တစ္ခါ တုန္းက တိုင္းျပည္တစ္ခုမွာေပါ့ ဘုရင့္သမီးေတာ္ေလးတစ္ပါးရွိသတဲ့ …. တစ္ေန႕ေတာ့သူဟာ ေရခ်ိဳးဖို႕ ျမစ္ဆိပ္ကိုဆင္းလာခဲ့ေတာ့တယ္ …အဲဒီအခ်ိန္မွာ ေရႊငါးႀကီးတစ္ေကာင္ကို တံငါသည္တစ္ဦးက ဖမ္းလာတာျမင္လိုက္ရေလသတဲ့…. “ေရႊငါးႀကီးကိုသနားလိုက္တာ” ဒါနဲ႕ ရံေရႊေတာ္ေတြကတစ္ဆင့္ ငါးကိုျပန္ဝယ္ၿပီး ျမစ္ထဲ လႊတ္ေပးလိုက္ေတာ့တယ္….. ဒီအခါေရႊငါးႀကီးဟာ ေရထဲေရာက္တာနဲ႕ ေက်းဇူးတင္တဲ့အေနနဲ႕မင္းသမီးရဲ႕အနားမွာလွည့္ပတ္ၿပီးမွေရထဲကိုငုပ္သြားရွာသတဲ့.. .. အဲဒီေနာက္တစ္ေန႕မွာ မင္းသမီးေလးဟာ ျမစ္ဆိပ္ကိုေရခ်ိဳးဖို႕ေရာက္လာျပန္တာေပါ့….

မင္းသမီးေလးတစ္ေယာက္ထဲရွိေနတုန္း ေက်ာက္ေဆာင္ေတၾကားထဲ ကေန ေရႊငါးေလးဟာျမင္ေတြ႕သြားေတာ့သတဲ့ …..“ခုေန လူေယာင္ေဆာင္မွပဲ..” ဒါနဲ႕ေရႊငါးေလးဟာ လူမင္းသားေလးတစ္ပါး အေယာင္ေဆာင္လိုက္တယ္..ၿပီးေတာ့ မင္းသမီးေလးကိုသြားေတြ႕သတဲ့…. ”ေရာ႕ ပုလဲလံုးေလးေတြ ႏွမေတာ္အတြက္ လက္ေဆာင္ ” အဲဒီခ်ိန္မွာ မင္းသမီးေလးရဲ႕ ရံေရြေတာ္ေတြ အသံၾကားေတာ့မင္း သား ေလးဟာ ေက်ာက္ေဆာင္ေတြၾကားထဲကို ခ်က္ခ်င္းဝင္ေရာက္ၿပီး ေပ်ာက္ကြယ္ သြားေတာ့တယ္…. “ေနာက္ေန႕မွ လာမယ္ေနာ္” ဒါနဲ႕ ေနာက္ေန႕မွာသူတို႕ဟာေတြ႕ ၾကျပန္တာေပါ့…“အသင္မင္းသားက ဘယ္အရပ္ကေနလာတာလဲဟင္” အဲဒီအခါမွာ မင္းသားေလးဟာ ဘာမွျပန္မေျပာဘဲ လွည့္ျပန္သြားေတာ့တယ္…..

ေနာက္တစ္ေန႕ မွာမင္းသမီးေလးဟာမင္းသားေလးရဲ႕အေၾကာင္းကိုသိခ်င္လို႕ေက်ာက္ေဆာင္နားမွာ ပုန္းၿပီး ေစာင့္ေနလိုက္တယ္….. ခဏေနေတာ့ ေရထဲကေနေရႊငါးတစ္ေကာင္ဟာ ကုန္းေပၚတက္လာတာကို ေတြ႔လိုက္ရသတဲ့….အဲဒီေရႊငါးဟာကုန္းေပၚေရာက္တာနဲ႕ လူျဖစ္သြားေတာ့တာေပါ့…..“လက္စသတ္ေတာ့ ဒီငါးမင္းသားဟာ ငါကယ္ခဲ့ဖူးတဲ့ ေတြ႕လိုက္ရေတာ့ သူ႕အျဖစ္မွန္ကိုသိသြားမွန္း ရိပ္မိသြားေလတယ္…… “မင္းသမီး ကၽြႏုပ္ဟာ ေရေအာက္နန္းေတာ္က ေရႊငါးမင္းသားတစ္ပါးျဖစ္ပါတယ္ ” အဲဒီေနာက္ ၾကာလာတဲ့အခ်ိန္မွာ သူတို႕ဟာ ခ်စ္သူေတြျဖစ္သြားၾကေတာ့ သတဲ့ …..“ေမာင္ေတာ္ ႏွမေတာ္ကိုတကယ္ခ်စ္ျမတ္ႏိုးတယ္ဆိုရင္ေတာင္းရမ္းၿပီးလက္ထပ္ၿပီးယူပါ ေတာ့ေနာ္” “ အင္း ေမာင္ေတာ္တို႕ရဲ႕ သခင္ျဖစ္တဲ့ ေရေအာက္နတ္သမီးဆီမွာ ခြင့္ေတာင္းၾကည့္ပါဦးမယ္ကြယ္ ” “ကဲ သြားလိုက္ဦးမယ္ ႏွမေတာ္” ေရႊငါးမင္းသားေလး ဟာ ေရနတ္သမီးဆီေရာက္ေတာ့ အက်ိဳးအေၾကာင္းေျပာၿပီး လက္ထပ္ခြင့္ေတာင္းေလတယ္……

