iMyanmarHouse.com - Best Property Website for Myanmar
×

“သရဲျဖစ္သြားေသာဘုန္းၾကီး”

ေပါက္ေခါင္းျမိဳ ့နယ္ ရြာတစ္ရြာက စာတတ္ေပတတ္ ဘုန္းၾကီး ဦးနႏၵ တဲ့အသံေကာင္း။ အေျပာေကာင္း။ အေဟာေကာင္း ဓမၼကထိက တစ္ပါးျဖစ္လို ့ ေပါက္ေခါင္းျမိဳ့နယ္တ၀ိုက္သာေရး။နာေရး ကိစၥေတြမွာ ပြဲတိုင္းေက်ာ္ ျဖစ္ခဲ့ပါတယ္။ပစၥည္းေလးပါးေပါမ်ားရံုမကပဲ ၀တၳဳေၾကးေငြမ်ားပါ စုမိလာေတာ့ ဦးနႏၵ တစ္ပါး သူခိုး ဓါးျပ ရန္ကုိေၾကာက္လာပါတယ္။

ဒါနဲ့ပဲ သပိတ္ၾကီးတစ္လံုးမွာ ၀တၳဳေငြေတြ အျပည့္ထည့္ျပီး သူ ့ေက်ာင္းေလွခါးေအာက္မွာ ေျမက်င္းတူးျပီးျမဳပ္ထားလိုက္ပါတယ္။ သူခိုး ဓါးျပ ထက္ႏွစ္ဆ ဆိုးတဲ့ ေလာဘ ဆိုတဲ့ တရားဆိုးၾကီး သူ ့သႏၱာန္ မွာေရာက္လာျပီ ဆိုတာ သူ ့ခမ်ာ မသိရွာဘူး။

တေန ့ အသက္ေလးဆယ္ေက်ာ္မွာပဲ ေဟာေျပာရလြန္းလို ့ ျဖစ္လာတဲ့ေလနာေရာဂါနဲ့ပဲ ပ်ံလြန္ေတာ္မူခဲ့ပါ တယ္။ ရဟန္းေတာ္တစ္ပါးျဖစ္တဲ့အတြက္ ပံုမွန္အတိုင္းဆိုရင္ အထက္ နတ္ဘံုကို ပ်ံေတာ္မူရမွာပါ။အခုေတာ့ ေလွကားေအာက္မွာ ျမဳပ္ထားတဲ့ ေငြသပိတ္အေပၚ စြဲလမ္းတဲ့ ေလာဘေၾကာင့္ ေက်ာင္း၀ိုင္းထဲမွာပဲ သံပရာခြံဦးထုပ္ျဖဴေဆာင္းရတဲ့ ဘုန္းၾကီးတေစၦသြားျဖစ္ပါတယ္။

စာတတ္ေပတတ္ ဘုန္းၾကီးဘ၀ က လာတာဆိုေတာ့ ေငြသပိတ္ကိုစြဲလမ္းတဲ့ေလာဘေၾကာင့္ အခုလိုဘ၀ေရာက္ရတယ္ ဆိုတာေသခ်ာသိတယ္။ ဒါေၾကာင့္ သူ ့ကၽြတ္လမ္း လြတ္လမ္းကိုရွာတဲ့အေနနဲ့ ေနာက္တက္တဲ့ ေက်ာင္းထိုင္ဘုန္းၾကီးကို ကိုယ္ထင္ျပျပီး အကူအညီ ေတာင္းဖို ့ၾကိဳးစားတယ္။ ဒါေပမယ့္ ေနာက္တက္တဲ့ေက်ာင္းထိုင္ဘုန္းၾကီးေတြက ေၾကာက္တတ္သူေတြဆိုေတာ့ သရဲေျခာက္တယ္ဆိုျပီးထြက္ထြက္ေျပးၾကတာနဲ့ သူ ့ဆႏၵ မျပည့္၀ခဲ့ဘူး။

ဒီလိုနဲ့ ႏွစ္အတန္ၾကာေတာ့ သတၱိရွိတဲ့ဒကာ တစ္ေယာက္ ဦးနႏၵ ေက်ာင္းကို ေရာက္လာပါတယ္။လာတာက သူ့ငယ္ခ်င္းအိမ္ကိုလာတာပါ။ သူငယ္ခ်င္းမရွိပဲ ဇနီးသည္တစ္ေယာက္ပဲရွိတဲ့အိမ္မွာ ညအိပ္ရမွာမသင့္ေတာ္လို ့ ဦးနႏၵေက်ာင္းကိုလာအိပ္ျခင္းပါပဲ။

