ရန္ကုန္တိုင္းအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ နယ္ေျမေက်ာ္ ေက်ာင္းအပ္မႈ လက္မခံရန္ ၫႊန္ၾကားထားေၾကာင္း အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

ေက်ာင္းနယ္ေျမ (School Catchment Area) အား ေက်ာင္းအလိုက္ သတ္မွတ္ထားၿပီး သတ္မွတ္ထားေသာ School Catchment Area ဧရိယာအတြင္း ေနထိုင္ေသာ ေက်ာင္းသူ ေက်ာင္းသားမ်ားသာ ေက်ာင္းအပ္ လက္ခံရမည္ျဖစ္ၿပီး နယ္ေျမေက်ာ္၍ လာေရာက္ အပ္ႏွံေသာ ေက်ာင္းသူ ေက်ာင္းသားမ်ားအား လက္ခံမည္ မဟုတ္ေၾကာင္း သိရသည္။

“ရန္ကုန္တိုင္းဆိုလည္း နယ္ေက်ာ္ ေက်ာင္းအပ္ခြင့္ လုံးဝခြင့္မျပဳဘူး။ ဘယ္လို အဆက္အသြယ္ ရွိတဲ့သူပဲျဖစ္ျဖစ္ ဘယ္ေလာက္ ပါ၀ါအာဏာ ရွိတဲ့သူပဲျဖစ္ျဖစ္ လုပ္မေပးနဲ႔လို႔ ေျပာထားၿပီးသား” ဟု အေျခခံပညာဦးစီးဌာနမ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က ေျပာၾကားသည္။

ထိုသို႔ School Catchment Area မ်ား သတ္မွတ္၍ နယ္ေျမေက်ာ္ ေက်ာင္းအပ္လက္ခံျခင္း မျပဳလုပ္ရန္ ၫႊန္ၾကားထားျခင္းသည္ ေက်ာင္းသားမ်ားႏွင့္ ဆရာအခ်ိဳး မညီမွ်မႈမ်ား ရွိေနျခင္း၊ ေက်ာင္းသားႏွင့္ စာသင္ခန္း အခ်ိဳးမွ်တမႈ ရွိေစရန္ႏွင့္ လာဘ္စားမႈမ်ား မျဖစ္ေပၚေစရန္ ၫႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

“နယ္ေျမေက်ာ္ ေက်ာင္းအပ္လက္မခံနဲ႔လို႔ ေျပာထားၿပီးသား။ နယ္ေျမေက်ာ္ေတြကို လက္ခံတယ္ဆိုရင္ အဲဒါ အဂတိပဲေလ” ဟု အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာၾကားသည္။

နယ္ေျမေက်ာ္ ေက်ာင္းအပ္ လက္မခံေစရန္ ၫႊန္ၾကားထားျခင္းသည္ ယမန္ႏွစ္ ၂၀၁၈ ခုႏွစ္တြင္ စတင္ ၫႊန္ၾကားထဲျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ ပိုမိုတင္းၾကပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ပိုၿပီးေတာ့ တင္းတင္းက်ပ္က်ပ္ လုပ္တာ ဒီႏွစ္မွစတာ။ ၿပီးခဲ့တဲ့ႏွစ္ကလည္း တခ်ိဳ႕ ေက်ာင္းဧရိယာေတြမွာ လုပ္ေသးတယ္။ ဒါေပမဲ့ ဒီႏွစ္ကေတာ့ ရန္ကုန္တိုင္းအျပင္ တစ္တိုင္းလုံးထဲက School Catchment Area သတ္မွတ္ထားတဲ့အတိုင္း နယ္ေက်ာ္ ေက်ာင္းအပ္ခြင့္ မေပးေတာ့ဘူး။ အပ္ထားတဲ့ သူေတြကေတာ့ ဆက္ေနေပါ့” ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။ ေက်ာင္းသူ ေက်ာင္းသားမ်ားအား ၎တို႔ ေနထိုင္ေသာ ရပ္ကြက္ သန္းေခါင္းစာရင္းျဖင့္ တိုက္၍ ေက်ာင္းအပ္ လက္ခံသြားမည္ ျဖစ္သည္။