“သင္ လူနဲ႕လက္ထပ္ဖို႕ မျဖစ္ႏိုင္ဘူး ဒီေတာ့ လက္မထပ္ပါနဲ႕…”
“ကၽြန္ေတာ္ရဲ႕ခ်စ္သူလူသားမင္းသမီးေလးနဲ႕ပဲလက္ထပ္ပါရေစကဲတားမရလဲဒါဆိုရင္ဒီေန႕ကစၿပီး ပင္လယ္ေရနဲ႕ မင္းရဲ႕ခႏၶာကိုယ္လံုးဝမထိေစရဘူး..”“ထိတာနဲ႕ငါးျပန္ျဖစ္ေစရမယ္..” “ငါးျပန္ျဖစ္သြားရင္လဲ လူေတြရဲ႕တိုင္းျပည္ကို ဘယ္ေတာ့မွမသြားပါဘူးလို႕ က်ိန္ဆိုရလိမ့္မယ္” “ေကာင္းပါၿပီ သခင္မ ကတိေပးပါတယ္..”“ႏွမေတာ္ေလးဆီသြားမွပဲ ” “လူအသြင္ေျပာင္းၿပီး နန္းေတာ္ကိုလိုက္သြားရမယ္” မင္းသားေလးဟာ မင္းသမီးေလးရဲ႕ဖခင္ ဘုရင္ႀကီးဆီမွာ မင္းသမီးေလးနဲ႕ လက္ထပ္ခြင့္ေတာင္းသတဲ့..” “အိမ္း ေမာင္မင္းဟာ ေရႊငါးဘဝကေန လူျဖစ္လာတာဆိုေတာ့..” “ဘယ္လို တန္ခိုးသတၱိနဲ႕ ပညာေတြရွိပါသလဲကြယ္..” “ကၽြန္ေတာ္ မ်ိဳးဟာ မိုးေလဝသအေၾကာင္းနဲ႕ ရာသီဥတုေတြကို ေကာင္းေကာင္းသိပါတယ္ မင္းႀကီး..” “ေနာက္ခုႏွစ္ရက္မွာ မိုးေတြရြာၿပီး ေရႀကီးပါလိမ့္မယ္..” “ဒါေၾကာင့္ ျမစ္ကမ္းမွာ တမံမ်ား တုပ္ထားသင့္ေၾကာင္း ေလွ်ာက္တင္ပါတယ္ဘုရား..”“ေဟ”“ေဟအမႈထမ္းေတြခုခ်က္ခ်င္းတမံတုပ္ၾကစမ္း.” “မွန္ပါမင္းႀကီး..”

ဒီလိုနဲ႕ ခုႏွစ္ရက္ေျမာက္တဲ့ေန႕မွာ ေရႊငါးမင္းသားေလး ေျပာတဲ့အ တိုင္း ေရေတြႀကီးလာေတာ့တယ္…. ဒါေပမဲ့တမံေတြတုပ္ထားလို႕စိတ္ခ်သြားရသတဲ့. …. “ အေျခအေန ဘယ္လိုရွိလဲေဟ့..” “ မွန္ပါ တာတမံမ်ား ႀကိဳတင္ၿပီးတုပ္ထားတဲ့အတြက္ စိုးရိမ္စရာမလိုေတာ့ပါမင္းႀကီး…” ဒီေတာ့မင္းႀကီးဟာ အလြန္သေဘာက်သြားတာေပါ့ …“တယ္ဟုတ္ပါလား” “ကဲေမာင္မင္းကို သမီးေတာ္နဲ႕ လက္ထပ္ေပးဖို႕ သေဘာတူခြင့္ျပဳေတာ္မူတယ္ဗ်ား..”ဒီလိုနဲ႕လက္ထပ္ပြဲက်င္းပဖို႕ျပင္ဆင္ေနၾကေတာ့တယ္….

