ေမာ္ရိုုကိုုႏိုုင္ငံသိုု႔ အလည္အပတ္ေရာက္ရွိသူမ်ားအေနျဖင့္ Marrakech ႏွင့္ Essaouira ျမိဳ႔႔ႏွစ္ျမိဳ႔အၾကား လမ္းနံေဘးရွိ သစ္ပင္တစ္ပင္ကိုု အထူးစိတ္၀င္စားၾကသည္။ အဘယ္ေၾကာင့္ဆိုုေသာ္ ယင္းသစ္ပင္၏ အကိုုင္းမ်ားတြင္ ဆိတ္မ်ားတက္ေရာက္ေနၾကျခင္းေၾကာင့္ျဖစ္ျပီး သူတိုု႔အခ်င္းခ်င္းအၾကားတြင္ ထိုုသစ္ပင္ကိုု ”ဆိတ္သစ္ပင္”ဟုု အမည္ေပးထားၾက၏။ ဆိတ္သစ္ပင္ဆီသိုု႔ေရာက္လွ်င္လည္း အမွတ္တရဓာတ္ပုုံမ်ားရိုုက္ၾက ဆယ္ဖီမ်ားဆြဲၾက လူမႈကြန္ရက္မ်ားေပၚတင္ၾကျပဳလုုပ္ၾကသည္ခ်ည္းပင္။

သိုု႔ရာတြင္ အဆိုုပါ သစ္ပင္ေပၚသိုု႔ ဆိတ္မ်ားေရာက္ရွိေနၾကျခင္းမွာ သူတိုု႔ဘာသာဘာ၀အေလွ်ာက္ေရာက္ရွိေနၾကျခင္းမဟုုတ္ေၾကာင္းကိုု ဓာတ္ပုုံဆရာတစ္ဦးက ဖြင့္ခ်လိုုက္ျပီျဖစ္သည္။

ယင္းသစ္ပင္ေပၚသိုု႔ ဆိတ္မ်ားေရာက္ရွိေနၾကျခင္းမွာ ေဒသခံ ေခါင္းပုုံျဖတ္အေခ်ာင္သမားမ်ားေၾကာင့္ျဖစ္ေၾကာင္း ဓာတ္ပုုံဆရာက ပုုံမ်ားႏွင့္တကြဖြင့္ခ်လိုုက္ျခင္းျဖစ္သည္။

ေဒသခံျခံသမားမ်ားသည္ ဆိတ္မ်ားကိုု အျခားတစ္ေနရာမွ ေခၚလာၾကျပီး အဆိုုပါသစ္ပင္ေပၚသိုု႔ အတင္းအဓမၼတင္ထားၾကျခင္းျဖစ္သည္။ ထိုု႔ေနာက္ ဓာတ္ပုုံရိုုက္ၾကသူမ်ားထံမွ အခေၾကးေငြမ်ား ရယူၾကသည္။

ဆိတ္မ်ားမွာ တစ္ေနကုုန္ ေနပူထဲရွိ သစ္ပင္ေပၚတြင္ မပ္တတ္ရပ္ ေနၾကရသျဖင့္ အဟာရခ်ဳိ႔တဲ့ကာ အထူးပင္ပန္းႏြမ္းနယ္ၾကသည္။ ထိုုသိုု႔ပင္ပန္းလာၾကသျဖင့္ သစ္ပင္ေပၚတြင္ ရပ္မေနႏိုုင္ေသာ ဆိတ္မ်ားကိုုမူ ေခါင္းပုုံျဖတ္အေခ်ာင္သမားမ်ားက သားသတ္ရုုံသိုု႔ပိုု႔လိုုက္ၾကေတာ့သည္ဆိုု၏။

ဆိတ္သစ္ပင္၏ အျဖစ္မွန္ကိုု အသက္ ၃၈ႏွစ္အရြယ္ရွိ သတင္းဓာတ္ပုုံဆရာ အာရြန္ ဂက္ကိုုစကီက စုုံစမ္းေလ့လာ၍ ေဖာ္ထုုတ္ေရးသားလိုုက္ျခင္းျဖစ္သည္။