ညေရာက္တာနဲ့ ကိုယ္ထင္ျပတဲ့ ဦးနႏၵကို ဒကာကသတိၱ ေကာင္းသူဆိုေတာ့ ဘာမေျပာညာမေျပာ ခ်က္ခ်င္းထျပီး နပန္းလံုးတယ္။ ျပီးေတာ့ သရဲေခါင္းမွာေဆာင္းထားတဲ့ ဦးထုပ္ျဖဴကို ျဖဳတ္ယူမိသြားတာနဲ့ သရဲဟာ အားအင္ကုန္ခမ္းျပီး ၾကမ္းျပင္ေပၚပံုက်သြားတယ္။

အဲ့ဒီ အခါက်မွ ဦးနႏၵ တစ္ျဖစ္လဲ သရဲက ဒကာေတာ္ သတၱိေကာင္းတဲ့သူနဲ့ ေတြ ့ရလို ့ အားရ၀မ္းသာျဖစ္ရပါတယ္။ ငါဟာ ဒီေက်ာင္းက ပ်ံလြန္ေတာ္မူသြားခဲ့တဲ့ ေက်ာင္းထိုင္ဘုန္းၾကီးပါ။ေလွကားေအာက္မွာျမဳပ္ထားတဲ့ ေငြသပိတ္ကိုစြဲခဲ့လို ့ မကၽြတ္မလြတ္ျဖစ္ေနရတာပါ။ ဒကာ ငါ့ကိုကူညီပါ။ အဲဒီ ေငြသပိတ္ကိုေဖၚယူျပီးသံဃာေတြပင္ ့ဆြမ္းေတြ သဃၤန္းေတြလွူျပီးကၽြန္ု္ပ္ကို အမွ်ေပးပါ။က်န္တာကို ဒကာသံုူးပါလို ့ေျပာတဲ့အတြက္ဒကာကလည္း ေျပာတဲ့အတိုင္းလုပ္ေပးတယ္။အဲ့ဒီေတာ့မွ သရဲဘ၀ ကလြတ္သြားခဲ့ရပါတယ္။

ဇာတ္လမ္းကေတာ့ ဒါပါပဲ ေမတၱာရွင္(ေရႊျပည္သာ)ရဲ ့ အေသျမတ္ခ်င္ ေသနည္းသင္ စာအုပ္က ထုတ္ယူေဖၚျပတာပါ

ဘုန္းၾကီး ကလည္း ေလာဘ နဲ့ ေသတယ္။ ဒိဌိလည္း မပယ္ရေသးေတာ့ ငါစြဲ စြဲျပီးေသလို ့ သရဲျဖစ္တာပါ။တကယ္ပယ္ရ သတ္ရမွာက ဒိဌိ ျဖစ္ပါတယ္။ ဓါတ္ေတာ္က်သြားျပီ ျဖစ္တဲ့ မိုးကုတ္ဆရာေတာ္ဘုရားၾကီးရဲ ့တရားေတာ္ေတြမွာလည္းေဟာၾကားထားပါတယ္။တျခားေသာ ဆရာေတာ္မ်ားလည္းသစၥာ တရားေဟာရင္ ဒီတိုင္းေဟာပါတယ္။သစၥာ တကယ္သိဖို ့ဆိုတာ အရင္ဆံုး ေသာတာပန္တည္ျပီး ဒိဌိျဖဳတ္ဖို ့ျဖစ္ပါတယ္။

၀ီစိကိစ ၦာက သူ ့အလိုလိုေသသြားေရာ။နာမ္နဲ့ ရုပ္ပဲရွိတယ္။ငါဆိုတာမရွိဘူး ။ ပုဂၢိဳလ္ သတၱ၀ါ မရွိဘူး။ေယာက္်ား မိန္းမ မရွိဘူးဆိုတာ ကြဲကြဲျပားျပား ျဖစ္သြားတဲ့ အရိယာမွာ ငါဆိုတဲ့ သကၠာယ ဒိဌိ မရွိေတာ့လို ့ေလာဘ ျဖစ္ေပမယ့္ အစြဲမရွိဘူး။ ဒိဌိ ဦးေဆာင္ျခင္း မရွိေတာ့ဘူး။

သမီးေတာ္ တရားစခန္း ၀င္စဥ္က ဦၸဇင္း ဦးဣႆရိယက ပလႅင္ေပၚကေနေမးဖူးပါတယ္။ဘုန္းၾကီးနဲ့ လူ ဘယ္သူက ပိုျပီး ေလာဘ ၾကီးသလဲတဲ့။ ေအာက္က သံဃာေတာ္ေတြက ေျဖမေျဖေတာ့မသိဘူး။ အမ်ိဳးသားေရာ အမ်ိဳးသမီးေယာဂီေတြေရာ ၀ိုင္းျပီး ေအာ္ၾကတာ။