“ ဘုရင္မင္းျမတ္ ဘုရင္မင္းျမတ္” ပင္လယ္ဘက္မွာရန္သူေရတပ္ႀကီးေတြတိုက္ခိုက္ဖို႕လာေနတယ္လို႕ သတင္းရပါတယ္မင္းႀကီး..”“ဟင္းဟင္းမႈစရာမလိုပါဘူး မင္းသားေလးရွိေနတာပဲ..” “ေမာင္မင္းဦးေဆာင္ၿပီး ေရေၾကာင္းကေန ျပန္လည္ခုခံ တိုက္ခိုက္ေပေတာ့..” “အရွင္မင္းႀကီး ကၽြန္ေတာ္မ်ိဳးအေနနဲ႕ ပင္လယ္ျပင္ကိုထြက္ၿပီး မတိုက္ခိုက္လိုေၾကာင္းပါ..”ဘုရင္ႀကီးဟာမင္းသားရဲ႕အခက္အခဲကိုမသိဘူးေပါ့ေလ.. “စစ္ထြက္မတိုက္တာဟာ သတၱိမရွိလို႕ပဲျဖစ္ရမယ္..” “ဒီလို သတၱိမရွိတဲ့သူနဲ႕ငါ့သမီး ကိုမေပးစားႏိုင္ေတာ့ဘူး” “ဒီလို မဟုတ္ရပါဘူးမင္းႀကီး” မင္းသားေလးဟာသူေရနတ္ သမီးဆီမွာ က်ိန္ဆိုထားတဲ့ က်ိန္စာအေၾကာင္း ေလွ်ာက္တင္လိုက္သတဲ့…ဒါေပမဲ့ မင္းသားေလးရဲ႕စကားကိုဘုရင္ႀကီးကမယံုၾကည္သလို မင္းသမီးေလးကလဲ လက္မခံ ဘူးေလ…. “ဘာမွ ဆင္ေျခေပးမေနနဲ႕” “ဟြန္းေၾကာက္ရင္ ေၾကာက္တယ္ေပါ့..” “သူက ငါတမင္လုပ္ႀကံ ၿပီးေရွာင္ေနတာလို႕ အထင္လြဲေနပါလား..” “ ေၾသာ္ စိတ္မေကာင္းစရာပဲ ႏွမေတာ္ကပါ အထင္လြဲေနေတာ့ခက္တယ္..” “ရန္သူေတြကလဲ အင္ အားမ်ားတယ္ ဟူးဘယ္လိုမွ ႏိုင္ဖို႕မျမင္ဘူး …”မတတ္သာတဲ့ အဆံုး မင္းသားေလး ဟာ ပုလဲလံုးေလးေတြကို သီကံုးလိုက္တယ္….

ၿပီးေတာ့ မင္းသမီးေလးဆီကိုထြက္ လာခဲ့ေတာ့သတဲ့…“ကဲ ေမာင္ေတာ္ ရန္သူေတြကို တိုက္ခိုက္ေပးပါ့မယ္..” မင္းသား ေလးဟာ မင္းသမီးေလးရဲ႕လည္မွာ ပုလဲပုတီးေလးကိုဆြဲေပးလိုက္ရွာတယ္… “အို ဝမ္းသာလိုက္တာ အဟင္း ဟင္း..”မင္းသမီးေလးဟာ သူရဲ႕ခမည္းေတာ္ဘုရင္ႀကီးကို ေလွ်ာက္တင္လိုက္ေတာ့တာေပါ့…. အဲဒီေနာက္ မင္းသားေလးဟာ ဦးစီးေသနာပတိ အျဖစ္နဲ႕ရန္သူေတြကို တိုက္ခိုက္ဖို႕ထြက္သြားေလသတဲ့…ပင္လယ္ျပင္ေရာက္ေတာ့ ႏွစ္ဘက္ေလွတပ္ေတြဟာ တိုက္ခိုက္ၾကတာေပါ့… ဒီအခါ ရန္သူ႕ဘက္ကေလွေတြ ဟာ နစ္ျမဳပ္ကုန္တယ္ …. မင္းသားေလးဟာ အလြန္မာေက်ာတဲ့သံေလွဦးတပ္ထားတဲ့ ေလွႀကီးေပၚကေန စီစဥ္ကြပ္ကဲေနသတဲ့…. မင္းသားေလးတို႕ဘက္ကအသာစီးနဲ႕ တိုက္ခိုက္ေနၾကရတယ္…ဒါေပမယ့္ရန္သူေခါင္းေဆာင္ဦးစီးတဲ့ေလွႀကီးဟာအရမ္းခိုင္ ခံ့ မာေက်ာလြန္းလို႕ ဘယ္လိုလက္နတ္နဲ႕မွဖ်က္ဆီးလို႕မရဘူး ျဖစ္ေနၾကေတာ့သတဲ့ ..ရန္သူေလွႀကီးဟာမင္းသားေလးတို႕ရဲ႕ေလွေတြကတစ္စီးၿပီးတစ္စီးဦးနဲ႕ထိုးတိုက္ၿပီး နစ္ျမဳပ္ပစ္ေနေလတယ္ ….

