ထိုင္းႏိုင္ငံ ဘန္ေကာက္ ဒြန္းေမာင္း ႏိုင္ငံတကာေလဆိပ္ဧရိယာတ၀ိုက္မွာ မေန႔ ညေန ၂ နာရီေက်ာ္ေလာက္က မိုးသက္ေလျပင္း တိုက္ခတ္သြားတဲ့အတြက္ လမ္းမေပၚေရႀကီးတာ၊ သစ္ပင္ေတြ က်ိဳးက်တာနဲ႔ ယာဥ္ေၾကာပိတ္ဆို႔တာေတြ ျဖစ္ပြားခဲ့ပါတယ္။

ဘန္ေကာက္ ဒြန္ေမာင္းႏိုင္ငံတကာ ေလဆိပ္မွာ Lion Air ေလယာဥ္မွ ယာယီေလွခါးတခု ေလနဲ႔အတူလႊင့္ထြက္သြားၿပီး ရပ္ထားတဲ့ Nok Air ေလယာဥ္ရဲ႕ ယာေတာင္ပံကို သြားတိုက္မိတဲ့အတြက္ ေလယာဥ္ေတာင္ပံ ပ်က္စီးသြားတယ္လို႔ ထိုင္းရတ္သတင္းမွာ ေဖာ္ျပပါတယ္။

ဆန္တိဆုခ္ထိုင္းသတင္းမွာလည္း ေလျပင္းေၾကာင့္ ဒြန္းေမာင္း ေလယာဥ္ကြင္းထဲက ေလွခါး ၁၀ ခုက်ိဳးသြားၿပီး ဆိုက္ေရာက္လာမယ့္ ေလယာဥ္ပ်ံေတြ အျခားအရံေလဆိပ္မွာ ဆင္း သက္ခဲ့ရသလို ညေန ၂ နာရီမွ ၃ နာရီတြင္း ပ်ံသန္းမယ့္ ေလေၾကာင္းခရီးစဥ္ ၈ ခု နဲ႔ ညေန ၃ နာရီမွ ၄ နာရီတြင္း ပ်ံသန္းမယ့္ ေလေၾကာင္းခရီးစဥ္ ၁၀ ခု သတ္မွတ္ထားတဲ့ အခ်ိန္တြင္း မပ်ံသန္းႏိုင္တာေၾကာင့္ ျပည္တြင္းျပည္ပ ခရီးသည္ေပါင္း ၃ ေထာင္ေက်ာ္ ေခတၱပိတ္မိေနခဲ့ပါ တယ္။

ဒါ့အျပင္ ဘန္ေကာက္အနီး ပထုန္္ဌာနီခ႐ိုင္ရွိ ၀က္စ္တဲန္းေဆးတကၠသိုလ္မွာလည္း ေမာ္ေတာ္ကား႐ံု နံရံၿပိဳက်လာတာေၾကာင့္ ရပ္နားထားတဲ့ ကားအခ်ဳိ႕ ပ်က္စီးခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံ ဘန်ကောက် ဒွန်းမောင်း နိုင်ငံတကာလေဆိပ်ဧရိယာတဝိုက်မှာ မနေ့ ညနေ ၂ နာရီကျော်လောက်က မိုးသက်လေပြင်း တိုက်ခတ်သွားတဲ့အတွက် လမ်းမပေါ်ရေကြီးတာ၊ သစ်ပင်တွေ ကျိုးကျတာနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဘန်ကောက် ဒွန်မောင်းနိုင်ငံတကာ လေဆိပ်မှာ Lion Air လေယာဉ်မှ ယာယီလှေခါးတခု လေနဲ့အတူလွှင့်ထွက်သွားပြီး ရပ်ထားတဲ့ Nok Air လေယာဉ်ရဲ့ ယာတောင်ပံကို သွားတိုက်မိတဲ့အတွက် လေယာဉ်တောင်ပံ ပျက်စီးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဆန်တိဆုခ်ထိုင်းသတင်းမှာလည်း လေပြင်းကြောင့် ဒွန်းမောင်း လေယာဉ်ကွင်းထဲက လှေခါး ၁၀ ခုကျိုးသွားပြီး ဆိုက်ရောက်လာမယ့် လေယာဉ်ပျံတွေ အခြားအရံလေဆိပ်မှာ ဆင်း သက်ခဲ့ရသလို ညနေ ၂ နာရီမှ ၃ နာရီတွင်း ပျံသန်းမယ့် လေကြောင်းခရီးစဉ် ၈ ခု နဲ့ ညနေ ၃ နာရီမှ ၄ နာရီတွင်း ပျံသန်းမယ့် လေကြောင်းခရီးစဉ် ၁၀ ခု သတ်မှတ်ထားတဲ့ အချိန်တွင်း မပျံသန်းနိုင်တာကြောင့် ပြည်တွင်းပြည်ပ ခရီးသည်ပေါင်း ၃ ထောင်ကျော် ခေတ္တပိတ်မိနေခဲ့ပါ တယ်။

ဒါ့အပြင် ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်ရှိ ဝက်စ်တဲန်းဆေးတက္ကသိုလ်မှာလည်း မော်တော်ကားရုံ နံရံပြိုကျလာတာကြောင့် ရပ်နားထားတဲ့ ကားအချို့ ပျက်စီးခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top