္တန္လွ်င္၂၆၅ ေဒၚလာခန္႔ျဖင့္ ဝယ္ယူ သည္။ ႏိုင္ငံတကာ ဆန္ေစ်းကြက္ တြင္ ထိုင္းႏိုင္ငံမွ ၂၅ မွတ္ဆန္ တစ္တန္လွ်င္ ၃၇၃ ေဒၚလာ၊ဗီယက္နမ္ ၂၅ မွတ္ ဆန္တစ္တန္လွ်င္ ၃၃၃ ေဒၚလာေစ်းဖြင့္ရာ ႏိုင္ငံတကာ ဆန္ေစ်းကြက္၌ ထိုင္း၊ ဗီယက္နမ္ႏိုင္ငံႏွင့္ ႏႈိင္း ယွဥ္ပါက ျမန္မာဆန္တစ္တန္၏ တန္ဖိုးသည္ ၃၀ ရာခိုင္ႏႈန္းခန္႔ ေလ်ာ့နည္းေနသည္။

‘‘ဆိုရွယ္မီဒီယာေပၚမွာေရး ေနတဲ့တခ်ိဳ႕အခ်က္ေတြက ေစ်း ကြက္ကို သတ္သလိုျဖစ္ၿပီးဝယ္သူ ေတြရဲ႕ ႏွိမ့္ခ်ဝယ္ယူတဲ့ အေျခအေနကို ႀကံဳေနရတယ္’’ ဟု ဦးေအာင္သန္းဦးက ေျပာသည္။

ျမန္မာႏိုင္ငံက ေရာင္းခ်သည့္ ဆန္တစ္တန္ေစ်းႏႈန္းက ႏိုင္ငံျခား ဆန္ကုန္သည္မ်ား သတ္မွတ္ သည့္ ေစ်းႏႈန္းေလာက္ မနည္း ေၾကာင္း ၎ကရွင္းျပသည္။

‘‘အသံေၾကာင့္ ဖားေသတာ မ်ိဳးမျဖစ္အာင္ ဝိုင္းဝန္းၿပီးထိန္းဖို႔ လိုတယ္’’ ဟု ဧၿပီ ၁ ရက္ ျမန္မာ ႏိုင္ငံဆန္စပါးကုန္သည္အသင္း၌ ျပဳလုပ္ေသာ အစည္းအေဝးတြင္ ဦးေအာင္သန္းဦးက ဆန္ကုန္သည္မ်ားကို ေျပာသည္။

တ႐ုတ္ႏွင့္ အီးယူႏိုင္ငံမ်ားက ဝယ္လိုအားေလ်ာ့နည္းမႈေၾကာင့္ ျပည္ပတင္ပို႔ႏိုင္သည့္ ဆန္ပမာ ဏသည္ ၂၀၁၈ ဧၿပီ ၁ ရက္ႏွင့္ ၂၀၁၉ မတ္လ ၃၁ ရက္အထိ ဆန္တန္ခ်ိန္ ၂ ဒသမ ၃ သန္း ေက်ာ္သာ တင္ပို႔ႏိုင္ခဲ့သည္။

၂၀၁၇-၁၈ ဘ႑ာႏွစ္က စံခ်ိန္တင္ ဆန္တန္ခ်ိန္ ၃ ဒသမ ၆၈ သန္း တင္ပို႔ႏိုင္ခဲ့သည္။ ထို႔ ေၾကာင့္ ျပည္တြင္း၌ ဆန္တန္ခ်ိန္ တစ္သန္းေက်ာ္ က်န္ရွိေနသည္။

လက္ရွိ ျမန္မာႏိုင္ငံမွ ျပည္ ပဆန္တင္ပို႔ေနသည့္ အခ်ိန္ျဖစ္ ၿပီး သႀကၤန္မတိုင္မီ ဆန္တင္ သေဘၤာမ်ား ျမန္မာႏိုင္ငံသို႔ ဆက္ တိုက္အဝင္ရွိေနေၾကာင္း ဆန္ ကုန္သည္အခ်ိဳ႕က ေျပာသည္။