“ အရွင္မင္းသား အက်အဆံုးမ်ားေနပါၿပီ..” “အင္းလုပ္စ ရာတစ္ခုပဲရွိေတာ့တယ္…” “ ေဟ့ တို႕ရဲ႕ေလွႀကီးကို အားကုန္ေလွာ္ခတ္ၾကစမ္း” “ရန္သူ ေခါင္းေဆာင္ စီးလာတဲ့ေလွႀကီးနဲ႕ စီးခ်င္းထိုးၿပီး ဝင္တိုက္ၾကမယ္ေဟ့..” ဒီအခါ အလြန္မာေက်ာတဲ့ေလွႏွစ္စီးတိုက္မိတဲ့အသဟာပင္လယ္ျပင္မွာက်ယ္ေလာင္ စြာထြက္ေပၚလာၿပီးေတာ့ေလွႏွစ္စီးလံုးဟာလည္းေက်ာက္တံုးႏွစ္လံုးထိမိသလိုကြဲ ေၾက လြင့္စင္က်သြားေတာ့သတဲ့… မင္းသားေလးဟာ ပင္လယ္ေရထဲကို ျပဳတ္က် သြားရရွာတယ္… ပင္လယ္ေရနဲ႕ထိလိုက္တယ္ဆိုရင္ပဲ မင္းသားေလးဟာ ေရနတ္သ မီးဆီမွာ က်ိန္ဆိုထားတဲ့ အတိုင္း ေရႊငါးႀကီးဘဝကို ျပန္ေရာက္သြားေတာ့သတဲ့…

ဒီအခ်ိန္မွာ ရန္သူဘက္ကေခါင္းေဆာင္ရဲ႕ ေလွႀကီး ပ်က္စီးသြားလို႕တပ္ပ်က္ၿပီး ျပန္ဆုတ္ေျပးသြားၾကရရွာတယ္….ေရႊငါးႀကီးဟာလည္းသူ႕ရဲ႕ကတိအတိုင္း ေရေအာက္နန္းေတာ္ကို ျပန္သြားရတာေပါ့…. ဘုရင္ႀကီးနဲ႕ မင္းသမီးေလးတို႕ဟာေရႊငါး မင္းသားေလးရဲ႕ အေၾကာင္းကို မသိရွာဘူး….ဒါနဲ႕တိုက္ပြဲႏိုင္လာတဲ့လူေတြကိုထြက္ႀကိဳရင္းမင္းသားေလးျပန္အလာကိုေစာင့္ေနၾကေပမယ့္အခ်ိန္အေတာ္ၾကာတဲ့အ ထိ ေရႊငါးမင္းသားေလးကိုမေတြ႕ရဘူးျဖစ္ေနေတာ့သတဲ့…“ဟဲ့စစ္သည္ေတာ္တို႕ငါ့ရဲ႕ေမာင္ေတာ္မင္းသားေလးေရာ…”“မွန္ပါအရွင္မင္းသားေလးဟာရန္သူေတြကို တိုက္ရင္းေရထဲျပဳတ္က်ၿပီး ေရႊငါးႀကီးျဖစ္သြားတာကိုျမင္ခဲ့ရပါတယ္ ဖုရာ့….“အိုခုလိုျဖစ္ရတာငါ့ေၾကာင့္ပဲ… ” “ငါ့ေၾကာင့္ ေမာင္ေတာ္ဟာ ေရႊငါးဘဝကိုျပန္ေရာက္ သြားရွာပါလား..” “ႏွမေတာ္ ယူႀကံဳးမရျဖစ္ေနရပါၿပီ ေမာင္ေတာ္ရယ္..” အဲဒီေနာက္ မင္းသမီးေလးဟာေရႊငါးမင္းသားေလး လာေနက်ကမ္းနံေဘးကေက်ာက္ေဆာင္ ေလးေပၚမွာ ပုလဲပုတီးေလးဆြဲၿပီး ေန႕တိုင္းသြားေစာင့္ေနရွာတယ္…..

