မင္းသား ေဝဠဳေက်ာ္ကို တရားစြဲဆိုထားတဲ့ ကိစၥနဲ႔ လူသိမ်ားလာတဲ့ အလွမယ္ သင္းသင္းတေယာက္ကေတာ့ လက္ရွိခ်ိန္ထိကို သူ႕ကိုေဝဖန္သူေတြ မ်ားျပားေနျပီး သူ႔ရဲ့ လႈပ္ရွားမႈမွန္သမွ်ကိုလည္း ေဝဖန္တိုက္ခိုက္တဲ့သူေတြ မ်ားျပားေနတာ ျဖစ္ပါတယ္။ ဒီကိစၥေတြနဲ႔ ပတ္သက္ျပီးအလွမယ္ သင္းသင္းကေတာ့ သူ႔ကိုေဝဖန္တဲ့သူေတြ ဝင္ဆဲတဲ့သူေတြကို ထိထိမိမိေျပာၾကားသြား ခဲ့ပါတယ္။

သင္းသင္းကေတာ့ Sunday နဲ႔ အင္တာဗ်ဴးတြင္ ဘာပဲလုပ္လုပ္ေဝဖန္ခံေနရတဲ့ အေပၚမွာ “ကုိယ္ေကာင္းတာလုပ္လည္း ေဝဖန္ခံေနရတယ္။ ဘာလုပ္လုပ္ေဝဖန္ေနၾကတာဆိုေတာ့ ဘယ္သူ႔ကိုမွလည္း အျပစ္မေျပာေတာ့ဘူး။ အခ်ိန္တန္ရင္ေတာ့ နားလည္သြားမွာပါ။



ဘယ္သူေတြ ဘယ္လိုေျပာေျပာကိုယ္လည္း မသိပါဘူး။ အမရဲ့ ထီးကိစၥနဲ႔ ပတ္သက္တဲ့ ပံုမွာဆိုလည္း မန္႔ေလးေတြေတာ့ ဝင္ဖတ္မိပါတယ္။ အဲ့မွာဝင္ေရးထားတဲ့သူေတြ ဆဲတဲ့ဆိုတဲ့သူေတြ အားလံုးက သူတို႔ရဲ့ ပရိုဖိုင္ကို ဝင္ၾကည့္လိုက္တဲ့အခ်ိန္မွာ။

ညီမသည္ ပညာမတတ္ဘူး။ ပညာမတတ္လို႔ ညီမကို သူတို႔ဘယ္လိုပဲ ေျပာေျပာ။ ေနာက္ဆံုးသူတို႔ညီမကို ေတာသူဆိုျပီးေတာ့ ေျပာၾကတယ္။ ညီမစိတ္မဆိုးဘူး။ အဲ့ေတာ့ ဒီပရိုဖိုင္ေတြကို ၾကည့္လိုက္ရင္ ပညာတက္ေတြ အရာရွိေတြ အရာခံေတြ။ အမထက္စာရင္ သူတို႔က ပညာတက္တယ္ေလ။



အမက ပညာမတတ္လို႔ ဒီလိုေတြလုပ္မိတာဆိုရင္ သူတို႔က ပညာတတ္ေလ ဘာလို႔ပညာေတြကို သင္ထားတာလဲ မိဘေတြက ဘယ္လိုမ်ိဳးပညာသင္ေပးထားတာလည္း အမ အဲ့ဒါေတြကိုေတာ့ ယူၾကံဳးမရျဖစ္မိတယ္။ သူတို႔အတြက္ေတာ့ ယူၾကံဳးမရျဖစ္မိပါတယ္။

သူတို႔ရဲ့ပညာ မိဘေတြ သင္ေပးလိုက္တဲ့ စဥ္းစားဆင္ျခင္ဥာဏ္တရားက ဒီေလာက္ပဲ ရွိလားဆိုတာကို။ ကိုယ္တတ္ထားတဲ့ ပညာကုိျပန္ျပီးေတာ့ အသံုးမခ်တတ္ဘူးေပါ့ေနာ္။ ေျပာတာဆိုတာေတြက။

အမပညာမတတ္လို႔ ထားလိုက္ေတာ့။ အညာသူ အညာသူေတြဆိုျပီးေတာ့ ႏွိမ္ၾကတယ္ဆုိေတာ့ ဘာလည္းအညာသူေတြက ေျခေထာက္ႏွစ္ေခ်ာင္းပိုျပီးေတာ့ ပါလို႔လား။ လက္ႏွစ္ေခ်ာင္းပိုပါလုိ႔လား။ ဘာေတြပိုပါလို႔လဲ လူေတြက အတူတူပဲ မဟုတ္ဘူးလား။ ကိုယ့္ဘဝကို ဘာမွမဖံုးကြယ္ထားဘူးေလ။ အဲ့ေတာ့ ဘာပို႔စ္ပဲ တက္လာတက္လာ အမ မတုန္လုပ္ပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