ဘုန္းၾကီး အဲ့လို၀ိုင္းေအာ္ေတာ့ ဦၸဇင္း မ်က္လံုးျပဴးသြားတယ္ ဟမ္ တဲ ့ ဆက္လည္းေျပာပါတယ္။း ဘုန္းၾကီးေလာဘအနႏၱ တဲ ့ဒါေပမယ့္ လူေတြရဲ႕ ေလာဘ ကေတာ့ ဘုရားေတာင္ ေျခေရာလက္ေရာ ေျမာက္ထားရေလာက္ေအာင္ၾကီးတယ္တဲ ့။အေသာမသတ္နိုင္ၾကပံုမ်ားေျပာပါတယ္။ သို ့ေသာ္ အရိယာျဖစ္သြားတဲ့ ပုဂၢိဳလ္ေတြအတြက္ေတာ့ ေလာဘ ကိုေလာဘ မွန္းသိတဲ့အတြက္ အစြဲအလမ္းမျဖစ္ပါဘူး ။

ဘုန္းၾကီးဦးနႏၵ ကေတာ့ အစြဲအလမ္းေၾကာင့္ သရဲျဖစ္တယ္လို ့ သက္ေသျပသြားခဲ့ပါျပီ။

စြဲစြဲလမ္းလမ္းျဖစ္ေစတဲ့ ဒိဌိ ကို ပယ္သတ္ၾကပါလို ့ တိုက္တြန္းလိုက္ပါရေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:တတိယေျမာက္သမီးေတာ္ ဆိုဒ္မွ တစ္ဆင့္မွ်ေ၀သည္။
#Unicode Version#

“သရဲဖြစ်သွားသောဘုန်းကြီး”

ပေါက်ခေါင်းမြို့နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒ တဲ့အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့ ပေါက်ခေါင်းမြို့နယ်တဝိုက်သာရေး။နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ပစ္စည်းလေးပါးပေါများရုံမကပဲ ဝတ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကိုကြောက်လာပါတယ်။

ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ဝတ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီးမြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြ ထက်နှစ်ဆ ဆိုးတဲ့ လောဘ ဆိုတဲ့ တရားဆိုးကြီး သူ့သန္တာန် မှာရောက်လာပြီ ဆိုတာ သူ့ခမျာ မသိရှာဘူး။

တနေ့ အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့ ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါ တယ်။ ရဟန်းတော်တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် အထက် နတ်ဘုံကို ပျံတော်မူရမှာပါ။အခုတော့ လှေကားအောက်မှာ မြုပ်ထားတဲ့ ငွေသပိတ်အပေါ် စွဲလမ်းတဲ့ လောဘကြောင့် ကျောင်းဝိုင်းထဲမှာပဲ သံပရာခွံဦးထုပ်ဖြူဆောင်းရတဲ့ ဘုန်းကြီးတစ္ဆေသွားဖြစ်ပါတယ်။

စာတတ်ပေတတ် ဘုန်းကြီးဘ၀ က လာတာဆိုတော့ ငွေသပိတ်ကိုစွဲလမ်းတဲ့လောဘကြောင့် အခုလိုဘဝရောက်ရတယ် ဆိုတာသေချာသိတယ်။ ဒါကြောင့် သူ့ကျွတ်လမ်း လွတ်လမ်းကိုရှာတဲ့အနေနဲ့ နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို ကိုယ်ထင်ပြပြီး အကူအညီ တောင်းဖို့ကြိုးစားတယ်။ ဒါပေမယ့် နောက်တက်တဲ့ကျောင်းထိုင်ဘုန်းကြီးတွေက ကြောက်တတ်သူတွေဆိုတော့ သရဲခြောက်တယ်ဆိုပြီးထွက်ထွက်ပြေးကြတာနဲ့ သူ့ဆန္ဒ မပြည့်ဝခဲ့ဘူး။

ဒီလိုနဲ့ နှစ်အတန်ကြာတော့ သတ္တိရှိတဲ့ဒကာ တစ်ယောက် ဦးနန္ဒ ကျောင်းကို ရောက်လာပါတယ်။လာတာက သူ့ငယ်ချင်းအိမ်ကိုလာတာပါ။ သူငယ်ချင်းမရှိပဲ ဇနီးသည်တစ်ယောက်ပဲရှိတဲ့အိမ်မှာ ညအိပ်ရမှာမသင့်တော်လို့ ဦးနန္ဒကျောင်းကိုလာအိပ်ခြင်းပါပဲ။

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ ဦးနန္ဒကို ဒကာကသတ္တိ ကောင်းသူဆိုတော့ ဘာမပြောညာမပြော ချက်ချင်းထပြီး နပန်းလုံးတယ်။ ပြီးတော့ သရဲခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ဖြူကို ဖြုတ်ယူမိသွားတာနဲ့ သရဲဟာ အားအင်ကုန်ခမ်းပြီး ကြမ်းပြင်ပေါ်ပုံကျသွားတယ်။