ဒါေပမဲ့ ေရႊငါးမင္းသားေလးကို ဘယ္ေတာ့မွ မေတြ႕ရေတာ့ဘူးတဲ့ကြယ္……

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမတၱာမ်ားျဖင့္ ကာယဝါစီ အရွင္မာနိတ

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ခါ တုန်းက တိုင်းပြည်တစ်ခုမှာပေါ့ ဘုရင့်သမီးတော်လေးတစ်ပါးရှိသတဲ့ …. တစ်နေ့တော့သူဟာ ရေချိုးဖို့ မြစ်ဆိပ်ကိုဆင်းလာခဲ့တော့တယ် …အဲဒီအချိန်မှာ ရွှေငါးကြီးတစ်ကောင်ကို တံငါသည်တစ်ဦးက ဖမ်းလာတာမြင်လိုက်ရလေသတဲ့…. “ရွှေငါးကြီးကိုသနားလိုက်တာ” ဒါနဲ့ ရံရွှေတော်တွေကတစ်ဆင့် ငါးကိုပြန်ဝယ်ပြီး မြစ်ထဲ လွှတ်ပေးလိုက်တော့တယ်….. ဒီအခါရွှေငါးကြီးဟာ ရေထဲရောက်တာနဲ့ ကျေးဇူးတင်တဲ့အနေနဲ့မင်းသမီးရဲ့အနားမှာလှည့်ပတ်ပြီးမှရေထဲကိုငုပ်သွားရှာသတဲ့.. .. အဲဒီနောက်တစ်နေ့မှာ မင်းသမီးလေးဟာ မြစ်ဆိပ်ကိုရေချိုးဖို့ရောက်လာပြန်တာပေါ့….

မင်းသမီးလေးတစ်ယောက်ထဲရှိနေတုန်း ကျောက်ဆောင်တေကြားထဲ ကနေ ရွှေငါးလေးဟာမြင်တွေ့သွားတော့သတဲ့ …..“ခုနေ လူယောင်ဆောင်မှပဲ..” ဒါနဲ့ရွှေငါးလေးဟာ လူမင်းသားလေးတစ်ပါး အယောင်ဆောင်လိုက်တယ်..ပြီးတော့ မင်းသမီးလေးကိုသွားတွေ့သတဲ့…. ”ရော့ ပုလဲလုံးလေးတွေ နှမတော်အတွက် လက်ဆောင် ” အဲဒီချိန်မှာ မင်းသမီးလေးရဲ့ ရံရွေတော်တွေ အသံကြားတော့မင်း သား လေးဟာ ကျောက်ဆောင်တွေကြားထဲကို ချက်ချင်းဝင်ရောက်ပြီး ပျောက်ကွယ် သွားတော့တယ်…. “နောက်နေ့မှ လာမယ်နော်” ဒါနဲ့ နောက်နေ့မှာသူတို့ဟာတွေ့ ကြပြန်တာပေါ့…“အသင်မင်းသားက ဘယ်အရပ်ကနေလာတာလဲဟင်” အဲဒီအခါမှာ မင်းသားလေးဟာ ဘာမှပြန်မပြောဘဲ လှည့်ပြန်သွားတော့တယ်…..

