MRTV-4 ႐ုပ္သံမွာ တနလၤာေန႔ကေန ေသာၾကာေန႔အထိ ညစဥ္ (၈ နာရီ ၄၀ မိနစ္) အခ်ိန္တိုင္း ထုတ္လႊင့္ျပသေနတဲ့ “ကြၽန္မက မေဟသီ” ႐ုပ္သံဇာတ္လမ္းတြဲေလးကေတာ့ အခုဆိုရင္ စိတ္ဝင္စားစရာအေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို ပုံေဖာ္႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းတြဲေလးက ပရိသတ္ေတြကို အျပည့္အ၀ ဆြဲေဆာင္ႏိုင္စြမ္းရွိတာေၾကာင့္ လတ္တေလာမွာ ေရပန္းစားလူႀကိဳက္မ်ားေနတာ ျဖစ္ပါတယ္။

မေန႔ညက ထုတ္လႊင့္ျပသခဲ့တဲ့ အပိုင္းမွာေတာ့ ဗီလိန္သ႐ုပ္ေဆာင္ႏွစ္ေယာက္က သူတို႔ရဲ႕ဇာတ္႐ုပ္ကို အပီျပင္ဆုံးနဲ႔ အေကာင္းဆုံး သ႐ုပ္ေဆာင္သြားႏိုင္တာ ေတြ႕ရပါတယ္။

ဇာတ္႐ုပ္ပီျပင္လြန္းတဲ့ ဗီလိန္သ႐ုပ္ေဆာင္ေတြရဲ႕ အိုက္တင္အမူအရာ၊ အေျပာအဆိုေတြကေတာ့ ထိမိလြန္းလို႔ ပရိသတ္ေတြကေတာင္ အမုန္းပြားေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဇာတ္လမ္းအရ သ႐ုပ္ေဆာင္ေနရတဲ့ အႏုပညာရွင္ေတြျဖစ္တာေၾကာင့္ ဘယ္သူ႔ကိုမွ မမုန္းၾကဖို႔ မင္းသမီးေခ်ာေလး ဝင့္ယမုံႏိုင္က ေတာင္းဆိုထားပါတယ္။

စံျမန္း (ဝင့္ယမုံႏိုင္) က “ကဲကဲ စိတ္မတိုၾကနဲ႔ …ဇာတ္လမ္းကိုဇာတ္လမ္းလိုပဲၾကည့္ ..စိတ္ေလ်ာ့ၾကပါ ..ပရိသတ္ႀကီး အားေပးၾကမ္းတာကိုလည္း တစ္ကယ္ေက်းဇူးတင္ပါတယ္ ..

အသိအမွတ္ျပဳေပးၾကလို႔လည္း ပင္ပန္းရက်ိဳးနပ္ၿပီး ပီတိျဖစ္ရပါတယ္ ..ဇာတ္လမ္းဆိုေတာ့ ဇာတ္လမ္းလိုပဲ သေဘာထားၿပီးဆက္ၾကည့္ေပးၾကပါေနာ္…ဘယ္သူ ဘယ္သူ႔ကိုမွလဲ မမုန္းၾကပါနဲ႔..

မုန္းခ်င္ရင္ေတာင္ ဇာတ္ေကာင္ character ပဲမုန္းၾကပါ …. အျပင္က တစ္ေယာက္ခ်င္းစီရဲ႕ႀကိဳးစားအားထုတ္မႈေတြကိုေတာ့ အသိအမွတ္ျပဳေပးၾကပါေနာ္

ဇာတ္ကားတစ္ခုလုံးရဲ႕ေအာင္ျမင္မႈနဲ႔ ပါဝင္သူတစ္ေယာက္ခ်င္းစီရဲ႕ေအာင္ျမင္မႈက ထပ္တူၾကပါတယ္ အားလုံးအခ်စ္ေတြနဲ႔ေရွ႕ဆက္ရေအာင္ကြာ ” ဆိုၿပီး ေျပာထားတာ ျဖစ္ပါတယ္။

ကဲ ပရိသတ္ေတြလည္း ဆရာမေလး စံျမန္းေျပာသလို ဇာတ္လမ္းကိုဇာတ္လမ္းလိုပဲေတြးၿပီး စိတ္ေလ်ာ့လိုက္ၾကေတာ့ေနာ္။ ပရိသတ္ေတြအတြက္ ႐ိုက္ကြင္းျပင္ပက စံျမန္းနဲ႔ မိန္းမေခ်ာတို႔ရဲ႕ခ်စ္စရာပုံရိပ္ေလးေတြကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

MRTV-4 ရုပ်သံမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ညစဉ် (၈ နာရီ ၄၀ မိနစ်) အချိန်တိုင်း ထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ရုပ်သံဇာတ်လမ်းတွဲလေးကတော့ အခုဆိုရင် စိတ်ဝင်စားစရာအကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ပရိသတ်တွေကို အပြည့်အ၀ ဆွဲဆောင်နိုင်စွမ်းရှိတာကြောင့် လတ်တလောမှာ ရေပန်းစားလူကြိုက်များနေတာ ဖြစ်ပါတယ်။

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်းမှာတော့ ဗီလိန်သရုပ်ဆောင်နှစ်ယောက်က သူတို့ရဲ့ဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။

ဇာတ်ရုပ်ပီပြင်လွန်းတဲ့ ဗီလိန်သရုပ်ဆောင်တွေရဲ့ အိုက်တင်အမူအရာ၊ အပြောအဆိုတွေကတော့ ထိမိလွန်းလို့ ပရိသတ်တွေကတောင် အမုန်းပွားနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇာတ်လမ်းအရ သရုပ်ဆောင်နေရတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မမုန်းကြဖို့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က တောင်းဆိုထားပါတယ်။

စံမြန်း (ဝင့်ယမုံနိုင်) က “ကဲကဲ စိတ်မတိုကြနဲ့ …ဇာတ်လမ်းကိုဇာတ်လမ်းလိုပဲကြည့် ..စိတ်လျော့ကြပါ ..ပရိသတ်ကြီး အားပေးကြမ်းတာကိုလည်း တစ်ကယ်ကျေးဇူးတင်ပါတယ် ..

အသိအမှတ်ပြုပေးကြလို့လည်း ပင်ပန်းရကျိုးနပ်ပြီး ပီတိဖြစ်ရပါတယ် ..ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းလိုပဲ သဘောထားပြီးဆက်ကြည့်ပေးကြပါနော်…ဘယ်သူ ဘယ်သူ့ကိုမှလဲ မမုန်းကြပါနဲ့..

မုန်းချင်ရင်တောင် ဇာတ်ကောင် character ပဲမုန်းကြပါ …. အပြင်က တစ်ယောက်ချင်းစီရဲ့ကြိုးစားအားထုတ်မှုတွေကိုတော့ အသိအမှတ်ပြုပေးကြပါနော်

ဇာတ်ကားတစ်ခုလုံးရဲ့အောင်မြင်မှုနဲ့ ပါဝင်သူတစ်ယောက်ချင်းစီရဲ့အောင်မြင်မှုက ထပ်တူကြပါတယ် အားလုံးအချစ်တွေနဲ့ရှေ့ဆက်ရအောင်ကွာ ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ကဲ ပရိသတ်တွေလည်း ဆရာမလေး စံမြန်းပြောသလို ဇာတ်လမ်းကိုဇာတ်လမ်းလိုပဲတွေးပြီး စိတ်လျော့လိုက်ကြတော့နော်။ ပရိသတ်တွေအတွက် ရိုက်ကွင်းပြင်ပက စံမြန်းနဲ့ မိန်းမချောတို့ရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top