‘‘သႀကၤန္မတိုင္မီမွာ ဆန္ တန္ခ်ိန္တစ္သိန္းေက်ာ္ေလာက္ သေဘၤာတင္ဖို႔ရွိေနတယ္။ အခု စပါးေစ်းက ျပန္တက္မယ္လို႔ထင္ တယ္’’ ဟု ျမန္မာႏိုင္ငံဆန္စပါးအ သင္းခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ ဦးမ်ိဳးသူရေအးက ေျပာသည္။ ႏိုင္ငံတကာေစ်းကြက္တြင္ ဆန္ ေစ်းသည္ အတက္ဘက္၌ရွိေနၿပီး ယခုလအတြင္း တစ္တန္လွ်င္ပ်မ္း မွ်ငါးေဒၚလာခန္႔ေစ်းျပန္တက္ လာေၾကာင္း ၎ကဆိုသည္။

ထိုအေျခအေနတြင္ ျမန္မာ ႏိုင္ငံမွ ဆန္ေစ်းက ႏိုင္ငံတကာ ေစ်းကြက္၌ သက္သာေနျခင္း ေၾကာင့္ ဝယ္ယူလိုသူ မ်ားေန ေၾကာင္း ျပည္ပဆန္တင္ပို႔သူအ ခ်ိဳ႕က ေျပာသည္။

လက္ရွိျမန္မာဆန္ကို အာဖ ရိကႏိုင္ငံမ်ားသို႔ အဓိကတင္ပို႔ေန ၿပီး အင္ဒိုနီးရွားႏိုင္ငံသို႔ ဆန္ကြဲ မ်ား တင္ပို႔ေနသည္။ သႀကၤန္မတိုင္မီ ျပည္ပသို႔ တန္ခ်ိန္ႏွစ္ ေသာင္းေက်ာ္ တင္ေဆာင္ႏိုင္ သည့္ ဆန္သေဘၤာငါးစီးခန္႔တင္ပို႔ ရန္ ျပည္ပဆန္တင္ပို႔သူမ်ားက စီ စဥ္ေနသည္။
 ရန္ကုန္ေစ်းကြက္ တင္ပို႔မည့္ဆန္အိတ္မ်ားကို သေဘၤာေပၚမွ သယ္ေဆာင္ေနစဥ္ (ဓာတ္ပံု −ျပည္သိမ္း)
ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily

#Unicode Version#
နိုင်ငံခြားဆန်ကုန်သည် များက မြန်မာဆန်ကို ဈေးနှိမ်ဝယ် ယူကြောင်း မြန်မာနိုင်ငံဆန် စပါး ကုန်သည်အသင်း ဥက္ကဋ္ဌဦးအောင် သန်းဦးက ပြောသည်။

တရုတ်နှင့် အီးယူနိုင်ငံများ က ဆန်အဝယ်လျော့နည်းသည့် အခြေအနေကို အသုံးချပြီး နိုင်ငံ ခြားကုန်သည်များက ဈေးနှိမ်ဝယ် ယူသည့်အခြေအနေနှင့် ကြုံတွေ့ နေရကြောင်း ၎င်းကဆိုသည်။

နိုင်ငံခြား ကုန်သည်များ သည် မြန်မာနိုင်ငံက ရောင်းချ သည့် ၂၅ မှတ် (အကျိုးအကြေ ၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင်၂၆၅ ဒေါ်လာခန့်ဖြင့် ဝယ်ယူ သည်။ နိုင်ငံတကာ ဆန်ဈေးကွက် တွင် ထိုင်းနိုင်ငံမှ ၂၅ မှတ်ဆန် တစ်တန်လျှင် ၃၇၃ ဒေါ်လာ၊ဗီယက်နမ် ၂၅ မှတ် ဆန်တစ်တန်လျှင် ၃၃၃ ဒေါ်လာဈေးဖွင့်ရာ နိုင်ငံတကာ ဆန်ဈေးကွက်၌ ထိုင်း၊ ဗီယက်နမ်နိုင်ငံနှင့် နှိုင်း ယှဉ်ပါက မြန်မာဆန်တစ်တန်၏ တန်ဖိုးသည် ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းနေသည်။