နောက်တစ်နေ့ မှာမင်းသမီးလေးဟာမင်းသားလေးရဲ့အကြောင်းကိုသိချင်လို့ကျောက်ဆောင်နားမှာ ပုန်းပြီး စောင့်နေလိုက်တယ်….. ခဏနေတော့ ရေထဲကနေရွှေငါးတစ်ကောင်ဟာ ကုန်းပေါ်တက်လာတာကို တွေ့လိုက်ရသတဲ့….အဲဒီရွှေငါးဟာကုန်းပေါ်ရောက်တာနဲ့ လူဖြစ်သွားတော့တာပေါ့…..“လက်စသတ်တော့ ဒီငါးမင်းသားဟာ ငါကယ်ခဲ့ဖူးတဲ့ တွေ့လိုက်ရတော့ သူ့အဖြစ်မှန်ကိုသိသွားမှန်း ရိပ်မိသွားလေတယ်…… “မင်းသမီး ကျွနုပ်ဟာ ရေအောက်နန်းတော်က ရွှေငါးမင်းသားတစ်ပါးဖြစ်ပါတယ် ” အဲဒီနောက် ကြာလာတဲ့အချိန်မှာ သူတို့ဟာ ချစ်သူတွေဖြစ်သွားကြတော့ သတဲ့ …..“မောင်တော် နှမတော်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်တောင်းရမ်းပြီးလက်ထပ်ပြီးယူပါ တော့နော်” “ အင်း မောင်တော်တို့ရဲ့ သခင်ဖြစ်တဲ့ ရေအောက်နတ်သမီးဆီမှာ ခွင့်တောင်းကြည့်ပါဦးမယ်ကွယ် ” “ကဲ သွားလိုက်ဦးမယ် နှမတော်” ရွှေငါးမင်းသားလေး ဟာ ရေနတ်သမီးဆီရောက်တော့ အကျိုးအကြောင်းပြောပြီး လက်ထပ်ခွင့်တောင်းလေတယ်……

“သင် လူနဲ့လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဒီတော့ လက်မထပ်ပါနဲ့…”
“ကျွန်တော်ရဲ့ချစ်သူလူသားမင်းသမီးလေးနဲ့ပဲလက်ထပ်ပါရစေကဲတားမရလဲဒါဆိုရင်ဒီနေ့ကစပြီး ပင်လယ်ရေနဲ့ မင်းရဲ့ခန္ဓာကိုယ်လုံးဝမထိစေရဘူး..”“ထိတာနဲ့ငါးပြန်ဖြစ်စေရမယ်..” “ငါးပြန်ဖြစ်သွားရင်လဲ လူတွေရဲ့တိုင်းပြည်ကို ဘယ်တော့မှမသွားပါဘူးလို့ ကျိန်ဆိုရလိမ့်မယ်” “ကောင်းပါပြီ သခင်မ ကတိပေးပါတယ်..”“နှမတော်လေးဆီသွားမှပဲ ” “လူအသွင်ပြောင်းပြီး နန်းတော်ကိုလိုက်သွားရမယ်” မင်းသားလေးဟာ မင်းသမီးလေးရဲ့ဖခင် ဘုရင်ကြီးဆီမှာ မင်းသမီးလေးနဲ့ လက်ထပ်ခွင့်တောင်းသတဲ့..” “အိမ်း မောင်မင်းဟာ ရွှေငါးဘဝကနေ လူဖြစ်လာတာဆိုတော့..” “ဘယ်လို တန်ခိုးသတ္တိနဲ့ ပညာတွေရှိပါသလဲကွယ်..” “ကျွန်တော် မျိုးဟာ မိုးလေဝသအကြောင်းနဲ့ ရာသီဥတုတွေကို ကောင်းကောင်းသိပါတယ် မင်းကြီး..” “နောက်ခုနှစ်ရက်မှာ မိုးတွေရွာပြီး ရေကြီးပါလိမ့်မယ်..” “ဒါကြောင့် မြစ်ကမ်းမှာ တမံများ တုပ်ထားသင့်ကြောင်း လျှောက်တင်ပါတယ်ဘုရား..”“ဟေ”“ဟေအမှုထမ်းတွေခုချက်ချင်းတမံတုပ်ကြစမ်း.” “မှန်ပါမင်းကြီး..”

ဒီလိုနဲ့ ခုနှစ်ရက်မြောက်တဲ့နေ့မှာ ရွှေငါးမင်းသားလေး ပြောတဲ့အ တိုင်း ရေတွေကြီးလာတော့တယ်…. ဒါပေမဲ့တမံတွေတုပ်ထားလို့စိတ်ချသွားရသတဲ့. …. “ အခြေအနေ ဘယ်လိုရှိလဲဟေ့..” “ မှန်ပါ တာတမံများ ကြိုတင်ပြီးတုပ်ထားတဲ့အတွက် စိုးရိမ်စရာမလိုတော့ပါမင်းကြီး…” ဒီတော့မင်းကြီးဟာ အလွန်သဘောကျသွားတာပေါ့ …“တယ်ဟုတ်ပါလား” “ကဲမောင်မင်းကို သမီးတော်နဲ့ လက်ထပ်ပေးဖို့ သဘောတူခွင့်ပြုတော်မူတယ်ဗျား..”ဒီလိုနဲ့လက်ထပ်ပွဲကျင်းပဖို့ပြင်ဆင်နေကြတော့တယ်….

