ဝန္ႀကီးနဲ႔ သုိးေက်ာင္းသား (ဟာသ)
တစ္ခါက ဝန္ႀကီးတစ္ပါး ရွိသတဲ့.. ဝန္ႀကီးဟာ ေတာင္ေပၚေဒသကို ရုပ္ဖ်က္ၿပီး အလည္အပတ္ သြားတယ္.. သြားရင္း ..သူ႔ကားေရွ႕မွာ သိုးေတြ ျဖတ္ေနတာေၾကာင့္ အၾကာႀကီး ေစာင့္ေနရတယ္.. ျကာလာတဲ့အခါ စိတ္မရွည္ေတာ့တာနဲ႔ သိုးေက်ာင္းသားေလးကို ေျပာတယ္။
“ငါ ဝန္ႀကီးကြ သိုးေတြကို ရပ္ခိုင္း” .. “ရပ္ခိုင္းလို႔ မရဘူးဝန္ႀကီး.. ဒီေကာင္ေတြက တစ္ေကာင္သြားရင္ ေနာက္တစ္ေကာင္ လိုက္တာပဲ.. သိုးေတြကို သိုးသတ္ရံု ပို႔ရင္ ဒီလိုပဲ ပို႔တာ ဝန္ႀကီးလည္း ဖတ္ဖူးမွာေပါ့”.. “အာဂေကာင္ေလးပဲ” ဟု.. ဝန္ႀကီးက ေတြးသည္.. သိုးေက်ာင္းသားေလး ေျပာတာ .. သိုးေတြက အေသသာ ခံသြားမယ္ သူတို႔လမ္းစဥ္ကို မေျပာင္းဘူး ဆိုတာမ်ိဳးေပါ့။
သူ သေဘာက်တယ္.. ဒါေပမဲ့ ဝန္ႀကီးက ဒီေကာင္ေလးကို ပညာေပးဦးမယ္လို႔ စိတ္ကူးၿပီး ေအာက္ပါအတိုင္း ေျပာလိုက္ တယ္.. “မင္းသိုးေတြ အေတာ္မ်ားတာပဲေနာ္”.. “မ်ားပါတယ္ဝန္ႀကီး.. အေကာင္ ၅၀၀ တိတိ ရွိပါတယ္”.. “ဟုတ္လား ဒါဆိုရင္ ဘယ္ႏွေကာင္က အထီး.. ဘယ္ႏွေကာင္က အမဆိုတာ ေျပာႏိုင္ရင္ မင္း ငါ့ကို သိုးတစ္ေကာင္ ေပးမလား”.. “အင္း … က်ေနာ္လည္း ေလာင္းကစား ဝါသနာပါတယ္.. စိန္လိုက္ေလ”
ဝန္ႀကီးလည္း ကားထဲဝင္သြားၿပီး သူ႔ရံုးကို ဖုန္းဆက္တယ္.. GPS ကို ဖြင့္ၿပီး ရံုးအဖြဲ႕ကို သိုးအမနဲ႔ သိုးအထီး အေရအတြက္ကို တြက္ခိုင္းတယ္..မိနစ္ပိုင္းမွာပဲ အေရအတြက္ အတိအက် ရတယ္.. “မင္းသိုးဟာ အထီး ၁၇၆ ေကာင္.. အမ ၃၂၄ ေကာင္ မဟုတ္လား”.. သိုးေက်ာင္းသားေလး အံ့ဩသြားတယ္.. “မွန္တယ္..ဝန္ႀကီးႀကိဳက္တဲ့ သိုးတစ္ေကာင္ ယူသြားပါ”
ဒီအခ်ိန္မွာ .. သိုးေတြက လမ္းေပၚက ဆင္းလို႔ ကုန္ေနၿပီ.. ဒီေတာ့ ဝန္ႀကီးက ေနာက္ဆံုး သိုးတစ္ေကာင္ကို ကားထဲ ေကာက္ထည့္လိုက္ၿပီး ကားေပၚ တက္သြားတယ္.. ဒီအခါ သိုးေက်ာင္းသားေလးက ကားနား ကပ္လာၿပီး.. “ဝန္ႀကီးကို ေနာက္ အေလာင္းအစားတစ္ခု လုပ္ခ်င္တယ္”.. ဝန္ႀကီးက ရယ္ၿပီး .. “ဘာလုပ္ခ်င္လဲ” လို႔ေမးတာေပါ့.. “ဝန္ႀကီးကို ဘယ္ဝန္ႀကီးဌာနကလဲလို႔ ေျပာႏိုင္ရင္ ဝန္ႀကီးက က်ေနာ့္သိုးေလးကို ျပန္ေပးမလား”.. ဝန္ႀကီးက စဥ္းစားတယ္.. “ဒီေကာင္ေလး ငါ့ကို မသိႏိုင္ဘူး.. ငါ့ကို တီဗီထဲမွာ ေတြ႕ဖူးသလား.. မျဖစ္ႏိုင္ဘူး.. ငါ လႊတ္ေတာ္ေတြ တက္ရင္လည္း ေခါင္းေပါင္းနဲ႔ ဆိုေတာ့ ဒီေကာင္ေလး အျပင္မွာ ငါ့ကို မမွတ္မိႏိုင္ဘူး.. ျပီးေတာ့လည္း ..ငါ သူ႔သိုး ျပန္ေပးရတာ ဘာအေရးလဲ” လို႔ စဥ္းစားၿပီး .. “ငါ ဘယ္ဝန္ႀကီးဌာနကလဲ” လို႔ ေမးလိုက္တယ္
