20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္-မႏၱေလး အျမန္လမ္းမႀကီး၌ ယာဥ္တိမ္းေမွာက္မႈျဖစ္ ။ေနျပည္ေတာ္ မတ္ ၃၁ ။ ရန္ကုန္-မႏၱေလး အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၂၁၈ မိုင္ ၄ ဖာလုံ ေနျပည္ ေတာ္ ေတာင္ၫိုအနီး၌ ယေန႔ ညေန ၄ နာရီခန္႔က ယာဥ္တိမ္းေမွာက္မႈ ျဖစ္ေၾကာင္း ပန္းတင္အျမန္လမ္းမႀကီး ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာမႏၱေလးမွ ရန္ကုန္သို႔ ယာဥ္ေမာင္း ထြန္းထြန္းလင္း ဒဂုံၿမိဳ႕နယ္ ေနသူ ေမာင္းႏွင္ေသာ 2E/—- ယာဥ္ သည္ ဦးသန္းစိုး (၅၂ႏွစ္)ႏွင့္ ရဲမင္းသူ (၂၂ႏွစ္)ကို တင္ေဆာင္ၿပီး မၲေလးမွ ရန္ကုန္သို႔ ထြက္ခြာလာစဥ္ အျမန္လမ္းမ ႀကီး မိုင္တိုင္အမွတ္ ၂၁၈ မိုင္ ၄ ဖာလုံသို႔ အေရာက္တြင္ ကားေရွ႕တိုက္ေရာ့ ျပဳတ္ထြက္ၿပီး အျမန္လမ္းေဘးသံပန္း ကို တိုက္မိကာ ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားျခင္းျဖစ္သည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ ေပၚပါသူမ်ား ထိခိုက္ဒဏ္ရာရရွိ၍ ပန္းတင္အျမန္လမ္းမႀကီးရဲစခန္းမွ စခန္း မႉး ရဲအုပ္ျမသန္းႏွင့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕တို႔က ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ေဆး႐ုံႀကီးသို႔ ေဆးကုသရန္ ပို႔ေဆာင္ေပးခဲ့ၿပီး ယာဥ္ေမာင္း ထြန္းထြန္း လင္းအား ပန္းတင္အျမန္လမ္းမႀကီး ရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သတင္းႏွင့္ဓာတ္ပုံ-ေဇာ္ဘီျမန္မာ့အလင္း
#Unicode Version#
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ် ။နေပြည်တော် မတ် ၃၁ ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံ နေပြည် တော် တောင်ညိုအနီး၌ ယနေ့ ညနေ ၄ နာရီခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ကြောင်း ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမန္တလေးမှ ရန်ကုန်သို့ ယာဉ်မောင်း ထွန်းထွန်းလင်း ဒဂုံမြို့နယ် နေသူ မောင်းနှင်သော 2E/—- ယာဉ် သည် ဦးသန်းစိုး (၅၂နှစ်)နှင့် ရဲမင်းသူ (၂၂နှစ်)ကို တင်ဆောင်ပြီး မ္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာစဉ် အမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံသို့ အရောက်တွင် ကားရှေ့တိုက်ရော့ ပြုတ်ထွက်ပြီး အမြန်လမ်းဘေးသံပန်း ကို တိုက်မိကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိ၍ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ စခန်း မှူး ရဲအုပ်မြသန်းနှင့် တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့တို့က နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ထွန်းထွန်း လင်းအား ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:သတင်းနှင့်ဓာတ်ပုံ-ဇော်ဘီမြန်မာ့အလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top