“ ဘုရင်မင်းမြတ် ဘုရင်မင်းမြတ်” ပင်လယ်ဘက်မှာရန်သူရေတပ်ကြီးတွေတိုက်ခိုက်ဖို့လာနေတယ်လို့ သတင်းရပါတယ်မင်းကြီး..”“ဟင်းဟင်းမှုစရာမလိုပါဘူး မင်းသားလေးရှိနေတာပဲ..” “မောင်မင်းဦးဆောင်ပြီး ရေကြောင်းကနေ ပြန်လည်ခုခံ တိုက်ခိုက်ပေတော့..” “အရှင်မင်းကြီး ကျွန်တော်မျိုးအနေနဲ့ ပင်လယ်ပြင်ကိုထွက်ပြီး မတိုက်ခိုက်လိုကြောင်းပါ..”ဘုရင်ကြီးဟာမင်းသားရဲ့အခက်အခဲကိုမသိဘူးပေါ့လေ.. “စစ်ထွက်မတိုက်တာဟာ သတ္တိမရှိလို့ပဲဖြစ်ရမယ်..” “ဒီလို သတ္တိမရှိတဲ့သူနဲ့ငါ့သမီး ကိုမပေးစားနိုင်တော့ဘူး” “ဒီလို မဟုတ်ရပါဘူးမင်းကြီး” မင်းသားလေးဟာသူရေနတ် သမီးဆီမှာ ကျိန်ဆိုထားတဲ့ ကျိန်စာအကြောင်း လျှောက်တင်လိုက်သတဲ့…ဒါပေမဲ့ မင်းသားလေးရဲ့စကားကိုဘုရင်ကြီးကမယုံကြည်သလို မင်းသမီးလေးကလဲ လက်မခံ ဘူးလေ…. “ဘာမှ ဆင်ခြေပေးမနေနဲ့” “ဟွန်းကြောက်ရင် ကြောက်တယ်ပေါ့..” “သူက ငါတမင်လုပ်ကြံ ပြီးရှောင်နေတာလို့ အထင်လွဲနေပါလား..” “ သြော် စိတ်မကောင်းစရာပဲ နှမတော်ကပါ အထင်လွဲနေတော့ခက်တယ်..” “ရန်သူတွေကလဲ အင် အားများတယ် ဟူးဘယ်လိုမှ နိုင်ဖို့မမြင်ဘူး …”မတတ်သာတဲ့ အဆုံး မင်းသားလေး ဟာ ပုလဲလုံးလေးတွေကို သီကုံးလိုက်တယ်….

ပြီးတော့ မင်းသမီးလေးဆီကိုထွက် လာခဲ့တော့သတဲ့…“ကဲ မောင်တော် ရန်သူတွေကို တိုက်ခိုက်ပေးပါ့မယ်..” မင်းသား လေးဟာ မင်းသမီးလေးရဲ့လည်မှာ ပုလဲပုတီးလေးကိုဆွဲပေးလိုက်ရှာတယ်… “အို ဝမ်းသာလိုက်တာ အဟင်း ဟင်း..”မင်းသမီးလေးဟာ သူရဲ့ခမည်းတော်ဘုရင်ကြီးကို လျှောက်တင်လိုက်တော့တာပေါ့…. အဲဒီနောက် မင်းသားလေးဟာ ဦးစီးသေနာပတိ အဖြစ်နဲ့ရန်သူတွေကို တိုက်ခိုက်ဖို့ထွက်သွားလေသတဲ့…ပင်လယ်ပြင်ရောက်တော့ နှစ်ဘက်လှေတပ်တွေဟာ တိုက်ခိုက်ကြတာပေါ့… ဒီအခါ ရန်သူ့ဘက်ကလှေတွေ ဟာ နစ်မြုပ်ကုန်တယ် …. မင်းသားလေးဟာ အလွန်မာကျောတဲ့သံလှေဦးတပ်ထားတဲ့ လှေကြီးပေါ်ကနေ စီစဉ်ကွပ်ကဲနေသတဲ့…. မင်းသားလေးတို့ဘက်ကအသာစီးနဲ့ တိုက်ခိုက်နေကြရတယ်…ဒါပေမယ့်ရန်သူခေါင်းဆောင်ဦးစီးတဲ့လှေကြီးဟာအရမ်းခိုင် ခံ့ မာကျောလွန်းလို့ ဘယ်လိုလက်နတ်နဲ့မှဖျက်ဆီးလို့မရဘူး ဖြစ်နေကြတော့သတဲ့ ..ရန်သူလှေကြီးဟာမင်းသားလေးတို့ရဲ့လှေတွေကတစ်စီးပြီးတစ်စီးဦးနဲ့ထိုးတိုက်ပြီး နစ်မြုပ်ပစ်နေလေတယ် ….