”အဲဒီေဒသက ျခံသမားတစ္ခ်ဳိ႔ဟာ ဆိတ္ေတြကိုု တျခားေနရာေတြကေန ေခၚလာျပီး၊ ကုုန္းေဘာင္ထိုုး သစ္ပင္ေပၚေရာက္ေအာင္လုုပ္ျပီးေတာ့ အမွတ္တရ ဓာတ္ပုုံရိုုက္ၾကတဲ့ ခရီးသြားေတြဆီကေန ပိုုက္ဆံယူေနၾကတယ္ဆိုုတာကိုု ကြ်န္ေတာ္သတင္းၾကားတယ္။ ဒါေၾကာင့္ခုုလိုု စုုံစမ္းရတာပဲ”ဟုု အာရြန္ကေျပာသည္။ သူသည္ ယခုုႏွစ္အေစာပိုုင္းကတည္းကပင္လွ်င္ ေမာ္ရိုုကိုုႏိုုင္ငံသိုု႔ေရာက္ရွိခဲ့ျပီး ဆိတ္သစ္ပင္အေၾကာင္း ေလ့လာစုုံစမ္းခဲ့ျခင္းျဖစ္သည္။

”သူတိုု႔ဟာ ဆိတ္ေတြကိုု မနက္ေနထြက္ခ်ိန္ေလာက္မွာ သစ္ပင္ေပၚတင္ၾကျပီး ညေနပိုုင္းေလာက္က်မွ ျပန္ဆင္းခိုုင္းၾကတာဗ်။ ဆိတ္ေတြကေတာ့ သူတိုု႔ထားသလိုုပဲေနၾကတာ။ ေရာက္လာၾကတဲ့ ကမၻာလွည့္ခရီးသြားေတြကလဲ ရင္သပ္ရႈေမာေတြျဖစ္ၾကတာေပါ့။ ဆယ္ဖီေတြဆြဲၾက ဓာတ္ပုုံေတြရိုုက္ၾက ဆိုုရွယ္နက္၀ပ္ေပၚတင္ၾကေပါ့ေလ။ တကယ္ထင္ေနၾကတာ”ဟုု ျဗိတိန္ႏိုုင္ငံဖြား သတင္းဓာတ္ပုုံဆရာ အာရြန္ကေျပာသည္။

ပင္ပန္းလြန္း၍ အေျခအေနမဟန္ေတာ့ေသာ ဆိတ္ကိုု ခရီးသြားမ်ား မရွိခ်ိန္တြင္ အျခားဆိတ္တစ္ေကာင္ႏွင့္ အစားထိုုးလဲလွယ္လိုု္က္ၾကသည္။

”အင္မတန္ပူတဲ့ေနေရာင္ေအာက္မွာ မပ္တတ္ၾကီးေနရေတာ့ ဆိတ္ေတြဟာ အားအင္ခ်ိနည့္ျပီး ပိန္ပိန္ေလးေတြျဖစ္ေနၾကတာဗ်”ဟုု အာရြန္ကေျပာသည္။

”ဆိတ္ေတြက သူတိုု႔ကိုုထားထားတဲ့ေနရာကေန မေရႊ႔ႏိုုင္တာ ဒါမွမဟုုတ္ မေရႊ႔ခ်င္ေတာ့တာေၾကာင့္ လူေတြတင္ထားတဲ့အတိုုင္း ေနေနၾကေတာ့တာပဲ”ဟုုလည္း သူကေျပာသည္။

ဆိတ္မ်ားမွာလည္း သူ႔သက္တမ္းေစ့မေနၾကရပဲ သားသတ္ရုုံသိုု႔ အပိုု႔ခံၾကရသည္ခ်ည္းျဖစ္သည္ဟုုလည္း သတင္းရရွိေၾကာင္း အာရြန္ကေျပာသည္။

”ဆိတ္ေတြထဲမွာ ဆိတ္အိုုရယ္လိုု႔မရွိဘူးဗ်။ ဘယ္ရွိမလဲ မအိုုခင္သတ္စားလိုုက္ၾကတယ္လိုု႔ၾကားတယ္”ဟုုလည္း သူကေျပာသည္။