ေကာင္ေလးက ခ်က္ခ်င္းပဲ .. “ဝန္ႀကီးက ပညာေရးဌာနက မဟုတ္လား” လို႔ ေျဖလိုက္တယ္.. ဒီအခါ ဝန္ႀကီး မ်က္လံုးျပဴး သြားတယ္.. ဒီေကာင္ေလး ငါ့ကို ဘယ္လို သိတာလဲ.. ဝန္ႀကီးဟာ ရွက္ရွက္နဲ႔ သိုးကေလးကို ကားထဲက ျပန္ထုတ္ေပးရင္း သိုးေက်ာင္းသားေလးကို ေမးလိုက္တယ္.. “မင္း ဘယ္လို သိတာလဲ.. ငါ့ကို တီဗီထဲကေန ျမင္ဖူးလို႔လား” ဆိုေတာ့ .. သိုးေက်ာင္းသားေလးက ျပံဳးတယ္
“မဟုတ္ပါဘူး ဝန္ႀကီး.. ေစာေစာက ဝန္ႀကီး ယူသြားတာ သိုး မဟုတ္ဘူးေလ..က်ေနာ့္ေခြးေလး.. သိုးမွန္း မသိ..ေခြးမွန္း မသိဘူး ဆိုေတာ့ .. ပညာေရးဝန္ႀကီးမွန္း သိတာေပါ့” တဲ့..
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခင္ေမာင္ညိဳ
#Unicode Version# ျဖင့္ဖတ္ပါ ။
ဝန်ကြီးနဲ့ သိုးကျောင်းသား (ဟာသ)
တစ်ခါက ဝန်ကြီးတစ်ပါး ရှိသတဲ့.. ဝန်ကြီးဟာ တောင်ပေါ်ဒေသကို ရုပ်ဖျက်ပြီး အလည်အပတ် သွားတယ်.. သွားရင်း ..သူ့ကားရှေ့မှာ သိုးတွေ ဖြတ်နေတာကြောင့် အကြာကြီး စောင့်နေရတယ်.. ကြာလာတဲ့အခါ စိတ်မရှည်တော့တာနဲ့ သိုးကျောင်းသားလေးကို ပြောတယ်။
“ငါ ဝန်ကြီးကွ သိုးတွေကို ရပ်ခိုင်း” .. “ရပ်ခိုင်းလို့ မရဘူးဝန်ကြီး.. ဒီကောင်တွေက တစ်ကောင်သွားရင် နောက်တစ်ကောင် လိုက်တာပဲ.. သိုးတွေကို သိုးသတ်ရုံ ပို့ရင် ဒီလိုပဲ ပို့တာ ဝန်ကြီးလည်း ဖတ်ဖူးမှာပေါ့”.. “အာဂကောင်လေးပဲ” ဟု.. ဝန်ကြီးက တွေးသည်.. သိုးကျောင်းသားလေး ပြောတာ .. သိုးတွေက အသေသာ ခံသွားမယ် သူတို့လမ်းစဉ်ကို မပြောင်းဘူး ဆိုတာမျိုးပေါ့။
သူ သဘောကျတယ်.. ဒါပေမဲ့ ဝန်ကြီးက ဒီကောင်လေးကို ပညာပေးဦးမယ်လို့ စိတ်ကူးပြီး အောက်ပါအတိုင်း ပြောလိုက် တယ်.. “မင်းသိုးတွေ အတော်များတာပဲနော်”.. “များပါတယ်ဝန်ကြီး.. အကောင် ၅၀၀ တိတိ ရှိပါတယ်”.. “ဟုတ်လား ဒါဆိုရင် ဘယ်နှကောင်က အထီး.. ဘယ်နှကောင်က အမဆိုတာ ပြောနိုင်ရင် မင်း ငါ့ကို သိုးတစ်ကောင် ပေးမလား”.. “အင်း … ကျနော်လည်း လောင်းကစား ဝါသနာပါတယ်.. စိန်လိုက်လေ”
