ျမတ္စြာဘုရားကို စပ်စ္သီးမလွဴနဲ႕...ပ်က္စီးတတ္တယ္။
ဖရဲသီးမလွဴနဲ႕- ဖရိုဖရဲျဖစ္တတ္တယ္။
မာလကာသီးမလွဴနဲ႕-မာလကာ(ေသဆံုး)သြားတတ္တယ္။
လိေမၼာ္သီးမကပ္နဲ႕- အလိမ္ခံရလိမ့္မယ္..
ပန္းသီးမလွဴနဲ႕- ကိုယ္စိတ္ ပန္းတတ္တယ္။

ႏွင္းဆီပန္းမလွဴရ- ဆူပါတဲ့ႏွင္းဆီပန္းကိုလွဴရင္ အေႏွာင့္အယွက္ေတြ႕တတ္တယ္။
ၾကာပန္းလွဴရင္- ၾကန္႕ၾကာတတ္တယ္လို႔ယူဆၾကျပီး တစ္ခ်ိဳ႕မလွဴၾကဘူး။အဓိပၸါယ္မရွိတဲ့ အယူအဆေတြပါ။

စကာလံုးရဲ႕ အသံထြက္အတိုင္းသာျဖစ္ရစတမ္းဆုိရင္ လူတိုင္း "မင္း"ျဖစ္ကုန္မွာေပါ့။
ဘာလို႔လဲဆိုေတာ့ လူတုိင္း"ထမင္း"ေန႔တိုင္း စားေနၾကတာပဲမဟုတ္လား။ဘယ္သူမွ "ထ" ျပီး "မင္း" မျဖစ္ပါဘူး။မင္းျဖစ္ထုိက္တဲ့ ဘုန္းကံပါရမီ ပါတဲ့ပုဂၢိဳလ္ေတြပဲ မင္းျဖစ္ၾကတာပါ။

ဒီေတာ့ စကားလံုးေတြရဲ႕အသံထြက္ေပၚမွာ ေကာင္းက်ိဳးဆိုးျပစ္ဆံုးျဖတ္တာ ၀ါသနာပါတယ္။
မစြန္႔ႏိူင္ဘူးဆိုရင္လည္းပဲ...အဆိုးအျမင္၀ါဒနဲ႕မေကာက္ဘဲ ေကာင္းတဲ့ဘက္ကို အဓိပၸါယ္ေကာက္ရင္
ေကာင္းမွာပါပဲ။

ဖရဲသီးလွဴရင္ ဖရိုဖရဲမျဖစ္ေတာ့ဘူး....စပ်စ္သီးလွဴရင္ စ ကတည္းက
ပ်စ္ပ်စ္ႏွစ္ႏွစ္ေလး...ဆိုျပီး စသည္ျဖင့္ ဒါေပမဲ့ ေရႊတစ္ျပံဳဳၾကီး ရေအာင္ေရႊဖရံုသီးလွဴတယ္ဆိုျပီး ဘုရားစင္ေပၚ ဖရံုသီး အလံုးလိုက္ လခ်ီတင္ထားတာမ်ိဳး၊

ကံစြမ္းေအာင္ ကန္စြန္းရြက္လွဴတယ္ဆိုျပီးကန္စြန္းရြက္ အစိမ္းလိုက္ေတြကို ဘုရားေရွ႕
ရက္ရွည္တင္ထားတာမ်ိဳး.....

ေန႕ခ်င္း၊ညခ်င္း ၾကီးပြားေအာင္ဆုိျပီးေန႕မွာ ခ်င္းတစ္တက္၊ညမွာ ခ်င္း တစ္တက္လွဴထားတာမ်ိဳး..
လံုး၀မသင့္ေတာ္ပါဘူး။

လွဴခ်င္သပဆုိရင္ ေရႊဖရံုသီးခ်က္ျပီးကပ္၊ကန္စြန္းရြက္ေၾကာ္ပီးလွဴမယ္ဆုိရင္
ဆြမ္းလွဴျခင္းအက်ိဳး ရရွိမည္ မဟုတ္ပါေလာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဆရာေတာ္ အရွင္ဆႏၵာဓိက
# Unicode Version # ျဖင့္ ဖတ္ပါ #