သူေတြ႔ရွိရေသာ အေထာက္အထားႏွင့္ အခ်က္အလက္မ်ားကိုု Born Free ဟူသည့္ ေဖာင္ေဒးရွင္းတစ္ခုုသိုု႔ ေပးအပ္ခဲ့သည္။ ယင္းေဖာင္ေဒးရွင္းသည္ တိရိစၦာန္မ်ားအား ညွင္းပန္းႏွိပ္စက္မႈဆိုုင္ရာ သတင္းပိုု႔ခ်က္မ်ားကိုု အမ်ားျပည္သူထံမွ ရယူျပီးေနာက္ လိုုအပ္သည္တိုု႔ကိုု ဆက္လက္ေဆာင္ရြက္ေပးရန္ စီစဥ္လွ်က္ရွိသည့္ အဖြဲ႔အစည္းတစ္ခုုလည္းျဖစ္သည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: Popular News
#Unicode Version#
မော်ရိုကိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိသူများအနေဖြင့် Marrakech နှင့် Essaouira မြို့နှစ်မြို့အကြား လမ်းနံဘေးရှိ သစ်ပင်တစ်ပင်ကို အထူးစိတ်ဝင်စားကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသစ်ပင်၏ အကိုင်းများတွင် ဆိတ်များတက်ရောက်နေကြခြင်းကြောင့်ဖြစ်ပြီး သူတို့အချင်းချင်းအကြားတွင် ထိုသစ်ပင်ကို ”ဆိတ်သစ်ပင်”ဟု အမည်ပေးထားကြ၏။ ဆိတ်သစ်ပင်ဆီသို့ရောက်လျှင်လည်း အမှတ်တရဓာတ်ပုံများရိုက်ကြ ဆယ်ဖီများဆွဲကြ လူမှုကွန်ရက်များပေါ်တင်ကြပြုလုပ်ကြသည်ချည်းပင်။

သို့ရာတွင် အဆိုပါ သစ်ပင်ပေါ်သို့ ဆိတ်များရောက်ရှိနေကြခြင်းမှာ သူတို့ဘာသာဘာဝအလျှောက်ရောက်ရှိနေကြခြင်းမဟုတ်ကြောင်းကို ဓာတ်ပုံဆရာတစ်ဦးက ဖွင့်ချလိုက်ပြီဖြစ်သည်။

ယင်းသစ်ပင်ပေါ်သို့ ဆိတ်များရောက်ရှိနေကြခြင်းမှာ ဒေသခံ ခေါင်းပုံဖြတ်အချောင်သမားများကြောင့်ဖြစ်ကြောင်း ဓာတ်ပုံဆရာက ပုံများနှင့်တကွဖွင့်ချလိုက်ခြင်းဖြစ်သည်။

ဒေသခံခြံသမားများသည် ဆိတ်များကို အခြားတစ်နေရာမှ ခေါ်လာကြပြီး အဆိုပါသစ်ပင်ပေါ်သို့ အတင်းအဓမ္မတင်ထားကြခြင်းဖြစ်သည်။ ထို့နောက် ဓာတ်ပုံရိုက်ကြသူများထံမှ အခကြေးငွေများ ရယူကြသည်။

ဆိတ်များမှာ တစ်နေကုန် နေပူထဲရှိ သစ်ပင်ပေါ်တွင် မပ်တတ်ရပ် နေကြရသဖြင့် အဟာရချို့တဲ့ကာ အထူးပင်ပန်းနွမ်းနယ်ကြသည်။ ထိုသို့ပင်ပန်းလာကြသဖြင့် သစ်ပင်ပေါ်တွင် ရပ်မနေနိုင်သော ဆိတ်များကိုမူ ခေါင်းပုံဖြတ်အချောင်သမားများက သားသတ်ရုံသို့ပို့လိုက်ကြတော့သည်ဆို၏။

ဆိတ်သစ်ပင်၏ အဖြစ်မှန်ကို အသက် ၃၈နှစ်အရွယ်ရှိ သတင်းဓာတ်ပုံဆရာ အာရွန် ဂက်ကိုစကီက စုံစမ်းလေ့လာ၍ ဖော်ထုတ်ရေးသားလိုက်ခြင်းဖြစ်သည်။