‘‘ဆိုရှယ်မီဒီယာပေါ်မှာရေး နေတဲ့တချို့အချက်တွေက ဈေး ကွက်ကို သတ်သလိုဖြစ်ပြီးဝယ်သူ တွေရဲ့ နှိမ့်ချဝယ်ယူတဲ့ အခြေအနေကို ကြုံနေရတယ်’’ ဟု ဦးအောင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံက ရောင်းချသည့် ဆန်တစ်တန်ဈေးနှုန်းက နိုင်ငံခြား ဆန်ကုန်သည်များ သတ်မှတ် သည့် ဈေးနှုန်းလောက် မနည်း ကြောင်း ၎င်းကရှင်းပြသည်။

‘‘အသံကြောင့် ဖားသေတာ မျိုးမဖြစ်အာင် ဝိုင်းဝန်းပြီးထိန်းဖို့ လိုတယ်’’ ဟု ဧပြီ ၁ ရက် မြန်မာ နိုင်ငံဆန်စပါးကုန်သည်အသင်း၌ ပြုလုပ်သော အစည်းအဝေးတွင် ဦးအောင်သန်းဦးက ဆန်ကုန်သည်များကို ပြောသည်။

တရုတ်နှင့် အီးယူနိုင်ငံများက ဝယ်လိုအားလျော့နည်းမှုကြောင့် ပြည်ပတင်ပို့နိုင်သည့် ဆန်ပမာ ဏသည် ၂၀၁၈ ဧပြီ ၁ ရက်နှင့် ၂၀၁၉ မတ်လ ၃၁ ရက်အထိ ဆန်တန်ချိန် ၂ ဒသမ ၃ သန်း ကျော်သာ တင်ပို့နိုင်ခဲ့သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က စံချိန်တင် ဆန်တန်ချိန် ၃ ဒသမ ၆၈ သန်း တင်ပို့နိုင်ခဲ့သည်။ ထို့ ကြောင့် ပြည်တွင်း၌ ဆန်တန်ချိန် တစ်သန်းကျော် ကျန်ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံမှ ပြည် ပဆန်တင်ပို့နေသည့် အချိန်ဖြစ် ပြီး သြင်္ကန်မတိုင်မီ ဆန်တင် သင်္ဘောများ မြန်မာနိုင်ငံသို့ ဆက် တိုက်အဝင်ရှိနေကြောင်း ဆန် ကုန်သည်အချို့က ပြောသည်။

‘‘သြင်္ကန်မတိုင်မီမှာ ဆန် တန်ချိန်တစ်သိန်းကျော်လောက် သင်္ဘောတင်ဖို့ရှိနေတယ်။ အခု စပါးဈေးက ပြန်တက်မယ်လို့ထင် တယ်’’ ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။ နိုင်ငံတကာဈေးကွက်တွင် ဆန် ဈေးသည် အတက်ဘက်၌ရှိနေပြီး ယခုလအတွင်း တစ်တန်လျှင်ပျမ်း မျှငါးဒေါ်လာခန့်ဈေးပြန်တက် လာကြောင်း ၎င်းကဆိုသည်။

ထိုအခြေအနေတွင် မြန်မာ နိုင်ငံမှ ဆန်ဈေးက နိုင်ငံတကာ ဈေးကွက်၌ သက်သာနေခြင်း ကြောင့် ဝယ်ယူလိုသူ များနေ ကြောင်း ပြည်ပဆန်တင်ပို့သူအ ချို့က ပြောသည်။

လက်ရှိမြန်မာဆန်ကို အာဖ ရိကနိုင်ငံများသို့ အဓိကတင်ပို့နေ ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲ များ တင်ပို့နေသည်။ သြင်္ကန်မတိုင်မီ ပြည်ပသို့ တန်ချိန်နှစ် သောင်းကျော် တင်ဆောင်နိုင် သည့် ဆန်သင်္ဘောငါးစီးခန့်တင်ပို့ ရန် ပြည်ပဆန်တင်ပို့သူများက စီ စဉ်နေသည်။

ရန်ကုန်ဈေးကွက် တင်ပို့မည့်ဆန်အိတ်များကို သင်္ဘောပေါ်မှ သယ်ဆောင်နေစဉ် (ဓာတ်ပုံ −ပြည်သိမ်း)
ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top