ဝန်ကြီးလည်း ကားထဲဝင်သွားပြီး သူ့ရုံးကို ဖုန်းဆက်တယ်.. GPS ကို ဖွင့်ပြီး ရုံးအဖွဲ့ကို သိုးအမနဲ့ သိုးအထီး အရေအတွက်ကို တွက်ခိုင်းတယ်..မိနစ်ပိုင်းမှာပဲ အရေအတွက် အတိအကျ ရတယ်.. “မင်းသိုးဟာ အထီး ၁၇၆ ကောင်.. အမ ၃၂၄ ကောင် မဟုတ်လား”.. သိုးကျောင်းသားလေး အံ့ဩသွားတယ်.. “မှန်တယ်..ဝန်ကြီးကြိုက်တဲ့ သိုးတစ်ကောင် ယူသွားပါ”
ဒီအချိန်မှာ .. သိုးတွေက လမ်းပေါ်က ဆင်းလို့ ကုန်နေပြီ.. ဒီတော့ ဝန်ကြီးက နောက်ဆုံး သိုးတစ်ကောင်ကို ကားထဲ ကောက်ထည့်လိုက်ပြီး ကားပေါ် တက်သွားတယ်.. ဒီအခါ သိုးကျောင်းသားလေးက ကားနား ကပ်လာပြီး.. “ဝန်ကြီးကို နောက် အလောင်းအစားတစ်ခု လုပ်ချင်တယ်”.. ဝန်ကြီးက ရယ်ပြီး .. “ဘာလုပ်ချင်လဲ” လို့မေးတာပေါ့.. “ဝန်ကြီးကို ဘယ်ဝန်ကြီးဌာနကလဲလို့ ပြောနိုင်ရင် ဝန်ကြီးက ကျနော့်သိုးလေးကို ပြန်ပေးမလား”.. ဝန်ကြီးက စဉ်းစားတယ်.. “ဒီကောင်လေး ငါ့ကို မသိနိုင်ဘူး.. ငါ့ကို တီဗီထဲမှာ တွေ့ဖူးသလား.. မဖြစ်နိုင်ဘူး.. ငါ လွှတ်တော်တွေ တက်ရင်လည်း ခေါင်းပေါင်းနဲ့ ဆိုတော့ ဒီကောင်လေး အပြင်မှာ ငါ့ကို မမှတ်မိနိုင်ဘူး.. ပြီးတော့လည်း ..ငါ သူ့သိုး ပြန်ပေးရတာ ဘာအရေးလဲ” လို့ စဉ်းစားပြီး .. “ငါ ဘယ်ဝန်ကြီးဌာနကလဲ” လို့ မေးလိုက်တယ်
ကောင်လေးက ချက်ချင်းပဲ .. “ဝန်ကြီးက ပညာရေးဌာနက မဟုတ်လား” လို့ ဖြေလိုက်တယ်.. ဒီအခါ ဝန်ကြီး မျက်လုံးပြူး သွားတယ်.. ဒီကောင်လေး ငါ့ကို ဘယ်လို သိတာလဲ.. ဝန်ကြီးဟာ ရှက်ရှက်နဲ့ သိုးကလေးကို ကားထဲက ပြန်ထုတ်ပေးရင်း သိုးကျောင်းသားလေးကို မေးလိုက်တယ်.. “မင်း ဘယ်လို သိတာလဲ.. ငါ့ကို တီဗီထဲကနေ မြင်ဖူးလို့လား” ဆိုတော့ .. သိုးကျောင်းသားလေးက ပြုံးတယ်
“မဟုတ်ပါဘူး ဝန်ကြီး.. စောစောက ဝန်ကြီး ယူသွားတာ သိုး မဟုတ်ဘူးလေ..ကျနော့်ခွေးလေး.. သိုးမှန်း မသိ..ခွေးမှန်း မသိဘူး ဆိုတော့ .. ပညာရေးဝန်ကြီးမှန်း သိတာပေါ့” တဲ့..
ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာခင်မောင်ညို
ဝန္ႀကီးနဲ႔ သုိးေက်ာင္းသား (ဟာသ)
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။