မြတ်စွာဘုရားကို စပျစ်သီးမလှူနဲ့...ပျက်စီးတတ်တယ်။
ဖရဲသီးမလှူနဲ့- ဖရိုဖရဲဖြစ်တတ်တယ်။
မာလကာသီးမလှူနဲ့-မာလကာ(သေဆုံး)သွားတတ်တယ်။
လိမ္မော်သီးမကပ်နဲ့- အလိမ်ခံရလိမ့်မယ်..
ပန်းသီးမလှူနဲ့- ကိုယ်စိတ် ပန်းတတ်တယ်။

နှင်းဆီပန်းမလှူရ- ဆူပါတဲ့နှင်းဆီပန်းကိုလှူရင် အနှောင့်အယှက်တွေ့တတ်တယ်။
ကြာပန်းလှူရင်- ကြန့်ကြာတတ်တယ်လို့ယူဆကြပြီး တစ်ချို့မလှူကြဘူး။အဓိပ္ပါယ်မရှိတဲ့ အယူအဆတွေပါ။

စကာလုံးရဲ့ အသံထွက်အတိုင်းသာဖြစ်ရစတမ်းဆိုရင် လူတိုင်း "မင်း"ဖြစ်ကုန်မှာပေါ့။
ဘာလို့လဲဆိုတော့ လူတိုင်း"ထမင်း"နေ့တိုင်း စားနေကြတာပဲမဟုတ်လား။ဘယ်သူမှ "ထ" ပြီး "မင်း" မဖြစ်ပါဘူး။မင်းဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီ ပါတဲ့ပုဂ္ဂိုလ်တွေပဲ မင်းဖြစ်ကြတာပါ။

ဒီတော့ စကားလုံးတွေရဲ့အသံထွက်ပေါ်မှာ ကောင်းကျိုးဆိုးပြစ်ဆုံးဖြတ်တာ ဝါသနာပါတယ်။
မစွန့်နိူင်ဘူးဆိုရင်လည်းပဲ...အဆိုးအမြင်ဝါဒနဲ့မကောက်ဘဲ ကောင်းတဲ့ဘက်ကို အဓိပ္ပါယ်ကောက်ရင်
ကောင်းမှာပါပဲ။

ဖရဲသီးလှူရင် ဖရိုဖရဲမဖြစ်တော့ဘူး....စပျစ်သီးလှူရင် စ ကတည်းက
ပျစ်ပျစ်နှစ်နှစ်လေး...ဆိုပြီး စသည်ဖြင့် ဒါပေမဲ့ ရွှေတစ်ပြုံုကြီး ရအောင်ရွှေဖရုံသီးလှူတယ်ဆိုပြီး ဘုရားစင်ပေါ် ဖရုံသီး အလုံးလိုက် လချီတင်ထားတာမျိုး၊

ကံစွမ်းအောင် ကန်စွန်းရွက်လှူတယ်ဆိုပြီးကန်စွန်းရွက် အစိမ်းလိုက်တွေကို ဘုရားရှေ့
ရက်ရှည်တင်ထားတာမျိုး.....

နေ့ချင်း၊ညချင်း ကြီးပွားအောင်ဆိုပြီးနေ့မှာ ချင်းတစ်တက်၊ညမှာ ချင်း တစ်တက်လှူထားတာမျိုး..
လုံးဝမသင့်တော်ပါဘူး။

လှူချင်သပဆိုရင် ရွှေဖရုံသီးချက်ပြီးကပ်၊ကန်စွန်းရွက်ကြော်ပီးလှူမယ်ဆိုရင်
ဆွမ်းလှူခြင်းအကျိုး ရရှိမည် မဟုတ်ပါလော။

ဖိုးသူတော် (www.phothutaw.com)
Credit:ဆရာတော် အရှင်ဆန္ဒာဓိက
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top