ျမစ္ဆုံစီမံကိန္း တစ္ဦးတစ္ေဒၚလာေပးေလ်ာ္မယ့္လႈပ္ရွားမႈ စတင္မယ္

ဧၿပီ – ၂၀ ၊၂၀၁၉

ျမစ္ဆုံစီမံကိန္း ရပ္တန္႕ဖို႕အတြက္ တစ္ဦး ကို တစ္ေဒၚလာေပးေလ်ာ္မယ့္ လႈပ္ရွားမႈ စတင္မယ္လို႕ ဦးေဆာင္ျပဳ လုပ္ၾကမယ့္သူမ်ားက ဆိုလုိက္ပါတယ္။

ဒီလႈပ္ရွားမႈကို ဧရာဝတီကို ျပန္ေရြးယူၾကမယ္ ေခါင္းစဥ္နဲ႕ ရန္ကုန္ၿမိဳ႕ ၊ ႏိုဗုိတယ္ ဟိုတယ္မွာ က်င္းပတဲ့ ေဆြးေႏြးပြဲမွာ ေၾကညာခဲ့တာပါ။

ေဆြးေႏြးပြဲကို ႏိုင္ငံေရးသမားေတြ၊ မိုးေလဝသပညာရွင္၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပညာရွင္၊ ကာတြန္းဆရာ၊ စာေရးဆရာ၊ သ႐ုပ္ေဆာင္၊ ေတးေရးဆရာနဲ႔ အဆိုေတာ္ စတဲ့သူေတြ ပါဝင္ေဆြးေႏြး ခဲ့ၾကပါတယ္။

ျမစ္ဆုံစီမံကိန္း အတြက္ တရုတ္ႏုိင္ငံ ရင္းနွီးျမွုပ္ခဲ့တဲ့ ကုန္က်စရိတ္အတိုင္း ျမန္မာျပည္သူေတြက ျပန္ေလ်ာ္ဖို႕ တစ္ဦးကို တစ္ေဒၚလာနႈန္းနဲ႕ ၁၀ႀကိမ္ ၊ ၁၅ ႀကိမ္ ထည္႕မယ္ဆိုရင္ ဧရာဝတီကို ျပန္ေရြးယူႏိုင္မယ္လို႕ ဦးေဆာင္သူေတြက ဆိုပါတယ္။

ေဆြးေႏြးပြဲမွာေတာ့ ျမစ္ဆုံစီမံကိန္းရပ္တန္႕ဖို႕အတြက္ တရုတ္သမၼတ ဆီကို အိတ္ဖြင့္ေပးစာ လည္း ေပးပို႕ခဲ့ပါေသးတယ္။

ဒီအိတ္ဖြင့္ေပးစာထဲမွာေတာ့ ျမစ္ဆုံစီမံကိန္းေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္ႏိုင္တာ ၊ ၿငိမ္းခ်မ္းေရး အလားအလာ ေကာင္းေတြ ကိုပါ ထိခိုက္လာနိုင္တာေတြေၾကာင့္ အေလးအနက္ ထားေစလိုတယ္လို႕ ပါရိွပါတယ္။

ျမစ္ဆုံစီမံကိန္းကို တပ္မေတာ္အစိုးရ လက္ထက္က သေဘာတူခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (7Day TV)

#Unicode Version# ျဖင့္ဖတ္ပါ ။

မြစ်ဆုံစီမံကိန်း တစ်ဦးတစ်ဒေါ်လာပေးလျော်မယ့်လှုပ်ရှားမှု စတင်မယ်

ဧပြီ – ၂၀ ၊၂၀၁၉

မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့အတွက် တစ်ဦး ကို တစ်ဒေါ်လာပေးလျော်မယ့် လှုပ်ရှားမှု စတင်မယ်လို့ ဦးဆောင်ပြု လုပ်ကြမယ့်သူများက ဆိုလိုက်ပါတယ်။

ဒီလှုပ်ရှားမှုကို ဧရာဝတီကို ပြန်ရွေးယူကြမယ် ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ၊ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကြေညာခဲ့တာပါ။

ဆွေးနွေးပွဲကို နိုင်ငံရေးသမားတွေ၊ မိုးလေဝသပညာရှင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ တေးရေးဆရာနဲ့ အဆိုတော် စတဲ့သူတွေ ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်း အတွက် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်ခဲ့တဲ့ ကုန်ကျစရိတ်အတိုင်း မြန်မာပြည်သူတွေက ပြန်လျော်ဖို့ တစ်ဦးကို တစ်ဒေါ်လာနှုန်းနဲ့ ၁၀ကြိမ် ၊ ၁၅ ကြိမ် ထည့်မယ်ဆိုရင် ဧရာဝတီကို ပြန်ရွေးယူနိုင်မယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။

ဆွေးနွေးပွဲမှာတော့ မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့အတွက် တရုတ်သမ္မတ ဆီကို အိတ်ဖွင့်ပေးစာ လည်း ပေးပို့ခဲ့ပါသေးတယ်။

ဒီအိတ်ဖွင့်ပေးစာထဲမှာတော့ မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တာ ၊ ငြိမ်းချမ်းရေး အလားအလာ ကောင်းတွေ ကိုပါ ထိခိုက်လာနိုင်တာတွေကြောင့် အလေးအနက် ထားစေလိုတယ်လို့ ပါရှိပါတယ်။

မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရ လက်ထက်က သဘောတူခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: (7Day TV)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top