”အဲဒီဒေသက ခြံသမားတစ်ချို့ဟာ ဆိတ်တွေကို တခြားနေရာတွေကနေ ခေါ်လာပြီး၊ ကုန်းဘောင်ထိုး သစ်ပင်ပေါ်ရောက်အောင်လုပ်ပြီးတော့ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ ခရီးသွားတွေဆီကနေ ပိုက်ဆံယူနေကြတယ်ဆိုတာကို ကျွန်တော်သတင်းကြားတယ်။ ဒါကြောင့်ခုလို စုံစမ်းရတာပဲ”ဟု အာရွန်ကပြောသည်။ သူသည် ယခုနှစ်အစောပိုင်းကတည်းကပင်လျှင် မော်ရိုကိုနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဆိတ်သစ်ပင်အကြောင်း လေ့လာစုံစမ်းခဲ့ခြင်းဖြစ်သည်။

”သူတို့ဟာ ဆိတ်တွေကို မနက်နေထွက်ချိန်လောက်မှာ သစ်ပင်ပေါ်တင်ကြပြီး ညနေပိုင်းလောက်ကျမှ ပြန်ဆင်းခိုင်းကြတာဗျ။ ဆိတ်တွေကတော့ သူတို့ထားသလိုပဲနေကြတာ။ ရောက်လာကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကလဲ ရင်သပ်ရှုမောတွေဖြစ်ကြတာပေါ့။ ဆယ်ဖီတွေဆွဲကြ ဓာတ်ပုံတွေရိုက်ကြ ဆိုရှယ်နက်ဝပ်ပေါ်တင်ကြပေါ့လေ။ တကယ်ထင်နေကြတာ”ဟု ဗြိတိန်နိုင်ငံဖွား သတင်းဓာတ်ပုံဆရာ အာရွန်ကပြောသည်။

ပင်ပန်းလွန်း၍ အခြေအနေမဟန်တော့သော ဆိတ်ကို ခရီးသွားများ မရှိချိန်တွင် အခြားဆိတ်တစ်ကောင်နှင့် အစားထိုးလဲလှယ်လိုက်ကြသည်။

”အင်မတန်ပူတဲ့နေရောင်အောက်မှာ မပ်တတ်ကြီးနေရတော့ ဆိတ်တွေဟာ အားအင်ချိနည့်ပြီး ပိန်ပိန်လေးတွေဖြစ်နေကြတာဗျ”ဟု အာရွန်ကပြောသည်။

”ဆိတ်တွေက သူတို့ကိုထားထားတဲ့နေရာကနေ မရွှေ့နိုင်တာ ဒါမှမဟုတ် မရွှေ့ချင်တော့တာကြောင့် လူတွေတင်ထားတဲ့အတိုင်း နေနေကြတော့တာပဲ”ဟုလည်း သူကပြောသည်။

ဆိတ်များမှာလည်း သူ့သက်တမ်းစေ့မနေကြရပဲ သားသတ်ရုံသို့ အပို့ခံကြရသည်ချည်းဖြစ်သည်ဟုလည်း သတင်းရရှိကြောင်း အာရွန်ကပြောသည်။

”ဆိတ်တွေထဲမှာ ဆိတ်အိုရယ်လို့မရှိဘူးဗျ။ ဘယ်ရှိမလဲ မအိုခင်သတ်စားလိုက်ကြတယ်လို့ကြားတယ်”ဟုလည်း သူကပြောသည်။

သူတွေ့ရှိရသော အထောက်အထားနှင့် အချက်အလက်များကို Born Free ဟူသည့် ဖောင်ဒေးရှင်းတစ်ခုသို့ ပေးအပ်ခဲ့သည်။ ယင်းဖောင်ဒေးရှင်းသည် တိရိစ္ဆာန်များအား ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ သတင်းပို့ချက်များကို အများပြည်သူထံမှ ရယူပြီးနောက် လိုအပ်သည်တို့ကို ဆက်လက်ဆောင်ရွက်ပေးရန် စီစဉ်လျှက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
ဖိုးသူတော်(www.phothutaw.com)
Credit: Popular News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top