ရန္ကုန္တိုင္းတြင္ အေျခခံပညာေက်ာင္း မ်ားစြာရွိေသာ္လည္း ေက်ာင္းသားမိဘမ်ားသည္ ၎တို႔ သားသမီးမ်ားအား ေအာင္ခ်က္ရာခိုင္ႏႈန္း ျမင့္မားေသာ အေျခခံပညာေက်ာင္းမ်ားႏွင့္ ေလ့က်င့္ေရး ေက်ာင္းမ်ားတြင္ ေငြကုန္ေၾကးက်ခံ၍ ဝင္ခြင့္ရရွိရန္ ျပဳလုပ္မႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

အေျခခံပညာေက်ာင္းမ်ား၏ ေက်ာင္းအပ္လက္ခံျခင္း အစီအစဥ္အား ေမလ ေနာက္ဆုံးအပတ္တြင္ ေဆာင္႐ြက္လ်က္ရွိၿပီး ဇြန္လတြင္ စာသင္ေက်ာင္းမ်ား စတင္ဖြင့္လွစ္ သြားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် နယ်မြေကျော် ကျောင်းအပ်မှု လက်မခံရန် ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ကျောင်းနယ်မြေ (School Catchment Area) အား ကျောင်းအလိုက် သတ်မှတ်ထားပြီး သတ်မှတ်ထားသော School Catchment Area ဧရိယာအတွင်း နေထိုင်သော ကျောင်းသူ ကျောင်းသားများသာ ကျောင်းအပ် လက်ခံရမည်ဖြစ်ပြီး နယ်မြေကျော်၍ လာရောက် အပ်နှံသော ကျောင်းသူ ကျောင်းသားများအား လက်ခံမည် မဟုတ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဆိုလည်း နယ်ကျော် ကျောင်းအပ်ခွင့် လုံးဝခွင့်မပြုဘူး။ ဘယ်လို အဆက်အသွယ် ရှိတဲ့သူပဲဖြစ်ဖြစ် ဘယ်လောက် ပါဝါအာဏာ ရှိတဲ့သူပဲဖြစ်ဖြစ် လုပ်မပေးနဲ့လို့ ပြောထားပြီးသား” ဟု အခြေခံပညာဦးစီးဌာနမ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောကြားသည်။

ထိုသို့ School Catchment Area များ သတ်မှတ်၍ နယ်မြေကျော် ကျောင်းအပ်လက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားခြင်းသည် ကျောင်းသားများနှင့် ဆရာအချိုး မညီမျှမှုများ ရှိနေခြင်း၊ ကျောင်းသားနှင့် စာသင်ခန်း အချိုးမျှတမှု ရှိစေရန်နှင့် လာဘ်စားမှုများ မဖြစ်ပေါ်စေရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“နယ်မြေကျော် ကျောင်းအပ်လက်မခံနဲ့လို့ ပြောထားပြီးသား။ နယ်မြေကျော်တွေကို လက်ခံတယ်ဆိုရင် အဲဒါ အဂတိပဲလေ” ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

နယ်မြေကျော် ကျောင်းအပ် လက်မခံစေရန် ညွှန်ကြားထားခြင်းသည် ယမန်နှစ် ၂၀၁၈ ခုနှစ်တွင် စတင် ညွှန်ကြားထဲခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုတင်းကြပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်တာ ဒီနှစ်မှစတာ။ ပြီးခဲ့တဲ့နှစ်ကလည်း တချို့ ကျောင်းဧရိယာတွေမှာ လုပ်သေးတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ ရန်ကုန်တိုင်းအပြင် တစ်တိုင်းလုံးထဲက School Catchment Area သတ်မှတ်ထားတဲ့အတိုင်း နယ်ကျော် ကျောင်းအပ်ခွင့် မပေးတော့ဘူး။ အပ်ထားတဲ့ သူတွေကတော့ ဆက်နေပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။ ကျောင်းသူ ကျောင်းသားများအား ၎င်းတို့ နေထိုင်သော ရပ်ကွက် သန်းခေါင်းစာရင်းဖြင့် တိုက်၍ ကျောင်းအပ် လက်ခံသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း များစွာရှိသော်လည်း ကျောင်းသားမိဘများသည် ၎င်းတို့ သားသမီးများအား အောင်ချက်ရာခိုင်နှုန်း မြင့်မားသော အခြေခံပညာကျောင်းများနှင့် လေ့ကျင့်ရေး ကျောင်းများတွင် ငွေကုန်ကြေးကျခံ၍ ဝင်ခွင့်ရရှိရန် ပြုလုပ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်လက်ခံခြင်း အစီအစဉ်အား မေလ နောက်ဆုံးအပတ်တွင် ဆောင်ရွက်လျက်ရှိပြီး ဇွန်လတွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top