မင်းသား ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ လူသိများလာတဲ့ အလှမယ် သင်းသင်းတယောက်ကတော့ လက်ရှိချိန်ထိကို သူ့ကိုဝေဖန်သူတွေ များပြားနေပြီး သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကိုလည်း ဝေဖန်တိုက်ခိုက်တဲ့သူတွေ များပြားနေတာ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးအလှမယ် သင်းသင်းကတော့ သူ့ကိုဝေဖန်တဲ့သူတွေ ဝင်ဆဲတဲ့သူတွေကို ထိထိမိမိပြောကြားသွား ခဲ့ပါတယ်။

သင်းသင်းကတော့ Sunday နဲ့ အင်တာဗျူးတွင် ဘာပဲလုပ်လုပ်ဝေဖန်ခံနေရတဲ့ အပေါ်မှာ “ကိုယ်ကောင်းတာလုပ်လည်း ဝေဖန်ခံနေရတယ်။ ဘာလုပ်လုပ်ဝေဖန်နေကြတာဆိုတော့ ဘယ်သူ့ကိုမှလည်း အပြစ်မပြောတော့ဘူး။ အချိန်တန်ရင်တော့ နားလည်သွားမှာပါ။

ဘယ်သူတွေ ဘယ်လိုပြောပြောကိုယ်လည်း မသိပါဘူး။ အမရဲ့ ထီးကိစ္စနဲ့ ပတ်သက်တဲ့ ပုံမှာဆိုလည်း မန့်လေးတွေတော့ ဝင်ဖတ်မိပါတယ်။ အဲ့မှာဝင်ရေးထားတဲ့သူတွေ ဆဲတဲ့ဆိုတဲ့သူတွေ အားလုံးက သူတို့ရဲ့ ပရိုဖိုင်ကို ဝင်ကြည့်လိုက်တဲ့အချိန်မှာ။

ညီမသည် ပညာမတတ်ဘူး။ ပညာမတတ်လို့ ညီမကို သူတို့ဘယ်လိုပဲ ပြောပြော။ နောက်ဆုံးသူတို့ညီမကို တောသူဆိုပြီးတော့ ပြောကြတယ်။ ညီမစိတ်မဆိုးဘူး။ အဲ့တော့ ဒီပရိုဖိုင်တွေကို ကြည့်လိုက်ရင် ပညာတက်တွေ အရာရှိတွေ အရာခံတွေ။ အမထက်စာရင် သူတို့က ပညာတက်တယ်လေ။

အမက ပညာမတတ်လို့ ဒီလိုတွေလုပ်မိတာဆိုရင် သူတို့က ပညာတတ်လေ ဘာလို့ပညာတွေကို သင်ထားတာလဲ မိဘတွေက ဘယ်လိုမျိုးပညာသင်ပေးထားတာလည်း အမ အဲ့ဒါတွေကိုတော့ ယူကြုံးမရဖြစ်မိတယ်။ သူတို့အတွက်တော့ ယူကြုံးမရဖြစ်မိပါတယ်။

သူတို့ရဲ့ပညာ မိဘတွေ သင်ပေးလိုက်တဲ့ စဉ်းစားဆင်ခြင်ဉာဏ်တရားက ဒီလောက်ပဲ ရှိလားဆိုတာကို။ ကိုယ်တတ်ထားတဲ့ ပညာကိုပြန်ပြီးတော့ အသုံးမချတတ်ဘူးပေါ့နော်။ ပြောတာဆိုတာတွေက။

အမပညာမတတ်လို့ ထားလိုက်တော့။ အညာသူ အညာသူတွေဆိုပြီးတော့ နှိမ်ကြတယ်ဆိုတော့ ဘာလည်းအညာသူတွေက ခြေထောက်နှစ်ချောင်းပိုပြီးတော့ ပါလို့လား။ လက်နှစ်ချောင်းပိုပါလို့လား။ ဘာတွေပိုပါလို့လဲ လူတွေက အတူတူပဲ မဟုတ်ဘူးလား။ ကိုယ့်ဘဝကို ဘာမှမဖုံးကွယ်ထားဘူးလေ။ အဲ့တော့ ဘာပို့စ်ပဲ တက်လာတက်လာ အမ မတုန်လုပ်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top