“ အရှင်မင်းသား အကျအဆုံးများနေပါပြီ..” “အင်းလုပ်စ ရာတစ်ခုပဲရှိတော့တယ်…” “ ဟေ့ တို့ရဲ့လှေကြီးကို အားကုန်လှော်ခတ်ကြစမ်း” “ရန်သူ ခေါင်းဆောင် စီးလာတဲ့လှေကြီးနဲ့ စီးချင်းထိုးပြီး ဝင်တိုက်ကြမယ်ဟေ့..” ဒီအခါ အလွန်မာကျောတဲ့လှေနှစ်စီးတိုက်မိတဲ့အသဟာပင်လယ်ပြင်မှာကျယ်လောင် စွာထွက်ပေါ်လာပြီးတော့လှေနှစ်စီးလုံးဟာလည်းကျောက်တုံးနှစ်လုံးထိမိသလိုကွဲ ကြေ လွင့်စင်ကျသွားတော့သတဲ့… မင်းသားလေးဟာ ပင်လယ်ရေထဲကို ပြုတ်ကျ သွားရရှာတယ်… ပင်လယ်ရေနဲ့ထိလိုက်တယ်ဆိုရင်ပဲ မင်းသားလေးဟာ ရေနတ်သ မီးဆီမှာ ကျိန်ဆိုထားတဲ့ အတိုင်း ရွှေငါးကြီးဘဝကို ပြန်ရောက်သွားတော့သတဲ့…

ဒီအချိန်မှာ ရန်သူဘက်ကခေါင်းဆောင်ရဲ့ လှေကြီး ပျက်စီးသွားလို့တပ်ပျက်ပြီး ပြန်ဆုတ်ပြေးသွားကြရရှာတယ်….ရွှေငါးကြီးဟာလည်းသူ့ရဲ့ကတိအတိုင်း ရေအောက်နန်းတော်ကို ပြန်သွားရတာပေါ့…. ဘုရင်ကြီးနဲ့ မင်းသမီးလေးတို့ဟာရွှေငါး မင်းသားလေးရဲ့ အကြောင်းကို မသိရှာဘူး….ဒါနဲ့တိုက်ပွဲနိုင်လာတဲ့လူတွေကိုထွက်ကြိုရင်းမင်းသားလေးပြန်အလာကိုစောင့်နေကြပေမယ့်အချိန်အတော်ကြာတဲ့အ ထိ ရွှေငါးမင်းသားလေးကိုမတွေ့ရဘူးဖြစ်နေတော့သတဲ့…“ဟဲ့စစ်သည်တော်တို့ငါ့ရဲ့မောင်တော်မင်းသားလေးရော…”“မှန်ပါအရှင်မင်းသားလေးဟာရန်သူတွေကို တိုက်ရင်းရေထဲပြုတ်ကျပြီး ရွှေငါးကြီးဖြစ်သွားတာကိုမြင်ခဲ့ရပါတယ် ဖုရာ့….“အိုခုလိုဖြစ်ရတာငါ့ကြောင့်ပဲ… ” “ငါ့ကြောင့် မောင်တော်ဟာ ရွှေငါးဘဝကိုပြန်ရောက် သွားရှာပါလား..” “နှမတော် ယူကြုံးမရဖြစ်နေရပါပြီ မောင်တော်ရယ်..” အဲဒီနောက် မင်းသမီးလေးဟာရွှေငါးမင်းသားလေး လာနေကျကမ်းနံဘေးကကျောက်ဆောင် လေးပေါ်မှာ ပုလဲပုတီးလေးဆွဲပြီး နေ့တိုင်းသွားစောင့်နေရှာတယ်…..

ဒါပေမဲ့ ရွှေငါးမင်းသားလေးကို ဘယ်တော့မှ မတွေ့ရတော့ဘူးတဲ့ကွယ်……

ဖိုးသူတော် (www.phothutaw.com)
Credit: မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top