ေတာင္တ႐ုတ္ပင္လယ္က အျငင္းပြားကၽြန္းကို လက္လႊတ္ဖို႔ တ႐ုတ္ကို ဖိလစ္ပိုင္သမၼတ ဒူတာေတးက သတိေပးၿပီး အဓိကေရလမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီးၿပီး တင္းမာမႈေတြ ရွိေနတဲ့ၾကားက တ႐ုတ္ဟာ ဆက္လက္ထိေတြ႔ေနဦးမယ္ဆိုရင္ စစ္ေရးအရ အေရးယူျဖစ္လိမ့္မယ္လို႔ပါ သတိေပးလုိက္ပါတယ္။

အာဆီယံ စူပါပါ၀ါႏုိင္ငံေတြက ကုန္သြယ္ေရးနဲ႔ ရင္းႏီွးျမဳပ္ႏွံေရးေတြ ဆြဲေဆာင္ႏုိင္ဖို႔ ေျပာဆိုရာမွာ ဒူတာေတးက ပင္လယ္ေရပိုင္နက္ အျငင္းပြားမႈမွာ တ႐ုတ္က တန္ေၾကးႀကီးတဲ့ ေျပာဆိုမႈေတြ ရွိေနတယ္လို႔ အေစာပိုင္းက ေ၀ဖန္ထားတဲ့အတိုင္း ဒူတာေတးဟာ ဆက္လက္ေျပာဆိုတာပါ။ တ႐ုတ္ အပိုင္လို႔ ေျပာဆိုေနတဲ့ အျငင္းပြားေရပိုင္္နက္ဟာ ကုန္စည္ပစၥည္းေတြ ေဒၚလာ ထရီယံမ်ားစြာ ျဖတ္သန္းေနရာ ကုန္သြယ္ေရးလမ္းေၾကာင္းပဲ ျဖစ္တာေၾကာင့္ ေဒသတြင္း အျငင္းပြားလ်က္ ရွိေနတာပါ။

ဖိလစ္ပိုင္စစ္တပ္ဟာ သတိေပးထားတဲ့အတုိင္း သီတူကၽြန္းလို႔လည္း ေခၚတဲ့ မနီလာ ထိန္းခ်ဳပ္တဲ့ ပတ္ဂါဆာကၽြန္းကေန တ႐ုတ္ ကမ္း႐ိုးတန္းေစာင့္နဲ႔ ငါးဖမ္းသေဘၤာေတြ ရာေပါင္းမ်ားစြာကို ေမာင္းထုတ္ခဲ့ရတယ္လို႔ ဒူတာေတးက ေျပာပါတယ္။

“ကၽြန္ေတာ္က ေခ်ပတာေတြ၊ ေတာင္းပန္တာေတြ လုပ္မွာ မဟုတ္ဘူး။ ဒါေပမယ့္္ ခင္ဗ်ားတို႔ကို ေျပာထားမယ္။ ပတ္ဂါဆာကၽြန္းကိုေတာ့ ေရွာင္ဖို႔ပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီအတြက္ ကၽြန္ေတာ္ဟာ စစ္သားတစ္ဦး ျဖစ္လို႔ပဲ။ တကယ္လို႔ ထိမယ္္ဆုိရင္ေတာ့ ပုံျပင္္ေလးက ေျပာင္းသြားလိမ့္မယ္။ ဒီကစလို႔ ကၽြန္ေတာ္ဟာ ကၽြန္ေတာ့္ စစ္သားေတြကို ေျပာမယ္။ အေသခံစစ္ဆင္ေရး ျပင္ဆင္ထားဖို႔။”ဆိုၿပီး ဒူတာေတးက ဆိုပါတယ္။

အရင္က ဒူတာေတးဟာ တ႐ုတ္နဲ႔ စစ္ျဖစ္တာ အခ်ည္းႏွီးပဲျဖစ္ၿပီး ဖိလစ္ပိုင္ပဲ စစ္႐ႈံးရမွွာျဖစ္ကာ ျပင္းျပင္းထန္ထန္ ခံစားရမွာ ျဖစ္တယ္လို႔ အတိအလင္း ေျပာထားဖူးပါတယ္။

တ႐ုတ္ သေဘၤာေတြက ဖိလစ္ပိုင္္ရဲ႕ အခ်ဳပ္အျခာကို ၿခိမ္းေျခာက္ၿပီး ပိုင္နက္ထဲ တရားမ၀င္ ေရာက္ရွိတယ္လို႔ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္အၿပီးမွာ ဒူတာေတးက ခုလို စစ္ေရးၿခိမ္းေျခာက္သံ ပစ္လာခဲ့တာပါပဲ။