အဲ့ဒီ အခါကျမှ ဦးနန္ဒ တစ်ဖြစ်လဲ သရဲက ဒကာတော် သတ္တိကောင်းတဲ့သူနဲ့ တွေ့ရလို့ အားရဝမ်းသာဖြစ်ရပါတယ်။ ငါဟာ ဒီကျောင်းက ပျံလွန်တော်မူသွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးပါ။လှေကားအောက်မှာမြုပ်ထားတဲ့ ငွေသပိတ်ကိုစွဲခဲ့လို့ မကျွတ်မလွတ်ဖြစ်နေရတာပါ။ ဒကာ ငါ့ကိုကူညီပါ။ အဲဒီ ငွေသပိတ်ကိုဖေါ်ယူပြီးသံဃာတွေပင့်ဆွမ်းတွေ သင်္ဃန်းတွေလှူပြီးကျွန်ု်ပ်ကို အမျှပေးပါ။ကျန်တာကို ဒကာသုံူးပါလို့ပြောတဲ့အတွက်ဒကာကလည်း ပြောတဲ့အတိုင်းလုပ်ပေးတယ်။အဲ့ဒီတော့မှ သရဲဘ၀ ကလွတ်သွားခဲ့ရပါတယ်။

ဇာတ်လမ်းကတော့ ဒါပါပဲ မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ အသေမြတ်ချင် သေနည်းသင် စာအုပ်က ထုတ်ယူဖေါ်ပြတာပါ

ဘုန်းကြီး ကလည်း လောဘ နဲ့ သေတယ်။ ဒိဌိလည်း မပယ်ရသေးတော့ ငါစွဲ စွဲပြီးသေလို့ သရဲဖြစ်တာပါ။တကယ်ပယ်ရ သတ်ရမှာက ဒိဌိ ဖြစ်ပါတယ်။ ဓါတ်တော်ကျသွားပြီ ဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေမှာလည်းဟောကြားထားပါတယ်။တခြားသော ဆရာတော်များလည်းသစ္စာ တရားဟောရင် ဒီတိုင်းဟောပါတယ်။သစ္စာ တကယ်သိဖို့ဆိုတာ အရင်ဆုံး သောတာပန်တည်ပြီး ဒိဌိဖြုတ်ဖို့ဖြစ်ပါတယ်။

ဝီစိကိစ ္ဆာက သူ့အလိုလိုသေသွားရော။နာမ်နဲ့ ရုပ်ပဲရှိတယ်။ငါဆိုတာမရှိဘူး ။ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ယောက်ျား မိန်းမ မရှိဘူးဆိုတာ ကွဲကွဲပြားပြား ဖြစ်သွားတဲ့ အရိယာမှာ ငါဆိုတဲ့ သက္ကာယ ဒိဌိ မရှိတော့လို့လောဘ ဖြစ်ပေမယ့် အစွဲမရှိဘူး။ ဒိဌိ ဦးဆောင်ခြင်း မရှိတော့ဘူး။

သမီးတော် တရားစခန်း ဝင်စဉ်က ဦ္ပဇင်း ဦးဣဿရိယက ပလ္လင်ပေါ်ကနေမေးဖူးပါတယ်။ဘုန်းကြီးနဲ့ လူ ဘယ်သူက ပိုပြီး လောဘ ကြီးသလဲတဲ့။ အောက်က သံဃာတော်တွေက ဖြေမဖြေတော့မသိဘူး။ အမျိုးသားရော အမျိုးသမီးယောဂီတွေရော ဝိုင်းပြီး အော်ကြတာ။

ဘုန်းကြီး အဲ့လိုဝိုင်းအော်တော့ ဦ္ပဇင်း မျက်လုံးပြူးသွားတယ် ဟမ် တဲ့ ဆက်လည်းပြောပါတယ်။း ဘုန်းကြီးလောဘအနန္တ တဲ့ဒါပေမယ့် လူတွေရဲ့ လောဘ ကတော့ ဘုရားတောင် ခြေရောလက်ရော မြောက်ထားရလောက်အောင်ကြီးတယ်တဲ့။အသောမသတ်နိုင်ကြပုံများပြောပါတယ်။ သို့သော် အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ လောဘ ကိုလောဘ မှန်းသိတဲ့အတွက် အစွဲအလမ်းမဖြစ်ပါဘူး ။

ဘုန်းကြီးဦးနန္ဒ ကတော့ အစွဲအလမ်းကြောင့် သရဲဖြစ်တယ်လို့ သက်သေပြသွားခဲ့ပါပြီ။

စွဲစွဲလမ်းလမ်းဖြစ်စေတဲ့ ဒိဌိ ကို ပယ်သတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ဖိုးသူတော်(www.phothutaw.com)
Credit:တတိယမြောက်သမီးတော် ဆိုဒ်မှ တစ်ဆင့်မျှဝေသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top