တကၠသိုလ္ဝင္စာေမးပြဲမွာ ရမွတ္ေတြဟာ ေမွ်ာ္လင့္သလိုမရဘူးဆိုရင္ ျပန္စစ္ေပးဖို႔ ေလွ်ာက္ထားႏိုင္ၿပီး ဒီႏွစ္မွာေတာ့ စစ္ေဆးခကို အရင္ကထက္ ၅ ဆ တိုးျမႇင့္လိုက္ပါတယ္။

အမွတ္စာရင္းေတြ စထုတ္ေပးၿပီး ၂ ပတ္အၾကာမွာ စတင္ေလွ်ာက္ထားႏိုင္မယ္လို႔ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

ရမွတ္ေတြ ျဖည့္သြင္းရာမွာ မွားတာရွိရင္ အမွတ္စာရင္းကို ျပင္ဆင္တာ၊ လိုအပ္ရင္ ေအာင္စာရင္းကို ျပင္ဆင္ေပးတာေတြ လုပ္ေပးမယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ဒုၫႊန္ၾကားေရးမႉး ေဒါက္တာ ျမတ္စိုးေအာင္ကေျပာပါတယ္။

“အမွားေတြ႔တာ ေတာ္ေတာ္နည္းပါတယ္။ တသိန္းမွာ တေယာက္မရွိဘူးလို႔ ေျပာရမယ္။ အရင္ကေတာ့ ေတာ္ေတာ္ေလွ်ာက္ၾကတယ္။ ခု ေနာက္ပိုင္းေတာ့ အေယာက္ ၄၀၀ ဝန္းက်င္ေလာက္ပဲ ေလွ်ာက္ၾကတယ္” လို႔ ေျပာပါတယ္။

ျပန္စစ္ေဆးခ တဘာသာကို က်ပ္ ၂၅၀၀၀ က်မွာ ျဖစ္ၿပီး ဒါဟာလည္း တကယ္သိခ်င္သူေတြပဲ ေလွ်ာက္ထားေအာင္ တိုးျမႇင့္တာလို႔ သူက ဆိုပါတယ္။

“အရင္က ေငြနည္းေတာ့ ေလွ်ာက္ၾကတာ အမ်ားႀကီးပဲ။ ဆိုေတာ့ က်ေနာ္တို႔ အလုပ္လုပ္ရတာ အဟန္႔အတားျဖစ္တယ္ဗ်။ ဒါေၾကာင့္ လူႀကီးေတြက ခုလို စီစဥ္လိုက္တာ။ အေျဖလႊာတခုကို ျပန္စစ္တာ မလြယ္ဘူးေလ”

အေျဖလႊာေတြ ျပန္စစ္ေပးဖို႔အတြက္ ေလွ်ာက္လႊာေတြရၿပီးရင္ သက္ဆိုင္ရာ တကၠသိုလ္ေတြကို ပို႔ရၿပီး ျပန္စစ္ၿပီးစီးဖို႔အတြက္  ၂ လေလာက္ၾကာျမင့္မွာ ျဖစ္ပါတယ္။

ျပန္စစ္ေပးဖို႔ ေလွ်ာက္ထားေပမယ့္ ျပန္ၾကားစာ ေရာက္မလာဘူးလို႔ ေဝဖန္တာေတြ ရွိေနၿပီး ဒီအတြက္ကေတာ့ ကိုယ္တိုင္လာေရာက္ေလွ်ာက္ထားဖို႔၊ လိပ္စာမွန္ကန္ဖို႔ လိုတယ္လို႔ဒုညြန္မႉးက ေျပာပါတယ္။

အေျဖလႊာေတြကို ျပန္စစ္ခ်င္တယ္ဆိုရင္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ေနျပည္ေတာ္႐ံုး အမွတ္ ၅၂ ဒါမွမဟုတ္ ရန္ကုန္႐ံုးခြဲ၊ ပါရမီလမ္း၊ လိႈင္ၿမိဳ႕နယ္မွာ စစ္ေဆးခေပးသြင္းၿပီး ေလွ်ာက္လႊာပံုစံျဖည့္ ေလွ်ာက္ထားရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


တက္ကသိုလ်ဝင်စာမေးပွဲမှာ ရမှတ်တွေဟာ မျှော်လင့်သလိုမရဘူးဆိုရင် ပြန်စစ်ပေးဖို့ လျှောက်ထားနိုင်ပြီး ဒီနှစ်မှာတော့ စစ်ဆေးခကို အရင်ကထက် ၅ ဆ တိုးမြှင့်လိုက်ပါတယ်။

အမှတ်စာရင်းတွေ စထုတ်ပေးပြီး ၂ ပတ်အကြာမှာ စတင်လျှောက်ထားနိုင်မယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ရမှတ်တွေ ဖြည့်သွင်းရာမှာ မှားတာရှိရင် အမှတ်စာရင်းကို ပြင်ဆင်တာ၊ လိုအပ်ရင် အောင်စာရင်းကို ပြင်ဆင်ပေးတာတွေ လုပ်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာ မြတ်စိုးအောင်ကပြောပါတယ်။

“အမှားတွေ့တာ တော်တော်နည်းပါတယ်။ တသိန်းမှာ တယောက်မရှိဘူးလို့ ပြောရမယ်။ အရင်ကတော့ တော်တော်လျှောက်ကြတယ်။ ခု နောက်ပိုင်းတော့ အယောက် ၄၀၀ ဝန်းကျင်လောက်ပဲ လျှောက်ကြတယ်” လို့ ပြောပါတယ်။

ပြန်စစ်ဆေးခ တဘာသာကို ကျပ် ၂၅၀၀၀ ကျမှာ ဖြစ်ပြီး ဒါဟာလည်း တကယ်သိချင်သူတွေပဲ လျှောက်ထားအောင် တိုးမြှင့်တာလို့ သူက ဆိုပါတယ်။

“အရင်က ငွေနည်းတော့ လျှောက်ကြတာ အများကြီးပဲ။ ဆိုတော့ ကျနော်တို့ အလုပ်လုပ်ရတာ အဟန့်အတားဖြစ်တယ်ဗျ။ ဒါကြောင့် လူကြီးတွေက ခုလို စီစဉ်လိုက်တာ။ အဖြေလွှာတခုကို ပြန်စစ်တာ မလွယ်ဘူးလေ”

အဖြေလွှာတွေ ပြန်စစ်ပေးဖို့အတွက် လျှောက်လွှာတွေရပြီးရင် သက်ဆိုင်ရာ တက္ကသိုလ်တွေကို ပို့ရပြီး ပြန်စစ်ပြီးစီးဖို့အတွက်  ၂ လလောက်ကြာမြင့်မှာ ဖြစ်ပါတယ်။

ပြန်စစ်ပေးဖို့ လျှောက်ထားပေမယ့် ပြန်ကြားစာ ရောက်မလာဘူးလို့ ဝေဖန်တာတွေ ရှိနေပြီး ဒီအတွက်ကတော့ ကိုယ်တိုင်လာရောက်လျှောက်ထားဖို့၊ လိပ်စာမှန်ကန်ဖို့ လိုတယ်လို့ဒုညွန်မှူးက ပြောပါတယ်။

အဖြေလွှာတွေကို ပြန်စစ်ချင်တယ်ဆိုရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန နေပြည်တော်ရုံး အမှတ် ၅၂ ဒါမှမဟုတ် ရန်ကုန်ရုံးခွဲ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်မှာ စစ်ဆေးခပေးသွင်းပြီး လျှောက်လွှာပုံစံဖြည့် လျှောက်ထားရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top