ကၽြန္းနဲ႔ သႏၱာေက်ာက္္တန္းေတြအျပင္ ေရလမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီး တ႐ုတ္၊ ဖိလစ္ပိုင္၊ ဘ႐ူႏုိင္း၊ မေလးရွား၊ ထိုင္၀မ္နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ အျငင္းပြားလ်က္ ရွိေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္သံဆင့္
RF; Channel News Asia
Via: Daily Hot News
#Unicode Version#
တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းကို လက်လွှတ်ဖို့ တရုတ်ကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သတိပေးပြီး အဓိကရေလမ်းကြောင်းနဲ့ ပတ်သက်ပြီးပြီး တင်းမာမှုတွေ ရှိနေတဲ့ကြားက တရုတ်ဟာ ဆက်လက်ထိတွေ့နေဦးမယ်ဆိုရင် စစ်ရေးအရ အရေးယူဖြစ်လိမ့်မယ်လို့ပါ သတိပေးလိုက်ပါတယ်။

အာဆီယံ စူပါပါဝါနိုင်ငံတွေက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံရေးတွေ ဆွဲဆောင်နိုင်ဖို့ ပြောဆိုရာမှာ ဒူတာတေးက ပင်လယ်ရေပိုင်နက် အငြင်းပွားမှုမှာ တရုတ်က တန်ကြေးကြီးတဲ့ ပြောဆိုမှုတွေ ရှိနေတယ်လို့ အစောပိုင်းက ဝေဖန်ထားတဲ့အတိုင်း ဒူတာတေးဟာ ဆက်လက်ပြောဆိုတာပါ။ တရုတ် အပိုင်လို့ ပြောဆိုနေတဲ့ အငြင်းပွားရေပိုင်နက်ဟာ ကုန်စည်ပစ္စည်းတွေ ဒေါ်လာ ထရီယံများစွာ ဖြတ်သန်းနေရာ ကုန်သွယ်ရေးလမ်းကြောင်းပဲ ဖြစ်တာကြောင့် ဒေသတွင်း အငြင်းပွားလျက် ရှိနေတာပါ။

ဖိလစ်ပိုင်စစ်တပ်ဟာ သတိပေးထားတဲ့အတိုင်း သီတူကျွန်းလို့လည်း ခေါ်တဲ့ မနီလာ ထိန်းချုပ်တဲ့ ပတ်ဂါဆာကျွန်းကနေ တရုတ် ကမ်းရိုးတန်းစောင့်နဲ့ ငါးဖမ်းသင်္ဘောတွေ ရာပေါင်းများစွာကို မောင်းထုတ်ခဲ့ရတယ်လို့ ဒူတာတေးက ပြောပါတယ်။

“ကျွန်တော်က ချေပတာတွေ၊ တောင်းပန်တာတွေ လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့်် ခင်ဗျားတို့ကို ပြောထားမယ်။ ပတ်ဂါဆာကျွန်းကိုတော့ ရှောင်ဖို့ပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီအတွက် ကျွန်တော်ဟာ စစ်သားတစ်ဦး ဖြစ်လို့ပဲ။ တကယ်လို့ ထိမယ်ဆိုရင်တော့ ပုံပြင်လေးက ပြောင်းသွားလိမ့်မယ်။ ဒီကစလို့ ကျွန်တော်ဟာ ကျွန်တော့် စစ်သားတွေကို ပြောမယ်။ အသေခံစစ်ဆင်ရေး ပြင်ဆင်ထားဖို့။”ဆိုပြီး ဒူတာတေးက ဆိုပါတယ်။

အရင်က ဒူတာတေးဟာ တရုတ်နဲ့ စစ်ဖြစ်တာ အချည်းနှီးပဲဖြစ်ပြီး ဖိလစ်ပိုင်ပဲ စစ်ရှုံးရမှာဖြစ်ကာ ပြင်းပြင်းထန်ထန် ခံစားရမှာ ဖြစ်တယ်လို့ အတိအလင်း ပြောထားဖူးပါတယ်။

တရုတ် သင်္ဘောတွေက ဖိလစ်ပိုင်ရဲ့ အချုပ်အခြာကို ခြိမ်းခြောက်ပြီး ပိုင်နက်ထဲ တရားမဝင် ရောက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အပြီးမှာ ဒူတာတေးက ခုလို စစ်ရေးခြိမ်းခြောက်သံ ပစ်လာခဲ့တာပါပဲ။

ကျွန်းနဲ့ သန္တာကျောက်တန်းတွေအပြင် ရေလမ်းကြောင်းနဲ့ ပတ်သက်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ အငြင်းပွားလျက် ရှိနေတာ ဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:မောင်သံဆင့်

RF; Channel News Asia
Via: Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top